ဘာလဲဟဲ့လူ့ငရဲ (ဟံသာဝတီဦးဝင်းတင်)

U_Win_Tin_book_coverလူ့ငရဲထောင်ပြန် စာရေးသူရဲ့
ကျယ်လောင်မြည်ဟိန်းတဲ့ တိုးတိုးအမှာစကား
ဒီနေ့ ၂၀၁ဝ ခုနှစ် မတ်လ ၁၂ ရက်။
ကျွန်တော် အသက် ၈ဝ ပြည့်တယ်ဗျာ။ အသက် ၈ဝ ဆိုတာ အတော်ကြီး
ကြီးလွန်းပြီဗျ။ သချႋုင်းမီးသင်္ဂြိုလ်စက်ကို လှမ်းမြင်နေရပြီ။ မဝေးတော့ဘူး။ မဝေး
တော့ဘူးဆိုမှ ဒီခရီးနီးသလား လာမေးမနေနဲ့။ ဝေးပါသေးတယ်လည်း လာပြော
မနေနဲ့။ ခရီးဆုံး နီးနေတာကိုလည်းသိတယ်။ မီးသင်္ဂြိုလ်စက် မဝေးတော့တာလည်း
သိတယ်။ ရှင်ချိန်နည်းလာပြီဆိုတာလည်း သိတယ်။ သေချိန်ကပ်လာပြီ ဆိုတာလည်း
သိတယ်။ အဲဒါတွေ သိတာထက် ပိုသိတာက လုပ်စရာတွေအများကြီး ရှိသေးတယ်
ဆိုတာနဲ့ လုပ်စရာတွေကို လုပ်နိုင်သမျှ အများကြီး လုပ်သွားရဦးမယ် ဆိုတာပါပဲ။
ဒါက ဒီစာစောင်မှာ အဓိကပြောချင်တဲ့အချက်ပါ။ ဘာကြောင့်လုပ်စရာတွေ
အများကြီးရှိနေရတာလဲ။ အများကြီးရှိနေမှာပေါ့ဗျ။ မရှိဘဲနေပါ့မလား။ ကျွန်တော်တို့
လို သေတွင်းသေဝရောက်နေတဲ့ လူတွေအပါအဝင် တိုင်းပြည်ရဲ့ လူငယ်လူရွယ်
သွေးသစ် Óဏ်သစ် အားသစ်မာန်သစ်တွေကို စစ်အာဏာရှင်တွေက ဆယ်နှစ်
ဆယ်မိုး၊ နှစ်ဆယ်နှစ် နှစ်ဆယ်မိုး၊ ခြောက်ဆယ့်ငါးနှစ် ခြောက်ဆယ့်ငါးမိုး ဆိုတာမျိုး
ကနေ တစ်ရာကျော် နှစ်ရာကျော်မိုး ဆိုတာမျိုးတွေအထိ ထောင် သို့မဟုတ် လူ့ငရဲ…
လူလုပ်တဲ့ငရဲ… လူဖန်တီးတဲ့ငရဲဆိုတဲ့ ဘုံဆိုး ဘဝဆိုး အဖြစ်ဆိုး အိပ်မက်ဆိုး
လောကထဲ ပို့နေ၊ ပို့ထားခဲ့တာကိုး။
ဒီတော့ လူငယ်တွေ လူလတ်တွေ၊ လူကြီးတွေ၊ သေခါနီးတွေအဖို့ လုပ်စရာ
တွေ အများကြီးကျန်နေတော့တာပေါ့။ ဆန်းသလားလို့ မေးနေစရာလိုဦးမလားဗျာ။
ဒါကြောင့် ကျွန်တော်တို့ ခရီးရှည်ကြီးကို ဆက်လျှောက်ရဦးမယ်။ ဆက်
ရုန်းကန်ရဦးမယ်။ ဆက်ဦးတည်ရဦးမယ်။ ဆက်တာဝန်ထမ်းဆောင်ရဦးမယ်။
ကျွန်တော် နားလည်သလို ကျွန်တော့်စကားနဲ့ တိုတိုပဲပြောရရင် ခေတ်ဝန်ကိုထမ်း
ခေတ်လမ်းကို လျှောက်ရဦးမယ်။ တမျှော်တခေါ် ခရီးကြမ်းကြီးဗျို့။ ဧရာမ ဝန်ထုပ်
ဝန်ပိုးကြီးဗျို့။ ရင်မော စိတ်ပန်း နှစ်ကာလရှည်ကြီးဗျို့။

တကယ်တော့ ခေတ်ဝန်ကိုထမ်းကြရမှာက တစ်ပြည်ထောင်လုံးက လူထုကြီး
တစ်ရပ်လုံးပါပဲ။ တစ်ပြည်လုံးကို ထောင်ချထားတော့ တစ်ပြည်လုံးက လူထုကြီး
တစ်ရပ်လုံးအဖို့ လုပ်စရာတွေ ခေတ်ဝန်တွေ တစ်ပုံတစ်ပင်ကြီး ကျန်နေတော့တာပေါ့။
ဆက်လျှောက်ရမယ့် ခေတ်လမ်းကြီးကလည်း တမျှော်တခေါ်ကြီး အရှည်အဝေးကြီး
ကျန်နေတော့တာပေါ့။
တစ်ပြည်လုံးကို ထောင်ချထားတာကလည်း ဆယ်စုနှစ်တွေနဲ့ချီပြီး အကြာ
ကြီး ကြာညောင်းခဲ့ပြီလေ။ ဒီလိုဆိုတော့ လူထုတွေကြားမှာ ထောင်ဆိုရင် ကြောက်ရ
မလိုလို ရွံ့ရမလိုလို ဖြုံတုံတုံစိတ်တွေ ပလုံစီနေပြီလားလို့ ထင်စရာရှိလာတယ်။
မဟုတ်ပါဘူး။ တကယ်တော့ လူထုကြီးက မကြောက်ပါဘူး။ မဖြုံပါဘူး။ ကြောက်
ပြေးတွေဟောတဲ့ ထောင်ကြောက်တရားတွေကို နားယောင်ပြီး လက်သီး မဆုပ်ဝံ့သလို၊
