နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်

၂၅၊ ဇွန်လ၊ ၂၀၁၄ ခုနှစ် အေအေပီပီအဖွဲ့ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ပါတယ်

နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်
၁။ မည်သူမဆို ဒီမိုကရေစီအရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း၊ စာရွက်စာတမ်းများ ရေးသားပုံနှိပ် ထုတ်ဝေဖြန့် ချီခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဟောပြောခြင်း၊ အသင်းအပင်းဖွဲ့ စည်းခြင်းတို့ကြောင့် ဖမ်းဆီးထိန်းသိမ်းပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံး။
၂။ အထက်ပါလှုပ်ရှားဆောင်ရွက်သူများကို ထောက်ခံအားပေးကူညီခြင်း၊ ဆက်စပ်ပတ်သက်ခြင်းတို့ကြောင့် ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံး။
၃။ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး အမှန်တကယ် နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခြင်း၊ ငြိမ်းချမ်းစွာတောင်းဆိုခြင်း၊ ဦးဆောင်စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးကူညီခြင်း တို့ကြောင့် ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံး။
၄။ တန်းတူညီမျှရေးအတွက် နည်းလမ်းမျိုးစုံဖြင့် လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်းတို့ကြောင့် ဖမ်းဆီး ထိန်းသိမ်းပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံး။
၅။ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူများအား နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်မှုကြောင်းအရ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံး။

နိုင်ငံရေးအကျဉ်းသားဆိုသည်မှာ..
“နိုင်ငံရေးအကျဉ်းသားဆိုသည်မှာ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးကို မျှော်မှန်း၍ (တစ်နည်းအားဖြင့်) အာဏာရှင်စနစ်အမျိုးမျိုးကို ဆန့်ကျင်ခြင်း၊ နိုင်ငံ သားအခွင့်အရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ငြိမ်းချမ်းစွာ လှုပ်ရှားဆောင်ရွက်ခြင်း၊ တန်းတူ ညီမျှရေး အတွက် မိမိယုံကြည်ရာ နည်းလမ်းမျိုးစုံဖြင့် လှုပ်ရှားဆောင်ရွက်ခြင်း၊ ထိုလှုပ်ရှားဆောင်ရွက်သူများကို ထောက်ခံ အားပေး ကူညီခြင်း၊ ဆက်စပ်ပတ် သက်ခြင်း၊   နိုင်ငံရေးလှုပ်ရှားသူများအား နိုင်ငံရေးရည်ရွယ်ချက် ရှိရှိဖြင့် ပြစ်မှုကြောင်းအရ ဖမ်းဆီးထိန်းသိမ်းပြစ်ဒဏ်ချမှတ်ခံရသူများအားလုံးကို ဆိုလိုသည်။”

ဒေါင်းလော့ရယူရန်PP Definition_June26_2014