အေအေပီပီ မှ၂၀၁၅ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံရေးဖြစ်စဉ်များအပေါ် သုံးသပ်တင်ပြချက်

Than Swe

လက်ရှိအခြေအနေ အကျဉ်းချုပ်

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ လကုန်တွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၅၉ ဦး မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း ထိန်းသိမ်းခံနေ ရဆဲဖြစ်ပြီး၊ တက်ကြွလှုပ်ရှားသူ ၂၁၃ ဦးတို့ တရားရင်ဆိုင်နေရ ဆဲဖြစ်ပါသည်။ အောက်ပါ ရေးသားဖေါ်ပြချက်များသည် သတင်းမီဒီ ယာများနှင့် အေအေပီပီ မြန်မာနိုင်ငံအတွင်းမှ လက်ခံရရှိသော နိုင်ငံရေးအကျဉ်းသား အရေး၊ မြန်မာနိုင်ငံရှိ နိုင်ငံသား အခွင့်အရေး များနှင့် လွတ်လပ်မှုတို့နှင့်စပ်လျဉ်းသည့် တိုးတက်ဖြစ်ထွန်းမှုများ အပေါ် မီးမောင်းထိုးပြထားသည့် သတင်း အချက်အလက်များကို ဆန်းစစ် လေ့လာထားခြင်းဖြစ်ပါသည်။

တစ်လအတွင်း သုံးသပ်ချက်

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် တက်ကြွလှုပ်ရှားသူ ၁ ဦး ဖမ်းဆီးခံခဲ့ရပြီး၊ ၁ရ ဦး တရားစွဲဆိုခံရကာ၊ တက်ကြွလှုပ်ရှားသူ ၁ ဦး ထောင်ဒဏ် ချမှတ်ခံခဲ့ရပါသည်။ ဇန်နဝါရီလတွင် နိုင်ငံရေးအကျဉ်းသား ၁ ဦး သာ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပါသည်။ ယခုနှစ် ၂၀၁၅ ခုနှစ်အစတွင် သမ္မတ ဦးသိန်းစိန်နှင့် အဓိက ကျသည့် အစိုးရ အာဏာပိုင်များမှ တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်သွားရန် ရည်ညွှန်း ပြောဆိုသွားကြပြီး၊ ယုံကြည်မှုကြောင့် အကျဉ်းချခံနေရသည့် အကျဉ်းသားများအား ဆက် လက်လွှတ်ပေးရန်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့် အစရှိသည့် လူ့အခွင့်အရေး ကဏ္ဍများကို တိုးမြှင့်ဆောင်ရွက်သွားရန် ပြောကြား သွားခဲ့ပါသည်။ ထိုကဲ့သို့ ကတိကဝတ်ပြုမှုများ လုပ်ဆောင်မှု ရှိ/မရှိဆို သည်ကို ဆက်လက်ကြည့်ရှုသွားရမည်ဖြစ်ပြီး၊ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၁၅၉ ဦး ဆက်လက်ထိန်းသိမ်းခံနေရခြင်း၊ တက်ကြွလှုပ်ရှားသူ ၂၁၃ ဦးတို့ တရားရင်ဆိုင်နေရခြင်းနှင့် အစိုးရမှ အရေးကြီးလှသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူ ညီချက်အား လက်မှတ်ထိုးရန် ပျက်ကွက်ခြင်းတို့သည် ထိုပေးခဲ့သည့် ကတိကဝတ်များနှင့် ဆီလျော်မှု မရှိပဲ ယုံကြည်စရာ မရှိဖြစ်နေသည် ကိုလည်း တွေ့ရှိရပါသည်။

