ICCPR အကြောင်း ဆွေးနွေးပွဲ

img_1086

img_1087

၂ရ နိုုဝင်ဘာ ၂၀၁၆ တွင် Equality Myanmar နှင့် Centre for Civil and political rights တိုု့မှ ဦးဆောင်ပြုလုုပ်သည့် ICCPR အကြောင်းနှင့် ICCPR အား အတည်ပြုလက်မှတ်ရေးထိုုးခြင်းအားဖြင့် မြန်မာအစိုုးရအနေဖြင့် ရရှိနိုုင်သော အကျိုးကျေးဇူးများ ဆွေးနွေးပွဲသိုု့ အေအေပီပီမှ ကိုုတိတ်နိုုင်နှင့် ကိုုဇော်မိုုး တက်ရောက်ခဲ့သည်။ ထိုုအခမ်းအနားတွင် ကိုုတိတ် (အေအေပီပီ)၊ မသီတာ (စမ်းချောင်း) (PEN Myanmar) နှင့် ဦးရောဘတ်စန်းအောင် တိုု့မှ ဟောပြောသူများ (ဦးဆောင်ဆွေးနွေးသူများ) အဖြစ်ပါဝင်ခဲ့ပြီး၊ ကိုုတိတ်နိုုင်မှ တည်ဆဲဥပဒေများနှင့် ဖမ်းဆီးမှုများ၊ မသီတာ မှ မီဒီယာလွတ်လပ်ခွင့်၊ ဦးရောဘတ်စန်းအောင်မှ တရာရုုံးလုုပ်ငန်းစဉ်များနှင့် တရားစီရင်ရေး စသည်တိုု့အား ဟောပြောဆွေးနွေးခဲ့သည်။ ထိုု့နောက် တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခဲ့ပြီး ဟောပြောဆွေးနွေးသူများမှ ပြန်လည် ဖြေကြားခဲ့သည်။ ထိုု့နောက် CCPR မှ ICCPR အကြောင်း၊ ICCPR ၏ လုုပ်ငန်းစဉ် အဆင့်ဆင့်၊ UN treaties bodies များအကြောင်း စသည်တိုု့အား ရှင်းလင်း ဆွေးနွေးတင်ပြပြီး၊ ICCPR အား အတည်ပြု လက်မှတ်ရေးထိုုးခြင်းဖြင့် ဖြစ်ပေါ်လာနိုုင်သော အကျိုး၊ အပြစ်များအားလည်း CCPR နှင့် ဦးအောင်မျိုးမင်းတိုု့မှ ဆက်လက် ရှင်းလင်း ဆွေးနွေးခဲ့သည်။