အကျဉ်းသားများ အခွင့်အရေး တောင်းဆိုချက်

ရက်စွဲ။ ။ ၁ရ ဖေဖေါ်ဝါရီ ၂၀၁၀

အကျဉ်းသားများအနေဖြင့် အောက်ပါအခွင့်အရေးများကို သက်ဆိုင်ရာ ထောင်အာဏာပိုင်များထံသို့ ၁ရ.၂.၂၀၁ဝ နေ့မှစ၍ တောင်းဆိုလိုက်သည်။
၁။ သတင်းစာအပါအဝင် စာပေဖတ်ရှုခွင့် ပြည့်ပြည့်ဝဝရရှိရေး
၂။ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ပြည့်ဝဝရရှိရေး
၃။ အကျဉ်းသားအားလုံး ပိုမိုကောင်းမွန်သော အစားအသောက်ရရှိရေး
၄။ နိုင်ငံရေးအကျဉ်းသားများ အဆောင်ပရဝုဏ်အတွင်းထောင်ပိ်တ်ချိန်မှ
အပ အချိန်ပြည့်သွားလာနိုင်ရေး
၅။ စာပေ ရေးသားလေ့ကျင့်ခွင့် ရရှိရေး။ တောင်းဆိုရသည့်အကြောင်းအရင်းများ

အချက် ၁။ ။ သွင်းပို့သော စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ် စသည်များကို တပါတ်၊
ဆယ်ရက်ကြာမျှ ကြံ့ကြာခြင်း၊ စာအုပ်များတွင် ဆုတ်ဖြဲပယ်ဖျက်ခြင်း၊ ဖြတ်တောက်ခြင်း၊ သတင်းစာပုံမှန်မရရှိခြင်း၊ တခါတရံ လုံးဝမရခြင်း၊ ၂ရက်၃ရက်ကြာမှ ရရှိခြင်း။
အချက် ၂။ ။ သောက်ဆေး၊ ထိုးဆေး လုံလောက်စွာမရခြင်း၊ ဆရာဝန်နှင့် တွေ့ရန် ခက်ခဲကြံ့ကြာခြင်း။ တိုက်ပိတ် အကျဉ်းသားများအတွက် မိလ္လာခွက်များအဖုံးမပါရှိခြင်း။
အချက် ၃။ ။ နီရဲကြမ်းတမ်းပြီး စပါးလုံး၊ ခဲများရောနေသော ဆန်ထမင်း ကိုသာ စားရခြင်း၊ တပါတ်လျှင် နှစ်နပ်အသားစား ရသော်လည်း ကျန်ရက် များတွင် ပိုးကောင်များပါသောပဲဟင်း၊ ညစ်ပါတ်သော ချဉ်ပေါင်ရွက်၊ ကန်သွန်းရွက်၊ ဟင်းရွက်ပြုတ်ကိုသာ စားရခြင်း၊ ဆားမရရှိခြင်း၊ ရရှိသောဟင်းများမှာ နံစော်၍ ထမင်းစားရန်မဖြစ်နိုင်ခြင်း။
အချက် ၄ ။ ။ နိုင်ငံရေးအကျဉ်းသားများသည် တိုက်ခန်းအကျဉ်းမှာ မနက်(၁)နာရီ၊ နေ့ခင်း(၁)နာရီသာ အပြင်ထွက်ခွင့်ရခြင်း၊ ကျန်အချိန်များ တွင် တိုက်ထဲတွင် အပိတ်ခံထားရခြင်း။
အချက် ၅ ။ ။ မည်သည့် အကျဉ်းသားမျှ စာပေလေ့ကျင့်ရန် ဘောပင်၊
စာရွက် ကိုင်ဆောင်ခွင့်မရခြင်း၊ တွေ့ရှိပါက စစ်ခွေးတိုက် သို့ ပို့ဆောင် အရေးယူခြင်း၊ မိသားစုထံသို့ အကြောင်းကြားစာရေးသားခွင့်မရခြင်း
စသည့်အချက်တို့ကြောင့် တောင်းဆိုခြင်းဖြစ်သည်။

အကျဉ်းသားများကိုယ်စား
အင်းစိန်(ဗဟို)အကျဉ်းထောင်
ရန်ကုန်

-ENDS-

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

တိတ်နိုင်     အတွင်းရေးမှူးး  +၆၆(၀) ၈၁၂၈၇၈ ၇၅၁

ဘိုကြည်     တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁ ၉၆၂၈ ၇၁၃