လက်မ မထောင်ဝံ့သလို၊ လက်မောင်း မမြှောက်ဝံ့သလို၊ လက်ရုံးမတန်းဝံ့သလို
ဖြစ်နေကြတာပါ။
ကြောက်ပြေးတွေ၊ ကြောက်ပွဲစားတွေ၊ ကြောက်မှောင်ခိုတွေက ထောင်ကျတဲ့
နိုင်ငံရေးမလုပ်ဘူး။ ထောင်ကျတဲ့ လှုပ်ရှားမှုမလုပ်ဘူးတို့ဆိုတဲ့ ထောင်ကြောက်တရား
တွေဟောနေတယ်။ ထောင်ကျခံတာ ဘာမှအကျိုးမရှိဘူးလို့ဆိုတဲ့ ထောင်ရွံ့တရားတွေ
ဟောနေတယ်။
ဒီလို ထောင်ကြောက်တရားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံရေးအတွက်
ထောင်ကျခံရသူတွေ၊ ယုံကြည်ချက်အတွက် ထောင်ကျခဲ့သူတွေ၊ ပြည်သူ့ကောင်းကျိုး
အတွက် ထောင်ကျခဲ့ရသူတွေ၊ လူထုအုြွံကမှုအတွက် ထောင်ကျခံရသူတွေ၊ အာဏာရှင်
စနစ် ဆန့်ကျင်တွန်းလှန်ရေးအတွက် ထောင်ကျခဲ့ရသူတွေ၊ တော်လှန်ရေးတွေ၊ အရေး
တော်ပုံတွေ၊ လှုပ်ရှားမှုတွေအတွက် ထောင်ကျခံရသူတွေ၊ ထောင်ကျခဲ့ရသူတွေကို
ရှုတ်ချတာပဲ။ စော်ကားတာပဲ။
ဒီလို ထောင်ကြောက်တရားတွေဟာ ဆရာတော်ဦးဝိစာရ ဂဠုန်ဆရာစံ၊
သခင်အောင်ဆန်းတို့အစ၊ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး၊ မင်းကိုနိုင်တို့ အဆုံး
ထောင်ထဲသေ၊ ထောင်ထဲငတ်၊ ထောင်ထဲဘဝဇာတ်သိမ်း၊ ထောင်ထဲ ဘဝပျက်ခဲ့ရသူ
တွေ အသချေင်္အနန္တရဲ့ သမိုင်းမော်ကွန်းကို ပြက်ရယ်ပြုတာပဲ။
ဒီလို ထောင်ကြောက်တရားတွေဟာ ၁၃၀ဝပြည့် အရေးတော်ပုံကာလ၊
ခွန်နစ်ခွန်နစ်(ဆဲဗင်းဂျူလိုင်) အရေးတော်ပုံကာလ၊ ရှစ်လေးလုံးအရေးတော်ပုံ
ကာလတွေကတည်းက ဒီနေ့ဒီရက် နက်ဖြန်များစွာတိုင်အောင် အဟုန်မပျက် အရှိန်

ဆက်နေတဲ့ တော်လှန်ရေးစိတ်ဓာတ် ဇွဲမာန်တွေနဲ့ မနေ့က ထောင်ထဲဝင်ခဲ့တဲ့သူတွေ၊
ဒီနေ့ ထောင်ထဲဝင်နေတဲ့သူတွေ၊ မနက်ဖြန်ထောင်ထဲဝင်ဖို့ဟန် တပြင်ပြင်ဖြစ်နေသူ
တွေရဲ့ နိုင်ငံရေးမျိုးဆက်ရေးစီးကြောင်းကြီးကို ဟန့်တားပိတ်ဆို့တာလည်းဖြစ်ပါတယ်။
ရှင်းရှင်းပြောရရင် အဲဒီကြောက်ပွဲစားတွေရဲ့ ထောင်ကြောက်တရားတွေဟာ
သူတို့ရဲ့ ဆရာသခင် အာဏာရှင်တွေရဲ့ အပြုတ်တိုက်လမ်းစဉ်ကိုပဲ့တင်ထပ်တဲ့၊
သံယောင်လိုက်တဲ့ တရားတွေပါပဲ။ အပြုတ်ခြောက်တဲ့ ရုတ်ဘလောက်(ျွသေိ ြူသခု)
တရားတွေပါပဲ။
ဒီလိုမျိုး ထောင်ကြောက်တရားတွေကို ကျွန်တော်တို့လက်သင့်လည်း မခံဘူး။
နားသင့်လည်းမခံဘူး။
နယ်ချဲ့ကိုလိုနီဆန့်ကျင်ရေးခေတ်၊ ဖတ်ဆစ်တိုက်ဖျက်ရေးခေတ်၊ လွတ်လပ်
ရေးတိုက်ပွဲခေတ်၊ တစ်ပါတီအာဏာရှင်စနစ် တွန်းလှန်ရေးခေတ်၊ ဒုတိယလွတ်လပ်
ရေး ကြိုးပမ်းမှုခေတ်၊ စစ်အာဏာရှင်စနစ် ဖြိုလှဲရေးခေတ် စတဲ့ သမိုင်းစဉ်ဆက်
မျိုးဆက်အသီးသီးရဲ့ ဘဝတွေကို ပြန်ကြည့်ပါ။
ကိုလိုနီအစိုးရတွေ၊ ဖက်ဆစ်ကင်ပေတိုင်တွေ၊ အာဏာရှင်အကြမ်းဖက်
သမားတွေဟာ ရဟန်းရှင်လူတွေ၊ ကျောင်းသားလူငယ်တွေကို ဖမ်းသတ်စခန်းတွေ၊
စစ်ကြောရေး ညှဉ်းဆဲစခန်းတွေ၊ ထောင်တန်းအဓမ္မ အလုပ်စခန်းတွေ ဆိုတာတွေနဲ့
မာန်ချိုး မျိုးဖြုတ် နုတ်နုတ်စင်းခဲ့တယ်။
