စကားဖြင့်အရေးဆိုနေခြင်းများမလုံလောက်တော့ပါ

သတင်း ထုတ်ပြန်ခြင်း
အောက်တိုဘာလ ၂ဝ ရက်၊ ၂၀၁၀။
စကားဖြင့် အရေးဆိုနေခြင်းများ မလုံလောက်တော့ပါ – နိုင်ငံတကာ အစိုးရများ အနေဖြင့် ချက်ခြင်း လက်ငင်း လုပ်ဆောင်ရမည် ဖြစ်ပြီး၊ မြန်မာ နိုင်ငံ အတွက် အထူးစုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ရန် ထောက်ခံပေး ကြပါ။
[မဲဆောက်မြို့၊ ထိုင်းနိုင်ငံ] –  နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း(မြန်မာနိုင်ငံ)သည်ကမာ္ဘ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်ရေး ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ မစ္စတာ တောမတ်စ် အိုဂျေးလ် ကင်တားနား၏ အစီရင်ခံစာ ကို နွေးထွေးလှိုက်လဲစွာ ကြိုဆိုလိုက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများသို့လည်း သူ၏ အကြံပြုချက်များ မှန်တကယ်ဖြစ်ပေါ် လာစေရန် ချက်ချင်းလက်ငင်း ဝိုင်းဝန်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုက် တွန်းလိုက်သည်။ ယင်း အစီရင်ခံစာတွင် နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ ပြန်လွတ်ပေးရန် အတွက်လည်ကောင်း၊ ရွေးကောက်ပွဲ အကြို ကာလ တွင် မြန်မာပြည်သူလူထုအပေါ် တိုးမြင့်လာသော ဖိနှိပ်ချုပ်ချယ်မှု
များကိုလည်းကောင်း၊ တရားမျှတမှုနှင့်ပွင့်လင်းမြင်သာမှုရှိလာစေရန်အတွက် အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်မှတဆင့် ဆောင်ရွက်ရန် လည်းကောင်း တောင်းဆိုထားသည်ကို ဖော်ပြထားသည်။
မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏ အောက်တိုဘာလ ၁၈ ရက်၊ ၂၀၁ဝ ရက်စွဲဖြင့် ထုတ်ပြန်သောအစီရင်ခံစာ တွင် စစ်အစိုးရ၏ ရွေးကောက်ပွဲဆိုင်ရာမူဝါဒအသစ်များနှင့် အကောင်ထည် ဖေါ်ဆောင်ရွက်ရန်တို့သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်နှင့် လွတ်လပ်စွာဖွဲ့စည်းခွင့် အစ ရှိသော အခြေခံလွတ်လပ်ခွင့်များကို တားမြစ်ထားသည်ဟု ဖော်ပြထားသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီ
စောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)၏ မှတ်တမ်းအရ ရွေးကောက်ပွဲကို ဆန့်ကျင်လှုံဆော်သဖြင့် စက်တင်ဘာလ တွင် ကျောင်းသား ၁၁ ဦး ဖမ်းဆီး ခံခဲ့ရသည့် အချက်အလက်သည် ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေး အရာ ရှိ၏ အစီအရင်ခံစာကို အထောက်အကူဖြစ်စေသည်။
မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော အကျဉ်းသားအားလုံး လွှတ်ပေးရန် စစ်အစိုးရအား ထပ်ခါတလဲလဲ တောင်းဆိုနေမှုကို ကျွန်ုပ်တို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ အသိအမှတ်ပြုပါသည်။ သူ၏ စဉ်ဆက်မပြတ် တောင်းဆိုမှုသည် ယခုအချိန် အထိဖြစ်မလာသေးပဲ ပြည်သူများရပိုင်ခွင့် အခွင့်အရေးများနှင့် နိုင်ငံရေးအရ အခြေခံရ ပိုင်ခွင့်များကို သာမန်ကျင့်သုံးယုံမျှဖြင့် ထာင်သွင်းအကျဉ်းကျခံ ထားရသော နိုင်ငံရေးအကျဉ်းသား အနိမ်ဆုံး ၂၁၉၃ ဦးသည် ယခုအချိန်ထိ ထောင်သွင်း အကျဉ်းချထားခြင်းခံနေရဆဲဖြစ်နေသည်မှာ ဝမ်းနည်းစရာ ကောင်းလှသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (န အ ဖ) မှလည်း နိုင်ငံရေးအကျဉ်းသားများ ရှိနေမှုကို ထပ်ခါတလဲလဲ ငြင်းဆန်နေပြီး၊ မြန်မာနိုင်ငံ အတွင်းရှိ အချုပ်ခန်းများနှင့် အကျဉ်းထောင်များ တွင် ညှင်ပမ်း နှိပ်စက်မှုများ ရှိနေသည်ဆိုသော ပြောဆိုမှုများကို ပြန်လည် ချေပ ငြင်းဆန်ထားသည်။