ယခုလတွင် အငြင်းပွါးဖွယ်ရာ လက်ပန်းတောင်းတောင် ကော့ပါးမိုင်း စီမံကိန်းနှင့်ပတ်သက်သည့် ဆန္ဒပြမှုအတွင်း ပါဝင်ဆန္ဒပြခဲ့သူ ဒေါ်ခင် ဝင်း သေဆုံးရခြင်းသည် ရဲများ၏ မှားယွင်းမှုဖြစ်ကြောင်း မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) မှ တွေ့ရှိခဲ့ပါသည်။ ရဲများမှ သေနတ်ဖြင့် မပစ်ခတ်မှီ လူအုပ်စုအား လူစုခွဲရန် ပြုလုပ်ရသည့် အဆင့်များစွာကို ကျော်ခဲ့ကြောင်း (MNHRC) ၏ ထုတ်ပြန်ချက်မှ ပြောကြားသွားခဲ့ပါသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကချင် ကျောင်းဆရာမ ၂ ဦးဖြစ်သူ ခေါင်နန်စင်နှင့် မရန်လုလာတို့ ၂ ဦး အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံ ခဲ့ရခြင်းသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ဖြစ်နေကြောင်း ထပ်မံ မီးမောင်း ထိုးပြလိုက်ခြင်းပင်ဖြစ်သည်။ ထိုကိစ္စ အား မြန်မာစစ်တပ်မှ စစ်သားတို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲမှု များလည်း ဖြစ်ပေါ်နေပြီး၊ အမှုဖြစ်သည့်နေရာသို့ ရဲများမှ သွားရောက် ကြည့်ရှုပြီး စစ်ဆေးခဲ့ပါသည်။ ထိုကဲ့သို့မတရား ပြုကျင့်ခံရပြီး သေဆုံးခဲ့ ရမှုနှင့်ပတ်သက်၍ ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများစွာတို့မှ တောင်းဆိုနေသော်လည်း အစိုးရမှ တရားဝင် စုံစမ်းစစ်ဆေးမှုအား ယခုအချိန်အထိ ပြုလုပ်ခြင်းမရှိပါ။ ထို ကချင်ဆရာမ ၂ ဦး မတရား ပြုကျင့်ခံရပြီး သေဆုံးခြင်းနှင့်ပတ်သက်၍ စစ်တပ်တွင် တာဝန် လုံးဝမ ရှိကြောင်း၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စစ်တပ်မှ စာတစ်စောင် ထုတ်ပြန်ပြီး ငြင်းဆိုခဲ့ကာ၊ ကချင်ဆရာမ ၂ ဦးအား စစ်တပ်မှ သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲပြောဆိုသူ မည်သူကိုမဆို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးမှ သတိပေး ပြောကြားခဲ့ပါသည်။ သို့သော်လည်း စစ်တပ်မှ သေဆုံးသူများ၏ မိသားစုဝင်များအား လျော်ကြေးငွေ ထောက်ပံ့ပေးရန် ကြိုးစားမှုသည် သံသယဖြစ်ဖွယ်ဖြစ်ကြောင်း စွပ်စွဲပြောဆိုမှုများလည်း ရှိနေပါသည်။

ယခုလတွင်ပင် လက်ကျန်နိုင်ငံရေး အကျဉ်းသားစီစစ်ရေးကော်မတီအား

နိုင်ငံရေး အကျဉ်းသားများရေးရာ ကော်မတီအဖြစ် ပြောင်းလည်း ဖွဲ့စည်းခဲ့ ကြောင်းလည်း သိရှိရပါသည်။ သမ္မတဦးသိန်းစိန်၏ သဘောအရ ထိုကဲ့သို့ ပြောင်းလည်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုအဖွဲ့ ဖွဲ့စည်းပြီး နောက် ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသားများ၏ အမှုများကိုသာ ပြန်လည်စစ်ဆေး ကြည်ရှုမည် ဖြစ်သလို မူလ လက်ကျန်နိုင်ငံရေး အကျဉ်းသား စီစစ်ရေးကော်မတီ၏ အမည်အရ အမည်အတွင်း “လက်ကျန်” ဆိုသည့် စကားလုံး ပါရှိသည့်အတွက် ယခင်အမှုအများအတွက်သာ လုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း သိရှိရပါသည်။ အသစ်ပြောင်းလည်း ဖွဲ့စည်းလို်က်သည့် ကော်မတီအသစ်တွင် အေအေပီပီ အား တရားဝင် အကြောင်းပြချက်မရှိပါပဲ ထုတ်ပါယ်လိုက်ခြင်းသည် မဖြစ်သင့်ပါပဲ ယခင်ကော်မတီဟောင်း၏ အဖွဲ့ဝင် ဖြစ်သူ ဦးရဲအောင်မှ အစိုးရ၏ ထိုသို့လုပ်ဆောင်ချက်အား ဝေဖန်ပြောဆို လိုက်ပါသည်။ ဦးရဲအောင်မှ “အေအေပီပီက အချက်အလက် ကောက်ခံတဲ့နေ ရာမှာ ကောင်းတယ် သူတို့မှာ အတွေ့အကြုံရှိတယ် ပြီးတော့ နိုင်ငံရေးအကျဉ်းသား စာရင်းကို သူတို့ပဲ ပြုစုထားတာ ဖြစ်တယ်” ဟုပြောကြားလိုက်ပြီး၊ အေအေပီပီ အား အဖွဲ့အသစ်မှ ထုတ်ပါယ်လိုက်ခြင်းသည် ခက်ခဲသွားစေမည် ဖြစ်ကြောင်း ၎င်းမှ ထပ်မံပြောကြားလိုက်ပါသည်။ အစိုးရဖက်မှလည်း အဖွဲ့အသစ်တွင် အေအေပီပီအား မည်သည့်အတွက် ထုတ်ပါယ်ကြောင်းဆို သည်ကို ကော်မ တီအသစ်မှ ပြုလုပ်မည့် ပထမဦးဆုံးအစည်းအဝေးတွင် ပြောကြားမည် ဖြစ် ကြောင်း သိရှိရပါသည်။

