စစ်အုပ်စုမှ သေဒဏ်ချမှတ်ခြင်း

အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့အထိ အေအေပီပီမှ စုဆောင်းကောက်ယူထားသည့် စာရင်းများအရ စစ်အုပ်စုသည် ဒီမိုကရေစီရေးလှုပ်ရှားသူနှင့်အရပ်သား (၁၅၁) ဦးကို သေဒဏ်အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။ အသက်အရွယ်သိရှိထားသော သေဒဏ်ချမှတ်ခံရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူ (၃၄) ယောက်တွင် (၅၈.၈) ရာခိုင်နှုန်းမှာ အသက် ၃၀ အောက် ပုဂ္ဂိုလ်များဖြစ်သည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် စစ်အုပ်စုသည်စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်၍ ဒီမိုကရေစီအရေးကို တက်တက်ကြွကြွ ထောက်ခံလှုပ်ရှားနေ သော လူငယ်များအပေါ် သေဒဏ်ချမှတ်ခြင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလုပ်ဆောင်နေသည်ကို တွေ့နိုင်သည်။

အစီရင်ခံစာ အပြည့်အစုံဖတ်ရန် – Burmese Version_Sentenced to Death by the Junta_11-Apr-2023

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)