အေအေပီပီမှ ဧပြီလအတွင်း နိုင်ငံရေးဖြစ်စဉ်များအပေါ် သုံးသပ်တင်ပြချက်

cover cg

လက်ရှိအခြေအနေ အကျဉ်းချုပ်

ဧပြီလကုန်တွင် နိုင်ငံရေးအကျဉ်းသား ၁၅ရ ဦး မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ဆက်လက် ထိန်းသိမ်းခံနေရပြီး၊ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် တက်ကြွလှုပ်ရှားသူ ၄၅၃ ဦးတို့ တရားရင်ဆိုင်နေရပါသည်။ အစိုးရအပေါ် နိုင်ငံသားတို့၏ ဝေဖန်မှုများကို တိတ်ဆိတ်သွားစေပြီး၊ အစိုးရအား ဆန့်ကျင်သူ များကို တရားစွဲထောင်ချခြင်းဖြင့် မြန်မာအစိုးရသည် နိုင်ငံသားများ ၏ အခွင့်အရေးများကို ဆက်လက် ချိုးဖေါက်နေပါသည်။ ထို့အပြင် ထိုသူတို့၏ အခြေခံ လူ့အခွင့်အရေးများ လုပ်ဆောင်နိုင်ရန်လည်း ဆက်လက် တားမြစ်ထားဆဲ ဖြစ်ပါသည်။

တစ်လအတွင်း သုံးသပ်ချက်

ယခုလတွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူစုစုပေါင်း ၆၂ ဦး တရားစွဲဆိုခံခဲ့ရပြီး ၎င်းတို့ထဲမှ ၅ ဦး ဖမ်းဆီးခံခဲ့ရပါသည်။ တက်ကြွလှုပ်ရှားသူ ၁၆ ဦး ထောင်ဒဏ်များ ချမှတ်ခံရပြီး၊ ရ ဦး အကျဉ်းထောင်များမှ ပြန်လည် လွတ်မြောက်လာခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသား သုံးဦးဖြစ်သော ကိုသန်းဆွေ၊ ကိုဝဏ္ဏစိုးနှင့် ကိုအောင်ချမ်းမင်းတို့၏ ကျန်းမာရေး အခြေအနေသည်လည်း စိုးရိ်မ်နေရကြောင်း သိရှိရပါသည်။

မတ်လတွင် လက်ပံတန်းကျောင်းသားများ ဆန္ဒပြပွဲအား ဖြိုခွင်းမှုသည် ယခုဧပြီလတွင်ပါ နိုင်ငံနှင့်တစ်ဝှမ်း ကြီးမားစွာ သက်ရောက်လျက်ရှိပြီး ထိုဖြိုခွင်းမှုအား နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ကြပါသည်။ အမျိုးသားပညာရေး ဥပဒေအား ဆန့်ကျင် ကန်ကွက်ပြီးနောက် ကျောင်းသားများနှင့် အစိုးရ အာဏာပိုင်တို့ အကြား သဘောတူဖြည့်စွက် ပြင်ဆင်ထားသည့် ဥပဒေမူကြမ်းတစ်ခုအား ရေးဆွဲနိုင်ခဲ့ပြီး၊အောက်လွှတ်တော်မှ ၂၀၁၅ ခုနှစ်၊ ဧပြီလ ရ ရက်နေ့တွင် သဘောတူ သတ်မှတ်နိုင်ခဲ့ပါသည်။ ဆွေးနွေးစဉ်ကာလအတွင်း သဘောတူညီမှု ရရှိခဲ့သည့် အပိုဒ်တော်တော်များများအား ပြင်ဆင်ခဲ့သော်လည်း ကျောင်းသားတို့၏ အဓိကတောင်းဆိုချက်များအား ဥပဒေနောက်ဆုံး မူကြမ်းတွင် ဖြုတ်ပယ်ခံခဲ့ရပါသည်။ ဆွေးနွေးထားသည့် အပိုဒ် ၁၃၁ ခု ထဲမှ ၅ဝ ခုကိုသာ အောက်လွှတ်တော်မှ ပြင်ဆင်ပြောင်းလဲခြင်းမရှိပဲ ထုတ်ပြန်ခဲ့ကြောင်းလဲ သိရှိရပါသည်။

