နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ စိတ်ဓါတ်မြှင့်တင်ရေးအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို Johns Hopkins Bloomberg School

၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ စိတ်ဓါတ်မြှင့်တင်ရေးအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို Johns Hopkins Bloomberg School of Public Health နှင့် အေအေပီပီတို့မှ ရန်ကုန်မြို့တွင် ပူးပေါင်းကျင်းပခဲ့ကြပါသည်။ထိုစတင်လုပ်ဆောင်မည့်အစီအစဉ်မှ နိုင်ငံရေးအကျဉ်းသားဟောင်းများ နှိပ်စက်ခံရမှုကြောင့် တွေ့ကြုံခံစားရမှုများ၊ စိတ်ဓါတ်ကျဆင်းမှုများ နှင့် မြန်မာနိုင်ငံလူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ထူထောင်နိုင်ရေးတို့အတွက် ၎င်းတို့၏မိတ်ဆွေ (သို့) ရဲဘော်ရဲဘက်များ ဖြစ်ကြသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများမှ နှစ်သိမ့်ဆွေးနွေးမှုများကို ပြုလုပ်ပေးမည်ဖြစ်သည်။