စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မတ်လ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ယနေ့တွင် ထပ်မံ၍ ကျဆုံးသွားခဲ့သော အာဇာနည် သူရဲကောင်းများကိုလည်း အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင် မတရားအကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ အနည်းဆုံး (၇၉) ကျော်ရှိခဲ့ပြီဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၃ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၁၃၄) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၇၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၁၉) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၁၈၁၅) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၄၂) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ဆန္ဒပြကျောင်းသား လူငယ်များအပါအဝင် လူဦးရေ (၁၀၀) နီးပါးသည် ယနေ့ တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရပါသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့် အချက်အလက် များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
ကမာ္ဘ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ရန် တညီတညွတ်တည်း ရှုတ်ချခဲ့ပြီးသည့်နောက်တွင် မြန်မာနိုင်ငံတွင်း နေ့ရောညပါ အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်တိုက် ဆိုသလိုဖြစ်ပေါ်ခဲ့ပြီး သေဆုံးမှုများမှာ နေ့စဉ်မြင့်တက်လျက်ရှိသည်ကိုတွေ့ရှိရ၍ အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတကာ မှ ထုတ်ပြန်ချက်များအပေါ်တွင် လေးစား လိုက်နာခြင်းမရှိသည်ကို တွေ့ရှိရသည်။ သို့သော်လည်း မြန်မာပြည်အနှံ့အပြား၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို ဆက်လက် ပြုလုပ်ခဲ့ကြသည်။
ယနေ့တွင် မန္တလေးတိုင်း၌ မန္တလေးမြို့၊ ပဲခူးတိုင်း၌ ပြည်မြို့၊ မကွေးတိုင်း၌ ချောက်မြို့၊ ရန်ကုန်တိုင်း၌ တွံတေးမြို့နယ်တို့တွင် အင်အား အလုံးအရင်းသုံး၍ ကျည်အစစ်များဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သောကြောင့် ကျောင်းသားလူငယ်များ အပါအဝင် အရပ်သားပြည်သူများ ထိခိုက် ကျဆုံးမှုများစွာ ရှိခဲ့သည်။ မန္တလေးမြို့တွင် နံနက်ပိုင်းကတည်းက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသော ထိုင်သပိတ်ကို ကျည်အစစ်များသုံး၍ သံဃာတော်များ၊ အမျိုးသမီးများပါမကျန် ပစ်ခတ်ခဲ့ ခြင်းဖြစ်ပြီး အမျိုးသမီး (၂) ဦး နှင့် အမျိုးသား (၂) ဦးသည် ဦးခေါင်းကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ကာ ခါးအောက်ပိုင်းကို ထိမှန်သူ (၃) ဦးအပါအဝင် အပြင်းအထန်ဒဏ်ရာရရှိသူ (၁၀) ဦးကျော်ရှိသည်ဟု သိရှိရသည်။ ကျဆုံးသူအရေအတွက်သည် တိုးလာနိုင်ဖွယ်ရှိပြီး ဒဏ်ရာရရှိသူများကို ယူဆောင်၍လည်းမရကြောင်း သိရှိရသည်။ ထို့ပြင် ဖမ်းဆီးခြင်းခံထားရသူ ၄ဝ နီးပါးရှိနေပြီး စစ်တပ်က တပ်ချ၍ ပစ်ခတ်ဖမ်းဆီးမှုများကို ဆက်လက်ပြုလုပ်လျက်ရှိသည်ဟု သိရှိရသည်။ ချောက်မြို့တွင် မြို့လယ်လမ်းမများ နှင့် ရပ်ကွက်အတွင်းအထိ မျက်ရည်ယိုဗုံး၊ ရာဘာကျည်များ၊ ကျည်အစစ်များဖြင့် အချက်ပေါင်း များစွာ ပစ်ခတ်ခဲ့၍ အမျိုးသား (၁) ဦးသည် လည်ပင်းကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ပြီး (၁၃) ဦးဖမ်းဆီးခြင်းခံထားရ သည်။ ပြည်မြို့တွင် ပြည်တက္ကသိုလ်အနီးရှိ ကျောင်းသားသပိတ်စစ်ကြောင်းသည် ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းခြင်း ခံခဲ့ရသောကြောင့် လူငယ် (၂) ဦး သေဆုံးသွားခဲ့ပြီး (၄) ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။ တွံတေးမြို့နယ် တွင်လည်း (၂) ဦးကျဆုံးသွားခဲ့ပြီး (၉) ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် အခြားတိုင်းနှင့်ပြည်နယ်များဖြစ်သည့် ရန်ကုန်တိုင်းတွင် တောင်ဥက္ကလာပ၊ တွံတေး နှင့် ကွမ်းခြံကုန်း မြို့နယ်များ၊ ပဲခူးတိုင်းတွင် ပဲခူးမြို့၊ တနင်္သာရီတိုင်းတွင် ထားဝယ်မြို့၊ မွန်ပြည်နယ်တွင် ရေးမြို့၊ ကချင်ပြည်နယ်တွင် ဖားကန့်မြို့၊ ရှမ်းပြည်နယ်တွင် အောင်ပန်းမြို့၊ ကွတ်ခိုင်မြို့တို့၌လည်း အကြမ်းဖက် ဖြိုခွင်းမှုများကို ကျူးလွန်ခဲ့ကြသည်။
အာဏာသိမ်းစစ်အုပ်စုသည် နေ့အချိန်၌ အကြမ်းဖက် ဖြိုခွင်းမှုများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် ညအချိန်၌လည်း ပစ်ခတ်မှုများ၊ အိမ်များအတွင်းသို့ ဝင်ရောက်စီးနင်း၍ ဖမ်းဆီးမှုများကို လူမဆန်သော နည်းလမ်းမျိုးစုံကို အသုံးပြု၍ ကျူးလွန်လျက်ရှိသည်။ ယမန်နေ့ည၌ ရန်ကုန်မြို့ရှိ မင်္ဂလာတောင်ညွန့်၊ လှိုင်သာယာ၊ လှည်းကူးမြို့နယ်များ၊ ဧရာဝတီတိုင်း၌ ပုသိမ်မြို့၊ မန္တလေးတိုင်းရှိ တံတားဦးမြို့တို့၌ ပြုလုပ်သော ညသပိတ်များကို ပစ်ခတ်ဖြိုခွင်းခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့နယ်၌ အသက် မပြည့်သေးသည့် ကလေး (၁) ဦး ရာဘာကျည်သင့်ဒဏ်ရာရရှိခဲ့သည်။ တံတားဦး၌မူ မျက်ရည်ယိုဗုံး (၅) ခုကို ပစ်သွင်းခဲ့ပြီး ကျည်အစစ်ဖြင့် ၂၈ ချက်ပစ်ခတ်ခဲ့သောကြောင့် အရပ်သား (၂) ဦး ကျည်သင့် ဒဏ်ရာရရှိခဲ့သည်။ လှည်းကူးမြို့နယ်၌လည်း အရပ်သား (၁) ဦး ရာဘာကျည်သင့် ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ညက ရဲ နှင့် စစ်တပ်တို့မှ သာကေတမြို့နယ်တွင် နေထိုင်သည့် ညီအစ်ကို (၃) ဦးအား အိမ်အတွင်းထိ ဝင်ရောက်ရိုက်နှက်၍ ဖမ်းဆီးသွားခဲ့သည်။ ထို့ကြောင့် ပြည်သူများမှ ပြန်လည် လွှတ်ပေးရန် တောင်းဆိုကြသည့်အခါ ရဲစခန်းအတွင်းမှ အသံဗုံး၊ ကျည်အစစ်တို့ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသား (၂) ဦး ကျဆုံးသွားခဲ့ပြီး (၃) ဦး ကျည်သင့် ဒဏ်ရာရရှိခဲ့သည်။ ယမန်နေ့ညက ရဲ နှင့် စစ်တပ်သည် မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ရပ်ကွက်များအတွင်းသို့ အင်အား အလုံးအရင်းဖြင့် ပစ်ခတ် ဝင်ရောက်လာခဲ့ပြီး ကင်းသမားများကို လိုက်လံဖမ်းဆီးခဲ့ရာ (၅) ဦးဖမ်းဆီးခြင်းခံခဲ့ရပြီး (၁) ဦး ဒဏ်ရာရရှိခဲ့သည်။ ပဲခူးတိုင်း၊ ပေါင်းတည်မြို့၌လည်း ကျဆုံးသွားသူများအတွက် ဆုတောင်းပွဲပြုလုပ်သည့် ပြည်သူများကို ပစ်ခတ် ဖမ်းဆီးခြင်းများလုပ်ဆောင်ခဲ့သည်။
