အမိန့်ချမှတ်ခံရပြီးသော နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်အကျဉ်းများ (၁)

Htin Kyawထင်ကျော် (ဘ) ဦးလှိုင်

၅၊ မေ၊ ၂၀၁၄ တွင် အဖမ်းခံရပြီး မြို့နယ်ပေါင်း ၁၁ မြို့နယ်မှ ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တို့ဖြင့်ထောင်ဒဏ် ၁၃ နှစ် ၆ လကျခံနေရပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည်။ ယခုအခါတွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ပုဒ်မ ၄၂၇၊ ၄၄ရ တို့ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ ဧပြီလ ၁ရ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ထုတ်ပြန်ချက်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဧပြီလအတွင်းမှာပင် မြောက်ဥက္ကလာပ တရားရုံးတွင် ကျန်ရှိနေသော  အမှုများဆက်လက်ရင်ဆိုင်နေရပြီး အောက်တိုဘာလ ၂၆ ၊ ၂၀၁၆ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခံရသည်။ လက်ရှိတွင် ၅၀၅(က)၊ ၄၂၇၊ ၄၄၇၊ ၁၉ တို့ဖြင့် မြောက်ဥက္ကလာပ တရားရုံးနှင့် ကျောက်တံတားတရားရုံးတို့တွင် ထောင်တွင်းမှ အမှုလာရောက်ရင်ဆိုင်နေရဆဲဖြစ်သည်။ ၄ စက်တင်ဘာ ၂၀၁၇ နေ့တွင် တပ်မတော်မှ အမှုများအားရုတ်သိမ်းခွင့်ပြုခဲ့သဖြင့် ထောင်မှပြန်လည်လွတ်မြောက်ခဲ့ပါသည်။ ၃၁ ဩဂုတ် ၂၀၁၈ နေ့တွင် ပုဒ်မ ၅၀၅(ခ)ဖြင့် ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး ယခုအခါ မြောက်ဥက္ကလာပမြို့နယ် တရားရုံးနှင့် ကျောက်တံတားမြို့နယ်တရားရုံးတို့တွင် အင်းစိန်ထောင်မှ တဆင့် တရားရင်ဆိုင်လျက်ရှိပါသည်။

 

 

 

Tin Htut Paiတင်ထွဋ်ပိုင် (ဘ) ဦးဌေးဝင်း

နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ပြီး လက်ရှိတွင်လက်ပတောင်းတောင်ဒေသ၌ တောင်သူဒေါ်ခင်ဝင်း အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုမှုအတွက် ပုဒ်မ ၅၀၅(ခ)၊ ၃၅၃၊ ၁၄၇၊ ၁၈ တို့ဖြင့် ပြစ်ဒဏ် ၅ နှစ်ကျော်ချမှတ်ခံထားရသည်။ ထို့ပြင် မြို့နယ်ပေါင်း ရ မြို့နယ်တို့တွင် ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ ယခုအချိန်တွင် အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံနေရသည်။ ဒီဇင်ဘာလ ၃ဝ ရက်နေ့ ၂၀၁၅ တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

 

 

Naw Ohn Hla ဒေါ်နော်အုန်းလှ (ဘ) ဦးသိန်းအောင်

နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ပြီး လက်ရှိတွင် လက်ပတောင်းတောင်၌ တောင်သူဒေါ်ခင်ဝင်း အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုမှုအတွက် ပုဒ်မ ၅၀၅(ခ)၊ ၃၅၃၊ ၁၄၇၊ ၁၈ တို့ဖြင့် ပြစ်ဒဏ် ၅ နှစ်ကျော်ချမှတ်ခံထားရသည်။ ထို့ပြင် မြို့နယ်ပေါင်း ရ မြို့နယ်တို့တွင် ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ ယခုအချိန်တွင် အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံနေရသည်။ ၂၉ ရက်ဒီဇင်ဘာ ၂၀၁၅ တွင် ဖမ်းဆီးထိန်းသိမ်းခံရသည်။

 

 

Than Sweသန်းဆွေ (ဘ) ဦးတင်မောင်

လက်ပတောင်းတောင်ဒေသ၌ တောင်သူဒေါ်ခင်ဝင်း အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုမှုအတွက် ပုဒ်မ ၅၀၅(ခ)၊ ၃၅၃၊ ၁၄၇၊ ၁၈ တို့ဖြင့် ပြစ်ဒဏ် ၄ နှစ်၄လကျော်ချမှတ် ခံထားရသည်။ ထို့ပြင် မြို့နယ်ပေါင်း ၃ မြို့နယ်တို့တွင် ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ ယခုအချိန်တွင် အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံနေရသည်။ ၂ ဧပြီလ ၂၀၁၅ နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

 

 

Sein Htwe (F)ဒေါ်စိန်ထွေး (ဘ) ဦးထွန်းအိ

လက်ပတောင်းတောင်ဒေသ၌ တောင်သူဒေါ်ခင်ဝင်း အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုမှုအတွက် ပုဒ်မ ၅၀၅(ခ)၊ ၃၅၃၊ ၁၄၇၊ ၁၈ တို့ဖြင့် ပြစ်ဒဏ် ၄ နှစ်၄လကျော်ချမှတ် ခံထားရပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည်။ ၂၉ ဒီဇင်ဘာ ၂၀၁၅ နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

