မှတ်တမ်းကောက်ယူရေးလုပ်ငန်းစဉ် ကြားဖြတ်အစီရင်ခံစာ။ ။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ

Naw O Vi and Naw Siနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့မှ လုပ်ဆောင်နေသည့် နိုင်ငံရေးအကျဉ်းသားများ မှတ်တမ်းကောက်ယူရေး အစီအစဉ် ကနဦးတွေ့ရှိချက်များ

အစီရင်ခံစာအကျဉ်းချုပ်
နိုင်ငံရေးအကျဉ်းသားဟောင်းများအား ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွင်း အဆင်ပြေချောမွေ့စွာ ပြန်လည် ဝင်ဆန့်နိုင်ရေးအတွက် ကူညီစောင့်ရှောက်ရန် အစိုးရမှတာဝန်ယူလုပ်ဆောင်ပေးမှုဆိုသည်မှာ မြန်မာနိုင်ငံတွင် ယနေ့ကာလအထိ မရှိသလောက်ပင်ဖြစ်ပါသည်။ ထိုသို့အရေးစိုက်လုပ်ဆောင်ရန်ပျက်ကွက်မှု၏ အကျိုး သက်ရောက်မှုများသည် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၄င်တို့မိသားစုဝင်များ၏ နေ့တဓူဝ ဘဝများကို သာမက မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းအားထုတ်မှုများကိုပါ များစွာထိခိုက် ဆုတ်ယုတ် နစ်နာစေပါသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်သည့် ၂၀၁၁ ခုနှစ်မှစကာ နိုင်ငံရေး အကျဉ်းသား1 အများအပြားအား အစုလိုက် အစုလိုက် ထောင်မှလွှတ်ပေးပြီးနောက် ထိုတာဝန်ပျက်ကွက်မှုသည် အရေးတကြီးအာရုံစိုက်စရာကိစ္စရပ်ဖြစ်လာပါသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၇၀၀ဝ မှ ၁၀၀၀ဝ အထိ ရှိမည်ဟု ခန့်မှန်းရသော်လည်း ၎င်းတို့၏ လက်ရှိ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အခြေအနေများနှင့်ပတ်သက်ပြီး မည်သည့်သတင်း အချက်အလက်မှ မရှိရုံသာမက ၎င်းတို့အကျဉ်းကျစဉ်ကာလ အတွေ့အကြုံများနှင့်ပတ်သက်၍လည်း မှတ်တမ်း မှတ်ရာ ပြုစုစုဆောင်းမှုလည်း မရှိခဲ့ပါ။ ၂၀၁၄ ခုနှစ် မတ်လမှစတင်ကာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (သို့) အေအေပီပီ နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့မှ မြန်မာနိုင်ငံတဝှမ်းသာမက မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားဟောင်း အချို့ရောက်ရှိနေသည့် ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင်ပါ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ လူမှုစီးပွားအခြေအနေများအား မှတ်တမ်း ကောက်ယူသည့်လုပ်ငန်းစဉ်အား လုပ်ကိုင်လျှက်ရှိပါသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများ မည်သည့် အရပ်ဒေသတွင် ရှိနေကြသည်၊ ၎င်းတို့အနေဖြင့် မည်သည့်ထောင်တွင်းအတွေ့အကြုံများ ရင်ဆိုင်ရသည် ဆိုသည်နှင့် အနာဂတ် ပြန်လည် ထူထောင်ရေးနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်များအတွက် ၎င်းတို့၏ လိုအပ်ချက်အား အကဲဖြတ် ချင့်တွက်ရန် စသည့်ရည်ရွယ်ချက်သုံးခုဖြင့် မှတ်တမ်းကောက်ယူသည့် လုပ်ငန်းစဉ်အား လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။

ဆက်သွယ်ရန်
ကိုတိတ်နိုင် +၆၆ (၀) ၈၁ ၂၈ရ ၈၇၅၁
ကိုသက်ဦး +၉၅ (၀) ၉ရ ၃၁ဝ ၇၉၃၃

ဒေါင်းလော့ရယူရန် AAPP & FPPS Documentation Project Interim Report (Bur)