လူထုတွေ ကြောက်သွေးဖျန်းခဲ့သလား။ လူငယ်တွေ ကြောက်ကျောချမ်း
ခဲ့သလား။ သမိုင်းခြေရာ ပြန်ကောက်ပါ။ သမိုင်းရင်ခုန်သံ ပြန်ကြားပါ။ သမိုင်းသွေးနံ့၊
ချွေးနံ့ ပြန်ရှူပါ။ သမိုင်းဇာတ်ထုပ် ပြန်ကြည့်ပါ။
သမိုင်းက ဘယ်လိုကြုံးဝါးခဲ့သလဲ။
အမေကမွေး ထောင်ကကျွေးသတဲ့။
အဖေကဆင် ထောင်ကသင်သတဲ့။
လူထုတွေ ကြားကြလော့ သိကြလော့။
လူငယ်တွေ ကြားကြလော့ သိကြလော့။
ထောင်ကြောက်တရားတွေ စကားတွေ၊ အသံတွေဟာ သမိုင်းစကား မဟုတ်
ဘူး။ သစ္စာပြယ်တွေ၊ သစ္စာပျက်တွေ၊ သစ္စာပြောင်းတွေ၊ သစ္စာဖျောက်တွေ၊ သစ္စာ
ဖောက်တွေရဲ့တေးသံတွေ၊ တီးတိုးစကားတွေသာ ဖြစ်တယ်ဆိုတာ ကောင်းကောင်း
သိဖို့လိုတယ်။ ကောင်းကောင်းနားလည်ဖို့လိုတယ်။ ကောင်းကောင်းသဘောပေါက်ဖို့
လိုတယ်။

အဲဒီလို ထောင်ကြောက်တရား အသံထုတ်လွှင့်ခဲ့တဲ့၊ ထောင်ကြောက်တရား
စကားပြောခဲ့တဲ့သူတွေဟာ ဘယ်သမိုင်း ဘယ်ခေတ်ကာလမှာမှ သမိုင်းထဲက လူထု
တွေ၊ လူငယ်တွေကို ပြူးလည်းမကြည့်နိုင်ဘူး။ ပြဲလည်းမကြည့်နိုင်ဘူး။ ပြောင်လည်း
မကြည့်နိုင်ဘူး။ ပြုံးကြည့်နိုင်ဖို့ဆိုတာတော့ ဝေးပါသေးရဲ့။ ဆင်ဖြူမျက်နှာ ဆင်မည်း
မကြည့်ဝံ့ဆိုတဲ့ ရှေးပညာရှိ၊ ရှေးလူကြီးတွေရဲ့စကားကို ကြားဖူးရဲ့မဟုတ်လား။
ထောင်ဒုက္ခတွေ၊ ထောင်ဒေါမနဿတွေ၊ ထောင်ပရိဝေဒတွေ၊ ထောင်
သောကဗျာပါဒတွေ၊ ထောင်မုဒိတာတွေ၊ ထောင်ဇွဲမာန် သန္နိဌာန်တွေ၊ ထောင်
တိုက်ပွဲတွေ၊ ထောင်နိုင်ငံရေး လှုပ်ရှားမှုတွေ၊ ထောင်အသိအတတ်ပညာတွေ၊
ထောင်Óဏ်၊ ထောင်ဈာဉ်တွေ၊ ထောင်ပကတိ၊ ထောင်ဥပဓိ၊ ထောင်ယုတ္တိ၊ ထောင်
သတ္တိ ဗျတ္တိ၊ ထောင် အတ္ထုပ္ပတ္တိတွေ စတဲ့ ထောင်ဇာတ်မြူး၊ ထောင်လွမ်းခန်း၊
ထောင်ပြက်လုံး၊ ထောင်ငိုချင်းတွေကို ကျွန်တော် ဆယ်စုနှစ် နှစ်စုလောက် ကြုံခဲ့
ကြားခဲ့ပါတယ်။
ဒီစာစုမှာ ကျွန်တော် ဗုဒ္ဓဘာသာ ဗြဟ္မစိုရ်တရားတွေကို မြဲမြဲလက်ကိုင်
ထားပြီး ပြန်ပြောပြပါတယ်။ ခရစ်ယာန် ဝမ်းမြောက်ခြင်း တရားကိုမြဲမြဲလက်ကိုင်
ထားပြီး ပြန်ပြောပြပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်းတရားကို
မြဲမြဲလက်ကိုင်ထားပြီး ပြန်ပြောပြပါတယ်။
ဒီထောင်ဥပဓိ၊ ထောင်အတ္ထုပ္ပတ္တိတွေဟာ ကျယ်ကျယ်လောင်လောင်ကြီး
မြည်ဟည်းဟိန်းဟောက် ပေါ်ထွက်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
ကျွန်တော် ထောင်ကျလို့ အိမ်ခန်းက ဖယ်ရှားခံရတယ်။ အငြိမ်းစားလစာ
ရိက္ခာခံစားခွင့် ဆုံးရှုံးရတယ်။ ထောက်လှမ်းစစ်ကြောရေး လက်ချက်နဲ့ သွားတွေ
အားလုံး ပြောင်သလင်းခါခဲ့တယ်။ ထောင်ဆန်ကြမ်းထမင်းနဲ့ ထောင်ဟင်းရွက်
ပြုတ်ရည်ကို မသေရုံတမယ် သွားဖုံးနဲ့မြုံခဲ့ရတယ်။ အဲဒီလိုနေခဲ့ရတာ ရှစ်နှစ်တိတိ
ကြာတယ်။ ဒုက္ခရောက်ပုံတော့ ပြောမပြတတ်အောင်ပါပဲ။ အစာအိမ် ရောဂါစွဲခဲ့ရ
တယ်။ အူကျရောဂါကို ငါးနှစ်လုံးလုံး ခွဲစိတ်ကုသခွင့်မပေး။ ဆေးရုံမတင် ဖြစ်ချင်ရာ
