လှောင်ချိုင့်ထဲကတေး

iron bar

လှောင်ချိုင့်ထဲကတေး

-လှောင်ချိုင့်ထဲကတေး  (တေးရေး-သခင်မျိုး – တေးဆို လင်းလင်း)

၂ – ဘဝတက္ကသိုလ် (တေးရေး- ၅ညလူငယ် – တေးဆို ဂျွန်ဂလင်း)
၃ – ၅ညသံစဉ် (ခရီးသွားခြေလှမ်းများ) ( သံစဉ်၊ စာသား – ကိုစိုင်းတေးဆို၊ ဟာမိုနီ – လင်းလင်း၊ ဇူးဇီ၊ ဂေါ်ဒွင်ခြေဆင်း – အားဗီ)
၄ – ဒေါ်အောင်ဆန်းစုကြည် (တေးရေး – ၅ညလူငယ် – တေးဆို ဘိုလေး)
၅ – နိုင်ငံတော်ငိုချင်း (တေးရေး – သခင်မျိုး – တေးဆို အမ်ကေဖုန်းလတ်)
၆ – ပြည်ဖျက်မိစ္ဆာ (တေးရေး – ရာဇသံ – တေးဆို ဝမ်းလတ်၊ အမ်ကေဖုန်တ်လတ်၊ ဂေါ်ဒွင်၊ ရှားဒီ။ ကေအဲ(န်)
ရ – ချယ်ရီ (ရနံမဲ့ခရီးရှည်)  (ကဗျာ – သံစဉ်- ကိုရွှေ- တေးဆို – ဇူးဇီ)
၈ – ရှစ်ရက် ရှစ်လ ရှစ်ဆယ်ရှစ် (တေးရေး – ၅ ညလူငယ်တေးဆို – ရီဂဲင်ကမ်း(မ်)ဟာမိုနီ- ဝမ်းလတ်၊ အမ်ကေဖုန်လတ်၊ ဂေါ်ဒွင်၊ ရှားဒီ)
၉ – ငြိမ်းချမ်းရေးချိုးဖြူ (တေးရေး- ကိုစိုင်းတေးဆို- ရဲရင့်( ပုရစ်))
၁ဝ – လမ်းဘေးသီးချင်း (တေးရေး-အမည်မသိတေးဆို- ဝမ်းလတ်၊ အမ်ကေဖုန်လတ်၊ ဂေါ်ဒွင်၊ ရှားဒီ၊ ကေအဲန်)
၁၁ – ဒီနံရံတွေကြား (တေးရေး – သံစဉ် – ၅ညလူငယ်- တေးဆို – လင်းလင်း)
၁၂ – မိုးသောက်ငှက် အိမ်အပြန် (တေးရေး – ကိုဖြူ- တေးဆို – ရဲရင့်(ပုရစ်)

လှောင်ချိုင့်ထဲကတေး ˝ အယ်လ်ဘမ် နဲ့ ပတ်သက်၍…
၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးနောက်ပိုင်း စစ်အစိုးရဲ့အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ချီပြီးရောက်ခဲ့ရတယ်။ ဖိနှိပ်ရက်စက်မှုတွေဟာ ကမ်းကုန်ပဲ။ ဖိနှိမ်မှုတွေ ပြင်းထန် လေလေ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ လူထုနဲ့တော်လှန်ရေးအပေါ်ထားတဲ့ သစ္စာတရားဟာ ပိုပြီးခိုင်မာလာ လေလေ ဖြစ်ခဲ့တယ်။ အဲဒီသစ္စာခိုင်ကြည်မှုတွေကြောင့်ပဲ သူတို့ရင်ထဲက ဟောဒီ့တော်လှန်ရေး တေးသီချင်းတွေထွက်ပေါ်လာတယ်။ အဲဒီလို သီချင်းတွေကို စိတ်နဲ့ရေးဖွဲ့၊ ဦးနှောက်ဖြင့်မှတ်သား၊ နှုတ်နဲ့ လက်ဆင့်ကမ်းခဲ့ကြရင်း သူတို့တွေရဲ့ သီချင်းသံတွေဟာ အကျဉ်းထောင်နံရံတွေကို ထိုးဖောက် ခင်ဗျားတို့ဆီ အရောက်ပို့နိုင်ဖို့ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)ရဲ့ “ဘဝတက္ကသိုလ်” တေးထုတ်လုပ်ရေးက ဒီ ̏လှောင်ချိုင့် ထဲကတေး˝ သီချင်းအယ်လ်ဘမ်ကို ဂုဏ်ပြုထုတ်ဝေလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေက သူတို့ကိုနှိပ်စက်ကလူပြုနေတဲ့ အကျဉ်းထောင်ကြီးကို သူတို့ရဲ့ – – – ဘဝတက္ကသိုလ်တဲ့၊
သူတို့ကိုယ်သူတို့ ခရီးသွားရဲဘော်တဲ့၊
လွတ်မြောက်သွားတဲ့ သူတို့ရဲ့ ရဲဘော်တွေကို မိုးသောက်ငှက်တဲ့၊
ရှစ်လေး လုံးဆိုတာ လက်နက်မဲ့တွေရဲ့ အောင်ပွဲတဲ့၊
လူထုခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ပါတဲ့၊
ငြိမ်းချမ်းရေးအတွက် စစ်ပွဲတွေရပ်တန့်ဖို့ကိုလည်း တိုက်တွန်းခဲ့တယ်။
သံတိုင်နောက်ကသီချင်းသံများကို ကမ္ဘာ့နိုင်ငံအသီသီးမှာရှိကြတဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင် ပြည်သူများနဲ့ မြန်မာ ပြည်ဒီမိုကရေစီရေးကို ထောက်ခံအားပေးနေကြတဲ့ ရဲဘော်မိတ်ဆွေများအားလုံး မျှဝေခံစားနိုင်ဖို့ပါ။
ဘဝတက္ကသိုလ်တေးထုပ်လုပ်ရေး
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း