ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဓိကလုပ်ငန်း ယန္တရားများ (၂၀၀၂) လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ

UN_Mechanisms_Cover

ဒီစာအုပ်ကို ရေးသားြုပစုရာမှာ မြန်မာနိုင်ငံသားများ နေ့စဉ်နဲ့အမျှ၊ အချိန်နဲ့အမျှ လူ့အခွင့်အရေး ချိုးဖောက်ခံ
နေရမှုတေကို တစုံတရာ ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ ထုတ်ဝေရခြင်းဖြစ်ပါတယ်။ ဒီလို ကြုံတွေ့နေရတဲ့
လူ့အခွင့်အရေးချိုးဖောက်ခံနေမှုတွေကို ကာကွယ်ဖို့ရန်မှာ ချိုးဖောက်ခံရသူ၊ ချိုးဖောက်သူ၊ ဘယ်လိုချိုးဖောက် ခဲ့သလဲ
စသဖြင့် အချက်အလက်များခိုင်လုံစေဖို့ရန်မှာ အလွန်အရေးကြီးလှပါတယ်။ ဒါမှသာ ကိုယ်ဟာ ဘယ်လိုအခွင့်အရေး
တွေ ချိုးဖောက်ခံနေရသလဲ။ စစ်တမ်းများကို ဘယ်လိုကောက်ယူမလဲ။ ဘယ်သူ့ကို တိုင်ကြားရမလဲ။ ဘယ်လိုအရေး
ယူမှုတွေ လုပ်ပေးနိုင်သလဲ စတာတွေကို အသေးစိတ်သိရှိဖို့ရန်လည်း လိုအပ်လှပါတယ်။
ဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူဆောင်ရွက်ရာမှာ နိုင်ငံတကာရဲ့ စံချိန်စံညွန်းများ၊ လူ့အခွင့်
အရေးကော်မရှင်နဲ့ လူ့အခွင့်အရေးကောင်စီအကြောင်း၊ သူတို့ရဲ့ ယန္တရားတွေကဘာတွေလဲ၊ သူတို့ရဲ့လုပ်ပိုင်ခွင့်က
ဘာတွေလဲ၊ သူတို့ ဘာတွေဆောင်ရွက်နေသလဲ ဆိုတာတွေကို သိရှိနိုင်ဖို့အတွက် လန်ဒန်အခြေစိုက် ပြည်ပြည်
ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး(Amnesty International) နဲ့ (The Law Society) အင်္ဂလန်နဲ့
ဝေးလ် ဥပဒေရေးရာအဖွဲ့ကြီးတို့ ၂၀ဝ၂ ခုနှစ်က ပူးတွဲထုတ်ဝေခဲ့တဲ့ The United Nations ‘Thematic Mechanisms 2002’ An overview of their work and mandates ဆိုတဲ့ စာအုပ်ကို ကမ္ဘာ့ကုလသမ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဓိကလုပ်ငန်း ယန္တရားများ (၂၀ဝ၂)’ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ အမည်နဲ့
ဘာသာပြန်ဆိုလိုက်တာဖြစ်ပါတယ်။
ဘာသာပြန်ရာမှာ အတတ်နိုင်ဆုံး အနီးစပ်ဆုံးနဲ့ နားအလည်နိုင်ဆုံးဖြစ်အောင်ကြိုးစားထားပါတယ်။ လိုအပ်မှုများ
ရှိရင် ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါတယ်။ ။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဓိကလုပ်ငန်း ယန္တရားများ (၂၀၀၂) လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ။ ဒေါင်းလော့ရယူရန် UN_Mechanisms_Inside