အေအေပီပီမှ နိုဝင်ဘာလအတွက် နိုင်ငံရေးအကျဉ်းသားများအခြေအနေပြ လစဉ်အစီရင်ခံစာနှင့် လက်ကျန်နိုင်ကျဉ်းစာရင်း

November 13 Aung Hmine San (credit Irrawaddy news)

လက်ရှိအခြေအနေ အကျဉ်းချုပ်

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလကုန်တွင် မြန်မာနိုင်ငံ အကျဉ်းထောင် များအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၂ရ ဦး အကျဉ်းကျခံ နေရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၇ရ ဦးတို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင်နေရပါ သည်။
တစ်လအတွင်း သုံးသပ်ချက်
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၂၃ ဦး ဖမ်းဆီးခံခဲ့ရသည်။ တက်ကြွ လှုပ်ရှားသူ ၃၂ ဦး ပြစ်ဒဏ်ချမှတ် ခံခဲ့ရပြီး နိုင်ငံရေး အကျဉ်းသား ၁ ဦး ပြန်လည်လွတ်မြောက်လာခဲ့ ပါသည်။ နိုင်ငံရေး အကျဉ်းသား ၆ ဦးမှာ ကျန်းမာရေး ဆိုးဝါးလျက်ရှိ ကြောင်း သိရှိရပါသည်။

အစာငတ်ခံဆန္ဒပြမှုသည် အောက်တိုဘာလ ၂၃ ရက်နေ့တွင် စတင် ခဲ့ပြီး တစ်ခြားသော အကျဉ်းထောင်များ သို့ပါ ပျံ့နှံ့သွားခဲ့သည်။ အစာ ငတ်ခံဆန္ဒပြသူ စုစုပေါင်း ၂ဝ ဦးထိ ပူးပေါင်းပါဝင်ခဲ့ကြပြီး ကျန်းမာရေး ဆိုးရွားမှုများကို ခံစားခဲ့ရသည်။ အဓိကအားဖြင့် အမျိုးသား ပညာရေး ဥပဒေသပိတ်မှောက်ဆန္ဒပြရာတွင် ပါဝင်ပတ်သက်မှုဖြင့် မြင်းခြံ အကျဉ်း ထောင်၌ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကျောင်းသား နှစ်ဦးက မြင်းခြံ အကျဉ်းထောင်တွင်း အစာငတ်ခံဆန္ဒပြနေစဉ် ရိုက်နှက်နှိပ်စက်ခံရမှုအ တွက် ထောင်တာဝန်ရှိသူများကို အရေးယူပေးရန် နိုဝင်ဘာ ၂ရ ရက် က မြင်းခြံမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားစာ ပေးပို့ခဲ့သည်။ အမျိုးသား ဒီမိုရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ရွှေဝါရောင် သံဃာ့ကွန်ရက်နှင့် တစ်ခြားသော လူမှု့အဖွဲ့ အစည်းများ၏ မေတ္တာရပ်ခံ ချက်ကြောင့် အစာငတ်ခံ ဆန္ဒပြမှုအား နိုဝင်ဘာလ ၁ရ ရက်နေ့တွင် ရပ်တန့်ခဲ့သည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေ ရွေးကောက် ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိသည်ဟု ချီးမွမ်းမှုများ အထူးသဖြင့် ရှိခဲ့သော်လည်း နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးမှုများ ဆက်လက် ရှိနေဆဲ ဖြစ်သည်။ မကြာသေးမီကပင် အမျိုးသား ငါးဦးသည် ရိုဟင်ဂျာ ပြက္ခဒိန်ကို ပုံနှိပ်ခဲ့ခြင်းအတွက် ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅/ခ ဖြင့်တရားစွဲဆိုခံခဲ့ရသည်။ ထို့ို့ပြင် ဆန္ဒြုပကျောင်းသားများနှင့် လယ်ယာမြေအရေး လှုပ်ရှားသူများသည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခြင်းကြောင့် ပြင်းထန်သော စွဲချက်များကို ရင်ဆိုင်နေရပြီး ပြစ်ဒဏ် ချမှတ်ခြင်းများကိုလည်း ခံခဲ့ရသည်။ ယခုလတွင် တက်ကြွလှုပ်ရှားသူ ၃၂ ဦးသည် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် တစ်လ နှင့် နှစ်နှစ်ကြား ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။

