ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ နှင့် အေအေပီပီ တွေ့ဆုံဆွေးနွေး

ပြည်သူ့လွှတ်တော်, ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ,နေပြည်တော်နှင့် အေအေပီပီတို့၏ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစည်းအဝေးကို ကော်မတီ၏ ဖိတ်ကြားချက်အရ အေအေပီပီမှ ကိုဘိုကြည်၊ ကိုအောင်မျိုးကျော်၊ ကိုဇော်မိုးနှင့် ကိုကျော်စိုးမိုးတို့တက်ရောက်ကြသည်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ, ပြည်သူ့လွှတ်တော်မှ ကော်မတီ ဥက္ကဌ ဒေါက်တာအောင်ထွန်းခိုင်၊ အတွင်းရေးမှူးဦးတင့်စိုးနှင့် ကော်မတီဝင်များတက်ရောက်ကြပြီး၊ အစည်းအဝေးအား ပြည်သူ့လွှတ်တော်, ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီရုံး (I-2) ၌ နေ့လည် ၂နာရီခွဲမှ ညနေ ၅နာရီထိကျင်းပခဲ့သည်။