ကုထုံးများကိုအခြေခံသောကုသနည်းစီမံကိန်းမှ တွေ့ရှိချက်များအားတင်ပြဆွေးနွေးပွဲ

IMG_7944

 ယနေ့ ၁-၁၂-၁၄ ရက်နေ့ တွင် AAPP-JHU- USAID တို့မှ ကြီးမှူးကျင်းပသော CETA ၏ Dissemination of Findings Meeting ကို ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill Hotel တွင် နံနက် ၉နာရီမှ စတင်၍ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ကိုကိုကြီး(၈၈ ငြိမ်း/ပွင့်)၊ဒေါက်တာတင်မျိုးဝင်း နှင့် US Embassy မှ လက်ထောက်သံအမတ်တို့ Mrs.Virginia Murray မှအဖွင့်စကားပြောကြားခဲ့သည်။ ၎င်းနောက်တွင် အေအေပီပီ(MHAP) မှ Chief Supervisor ကိုကျော်စိုးဝင်း နှင့် JHU မှ Cate တို့မှ အေအေပီပီနှင့် JHU တို့ လက်တွဲလုပ်ကိုင်လျက်ရှိသော MHAP လုပ်ငန်းများအကြောင်းကိုအကျယ်တဝံ့ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်သူများမှ သိလိုသည်များကိုပြန်လည်မေးမြန်းခဲ့ကြသည်။ အဆိုပါအစည်းအဝေးကို အမေရိကန်သံရုံးတာဝန်ရှိသူများ၊ နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့၊ ဦးဝင်းတင်ဖောင်ဒေးရှင်း၊ AJAR တို့မှ တာဝန်ရှိသူများနှင့် GP က ဒေါက်တာမြင့်ဦးနှင့် အခြားဖိတ်ကြားထားသူများ ၄၅ဦးခန့်တက်ရောက်ခဲ့သည်။ အစည်းအဝေးကို ဒီဇင်ဘာ ၁ရက်မှ ၂ရက်နေ့အထိနှစ်ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ပါသည်။