အမျိုးလွှတ်တော်၌ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနို်င်ငံ) မှ အကျဉ်းထောင်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ

15423549_557419514460892_584605876_n

ယနေ့ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၆ နေ့တွင် အမျိုးလွှတ်တော်၌ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနို်င်ငံ) မှ အကျဉ်းထောင်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲအား ပြုလုပ်ကျင်းပရာ အမျိုးသားလွှတ်တော်ဒုတိယ ဥက္ကဌ ဦးအေးသာအောင်မှ အဖွင့်အမှာစကား
ပြောကြားခဲ့ပြီး၊ ဦးအောင်မျိုးကျော် (အေအေပီပီ)မှ အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို၎င်း၊ ဦးကိုကိုကြီး (၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ အကျဉ်းထောင်နှင့် အကျဉ်းသားအခွင့်အရေးအကြောင်းကို၎င်း၊ ဦးဘိုကြည် (အေအေပီပီ) တွဲဘက်အတွင်းရေးမှူးမှ မြန်မာနိုင်ငံအကျဉ်းထောင်အခြေအနေနှင့် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလားအလာတို့အား ဆွေးနွေးခဲ့ကြပါသည်။ UNOHCHR မှ Mr. Andrew မှ International Human Rights related to Prison အားဆွေးနွေးခဲ့ပါသည်။

15451331_557475021122008_39968555_n

ထို့နောက် အမျိုးသားလွှတ်တော် နိုင်ငံသားမူလအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကော်မတီဥက္ကဌ ဒေါက်တာဌေးကြွယ်မှ နိဂုံးချုပ်အမှာစကားနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ၊ အမျိုးသားလွှတ်တော် ရေးရာကော်မတီဥက္ကဌများ၊ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ နိုင်ငံသားမူလအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကော်မတီရုံးဝန်ထမ်းများ စုစုပေါင်း ၁၀ဝ ဦးခန့်တက်ရောက်ပါဝင်ဆွးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအား နေ့လည် ၁၂ နာရီမှ စတင်ကာ ညနေ ၄ နာ ၃ဝ မိနစ်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

15401274_557413647794812_1018539924_n