အေအေပီပီနှင့် နို်င်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား    ဆက်လက်ဖမ်းဆီးနေဆဲ

ရက်စွဲ။  ။ ၂၀၁၄ ခုနှစ်၊ မေလ ၂ရ ရက်

၂၀၁၃ ခုနှစ် အကုန်ပိုင်းတွင်၊ မြန်မာနိုင်ငံ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်သွားပြီဖြစ်ကြောင်း မြန်မာအစိုးရ၏ များစွာသော သတင်းထုတ်ပြန်ချက်များအရ နိုင်ငံတကာမှ ထိုအချက်အား ယုံကြည်သွားစေသည်။ ထိုသတင်းထုတ်ပြန်ချက်များသည် ၂၀၁၄ ခုနှစ် နှစ်ဦးတွင်၊ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း၌ ဆက်လက် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ၏ အခက်အခဲများအား လျစ်လျူရှုထားယုံသာမက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအပေါ် ကန့်သတ်မှုများနှင့် နှောက်ယှက်မှုများ ဆက်လက်ဖြစ်ပွါးနေသည့်အပေါ် အာရုံစိုက်မှုအားလည်း လုံးဝလျှော့ပါးသွားစေပါသည်။ ၂၀၁၃ အကုန်တွင် နိုင်ငံရေးအကျဉ်းသား အယောက် ၃ဝ သည် အကျဉ်းထောင်များအတွင်း၌ ဆက်လက် အကျဉ်းကျခံနေရပြီး တက်ကြွလှုပ်ရှားသူ ၈၅ ဦးသည်လည်း ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြမှု ပုဒ်မ- ၁၈၊ ရာဇသတ်ကြီး ပုဒ်မများ ဖြစ်ကြသော ပုဒ်မ- ၅၀၅ (ခ)၊ ပုဒ်မ- ၄၄ရ တို့အပြင် အခြားသော ပုဒ်မများနှင့် တရားစွဲခံရကာ တရားရင်ဆိုင်နေရပါသည်။ မိမိတို့၏ သတင်းစုဆောင်းမှုများအရ လက်ရှိကာလတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၅၉ ဦး အကျဉ်းကျခံနေရပါသည်။

ဥပမာအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ သတင်းထောက်နှင့် သတင်းဌာန ဝန်ထမ်းများစွာ ဖမ်းဆီးခံနေရမှုနှင့်အတူ၊ ၂၀၁၄ ခုနှစ်အတွင်း သတင်းမီဒီယာလွတ်လပ်မှုသည် လွတ်လပ်စွာ ပြောဆိုမှု၊ စုဝေးမှုနှင့် ဆန္ဒထုတ်ဖေါ်မှုများအတွက် လုပ်ဆောင်နေသူများ၏ အခက်အခဲများအား ထပ်ကာတလဲလဲ ခြိမ်းခြောက်နေပါသည်။

ဒီမိုကရက်တစ်မြန်မာ့အသံမှ သတင်းထောက် ကိုဇော်ဖေ ဖမ်းဆီးခံရမှုကြောင့် မကွေးမြို့နယ်အတွင်း ခွင့်ပြုချက်မယူပဲ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ကိုဇော်ဖေမှ မကွေးပညာရေးမှူးအား တွေ့ဆုံမေးမြန်းမှု ပြုလုပ်သည့်အတွက် ထောင်ဒဏ် ၁ နှစ် ချမှတ်သည့်အပေါ် ဆန္ဒပြသူများက လွန်စွာ မကြေမနပ် ဖြစ်ခဲ့သည်။ သတင်းထောက် ကိုဇော်ဖေအား ပြစ်ဒဏ်ချမှတ်ခဲ့သည် ပိုင်နက်ကျူးလွန်မှုနှင့် အစိုးရဝန်ထမ်းတစ်ဦးအပေါ် အနှောက်အယှက်ပြုမှု စသည့်အမှုတို့သည် သတင်းထောက်တစ်ဦး၏ လွတ်လပ်မှုနှင့် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အား ကန့်သတ်ချုပ်ချယ်ခြင်းပင်ဖြစ်သည်။

နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲခံရကာ အကျဉ်းထောင်အတွင်းမှ တရားရင်ဆိုင်နေရသော ယူနတီ ဂျာနယ်မှ သတင်းထောက်များအပါအဝင် ဝန်ထမ်းများအား ဖမ်းဆီးထားမှုသည် ထိုကဲ့သို့ ဒေါသထွက်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေကြသော ဆန္ဒပြသူများအား ထပ်မံ၍ ရန်စ၊ စော်ကားသကဲ့သို့ ဖြစ်စေပါသည်။ သတင်းထောက်များ၊ သတင်းဌာနဝန်ထမ်းများ နှင့် ၎င်းတို့၏မိသားစုဝင်များသည် နိုင်ငံတော်၏ လျှို့ဝှက်အက်ဥပဒေအား ချိုးဖောက်မှုနှင့် တရားစွဲခံကြရကာ အကျဉ်းထောင်များအတွင်း ဖမ်းဆီးအကျဉ်းချခံခဲ့ရပါသည်။ ထိုကဲ့သို့ သတင်းထောက်များအား ဖိနှိပ်မှုနှင့် သတင်းမီဒီယာ လွတ်လပ်မှုအား ကန့်သတ်ထားမှု သဘောထားသည် အစိုးရနှင့် အာဏာပိုင်များအား သတင်းထောက်များမှ မေးခွန်းများ မေးမြန်းရန်ကြိုးစားမှုများအပေါ် ကန့်သတ်ချုပ်ချယ်ခံထားရမှုအတူ မြန်မာနိုင်ငံအတွင်း သိသာထင်ရှားစွာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပေါ်နေပါသည်။ မြန်မာအစိုးရ၏ လှုပ်ရှားမှုသတင်းများနှင့် ပတ်သက်ပြီး မြန်မာပြည်သူလူထုအား သတင်းထောက်များမှ အသိပေးနိုင်ရန်အတွက် ကန့်သတ်ခံနေရမည်ဆိုပါက လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုမှုသည် မည်သည့်အခါတွင်မှ ရှိနိုင်မည် မဟုတ်ပါ။

သမ္မတဦးသိန်းစိန်မှ ၂၀၁၃ နှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများ အားလုံးအား လွှတ်ပေးမည်ဟု မြန်မာနိုင်ငံအတွင်း၌သာမက နိုင်ငံတကာအသိုင်းအဝိုင်းသို့ပါ ကတိကဝတ်ပြုထားပါသည်။ ထိုကတိကဝတ် ပြုထားသည့်အတိုင်း လုပ်ဆောင်ခြင်းမရှိကြောင်း မိမိတို့၏ မှတ်တမ်းများအရ သိရှိရပါသည်။ နိုင်ငံတကာမှလည်း နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ဖမ်းဆီးခံနေရသည်ကို လစ်လျူရှုကာ ဦးသိန်းစိန်၏ ကတိကဝတ်အတိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား လုံးဝမရှိတော့ဟု ယုံကြည်နေပါသည်။   မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ လွတ်လပ်ခွင့်ကိုမြှင့်တင်ရန် မြန်မာအစိုးရမှ သူတို့ကတိပေးထားသည့်အတိုင်း ဆက်လက်လုပ်စေရန်နှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များ ပြုလုပ်ရာတွင် အစိုးရမှ ကတိကဝတ်ပြုထားသလို အလေးထားရန်အတွက် မြန်မာနိုင်ငံအစိုးရအပေါ် နိုင်ငံတကာမှဖိအားများသည် လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ ပြည်သူလူထု၏ လွတ်လပ်ခွင့်များကို ကန့်သတ်ချုပ်ချယ်ရန်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား ဖမ်းဆီးမှုနှင့် ထောင်သွင်းအကျဉ်းချမှုတို့သည် ၂၀၁၄ ခုနှစ်အတွင်းတွင်လည်း ဆက်လက်မပြောင်းလဲပဲ မြန်မာနိုင်ငံအတွင်း ဖြစ်နေမြဲအတိုင်းသာ ဆက်လက်ဖြစ်နေပါသည်။ ၂၀၁၄ နှစ်ဦးပိုင်းမှ အစပြုပြီး ဖမ်းဆီးခံခဲ့ရသူ ကိန်းဂဏန်းများအရ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ဆန္ဒပြသူများ၊ လယ်သမားများ နှင့် သတင်းထောက်များ အပေါ်အန္တရာယ်ရှိမှုသည်လည်း ယခင်ကကဲ့သို့ပင်ဖြစ်နေပါသည်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက် တက်ကြွလှုပ်ရှားသူများအား မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲကာလ အတွင်းတွင် ပါဝင်လုပ်ဆောင်ခွင့် ပြုသင့်သူများဖြစ်သော်လည်း ထိုသူတို့၏ မဆုတ်မနစ်လုပ်ဆောင်မှုများကြောင့် အစိုးရ၏ နှောက်ယှက်ဖိနှိပ်ခံရမှု ထောင်သွင်းအကျဉ်းချခံနေရမှုများကိုသာ ပိုမိုကြုံတွေ့နေရပေသည်။ ထို့ကြောင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက် တက်ကြွလှုပ်ရှားသူများအား ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် မိမိတို့မှ ဆက်လက်တောင်းဆိုလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)

နိုင်ငံရေးအကျဉ်းဟားဟောင်းများအဖွဲ့ (FPPS)

ဆက်သွယ်ရန်-

ကိုတိတ်နိုင် ၆၆(၀) ၈၁ ၂၈ရ ၈၇၅၁၊

               ၉၅(၀) ၉၂ ၅၄၂၁ ၄၁၇၅

ကိုသက်ဦး ၉၅(၀) ၉ရ ၃၁ဝ ၇၉၃၃

ပီဒီအက်ဖ်ဖိုင်ဒေါင်းလော့ရယူရန်AAPP_and_FPPS_Joint_statement_burmese.