ယခုလတွင်း ဖမ်းဆီးမှုများထဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ ဒုဥက္ကဌ နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သည့် ကိုလင်းထက်နိုင် ခေါ် ဂျိမ်းစ်သည် မတ်လအတွင်း လှည်းတန်း ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့ခြင်းအတွက် ရှစ်လကြာ တိမ်းရှောင်နေခဲ့ရာမှ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ ကိုလင်းထက်နိုင်နှင့် နိုင်ငံရေး လှုပ်ရှားသူ ငါးဦးတို့သည် ထိုဆန္ဒပြ မှုအတွက် ငြိမ်း၊စု၊စီဥပဒေဖြင့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထပ်မံ၍ တရားစွဲဆိုခံခဲ့ရ သည်။

ထင်ရှားသော ထိန်းသိမ်းခံထားရသူများဖြစ်သည့် မချောစန္ဒီထွန်း၊ ပက်ထရစ်ကွမ်ဂျာလီနှင့် ကဗျာဆရာ မောင်ဆောင်းခတို့သည် စစ်တပ် ကို အသရေဖျက်ခြင်းအတွက် တရားစွဲဆိုခံခဲ့ရ၍ ဆက်သွယ်ရေးဥပဒေ ပုဒ်မ နှင့်/သို့မဟုတ် ရာဇသတ်ကြီးပုဒ်မတို့ို့ဖြင့် ယခုလက်ရှိတွင် တရား ရင်ဆိုင်နေရသည်။ ပက်ထရစ်ကွမ်ဂျာလီသည် ကျန်းမာရေးအခြေအနေဆိုးရွားလျက်ရှိသော်လည်း ငါးကြိမ်မြောက်အဖြစ် အာမခံလျှောက်ထားမှု သည် ပယ်ချခြင်းကိုခံခဲ့ရသောကြောင့် လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ထိုဆုံးဖြတ်ချက်ကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို နိုင်ငံ တကာအသိုင်းအဝိုင်းမှ မတူသော အကြောင်းအရာများဖြင့် အနီးကပ် စောင့်ကြည့်လျက်ရှိပြီး နိုဝင်ဘာလပထမပတ်တွင် မြန်မာနိုင်ငံကို ကမာ္ဘ့ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သော ပုံမှန် လူ့အခွင့်အရေး အခြေအနေ စစ်ဆေးကြားနာမှု (UPR) လုပ်ငန်းစဉ်ဖြင့် ဒုတိယအကြိမ် ဝေဖန်သုံးသပ်ခဲ့ကြသည်။ အစိုးရသည် တခြားသောအစိုးရများ ၏ အကြံပြုချက် ၂၈၁ ခုထဲမှ ထက်ဝက်အောက်ကိုသာ လက်ခံကြောင်း ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် များစွာသော လူ့အခွင့်အရေးအဖွဲ့အစည်းများပါဝင် သော ပူးတွဲအချက်အလက်ရှာဖွေရေးအဖွဲ့မှ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်သည် ပဲရစ်အခြေခံမူကို လေးစားလိုက်နာမှုအပေါ် အာရုံစိုက် ၍ ဝေဖန်သုံးသပ်ခဲ့သည်။ တစ်ပြိုင်တည်းလိုပင် လူ့အခွင့်အရေး မြှင့်တင်ရေး နှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အ စည်းများ ပါဝင်သော ပူးပေါင်းဆောင်ရွက်ခြင်း ကော်မတီ (ICC-NHRI) သည်လည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို သုံးသပ်ခဲ့သည်။ ထိုသုံး သပ်ခြင်းမှ ထွက်ပေါ်လာသော ရလဒ်ကိုအခြေခံထားသော အစီရင်ခံစာကို နောက်ပိုင်းတွင် ထုတ်ဝေမည်ဟု မျှော်မှန်းထားသည်။

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)
တိတ်နိုင် အတွင်းရေးမှူး +၉၅(၀) ၉ ၄၂၈ဝ ၂၃၈၂၈
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁၉၆၂၈ ၇၁၃

ဒေါင်းလော့ရယူရန် November Chronology(burmese)

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း127 political prisoners list in prison last Updated on 12 Dec 2015

အမှုရင်ဆိုင်နေရသူများစာရင်း Update Total Facing Trial List, 472, Updated on 12 Dec, 2015

လက်ပံတန်းအကြမ်းဖက်ဖြိုခွဲခံရစဉ် ထိန်းသိမ်းခံကျောင်းသား/သူနှင့် ဝန်းရံပြည်သူများစာရင်း LPT list in Tharawaddy prison and facing trial list updated on 12 Dec 2015