 

ကျောင်းသားများမှ ပညာရေးဥပဒေသည် အစိုးရအား ဩဇာအာဏာ အလွန် အမင်း ပေးအပ်ထားသည်ဟု ယူဆသည့်အတွက် ထိုဥပဒေအား ဆန့်ကျင်ဆန္ဒ

ပြရန်အတွက် ရာဂဏန်းရှိသည့် ကျောင်းသားများ မန္တလေးမှ ရန်ကုန်သို့ ချီတက်နေကြပြီး၊ ယခုလတွင် အမျိုးသား ပညာရေးဥပဒေ အရေးကိစ္စ သည်လည်း ရှေ့တန်းသို့ ရောက်ရှိနေပါသည်။ ထိုချီတက်ဆန္ဒပြမှုအား ရဲများမှ စောင့်ကြည့် မှတ်တမ်းယူမှုများ ရှိခဲ့ပြီး၊ နောက်ဆုံးတွင် ပညာရေးဥပဒေနှင့် ပတ်သက်သည့် ကျောင်းသားတို့၏ တောင်းဆိုချက် ၁၁ ချက်အား ဆွေးနွေး ရန်အတွက် အစိုးရအာဏာပိုင်တို့မှ လေးပွင့်ဆိုင် ဆွေးနွေးပွဲအား နေပြည် တော်တွင်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့၌ ပြုလုပ်ရန် သဘောတူညီခဲ့ပြီး ရက်သတ် မှတ်ခဲ့ပါသည်။

 

နောက်ဆုံးတစ်ခုအနေဖြင့် သမီးဖြစ်သူ သေဆုံးခြင်းသည် စစ်တပ်၏လက် ချက်ကြောင့်ဟု စွပ်စွဲခဲ့သည့် ဖခင်ဖြစ်သူ ဦးဘရန်ရှောင်သည် ၎င်း၏အမှုတွင် အဓိကသက်သေဖြစ်သည့် ဆရာဝန်အား အခြားနယ်သို့ ပြောင်းရွှေ့လို်က်သည့် အတွက် ထောင်ဒဏ်ကျခံရဖွယ် ဖြစ်နေပါသည်။ ယခင် တရားသူကြီးအား လည်း တရားသူကြီး အသစ်တစ်ဦးနှင့်အစားထိုးလိုက်ပြီး၊ ထိုတရားသူကြီး အသစ်မှ သက်သေများအား ကြားနာစစ်ဆေးမှု မပြုမီ ထိုအမှုအား အတည် ပြုလိုက်ကြောင်းလည်း သိရှိရပါသည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ မြန်မာ့အလင်း သတင်းစာ (အင်္ဂလိပ်)

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်၊ မြန်မာ့အလင်း သတင်းစာ (အင်္ဂလိပ်)

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်၊ ဧရာဝတီ (အင်္ဂလိပ်)

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်၊ ဧရာဝတီ (အင်္ဂလိပ်)

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်၊ ဒီဗွီဘီ (အင်္ဂလိပ်)

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂ရ ရက်၊ ဧရာဝတီ (အင်္ဂလိပ်)

ဒေါင်းလော့ရယူရန် January 2015, Chronology (Bur)