 

 

 

San San @ Lay Lay (Daw)ဒေါ်စန်းစန်း (ခ) လေးလေး (ဘ) ဦးထွန်းခင်

လက်ပတောင်းတောင်ဒေသ၌ တောင်သူဒေါ်ခင်ဝင်း အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုမှုအတွက် ပုဒ်မ ၅၀၅(ခ)၊ ၃၅၃၊ ၁၄၇၊ ၁၈ တို့ဖြင့် ပြစ်ဒဏ် ၄ နှစ်၄လကျော်ချမှတ် ခံထားရပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည်။ ၁၃ ဇန်နဝါရီလ ၂၀၁၅ နေ့တွင် ဒဂုံမြို့နယ်တရားရုံး၌ သွားအဖမ်းခံခဲ့သည်။

 

 

nay-myo-zin-300x232နေမျိုးဇင် (ဘ) ဦးငွေဇင်

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး လက်ပတောင်းတောင်ဒေသ၌ တောင်သူဒေါ်ခင်ဝင်း အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုမှုအတွက် ပုဒ်မ ၅၀၅(ခ)၊ ၃၅၃၊ ၁၄၇၊ ၁၈ တို့ဖြင့် ပြစ်ဒဏ် ၄ နှစ်၄လကျော်ချမှတ် ခံထားရပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည်။ မြို့နယ်ပေါင်း ၅ မြို့နယ်ခန့်တွင် ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ ၂၉ ဒီဇင်ဘာ ၂၀၁၅ နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

 

 

Thu Zaw Kyi Winသူဇော်ကြည်ဝင်း (ဘ) ဦးကြည်ဝင်း

ရွှေပြည်သာအလုပ်သမားများ၏ လုပ်ခလစာတိုးမြှင့်ရေး တောင်ဆိုမှုတွင် ကူညီဆောင်ရွက်ပေးမှုဖြင့် ရန်ကင်းမြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်စီရင်ချက်ချမှတ်ခံရပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည်။ မတ် ၄ ၂၀၁၅ နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

 

 

 

Naing Zaw Kyi Winနိုင်ဇော်ကြည်ဝင်း (ဘ) ဦးကြည်ဝင်း

ရွှေပြည်သာအလုပ်သမားများ၏ လုပ်ခလစာတိုးမြှင့်ရေး တောင်ဆိုမှုတွင် ကူညီဆောင်ရွက်ပေးမှုဖြင့် ရန်ကင်းမြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်စီရင်ချက်ချမှတ်ခံရပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည်။ ၂၄ ဖေဖော်ဝါရီလ  ၂၀၁၅ နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

 

 

 

Myo Min Minမျိုးမင်းမင်း (ဘ) ဦးဆန်းဝင်း

အလုပ်သမားသပိတ်တွင် ကူညီဆောင်ရွက်ပေးမှုကြောင့် ပုဒ်မ ၅၀၅(ခ)၊ ၁၈၊ ၁၉ တို့ဖြင့် အင်းစိန်ထောင်တွင် အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ၆လ ကျခံနေရဆဲဖြစ်သည်။ ၂ဝ ဖေဖော်ဝါရီ ၂၀၁၅ နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

 

 

 

Naing Htay Lwin-1နိုင်ဌေးလွင် (ဘ) ဦးဌေးလွင်

အလုပ်သမားသပိတ်တွင် ကူညီဆောင်ရွက်ပေးမှုကြောင့် ပုဒ်မ ၅၀၅(ခ)၊ ၁၈၊ ၁၉ တို့ဖြင့် အင်းစိန်ထောင်တွင် အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ၆လ ကျခံနေရဆဲဖြစ်သည်။ ၂ဝ ဖေဖော်ဝါရီ ၂၀၁၅ နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

 

 

 

Htin Linn Oo1ထင်လင်းဦး (ဘ) ဦးလှတင်

၁ရ ဒီဇင်ဘာ ၂၀၁၄ နေ့တွင်ဖမ်းဆီးခံရပြီး ဘာသာသာသနာကို ညှိးနွမ်းစေမှု ၂၉၅(က)နဲ့ ချောင်းဦးမြို့နယ်တရားရုံးက ဇွန်လ ၂ ရက်နေ့ ၂၀၁၅ တွင်ထောင်ဒဏ် ၂နှစ်ချမှတ်ခံရပြီး မုံရွာအကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

 

 

 