မစ္စတာ ကင်တားနားမှ “လက်ရှိ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များကဲ့သို့သော လူတစ်ချို့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အပြောင်းအလဲ ပြုလုပ်ရန် တောင်းဆိုမှု အတွက်
ဆယ်စုနှစ် ၂ ခုစာနီးပါးခန့် အကျဉ်းထောင်များအတွင်း ကုန်ဆုံး အကျဉ်းကျ ခံနေရကြောင်း ၊ မိမိအကျဉ်းထောင်များ အတွင်းသို့ သွားရောက် စဉ် ကျောင်းသား ခေါင်းဆောင်များ၊ ဘုန်းကြီးများ၊ ပါတီခေါင်းဆောင်များနှင့် လူမျိုးစုခေါင်းဆောင်များမှ အမျိုးသား၊ အမျိုးသမီးများကိုတွေ့ဆုံခဲ့ရကြောင်း ၊ ထိုလူများသည် ယခုသမိုင်းဝင် ရွေးကောက်ပွဲများတွင် တရားဝင် အခန်း ကဏ္ဍမှ ပါဝင်ရမည့်သူများဖြစ်ပြီး အများပြည်သူယုံကြည် စိတ်ချရသော ရွေးကောက်ပွဲများ ဖြစ်ရန်အတွက်မူ ထိုနိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိ ချက်ချင်းလွတ်ပေးရန်မှာ အထူးလိုအပ်သည်ဟု” ပြောကြား ခဲ့သည်။
ကမာ္ဘကုလသမဂ္ဂ အထွေထွေညီလာခံကြီးသို့တင်သွင်းထားသော မစ္စတာ ကင်တားနား၏အစီရင်ခံ စာတွင် မြန်မာ နိုင်ငံမှ ပြည်သူလူထု အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း အထူးတလည် ဝိုင်းဝန်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ “တရားမျှတမှုနှင့်ပွင့်လင်းမြင်သာမှု ရှိလာစေ ရန်အတွက် အထူးအားထုတ်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထိုအဆင့်များ ကို တာဝန်ယူဆောင်ရွက်ရန် အတွက်လည်း နိုင်ငံတကာ သိုင်းအဝိုင်း အနေ ဖြင့် မြန်မာနိုင်ငံသူ/သားများအား ထောက်ပံ့ကူညီဖို့ အသင့်ရှိနေရမည် ဖြစ် ကြောင်းကိုလည်း ပြောကြားထားသည်” ။
ယခုအစီရင်ခံစာသည် မတ်လ ၂၀၁ဝ တွင် လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသော“အခြေခံအုတ်မြစ်များအား ချိုးဖြတ်ခြင်း”(Ground Breaking) အစီရင်ခံစာထက်ပို၍ ပြည့်စုံစွာတင်ပြထားသည်။
အကယ်၍ သက်ဆိုင်ရာအစိုးရသည် ထိုတာဝန်များကို လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပါက၊ ထိုတာဝန်ဝတ္တရားများသည် နိုင်ငံတကာအဖွဲ့အစည်းများ
၏ လက်ဝယ်သို့ ကျရောက်လာမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၏ အပိုဒ် ၄၄၅ သည် အနာဂတ်၌ အစိုးရအနေဖြင့် တရားမျှတမှု နှင့် ပွင့်လင်းမြင်သာမှုကို ဖွင့်ဟမှုပြုလုပ်ခြင်းအား တားမြစ်ထားသည့် အချက်ဖြစ် သည်ကို အထူးသတိထားရပေမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် အစိုးရ အား ပြစ်ဒဏ်များမှကင်းလွတ်ခွင့်ကို ထည့်သွင်းဖော်ပြထားသောကြောင့် လူ့အခွင့်အရေးညီလာခံမှ ချမှတ်ထားသော ဆုံးဖြတ်ချက်များ အတိုင်း လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအားစုံစမ်းစစ်ဆေးရန် အတွက် စုံးစမ်းစစ်ဆေးရေးကော်ရှင်ဖွဲ့စည်းနိုင်သည်၊သို့မဟုတ် ကုလသမဂ္ဂ အထွေထွေညီလာခံမှလည်ကောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှလည်း ကောင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချူပ်မှလည်ကောင်းကိုယ်တိုင် အစပြု၍ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းနိုင်သည်ဟု ဖော်ပြထားသည်။
တရားမျှတမှုနှင့်ပွင့်လင်းမြင်သာရှိမှုသည် ကမာ္ဘကုလသမဂ္ဂယန္တရားကြီး၏ အခြေခံအုတ်မြစ်များဖြစ်ပြီး လူ့အခွင့် အရေးကြေငြာစာတမ်းတွင် ဖော်ပြထား သော ရပိုင်ခွင့်အခွင့်အရေးများနှင့် လွတ်လပ်မှုများသည် နိုင်ငံတကာလုံးဆိုင်ရာအဖြစ် အပြည့်အဝနားလည်သဘောပေါက်နိုင်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိမှ ထပ်မံ၍ပြောဆိုထားသည်။
မြန်မာနိုင်ငံအရေးကိစ္စနှင့်ပက်သတ်ပြီးအရေးယူဆောင်ရွက်ရန် ပျက်ကွက် ခြင်းသည် နိုင်ငံတကာရာဇဝတ်မှုကျူးလွန်သူ တရားခံများကို အားပေးရာ ရောက်သလို လိုအပ်သည်ထပ်ရှည်ကြာနေသော တရားရေးစီရင်မှုများကို ထပ်မံရွေ့ဆိုင်းထားသလိုဖြစ်နေပါလိမ့်မည်။
ကမာ္ဘ့ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးအရာရှိမှ ကြံပြုတင်ပြထား သလို မြန်မာနိုင်ငံအတွင်း လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ အတွက် စုံစမ်းရေးကော်မရှင်ဖွဲ့စည်းခြင်းကို ထောက်ခံရန်ှအရှေ့တောင်အာရှ(အာဆီယံ)နိုင်ငံများ၊ ဥရောပ နိုင်ငံများနှင့် အခြားနိုင်ငံများအား မြန်မာပြည်သူလူထုနှင့် အတူတကွရပ်တည်ပေးရန် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက့်ရေး အသင်း (မြန်မာနိုင်ငံ) မှ တိုက်တွန်းလိုက်သည်။
“နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာနိုင်ငံအတွင်း၌ စနစ်တကျ လူ့အခွင့် အရေးချိုးဖေါက် ကျူးလွန်မှုများကို ကာလ ကြာရှည်စွာသိမြင်ခဲ့ပြီးဖြစ်၍ ယခုအချိန်သည် စုံစမ်းစစ်ဆေးရန် အချိန်ကျရောက်ပြီဖြစ်သည်။ မြန်မာနိုင်ငံပြည်သူလူထုမှာ သေဆုံးနေကြသည်။ စကားဖြင့် ပြောဆိုနေရုံမျှနှင့် မလုံ လောက်တော့ပါ” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ၏ တွဲဘက်အတွင်းရေမှူး ကိုဘိုကြည်က ပြောသည်။
မြန်မာနိုင်ငံရေးအတွက် ကမာ္ဘကုလသမဂ္ဂမှ စုံစမ်းရေးကော်မရှင်ဖွဲ့ရန်အ တွက် မြန်မာနိုင်ငံပြည်တွင်းပြည်ပမှ တက်ကြွလှုပ်ရှားများအားလူသိရှင်ကြား အားပေးထောက်ခံပေးရန် တောင်းဆိုသော ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ အော်စတေးလျှနိုင်ငံများအပါအဝင်အခြားတောင်းဆိုသောနိုင်ငံအရေအတွက်မှာ တဖြည်းဖြည်း အရေအတွက် များလာပြီဖြစ်သလို ယခုတင်သွင်းလိုက်သော အစီရင်ခံစာအသစ်သည်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားအခြားထောက် ခံသော နိုင်ငံများနှင့်တစ်သားတည်းဖြစ်လာစေရန် ပိုမိုတွန်းအားဖြစ်စေ လိမ့်မည် ဟု မျှော်လင့်ရသည်။
