အေအေပီပီမှ ကျောက်ပန်းတောင်းမြို့တွင် ကလေးသူငယ်နှင့်လူ့အခွင့်အရေးအသိပညာပေးဆွေးနွေးပွဲများကျင်းပ

kyauk-pa-taung-13

kyauk-pa-taung-1

နိုဝင်ဘာလ ၂၆၊ ၂ရ ရက်နေ့များတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှဦးဆောင်ကျင်းပသည့် ကလေးသူငယ်နှင့် အခြေခံလူ့အခွင့်အရေး အသိပညာပေးဆွေးနွေးပွဲများအား ကျောက်ပန်းတောင်းမြို့ရှိ ပညာဂုဏ် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပညာစံအိမ်ကိုယ်ပိုင် အထက်တန်းကျောင်း၊ ဥယျာဉ်မှူး ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပညာမိုးမြင့် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်း၊ စကောလားပညာရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်း တို့တွင် နိုဝင်ဘာလ ၂၆ ရက်နေနှင့် နိုဝင်လာလ ၂ရ ရက်တို့၌ကျင်းပခဲ့ပါသည်။

15218389_10210305208039419_1225488588_n

 

15218592_10210305207959417_1352197469_n

အဆိုပါလူ့အခွင့်အရေးအသိပညာပေးဆွေးနွေးပွဲတွင် အေအေပီပီမှ ကိုကျော်စွာလင်း၊ ကိုဝဏ္ဏနွယ်၊ ကိုကျော်ကျော်ဦး၊ ဦးအောင်မျိုးကျော်တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှလည်း အုပ်စုလိုက် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

15207936_1052413384871406_190037700_n

 

15207930_10210302419089697_1194043826_n