Tint Sanတင့်ဆန်း (ဘ) ဦးသိန်းထွန်း

၁ ဖေဖော်ဝါရီ ၂၀၁၄ နေ့တွင် ယူနတီသတင်းဂျာနယ် အမှုဆောင် အရာရှိချုပ်အား ဖမ်းဆီးခဲ့ပြီး  နိုင်ငံတော်လျို့ဝှက်ပေါက်ကြားမှု ၃/၁(က)-၉ ဖြင့် တရားစွဲဆိုခံရ၍ ပခုက္ကူခရိုင်တရားရုံးမှ ၁ဝ ဇူလိုင်လ ၂၀၁၄ နေ့တွင် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့သည်။ ပခုက္ကူထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံနေရပြီး  အောက်တိုဘာလ ၂ ရက်နေ့ ၂၀၁၅ နေ့တွင် မကွေးတိုင်းဒေသကြီး တရား လွှတ်တော်ရုံး က ထောင်ဒဏ် ၃နှစ်စီ လျှော့ချလိုက်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။

 

 

Yar Zar OO(unity case)သဲရာဇာဦး (ဘ) ဦးသိန်းအောင်ကြီး

၁ ဖေဖော်ဝါရီ ၂၀၁၄ နေ့တွင် ယူနတီသတင်းဂျာနယ် အကြီးတန်းသတင်းထောက်အား ဖမ်းဆီးခဲ့ပြီး  နိုင်ငံတော်လျို့ဝှက်ပေါက်ကြားမှု ၃/၁(က)-၉ ဖြင့် တရားစွဲဆိုခံရပြီး ပခုက္ကူခရိုင်တရားရုံးမှ ၁ဝ ဇူလိုင်လ ၂၀၁၄ နေ့တွင် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့သည်။ ပခုက္ကူထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရ ပြီး၊ အောက်တိုဘာလ ၂ ရက်နေ့ ၂၀၁၅ နေ့တွင် မကွေးတိုင်းဒေသကြီး တရား လွှတ်တော်ရုံး က ထောင်ဒဏ် ၃နှစ်စီ လျှော့ချလိုက်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။ အသဲရောဂါခံစားနေရသည်။

 

 

Lu Maw Naingလူမော်နိုင် (ဘ) ဦးမောင်မောင်ကြီး

၃၁ ဇန်နဝါရီ ၂၀၁၄ နေ့တွင် ယူနတီဂျာနယ်မကွေးတိုင်း ဒေသကြီး ပေါက်မြို့နယ် သတင်း ထောက် အား ဖမ်းဆီးခဲ့ပြီး  နိုင်ငံတော်လျို့ဝှက်ပေါက်ကြားမှု ၃/၁(က)-၉ ဖြင့် တရားစွဲဆိုခံရပြီး ပခုက္ကူခရိုင်တရားရုံးမှ ၁ဝ ဇူလိုင်လ ၂၀၁၄ နေ့တွင် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့သည်။ ပခုက္ကူထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရ ပြီး၊ အောက်တိုဘာလ ၂ ရက်နေ့ ၂၀၁၅ နေ့တွင် မကွေးတိုင်းဒေသကြီး တရား လွှတ်တော်ရုံး က ထောင်ဒဏ် ၃နှစ်စီ လျှော့ချလိုက်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။

 

 

Paing Thet Kyaw (unity)ပိုင်သက်ကျော် (ဘ) ဦးအောင်ကိုလွင်

၁ ဖေဖော်ဝါရီ ၂၀၁၄ နေ့တွင် ယူနတီသတင်းဂျာနယ် အကြီးတန်းသတင်းထောက်အား ဖမ်းဆီးခဲ့ပြီး  နိုင်ငံတော်လျို့ဝှက်ပေါက်ကြားမှု ၃/၁(က)-၉ ဖြင့် တရားစွဲဆိုခံရပြီး ပခုက္ကူခရိုင်တရားရုံးမှ ၁ဝ ဇူလိုင်လ ၂၀၁၄ နေ့တွင် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့သည်။ ပခုက္ကူထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရ ပြီး၊ အောက်တိုဘာလ ၂ ရက်နေ့ ၂၀၁၅ နေ့တွင် မကွေးတိုင်းဒေသကြီး တရား လွှတ်တော်ရုံး က ထောင်ဒဏ် ၃နှစ်စီ လျှော့ချလိုက်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။

 

 

Si Thu Soeစည်သူစိုး (ဘ) ဦးဝင်းလှိုင်

၁ ဖေဖော်ဝါရီ ၂၀၁၄ နေ့တွင် ယူနတီဂျာနယ်အလုပ်သင် သတင်းထောက်ကိုစည်သူစိုး အား ဖမ်းဆီးခဲ့ပြီး  နိုင်ငံတော်လျို့ဝှက်ပေါက်ကြားမှု ၃/၁(က)-၉ ဖြင့် တရားစွဲဆိုခံရပြီး ပခုက္ကူခရိုင်တရားရုံးမှ ၁ဝ ဇူလိုင်လ ၂၀၁၄ နေ့တွင် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့သည်။ ပခုက္ကူထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရ ပြီး၊ အောက်တိုဘာလ ၂ ရက်နေ့ ၂၀၁၅ နေ့တွင် မကွေးတိုင်းဒေသကြီး တရား လွှတ်တော်ရုံး က ထောင်ဒဏ် ၃နှစ်စီ လျှော့ချလိုက်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။