ဖြစ် ပစ်ထားခံခဲ့ရတယ်။ နောက်ဆုံး ခွဲစိတ်တော့ နောက်ကျလွန်းနေပြီ။ အူတွေပူးကပ်
ကျပ်ညပ်ဖြစ်နေပြီ။ အာရုံကြောတွေနဲ့ ထွေးရောယှက်တင်ဖြစ်ကုန်ပြီ။ ခွဲစိတ်ဒဏ်
ကြောင့် ပေါင်တစ်ဖက် နာကျင်ကိုက်ခဲ အမြဲဖြစ်နေရပြီ။ မွေးရာပါပစ္စည်းတစ်ခုဆုံးပါး
ခဲ့ရပြီ။ နှလုံးရောဂါကို ထိရောက်လုံလောက်တဲ့ ကုသမှုမပေးခဲ့လို့ အခုဒီရောဂါက
သေရွာပို့အဆင့်ရောက်နေရပြီ။

နှစ်နှစ်ဆယ်ပြည့်လုနီးပါးလုံးလုံး ကျွန်တော့်ကို တိုက်ပိတ်ထားခဲ့တယ်။ အခြား
နိုင်ငံရေးအကျဉ်းသားတွေ၊ ရာဇဝတ်အကျဉ်းသားတွေနဲ့သာမက ထောင်ဝန်ထမ်း
တွေနဲ့ပါ အဆက်ဖြတ်ထားခဲ့တယ်။ ဘေးအခန်းက လူတွေနဲ့ စကားပြောဖို့ အသာထား
လှမ်းအော်ရင်တောင် မကြားရအောင် ကျွန်တော်နဲ့တခြား လူနေအခန်းတွေကြားမှာ
အနည်းဆုံး သုံးခန်းလေးခန်း(သုံးဆယ့်နှစ်ပေ-လေးဆယ့် ရှစ်ပေ) ခြားထားခဲ့တယ်။
နှစ်ပေါင်းနှစ်ဆယ်ဆိုတဲ့ အဟောသိကံကာလရှည်ကြီးက ကျွန်တော့်ရဲ့ဘဝ
နေဝင်ချိန် လူစင်မီမှုကို ကိုက်ဖဲ့ဝါးမျိုသွားတယ်။ စာအုပ်မဖတ်ရ။ လူသူ မတွေ့ရ။
စကားမပြောရ။ လှုပ်ရှားသွားလာ မလုပ်ရ။ ဝါသနာအလုပ်တွေ၊ (ပန်းချီ၊ ဂီတ၊
စာဖတ်စာရေး၊ အိမ်မျှော်)တွေဆုံးရှုံးရ။
တိုတိုပြောရရင် ကျွန်တော့်ရဲ့လူ့သက်တမ်းထဲက လေးပုံတစ်ပုံလောက်ကို
နင်းချေဖျက်ချေ အမှုန့်ချေ ရေမျှောပစ်ခဲ့တယ်ဗျာ။ နှမြောလိုက်တာ။ နှမြောလိုက်တာ။
အသည်းနာပါရဲ့။ နှလုံးနာပါရဲ့။ စိတ်နာပါရဲ့။
ကောင်းကြသေးရဲ့လားဗျာတို့လို့ လောကကြီးကို အော်ဟစ်တိုင်တည်လိုက်
ချင်တယ်။
အသက်ရှစ်ဆယ်မှာ ကျွန်တော်နေစရာအိမ်မရှိဘူး။ သုံးစရာငွေမရှိဘူး။
တွေးစရာ ခေါင်းမရှိဘူး။ အကြံမဲ့ Óဏ်မဲ့ နလမဲ့တုံးဖြစ်နေပြီ။ လှုပ်စရာအားမရှိ
ဘူး။ ရောဂါတစ်သီတစ်တန်းနဲ့ အိုနာကျိုးကန်း ဖြစ်နေပြီ။ ခိုစရာ ကွန်းမရှိဘူး။
ကျောင်းကန်ဘုရား၊ ဆွေအိမ်မျိုးအိမ် မိတ်ဆွေသူငယ်ချင်းအိမ်၊ ဥယျာဉ်ပန်းခြံ၊
ရုံးပြင်ကနား၊ ဈေးကျောင်း၊ ပြခန်း၊ ဆေးရုံ၊ သုသာန်တွေကိုတောင် စိတ်လွတ်လူလွတ်
သွားလာဝင်ထွက်လုပ်လို့မရဘူး။ သွားလို့မရဘူး။ သတင်းထောက်လှမ်းရေးတပ်သား
တွေ၊ မော်တော်ဆိုင်ကယ်တွေ နောက်က တဘုံးဘုံး တန်းလန်း။
လူ့ဘဝအရသာတွေ၊ လူသားလွတ်လပ်ခွင့်တွေ၊ နိုင်ငံသားလှုပ်ရှားခွင့်တွေ၊
ရိုးရာဓလေ့ ပေါင်းသင်းဆက်ဆံမှုတွေ၊ သတင်းသမား ရေးသားခွင့်တွေ၊ နိုင်ငံရေး
သမား ထုတ်ဖော်ခွင့်တွေ ကုန်းကောက်စရာမရှိလောက်အောင် ပျောက်ဆုံးကုန်ပြီ။
ကျွန်တော် ထောင်ထဲကထွက်လာခဲ့တယ်။ အပြင်ရောက်တော့လည်း ထောင်
ကိုပဲ ရောက်နေရပြန်ပါပကောလား။ ထောင်ကြီးတာနဲ့ ထောင်သေးတာပဲ ကွာတယ်
ပေါ့လေ။
ကျွန်တော်တို့ ကြောက်ရမှာက အင်းစိန်တွေ၊ ပူတာအိုတွေ၊ ခန္တီးတွေ၊ ကျိုင်းတုံ
တွေ၊ ကော့သောင်းတွေ မဟုတ်ပါဘူး။ တစ်ပြည်လုံးထောင်ကျတာကိုသာ ကြောက်

ရမှာဖြစ်ပါတယ်။ တစ်ပြည်လုံး ထောင်ပွဲ ဆင်နွှဲရမယ့်လက်နက်က ထောင်မကြောက်
တရားဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆိုးကို အာခံအံတုတဲ့ ထောင်မကြောက်တရား
လက်နက် ဖြစ်ပါတယ်။
အဲဒီလက်နက်ကို ကျွန်တော် ကိုင်စွဲထားပါတယ်။ ကိုင်စွဲနေပါတယ်။ ထောင်
အသေးကို လုံးဝမကြောက်ဘဲ ထောင်အကြီးကိုဖြိုဖို့ ကျွန်တော် အားထုတ်နေပါ
တယ်။ တိုက်ပွဲဝင်နေပါတယ်။
ကျွန်တော်တစ်ယောက် အကြံတုံး၊ Óဏ်တုံး၊ နလပိန်တုံးလောက်နီးနီး
အဖြစ်နဲ့ ဘဝနေဝင်ချိန် ခရီးဆုံးကို လျှောက်နေရပြီ။
လူ့ငရဲထောင်ပြန်ထောင်ထွက်တစ်ယောက်အနေနဲ့ ဘဝလမ်းမှာ ခြေဗလာ
လက်ဗလာ ဖြူခါပြာကာကျသလို ဖြစ်နေရပြီ။ ဒါပေမဲ့ ရင်ထဲ ခေါင်းထဲ စိတ်ထဲ
နှလုံးထဲမှာ မီးဟုန်းဟုန်းတောက်နေတဲ့ မာန်စွယ်ကတော့ မကျိုးသေးဘူး။ ဒီမာန်တွေ
နဲ့ပဲ အံကြိတ်အားတင်းပြီး မသေခင် နောက်ဆုံးခရီးကြမ်းကို လှမ်းနေတာပဲ။ ဒီမာန်
အားနဲ့ ခေတ်ဝန်ကို ဆက်ထမ်းသွားဦးမယ်။ ဒီမာန်အားနဲ့ ခေတ်လမ်းကို ဆက်
လျှောက်သွားဦးမယ်။
အိုမင်းမစွမ်းဆိုတာ အိုရင်မင်းမစွမ်းတော့ဘူးဆိုတာကွဲ့လို့ ဆရာကြီး သခင်
ကိုယ်တော်မှိုင်းက ပြောဘူးတယ်တဲ့။ ဝါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေ ပြော
လေ့ရှိတယ်။
ဟုတ်ကဲ့။ ကျွန်တော် အိုပါပြီ။ မစွမ်းတော့ပါဘူး။ ဒါပေမဲ့ မာန်တော့
မလျှော့ပါဘူး။ မာန မပါးပါဘူး၊ အားမလျှော့ပါဘူး။ စိတ်မပျော့ပါဘူး။ စွမ်းသေး
သမျှ အတိုင်းအဆနဲ့ ခေတ်ကိုအလုပ်အကျွေးပြုသွားဦးမယ်။ လူ့ဘောင်လောကရဲ့
အစေအစားခံသွားဦးမယ်။ အဖွဲ့အစည်း၊ အပေါင်းအသင်းတာဝန်တွေကို ကျိုးနွံ
ထမ်းရွက်သွားဦးမယ်။
ကဗျာဆရာကြီးတင်မိုးရဲ့ ကဗျာထဲကလို ဆေးလိပ်တိုမှန်း ကျွန်တော် သိနေ
ပါတယ်။ နေညိုချိန်မှန်း ကျွန်တော် သိနေပါတယ်။ ဒါပေမဲ့ ငါ့ကိုပြန်ပို့ ကြပါလေလို့
မရေရွတ်အားသေးဘူးဗျာ။
ကွင်းညီချင်ညီ၊ မညီချင်နေ ကျွန်တော် ကွင်းထဲမှာ ကစားဦးမယ်။ ကစားဖို့
တာဝန်ရှိသေးတယ်လို့ ထင်သဗျာ။
အမြစ်ပဲပွားပွား၊ ပင်စည်ပဲထွားထွား၊ အာဏာရှင်စနစ် အဆိပ်သစ်ပင်ကြီးကို
အရွက်ချွေ၊ အကိုင်းခုတ်ပြီး သစ်ငုတ်တို လုပ်ပစ်ရဦးမယ်။ အဲဒါတွေလုပ်ဖို့ တာဝန်ကျန်
နေသေးတယ်လို့ထင်သဗျာ။
၁၀
ဒါတွေဟာ ကျွန်တော့်ရဲ့ သေတွင်းသေဝ သုသာန် တစပြင်က ရင်ဖွင့်သံ၊
အော်ဟစ်သံ၊ ကြုံးဝါးသံပဲ။ ကြားကြရရဲ့လား။ ကျွန်တော့်စိတ်ထဲမှာတော့ ဒီအသံ
တွေဟာ ကျယ်လောင်မြည်ဟိန်းလိမ့်မယ်လို့ ထင်မိတယ်။ မကျယ်မဟိန်းတောင်
လူတိုင်းသဲ့သဲ့တော့ ကြားကြရလိမ့်မယ်လို့ ထင်မိတယ်။
ကြားရတယ်၊ ကြားကြတယ်ဆိုရင် စကားလက်ဆင့်ကမ်းကြပါဘိလို့ ပန်ကြား
ပါတယ် ခင်ဗျား။
ဒီစာစုကို အလွန်ရိုကျိုး နှိမ့်ချစွာရေးပါတယ်။ ထောင်အကြောင်း ကျွန်တော်
များများမသိခဲ့ပါဘူး။ နှစ်နှစ်ဆယ်နီးပါး တစ်ကောင်ြွကက်လို တိုက်ပိတ်ခံနေခဲ့ရလို့
ထောင်အကြောင်း ကျွန်တော်ကောင်းကောင်းမသိခဲ့ရပါ။
ထောင်ဆိုတာ နိုင်ငံရေးသမားကို ထုသားပေသားရအောင် မီးသားတင်ပေးတဲ့
