နိုဝင်ဘာ ၁၇ ရက် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုနှင့်ပတ်သက်၍ နောက်ဆုံးရအခြေအနေ ထုတ်ပြန်ကြေညာချက်

၂၁ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၂

၂၀၂၂၊ နိုဝင်ဘာ ၁၇ နေ့တွင် အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း (၅၇၇၄) အား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြန်လည်လွှတ်ပေးမည်ဟု အကြမ်းဖက်စစ်အုပ်စုမှ ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ စောင့်ကြည့်လေ့လာမှတ်တမ်းတင်ခဲ့ရာ အကျဉ်းထောင် (၁၉) ထောင်မှ လွတ်မြောက်ခဲ့သော နိုင်ငံရေးအကျဉ်းသားအရေအတွက် (၄၀၂) ဦးကို အတည်ပြုထားနိုင်ပါသည်။

ထိုအထဲမှ ယနေ့ (နိုဝင်ဘာ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်၊ နေ့လည် ၃ နာရီ) ကြေညာချက်ထုတ်ပြန်ချိန်အထိ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား (၁၆၁) ဦးကိုသာ အမည်နှင့်တကွ မှတ်တမ်းပြုထားနိုင်ဆဲဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုက လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသားအမည်စာရင်း အနည်းငယ်သာထုတ်ပြန်ပြီး အများစုကို ပွင့်လင်းမြင်သာစွာကြေညာခြင်းမရှိသည့်အတွက် စာရင်းများကို အမည်နှင့်တကွ အတည်ပြုကောက်ယူနိုင်မှုမှာ နှောင့်နှေးကြန့်ကြာနေလျက်ရှိသည်။

ထောင်အသီးသီးမှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ၏ စာရင်းအား ဆက်လက်စုံစမ်းအတည်ပြုပြီး ထပ်မံတင်ပြပေးသွားမည်ဖြစ်ပါသည်။ လွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသားစာရင်းများအား နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ အောက်ပါလိပ်စာများသို့ ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Website – www.aappb.org,

email – info@aappb.org

Facebook – https://www.facebook.com/burmapoliticalprisoners

 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

Updated List. Prison Released on National Day_21-Nov-2022 161