လူမှုဝန်ထမ်း- ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် အေအေပီပီတွေ့ဆုံ

15451104_1068775656568512_1839022162_n

ယနေ့ ဒီဇင်ဘာလ ၉ ရက် ၂၀၁၆ နေ့တွင် နံနက် ၁၁ နာရီ ၁၅ မိနစ်မှ ၁၁ နာရီ ၄၅ မိနစ်ထိ လူမှုဝန်ထမ်း- ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) တို့ဝန်ကြီးရုံး (မေခလာ)အစည်းအဝေးခန်းမ ၌တွေ့ဆုံခဲ့ပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည် – အေအေပီပီ ပြည်တွင်းတာဝန်ခံ ဦးအောင်မျိုးကျော်၊ ဦးစောသက်ထွန်း၊ ဦးဇော်မိုးနှင့် ဦးမောင်မောင်နိုင်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပြီး  ဝန်ကြီးဌာနနှင့် အေအေပီပီတို့ ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်နိုင်မည့်ကိစ္စများအား ဆွေးနွေးခဲ့ကြပါသည်။

15356884_1068775599901851_2131947653_n