နေရာဟေ့။ ထောင်ဆိုတာ လူတွေ(နိုင်ငံရေးသမားသာမဟုတ်။ သာမန်အကျဉ်းသား
တွေပါ)ကို လူသားချင်းစာနာစိတ်ကင်းအောင် လုပ်တဲ့နေရာဟေ့၊ ငါလူသား
တစ်ယောက်ပါလားဆိုတဲ့ စိတ်ထားပျက်ပြားအောင် လုပ်တဲ့နေရာ ဟေ့၊ ဘယ်ဘဝ
ရောက်ရောက် လူမဆန်တဲ့ ကြီးနိုင်ငယ်ညှဉ်းမှု၊ နှိပ်စက်ကလူမှု၊ ဗိုလ်ကျစိုးမိုးမှု၊
အဓမ္မမှု၊ သွေးခွဲဖိနှိပ်မှု၊ အာဏာပြချုပ်ချယ်မှုတွေ ထင်ရာစိုင်းတဲ့နေရာဟေ့။ အကြောက်
တရားသွင်းတဲ့နေရာဟေ့။ ကိုယ်ကျင့်သိက္ခာ ခိုင်ခိုင်မာမာနဲ့ ငုံ့မခံတဲ့လူသားစိတ်ကို
ကျိုးပဲ့ကျေမွအောင် လုပ်တဲ့နေရာဟေ့။
ဒီလို ေြွကးကြော်သံကို ေြွကးကြော်ရမှန်းလောက်တော့ ကျွန်တော် သိခဲ့ရ
ပါတယ်။ အဲဒီအသိကို လူတိုင်းသိအောင် လှုံ့ဆော်ရကောင်းမှန်းတော့ ကျွန်တော်
သိခဲ့ပါတယ်။
တစ်ပြည်လုံး တစ်မျိုးလုံး ထောင်ချထားတာကို ဆန့်ကျင်ရကောင်းမှန်း
ကျွန်တော် သိခဲ့ပါတယ်။ လူချင်းအကြား၊ လူမျိုးချင်းအကြား၊ ဘဝချင်းအကြားတွေမှာ
အကျဉ်းထောင်တွေရဲ့ အုတ်တံတိုင်းလိုမျိုးတွေ ခြားကန့်ကာရံထားနေတာတွေကို
ဖြိုချဖို့ အားထုတ်ရကောင်းမှန်း ကျွန်တော်သိခဲ့ပါတယ်။ လူတွေရဲ့ စိတ်နှလုံးထဲမှာ
စိမ့်ဝင်ဝါးမျို၊ ကိန်းအောင်းဖိစီးနေတဲ့ ထောင်ကျင့်ထောင် ကြံစိတ်ထားတွေ၊ ထောင်
ကြောက်၊ ထောင်ခြောက်စိတ်ထားတွေကို ချေဖျက်ဖယ်ရှားဖို့ ကြိုးစားရကောင်းမှန်း
ကျွန်တော်သိခဲ့ပါတယ်။
ဒီအသိ၊ ဒီအမြင်တွေနဲ့ ဒီစာစုကို ကျွန်တော်ရေးပါတယ်။ ထောင်ဆိုတာ
ဒါပဲဟဲ့ဆိုတဲ့ ငါတွေ့၊ ငါသိ၊ ငါမြင်၊ ငါကြားစိတ် လုံးဝမထားပါ။ ရိုကျိုးနှိမ့်ချတဲ့
စိတ်နဲ့ ရေးပါတယ်။
၁၁
ထောင်ထဲမှာ အသက်စွန့်ခဲ့တဲ့သူတွေ၊ ထောင်ထဲမှာ ရုန်းကန်လှုပ်ရှားခဲ့သူတွေ၊
ထောင်ထဲမှာ အတိဒုက္ခရောက်ခဲ့ရသူတွေ၊ ထောင်ထဲမှာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ
ကြီးစွာကြုံတွေ့ပြီး စိတ်ဓာတ်ပြိုကွဲခဲ့ရသူတွေ၊ ကျိုးခဲ့ပဲ့ခဲ့ ပြယ်ခဲ့ပျက်ခဲ့တဲ့ ထောင်ပြင်ပ
ဘဝကို ခက်ခဲကျပ်တည်းစွာ ကျော်လွှားရုန်းကန် ပြန်လည်ထူထောင်နေရသူတွေ။
အဲဒီလို စွန့်လွှတ်အနစ်နာခံခဲ့သူအားလုံးကို လေးစားဂုဏ်ပြုတဲ့ ဂါရဝ၊ နီဝါတစိတ်
ထားတွေနဲ့ ဒီစာစုကို ကျွန်တော် ရေးပါတယ်။
အထူးသဖြင့်ကတော့ နှစ်ငါးဆယ်ကျော် မြန်မာ့သမိုင်းမှာ မှေးမှိန်ရုံမက
ပျောက်ကွယ်နေခဲ့တယ်လို့ ဆိုရမလောက် အခြေဆိုးဆိုက်နေတဲ့ ထောင်ဘဝစာပေ
တွေ၊ အကျဉ်းသားဘဝစာပေတွေ၊ နရသိန်အဖြစ်ဆိုးစာပေတွေရဲ့ ဟင်းလင်းကွက်လပ်
မှာ တစ်ဆုပ်တစ်ဖဲ့ ဖြည့်တင်းချင်တဲ့စိတ် အားဖြည့်ချင်တဲ့စိတ်နဲ့ ဒီစာစုကို ကျွန်တော်
ရေးပါတယ်။
ဒီလို ]]လူ့ငရဲစာပေ}} ဟင်းလင်းကွက်လပ်ကြီး ဖြစ်ခဲ့ရတာလည်း တစ်ပါတီ
အာဏာရှင်စနစ်ယန္တရား၊ စစ်အာဏာရှင်စနစ်ယန္တရားတွေရဲ့ ကြိတ်နင်းဝါးချေမှု
ကြောင့်ဖြစ်တယ်ဆိုတာ ကျွန်တော် ထင်ထင်လင်းလင်းသိပါတယ်။ ကုန်ကုန်ပြောရရင်
