ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်နုခိုင်အား နောက်ကြောင်းပြန်တရားစွဲဆိုခြင်း၊ ချုပ်နှောင်ခြင်းအား ကန့်ကွက်

letter headရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်နုခိုင်အား နောက်ကြောင်းပြန်တရားစွဲဆိုခြင်း၊ ချုပ်နှောင်ခြင်းအား ကန့်ကွက်

ရက်စွဲ။ ။ အောက်တိုဘာလ ၂၂ ရက်၊ ၂၀၁၅ ခုနှစ်
ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ မြတ်နုခိုင် (တသီးပုဂ္ဂလ) အား ၂၀၁၄ ခုနှစ် ရန်ကုန်မြို့ တရုတ်နိုင်ငံသံရုံးရှေ့တွင် ဆန္ဒပြသည့် ကိစ္စနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁ရ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ယခုအခါ ဒေါက်တာမြတ်နုခိုင်အား အင်းစိန်ထောင်ထောင်တွင် ချုပ်နှောင်ထားပြီး ပုဒ်မ ၁၈၊ ၅၀၅ (ခ)၊ ၃၅၃၊ ၂၉၄၊ ၁၄၇၊ ၁၅၂ တို့ဖြင့် တရားစွဲဆိုထားကြောင်းလည်း ကြားသိရသည်။
ဒေါက်တာမြတ်နုခိုင်သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ တရုတ်နိုင်ငံသံရုံးရှေ့၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသ အတွင်းရှိ ဒေသခံတောင်သူများ ဆန္ဒပြပွဲတွင် အာဏာပိုင်များ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဒေသခံတောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး အမှန်တရားဖော်ပေးရန်အတွက် ဆန္ဒပြတောင်းဆိုပွဲ၌ ပါဝင်လှုပ်ရှားခဲ့သူတဦးဖြစ်သည်။
ဒေါက်တာမြတ်နုခိုင်သည် ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အရည်အချင်းကို အဆင့်အဆင့်စိစစ်ပြီး အတည်ပြု ခံရပြီးသူဖြစ်သည်။ ယခုကဲ့သို့ အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်တွင်မှ ဖမ်းဆီး တရားစွဲဆိုခြင်းမှာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး တရားဥပဒေကို အလွဲသုံးစားပြုလုပ်ခြင်းပင်ဖြစ်သည်ဟု မိမိတို့မှ ယုံကြည်ပါသည်။
ထိုကဲ့သို့ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတဦးအား လွန်ခဲ့သည့် တနှစ်ဝန်းကျင်က ဖြစ်စဉ်ကို အသက်ပြန်သွင်းကာ ဖမ်းဆီးခြင်းသည် နောက်ကြောင်းပြန် ဥပဒေ သက်ရောက်စေသည့်အပြင် တရားဥပဒေစိုးမိုးရေးအားများစွာ ထိခိုက်စေသည့် လုပ်ရပ်ဖြစ်သည့်အတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါကြောင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်နုခိုင်အား အမြန်ဆုံးပြန်လည်လွှတ်ပေးပါရန် တောင်းဆိုလိုက်ပါသည်။

နို်င်ငံရေအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)

ဆက်သွယ်ရန်-
ကိုတိတ်နိုင် +၆၆(၀) ၈၁ ၂၈၇၈၇၅၁
ကိုဘိုကြည် +၉၅(၀) ၉၄ ၂၅၃၀၈၈၄၀

Statement on Dr Myat Nu Khaing arrested ဒေါင်းလော့ရယူရန်