ICCPR အကြောင်း ဆွေးနွေးပွဲ
၂၇ နိုဝင်ဘာ ၂၀၁၆ တွင် Equality Myanmar နှင့် Centre for Civil and political rights တို့မှ ဦးဆောင်ပြုလုပ်သည့် ICCPR အကြောင်းနှင့် ICCPR အား အတည်ပြုလက်မှတ်ရေးထိုးခြင်းအားဖြင့် မြန်မာအစိုးရအနေဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ ဆွေးနွေးပွဲသို့ အေအေပီပီမှ ကိုတိတ်နိုင်နှင့် ကိုဇော်မိုး တက်ရောက်ခဲ့သည်။ ထိုအခမ်းအနားတွင် ကိုတိတ် (အေအေပီပီ)၊ မသီတာ (စမ်းချောင်း) (PEN Myanmar) နှင့် ဦးရောဘတ်စန်းအောင် တို့မှ ဟောပြောသူများ (ဦးဆောင်ဆွေးနွေးသူများ) အဖြစ်ပါဝင်ခဲ့ပြီး၊ ကိုတိတ်နိုင်မှ တည်ဆဲဥပဒေများနှင့် ဖမ်းဆီးမှုများ၊ မသီတာ မှ မီဒီယာလွတ်လပ်ခွင့်၊ ဦးရောဘတ်စန်းအောင်မှ တရာရုံးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေး စသည်တို့အား ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခဲ့ပြီး ဟောပြောဆွေးနွေးသူများမှ ပြန်လည် ဖြေကြားခဲ့သည်။ ထို့နောက် CCPR မှ ICCPR အကြောင်း၊ ICCPR ၏ လုပ်ငန်းစဉ် အဆင့်ဆင့်၊ UN treaties bodies များအကြောင်း စသည်တို့အား ရှင်းလင်း ဆွေးနွေးတင်ပြပြီး၊ ICCPR အား အတည်ပြု လက်မှတ်ရေးထိုးခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော အကျိုး၊ အပြစ်များအားလည်း CCPR နှင့် ဦးအောင်မျိုးမင်းတို့မှ ဆက်လက် ရှင်းလင်း ဆွေးနွေးခဲ့သည်။