ထောင်ဆိုတဲ့ဝေါဟာရကိုတောင် သုံးခွင့်မရတဲ့ကလောင် ချည်တုပ်မှုတွေက အဲဒီကာလ
တွေမှာ ပေါ်ပေါက်ကြီးစိုးနေခဲ့ပါတယ်။ ]]ဆိတ် ဖလူးနံ့သင်းတဲ့နေရာ}}တို့၊ ]]နရသိန်}}တို့၊
]]မော်စကို}}တို့၊ ]]အင်းစိန်တောရ}}တို့၊ ]]အဝေးတစ်နေရာ}}တို့ ဆိုတဲ့ ဝေါဟာရတွေကို
အစားထိုးသုံးစွဲခဲ့ကြရပါတယ်။ ထောင်ကျတာကိုလည်း ]]ခရီးသွားနေတယ်}}တို့၊
]]အဝေးရောက်နေတယ်}}တို့ ဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးရေးသားခဲ့ကြရပါတယ်။
လွတ်လပ်ရေးရပြီးစ ပြည်တွင်းစစ်ကာလမှာ ဆိုးသွမ်းကြမ်းကြုတ်လှတဲ့
သာယာဝတီထောင်တို့၊ အင်းစိန်ထောင်တို့ သတင်းကြီးခဲ့ပါတယ်။ စစ်အစိုးရ ၁၉၅၈-
၆ဝ လက်ထက်မှာ ကိုကိုကျွန်းအကျဉ်းစခန်းကြီး ပေါ်ထွက်ခဲ့ပါတယ်။ တစ်ပါတီ
အာဏာရှင်စနစ်ခေတ်နဲ့ လက်ရှိစစ်အာဏာရှင်စနစ်ခေတ်တွေမှာ ထောင်တိုင်းဟာ
အင်းစိန်ထောင်နဲ့ တန်းတူရည်တူ နာမည်ဆိုးနဲ့ ကျော်ကြားလာပါတယ်။ အင်းစိန်
လောက်တော့ ထောင်တိုင်းဆိုးတယ်၊ ကြမ်းတယ်၊ ယုတ်တယ်ဆိုတဲ့ ပြောစမှတ်မျိုး
ပေါ်ထွက်ခဲ့တယ်။ ဒီအကျဉ်းစခန်းတွေ၊ ထောင်တွေမှာ လူတိုင်းနီးပါး အကျဉ်းသား
ဘဝကျရောက်ကြုံတွေ့ခဲ့ရဘူးတယ်။ နိုင်ငံရေးသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာ
တွေ၊ ရဟန်းရှင်လူတွေ၊ ကျောင်းသားလူငယ်တွေ၊ ဘုန်းကြီးရဟန်းတွေ၊ အမျိုးသမီး
တွေ၊ တိုင်းရင်းသားတွေ၊ အသက်မစေ့လူလားမမြောက်သူတွေ အားလုံးလိုလို အဲဒီ
၁၂
နေရာတွေနဲ့ နဖူးတွေ့ ဒူးတွေ့ ဆုံတွေ့ခဲ့ကြရဘူးကြပါတယ်။ ထောင်ဒဏ် ထောင်
ဒုက္ခ တွေခံစားခဲ့ကြရဘူးပါတယ်။
နိုင်ငံရေးသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ပညာရှင်တွေဟာ ကောင်း
ကောင်းလှလှ စာရေးတတ်သူတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ထောင်စာအုပ်တွေ
ဟုတ္တိပတ္တိ မထွက်ခဲ့ပါဘူး။ ဦးနုရဲ့ ]]ရက်စက်ပါပေ့ကွယ်}}၊ လူထု ဦးလှရဲ့ ]]ထောင်နဲ့
လူသား}}၊ ဦးသိန်းဖေမြင့်ရဲ့ ]]ထောင်အတွေ့အကြုံ}} ဝတ္ထုဆောင်းပါးတွေတို့၊
မောင်နေဝင်းရဲ့ ]]မိုးမြေသိမ့်သိမ့်}}၊ ကိုကိုလေးရဲ့]]ဘာလဲဟဲ့ ကိုကိုကျွန်း}}တို့၊ မောင်ချစ်ရဲ
တို့။ အခြားစာရေးဆရာတစ်ယောက်နှစ်ယောက်တို့ရဲ့ ထောင်အကြောင်း၊ ကိုကိုကျွန်း
အကြောင်း စာအုပ်တချို့သာ ပေါ်ထွက်ခဲ့ပါတယ်။ ဗန်းမော်တင်အောင်ရဲ့ ကိုကိုကျွန်း
နိုင်ငံရေးအကျဉ်းသားဘဝ ဝတ္ထုရှည်ကြီးတစ်ပုဒ်ရှိတယ် ကြားဘူးရဲ့။ စုံစမ်းလို့တော့
မရ။ ကျွန်တော် အမှတ်အသားပြုမိသလောက် ရေးရတာပါ။ အပြည့်အစုံတော့
မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ထောင်ဘဝအတွေ့အကြုံနဲ့ ထောင်စာပေရေးဖွဲ့မှုက မြင့်မိုရ်
တောင်နဲ့ ဆီးစေ့လို ထုထည်ပမာဏ ကွာခြားပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇ဝ ကျော် ၁၃၀ဝပြည့်အရေးတော်ပုံကာလက ထောင်
စာပေတစ်အုပ်ထွက်ခဲ့ပါတယ်။ တိုးတက်ရေးသတင်းစာ အယ်ဒီတာ သခင်အုန်းမြင့်
(ဒီစာစုထွက်ချိန်အထိ သက်ရှည်လှုပ်ရှားဆဲရှိနေသူ) တည်းဖြတ်ထုတ်ဝေခဲ့ပါတယ်။
]]ထောင့်အရသာ}} အမည်ရှိတဲ့ စာအုပ်ဖြစ်ပါတယ်။ ဂျာနယ်ကျော် စာအုပ်တိုက်က
ထုတ်ပါတယ်။ အဲဒီအချိန်က တိုင်းသိပြည်သိ ရဲရဲတောက် ထောင်ထွက်သခင်
ခေါင်းဆောင်တွေရဲ့ ရေးသားချက်တွေကို စုပေါင်းထုတ်တာပါ။ သခင်ကိုကိုလေး၊
သခင်စံထွန်းလှ၊ သခင်ဧကြည်၊ သခင်သန်းထွန်း၊ သခင်သင်၊ သခင်မျိုးညွန့်၊
သခင်လှမောင်တို့ ပါဝင်ရေးသားခဲ့ကြပါတယ်။
တည်းဖြတ်သူ သခင်အုန်းမြင့်က ]]ဤစာအုပ်ကို ဖတ်ရှုရသော ရဲဘော်
အပေါင်းတို့သည် ထောင်ထဲသို့ကျလိုစိတ် တဖွားဖွားပေါ်ပေါက်ပါစေသတည်း}} လို့
ရေးပါတယ်။
ဒီလိုစာအုပ်တွေဟာ နိုင်ငံရဲ့အရေးအရာ၊ တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူ
လူထုရဲ့ ဒုက္ခသုက္ခတွေကို ဘာနဲ့ရင်းရရင်းရ၊ ဘာတွေပဲစွန့်ရစွန့်ရ၊ ဘယ်လိုပဲလုပ်ရ
လုပ်ရ မကြောက်မရွံ့၊ နောက်မတွန့်တဲ့ အာဇာနည်စိတ်နဲ့ ခေတ်ဝန်ကို ထမ်းပြီး
ခေတ်လမ်းကို လျှောက်ချင်တဲ့ခေတ်လူငယ်တွေရဲ့ အားသစ်မာန်သစ်တွေကို မီးဟုန်း
ဟုန်းတောက်စေနိုင်ခဲ့ပါတယ်။
၁၃
အဲဒီလို ထောင်စာပေရဲ့ ဩဇာတန်ခိုးတွေကို ရိုကျိုးပူဇော်၊ အားကျလိုက်နာတဲ့
စိတ်ထားစေတနာတွေနဲ့ ဒီထောင်အတွေ့အကြုံစာစုကို ကျွန်တော် ရေးပါတယ်။
ရှေးခေတ်အခါက ထောင်ရှင်လူထွက်တွေရော၊ ထောင်ကိုရင်လောင်းတွေရော၊
တိုင်းချစ်ပြည်ချစ် မျိုးချစ်တွေပါအားလုံး တစ်ခဲနက် ဟိန်းဟိန်းကျော်အော်ခဲ့တဲ့
ေြွကးကြော်သံရှိခဲ့ပါတယ်။ ေြွကးကြော်သံက ဒီလိုပါ။
ထောင်ကြီးထောင်ကြီး ချဲ့ထား၊ ချဲ့ထား။
ထောင်ကို ထောင်ကို မကြောက်၊ မကြောက်။
ဒီေြွကးကြော်သံတွေ။ ဒီေြွကးကြော်သံကပေးတဲ့ တော်လှန်မာန် Óဏ် သတ္တိ
တွေ။ ဒီတော်လှန်မာန် Óဏ်သတ္တိတွေရဲ့ စွမ်းအားတွေ။ ဒါတွေအားလုံး ပေါင်းစည်း
ပါဝင်တဲ့ နိုင်ငံရေးတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ၊ အမျိုးသားစည်းလုံးညီညွတ်ရေး
တိုက်ပွဲတွေက နယ်ချဲ့ကိုလိုနီကျွန်စနစ်၊ ကျွန်ခေတ်၊ ကျွန်အဖြစ်ဆိုးတွေကို တွန်းလှန်
ချေမှုန်းနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးကြီး၊ အချုပ်အချာ အာဏာပိုင်မှုကြီး၊ ပြည်ထောင်
စုကြီးကို တစ်မျိုးသားလုံး တည်ဆောက် ဖန်တီးနိုင်ခဲ့ကြပါတယ်။
ကျွန်တော်လည်း ဒီစာစုကို ရေးသားထုတ်ဝေပြီး အောက်ပါအတိုင်းပဲ ေြွကး
ကြော်ပါတယ်။ လှုံ့ဆော်ပါတယ်။ တိုက်တွန်းပါတယ်။
ရဲဘော် လုပ်ဖော်၊ လူထု လူငယ်အပေါင်းတို့ …
စစ်အာဏာရှင် စနစ်ဆိုးရဲ့ လူ့ငရဲကျိန်စာမှ ကျော်နင်းလွတ်မြောက်နိုင်
အောင်တိုက်ပွဲဝင်ကြ။
စစ်အာဏာရှင် စနစ်ရိုင်းရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုစက်ကွင်းမှ ကျော်နင်း
လွတ်မြောက်နိုင်အောင်တိုက်ပွဲဝင်ကြ။
ဝင်းတင်
၁၂ မတ်လ၊ ၂၀၁၀
အင်းစိန်ထောင်အနီး

အပြည့်အစုံဖတ်ရန် U WIn Tin Book_(ဘာလဲဟဲ့ လူ့ငရဲ)