ထိုမျှသာမက ယမန်နေ့ညက လှိုင်မြို့နယ်၌လည်း လွှတ်တော်ကိုယ်စားလှယ်၏အိမ်ကို ဝင်ရောက်စီးနင်းခဲ့သည်။ ထို့နောက် လမ်းများအတွင်း သေနတ်များ ပစ်ဖောက်ခြင်း၊ အသံဗုံးများပစ်သွင်းခြင်းများပြုလုပ်ခဲ့၍ လူငယ် (၁) ဦး သေဆုံးသွားခဲ့ သည်။ ထို့ပြင် ပုဂ္ဂလိကပိုင်ကားများ နှင့် အများပိုင်ပစ္စည်းများကို ရိုက်ခွဲ ဖျက်ဆီးသွားခဲ့သည်။ ၃၉ လမ်း ဗိုလ်ချုပ်လမ်းထိပ်၌ ဖွင့်ထားသည့် One Stop Super Market ကိုလည်း ပစ်ခွဲသွားခဲ့သည်။
ထို့ပြင် အာဏာသိမ်း စစ်အုပ်စု၏ လက်အောက်ခံ ရဲ နှင့် စစ်တပ်သည် ကလေးများပါမချန် မတရား ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။ ယမန်နေ့တွင် မန္တလေး မြရည်နန္ဒာ အိမ်ယာ ၄၉ လမ်း၌ အသကျ ၁၈ နှဈ​အောကျ ကလေးငယျမြားကို စစ်တပ်နှင့်ရဲက အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးထားသည် ကို မြင်တွေ့ရသည်။ ထို့ပြင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၌ လည်း မုန့်ဝယ်ရန်သွားသည့် ကလေး တဈဦးကို ရိုကျနှကျ ဖမျးဆီး ခေါျဆောငျသှားခဲ့ပွီးမှ ပွနျလညျ လှတျပေးခဲ့သညျ။ မြန်မာနိုင်ငံသည် ကမ်ဘာ့ကုလသမဂ်ဂ၏ ကလေးသူငယျမြားအခှငျ့အရေးဆိုငျရာ သဘောတူစာခြုပျ (CRC) အတည်ပြု လက်မှတ်ရေးထိုးပြီးသည့် နိုင်ငံဖြစ်သည့်အလျှောက် ကလေးသူငယ်များအပေါ် ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များအား အပြင်းအထန် ရှုတ်ချ ပါသည်။
ရန်ကုန်မြို့တွင် ဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံထားရသူများအနက်မှ တချို့ကို ရွှေပြည်သာမြို့နယ်ရှိ စစ်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်ဟု သိရှိရပါသည်။ သို့သော်လည်း အကျဉ်းထောင်တွင် ခွင့်ပြုထားသည့် ဆေးဝါး၊ အစားအသောက် နှင့် အသုံးအဆောင်ပစ္စည်းများကိုမူ ထိုစစ်အကျဉ်းထောင်တွင် ပေးခွင့်မရှိပါ။ သို့ဖြစ်၍ ယင်းအကျဉ်းထောင်အတွင်းရှိ ထိန်းသိမ်းခြင်းခံထားရသူများ၏ အခြေအနေမှန်ကို သိရှိရခြင်းမရှိဘဲ ၎င်းတို့၏ အစားအသောက်၊ အနေအထိုင် အထူးသဖြင့် ကျန်းမာရေး နှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်မိပါသည်။ စစ်အာဏာရှင်အဆက်ဆက် ၎င်းတို့ကို ဆန့်ကျင်သူများအား ထိန်းသိမ်းပြီး ညှင်းပန်း နှိပ်စက်နည်းအမျိုးမျိုးကို ပြုလုပ်ခဲ့ကြသဖြင့်လည်း ယခုကဲ့သို့အခြေအနေမှန်ကို မသိရှိရခြင်းသည် စိုးရိမ်ဖွယ်ရာဖြစ်နေပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကိုအောင်ကြီး၊ ဖုန်း – ဝ၉၄၅၁၅၂၉၀၀ဝ နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း – ဝ၉၇၇၄၀၈၁၅၈၅ တို့အား ဆက်သွယ်နိုင်ပါသည်။
“အရေးတော်ပုံအောင်ရမည်”

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

အာဏာသိမ်းစစ်ကောင်စီမှဖမ်းဆိးထားသည့်စာရင်းများRecent Arrest List (Last Updated on 13 March 2021) (1)
ပစ်ခတ်မှုအတွင်းကျဆုံးခဲ့သည့်သူရဲကောင်းများစာရင်းRecent Fatality list(Last Updated on 13 March 2021) (to upload)
အမျိုးသမီးများဖမ်းဆီးခံထားရသည့်စာရင်းRecent Women list (Last Updated on 13 March 2021) (to upload)
နေ့စဉ်မှတ်တမ်းဒေါင်းလော့ရယူရန်13-March-2021 Update (Information)