နိုင်ငံရေးအကျဉ်းသားပေါင်း၂၂၀ဝကျော်အကျဉ်းကျနေဆဲ ဖြစ်ပြီး လွတ်လပ်မျှတသော ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ရွေးကောက်ပွဲဖြစ်စရာအကြောင်းမရှိ

သတင်းထုတ်ပြန်ချက်။
၂၀၁ဝ ခုနှစ် ၊ နိုဝင်ဘာလ (၃) ရက်။

ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀ဝ ထက်မနည်း အချုပ်နှောင်ခံနေရသည့်အပြင် ယခုအပတ်တွင်ကျင်းပမည့် ရွေးကောက်ပွဲ ကာလအတွင်း မဲပေးခွင့်နှင့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် လုံးဝပါဝင်နိုင်ခွင့်  မရှိဘဲ အကျဉ်းကျ လျှက်သာ ရှိနေမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
အေအေပီပီမှ ယနေ့ထုတ်ပြန်သော ရွေးကောက်ပွဲ အထူးအစီရင်ခံစာတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၄၅ ဦးသည် ၁၉၉ဝ ရွေးကောက်ပွဲနှင့် ၂၀၁ဝ ရွေးကောက်ပွဲ နှစ်ခုစလုံးအား အကျဉ်းစံများအဖြစ် ဖြတ်သန်းကြရ မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
“ စိတ်မကောင်းစရာတခုက နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၃၀   လောက်က ၁၉၉ဝ မတိုင်ခင်ကတည်းက အကျဉ်းကျနေကြတာဖြစ်ပြီး   ထောင်ထဲမှာ အနှစ် ၂ဝ ကျော် နေနေကြရတဲ့သူတွေဖြစ်ကြပါတယ်” ဟု   အေအေပီပီ တွဲဘက် အတွင်းရေးမှူးဖြစ်သူ ကိုဘိုကြည်မှ ပြောဆိုပါသည်။
အစီရင်ခံစာတွင် စစ်အစိုးရမှ အတိုက်အခံများအား ရက်ရက်စက်စက်  နှိပ်ကွပ်သည့်ကိစ္စရပ်များနှင့် ရွေးကောက်ပွဲ အကြိုကာလအတွင်း နိုင်ငံရေး  လှုပ်ရှားသူများနှင့်၎င်းတို့၏အခြေခံရပိုင်ခွင့်များကို ငြိမ်းချမ်းစွာဖွင့်ဟဖော်  ထုတ်သော သာမန်ပြည်သူများအား ဆက်လက်ဖမ်းဆီးထောင်ချနေမှုများ၊
ဟန့်တားနှောက်ယှက် ချုပ်ချယ်ကန့်သတ်မှုများ၊ နှိပ်စက် ညှဉ်းပမ်းမှုများ  အားလှစ်ဟပြထားပါသည်။
၂၀၁ဝ ခုနှစ်အတွင်းတွင် နိုင်ငံရေးအကျဉ်းသား အရေအတွက်တိုးလာရုံ သာမက နှိပ်စက်ညှဉ်းပမ်းခြင်းနှင့် ဆိုးဝါးလှသည့်ထောင်အခြေအနေများ အောက်တွင် ချုပ်နှောင်ထားမှုများဆက်လက် ဖြစ်ပေါ်နေပါသည်။
“အကြမ်းဖက်မှု၊ အနိုင်ကျင့်နှောက်ယှက်မှုနဲ့ ဥပဒေမဲ့စိတ်ထင်တိုင်းဖမ်းဆီး  မှုတွေဆက်ဖြစ် ပိုဖြစ်လာတဲ့အတွက်လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲ မျိုးဘယ်လိုမှဖြစ်လာမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံထဲက လူဦးရေသန်းပေါင်း ၅ဝ ကျော်ရဲ့ဘဝတွေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမယ့်အစား
နိုဝင်ဘာ ရ ရက်နေ့မှာ စစ်အစိုးရကကျင်းပမယ့် ရွေးကောက်ပွဲတွေကြောင့် ပြည်သူလူထုအနေနဲ့ ခြိမ်းခြောက်အနိုင်ကျင့်မှုတွေ ပိုမိုရင်ဆိုင်နေကြရပါ တယ်။” ဟု အေအေပီပီ တွဲဘက်အတွင်းရေးမှုူး ကိုဘိုကြည်ကပြောပြပါ  သည်။
ယမန်နှစ်တွင်လည်း ထောင်အခြေအနေနှင့် နိုင်ငံရေးအကျဉ်းသားအခြေ အနေ တိုးတက်မှု လုံးဝ မရှိကြောင်းနှင့် ရွေးကောက်ပွဲအပေါ် သဘောထား အမြင် ဖွင့်ဟထုတ်ဖော်ပြီး အခြားသူများအားရွေးကောက်ပွဲနှင့်ပတ်သက် သည့် သတင်းအချက်အလက် ဗဟုသုတများ လက်ဆင့်ကမ်းသဖြင့် လူအများအဖမ်းဆီးခံ နှိပ်စက်ခံ အကျဉ်းချ ခံနေကြရကြောင်း၊ စက်တင်ဘာ လထဲတွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာရွက်စာတမ်းများ ဖြန့်ဝေမှုဖြင့် ကျောင်းသား ၁၁ ဦး အဖမ်းခံခဲ့ရကြောင်း အစီရင်ခံစာတွင်ဖေါ်ပြပါရှိပါသည်။
“ပြည်သူလူထုကိုသူတို့အခွင့်အရေးတွေအကြောင်း၊ရွေးကောက်ပွဲအကြောင်း ပညာပေးပြောပြလို့ ဖမ်းဆီးနှိပ်စက်နေမှတော့ ရွေးကောက်ပွဲရဲ့ လွတ်လပ် တရားမျှတမှုအပေါ် ကျနော်တို့ ဘာပြောလို့ ရတော့မှာလဲ”
“ခေါင်းဆောင်အများစုက အကျဉ်းကျနေကြဆဲဆိုတော့ တနင်္ဂနွေနေ့ဆိုရင်
မြန်မာပြည်သူတွေအနေနဲ့ သူတို့နှစ်သက်တဲ့ခေါင်းဆောင်ကို လွတ်လွတ် လပ်လပ် မဲပေးခွင့်ရမှာမဟုတ်ဘူး။ စစ်အစိုးရက နိုင်ငံတကာအသိုင်းအဝိုင်းကို
သူတို့အနေနဲ့ အပြောင်းအလဲတွေ လုပ်ဆောင်နေတယ်လို့ အယုံသွင်းဖို့ ကြိုးစားနေပါတယ်။ သူတို့အနေနဲ့ တိုင်းပြည် အပြောင်းအလဲအတွက် အမှန် တကယ် စိတ်စေတနာကောင်းရှိတယ်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦးတို့ အပါအဝင် အခြားအရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်း သား ခေါင်းဆောင်တွေကို ထောင်ကပြန်လွှတ်ပေးပြီးအချုပ်အချယ် အကန့်အသတ်မရှိပဲ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားပြီးသား ဖြစ်ရမှာပေါ့” ဟု ကိုဘိုကြည်မှဆိုပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
အသေးစိတ်ထပ်မံသိလိုပါက ဆက်သွယ်ရန်
ကိုတိတ်နိုင်။ အတွင်းရေးမှူး     ၆၆ (ဝ) ၈၁ ၂၈ရ ၈၇၅၁
ကိုဘိုကြည်။တွဲဖက် အတွင်းရေးမှူး ၆၆ (ဝ) ၈၁ ၉၆၂ ၈၇၁၃