ဧပြီလ ၁ဝ ရက်နေ့တွင် လက်ပံတန်းဖြိုခွဲမှု တစ်လပြည့် အထိမ်းအမှတ် အဖြစ် ပဲခူးတိုင်းနှင့် မန္တလေးမြို့များတွင် ဆန္ဒပြပွဲများ ကျင်းပခဲ့ပါသည်။ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သည့် ကျောင်းသား ၇ဝ ဦး အကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက်ရေး တောင်းဆိုသည့် ငြိမ်းချမ်းစွာ ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ကျောင်းသား တို့၏ မိဘများနှင့် ထောက်ခံသူများပါဝင်ခဲ့ပါသည်။

ဧပြီလဆန်းပိုင်းတွင်မူ တရားဝင်သတင်းထုတ်ပြန်မှု မရှိသော်လည်း ကော်မတီ အမည်အသစ်တစ်ခုအား နောက်ထပ် ပြန်လည်ပြောင်းလဲရန် အစိုးရမှ ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့အမည် ပြန်လည်ပြောင်းလဲခဲ့သော်လည်း အဖွဲ့ဝင်များအား ပြောင်းလဲခြင်းမရှိပဲ၊ အစိုးရ၏ နိုင်ငံရေးအကျဉ်းသားအရေး ကိုင်တွယ်ဖြေရှင်းမှုကို အမြဲတစ်စေ ဝေဖန်ပြောဆိုမှုပြုသည့် ယခင်ကော်မတီ အဟောင်း၏ အဓိကအဖွဲ့ဝင်များအား ဆက်လက် ဖယ်ထုတ်ထားခဲ့ပါသည်။ အစိုးရအနေဖြင့် ကော်မတီအမည် အပြောင်းအလဲများကိုသာ ဆက်လက် လုပ်ဆောင်နေသော်လည်း နိုင်ငံရေးအကျဉ်းသား အရေးအား ထည့်သွင်းစဉ်းစားခြင်းမရှိပါ။ အေအေပီပီ၏ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်မှ ပြည်ထဲရေးဝန်ကြီးဌာနသည် ဆန္ဒပြ ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးနေစဉ်တွင် ဒုတိယ ပြည်ထဲရေးဝန်ကြီးသည် နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေး ကော်မတီ၏ ဥက္ကဌဖြစ်နေခြင်းကို မေးခွန်းထုတ်လိုက်ပြီး၊ အစိုးရသည် နိုင်ငံရေးအကျဉ်းသား အရေးကိစ္စအား လုံးဝစိတ်ဝင်စားမှု မရှိကြောင်း ဦးဘိုကြည်မှ စွပ်စွဲပြောဆိုလိုက်ပါသည်။
၂၀၁၅ ခုနှစ်၊ ဧပြီလ ၈ ရက်၊ ဒီဗွီဘီ (အင်္ဂလိပ်)

၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ဝ ရက်၊ ဒီဗွီဘီ (အင်္ဂလိပ်)
၂၀၁၅ ခုနှစ်၊ ဧပြီလ ၃ ရက်၊ မြန်မာတိုင်းမ် (အင်္ဂလိပ်)

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနို်င်ငံ)

တိတ်နိုင်           အတွင်းရေးမှူး             +၆၆(၀) ၈၁ ၂၈၇၈ ၇၅၁

ဘိုကြည်          တွဲဘက်အတွင်းရေးမှူး  +၆၆(၀) ၈၁ ၉၆၂၈ ၇၁၃

ဒေါင်းလော့ရယူနိုင်ရန် April 2015, Chronology (Bur)