မြန်မာနိုင်ငံ စစ်အာဏာရှင်သည် မ္ဘာ့လူ့အခွင့်အရေးအချိုးဖောက်ဆုံး သော သူများတွင် တစ်ဦးအပါအဝင် ဖြစ်သည် မှာ ယုံမှားစရာမရှိပေ။ညှင်းပမ်းနှိပ်စက်မှု ၊ မတရားဖမ်းဆီး ချုပ်နှောင်မှုများ၊ လိုသည်ထက်ပို၍တရားစီရင်ပြီး သတ်ဖြတ် ်ခြင်းများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ မတရားလုပ်အားပေး ခိုင်းစေမှု များ၊ ကလေးစစ်သား အသစ်စုဆောင်းမှုများသည် စစ်အာဏာရှင်တို့၏ ကိုယ်စားလှယ်များနှင့်၎င်းတိုကျောထောက်နောက်ခံပေးသူများမှ ကျယ်ကျယ် ်ပြန့်ပြန့် နှင့် စနစ်တကျ ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။
“နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) သည် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့် အရေး ချိုးဖောက်မှုများကို နှစ်အတော်အ တန်ကြာအောင် မှတ်တမ်းများပြုစုခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများအပေါ် ညှင်း ပမ်း နှိပ်စက်မှုသည် ကျယ်ကျယ်ပြန့်ပြန့် နှင့်စနစ်တကျကျူးလွန်ခြင်းဖြစ်ကြောင်း ခိုင်မာသော သက်သေခံ အထောက် အထားများလည်းရှိသဖြင့် မည်သည့်အချိန် တွင်မဆို လိုအပ်လာပါက စုံစမ်းစစ်ဆေးမှုအတွက် ကူညီရန် အဆင့်သင့် ဖြစ် ကြာင်း၊ ၅ဝ နှစ် နီးပါးကြာအောင် စစ်အာဏာရှင်စနစ်အုပ်စိုးခဲ့သည့်ကာလတွင် အပြစ်မှကင်းလွတ်ခြင်းနှင့် အကြောက်တရားမှာယဉ်ကျေးမှုတစ်ခုလိုဖြစ်လာခဲ့ရာ ပြီးခဲ့သောဆယ်စုနှစ်မှစတင်၍ လူ့အခွင့်အရေးချိုးဖောက်သူများကို တရားဥပဒေ ရှေ့မှောက်သို့ ပို့ဆောင်နိုင်ခဲ့သည်များကို အားရစရာအဖြစ် တွေ့မြင်ရသည်” ဟုကိုဘိုကြည်က ပြောကြားသည်။
ကမာ္ဘ့ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏ ပြောဆိုချက်များကို မြန်မာစစ်အစိုးရ (န အ ဖ)မှ “စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင် သည့် ရာဇဝတ်မှုများကိုကျူးလွန်နေသည်ဟု စွတ်စွဲပြောဆို ခြင်းများနှင့် ပတ် သက် ၍ ပြောလိုသည်မှာ မြန်မာနိုင်ငံတွင် အလားတူရာဇဝတ်မှု ကျူးလွန်မှု များလုံးဝမရှိ” ဟုပြန်လည်တုံ့ပြန် ပြောဆိုခဲ့သည်။
“စစ်အစိုးရမှ ထိုကဲ့သို့သော ရက်စက်၍ ကြောက်စရာကောင်းသော လူ့အခွင့် အရေး ချိုးဖေါက်မှုများနှင့်ပတ်သက်၍ ရင်ဆိုင်ရန် ဆက်လက်ငြင်းဆန် နေမည် ဆိုလျှင် မိမိတို့အနေဖြင့် ထိုရာဇဝတ်မှုများကို လွတ်လပ်ပွင့်လင်းသော နေရာ များဌာနများကိုအသုံးပြု၍ ဖော်ထုတ်လုပ်ဆောင်သွားမည်ဖြစ်သည်။ စုံစမ်းစစ်
ဆေးရေးကော်မရှင် ဖွဲ့စည်း ခြင်းသည် ရာဇဝတ်မှု ကျူးလွန်ခြင်းအပြစ်မှ ကင်း လွတ်ခွင့်များကို အဆုံးသတ်ရာ ရောက်မှာဖြစ်သလို ရာဇဝတ်မှု ကျူးလွန်သူ များကိုလည်း တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင် လာရာ လည်းရောက်သည်” ဟု ကိုဘိုကြည် မှပြောသည်။
Governments_must_act_now_and_support_a_commission_of_inquiry_on_Burma_in_Burmese
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
အသေးစိတ်ထပ်မံသိလိုပါက ဆက်သွယ်ရန်
ကိုတိတ်နိုင်။ အတွင်းရေးမှူး     ၆၆ (ဝ) ၈၁ ၂၈ရ ၈၇၅၁
ကိုဘိုကြည်။    တွဲဖက် အတွင်းရေးမှူး    ၆၆ (ဝ) ၈၁ ၉၆၂ ၈၇၁၃