ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔

နိဒါန္း

ကမာၻေပၚရွိအမ်ိဳးသမီးတိုင္းသည္ အၾကမ္းဖက္ခံရျခင္းမ်ား၊ ပုံစံေသ ခ်မွတ္ခံထားရသည့္ ခြဲျခားဆက္ဆံမႈမ်ားမွ  လြတ္ကင္းေသာ တန္းတူညီမွ်ရွိသည့္ အနာဂတ္ႏွင့္ ထိုက္တန္မႈရွိၿပီး ထိုကဲ့သို႔ အခြင့္အေရးမ်ားကို ရရွိ ခံစားႏိုင္ရန္အတြက္ ဆုံးျဖတ္ခ်က္ခ်မွတ္ရမည့္ေနရာတိုင္းတြင္အမ်ိဳးသမီးပါဝင္ႏိုင္မႈကို ဖန္တီးရမည္ ျဖစ္သည္။ ၂၀၂၁ ခုႏွစ္၊ ယေန႔က်ေရာက္ေသာ ႏိုင္ငံတကာအမ်ိဳးသမီးမ်ားေန႔အတြက္ ေဆာင္ပုဒ္မွာ “Women in Leadership: Achieving an Equal Future in a COVID-19 World” ဟူ၍ ျဖစ္သည္။ ကမာၻႏိုင္ငံ အသီးသီးက ကပ္ေရာဂါအတြက္ ဦးစားေပးတိုက္ပြဲဝင္ေနၾကၿပီး အနာဂတ္ကာလတြင္ အမ်ိဳးသမီးမ်ား၏ေခါင္းေဆာင္မႈ အခန္းက႑ကို တိုးျမႇင့္လာေအာင္ ႀကိဳးစားေဆာင္႐ြက္ေနၾကသည့္ အခ်ိန္၌ ျမန္မာႏိုင္ငံရွိ အမ်ိဳးသမီးထု တစ္ရပ္လုံးမွာမူ ကမာၻ႔ကပ္ေရာဂါေဘးကို တိုက္ထုတ္ေနရသည္သာမက မင္းဆိုးမင္းညစ္ေဘးကိုပါ တြန္းလွန္ တိုက္ပြဲဝင္ေနၾကရသည္။

ႏိုင္ငံေရးတြင္ပါဝင္မႈ

ယေန႔အခ်ိန္တြင္ ကမာၻ႔ႏိုင္ငံ ၂၂ ႏိုင္ငံ၏ ႏိုင္ငံ့အႀကီးအကဲရာထူးကို အမ်ိဳးသမီးမ်ားက ေနရာယူထားၿပီး ႏိုင္ငံအသီးသီး၏ လႊတ္ေတာ္မ်ား၌ အမ်ိဳးသမီးပါဝင္မႈမွာ ၂၄.၉ ရာခိုင္ႏႈန္းရွိေနသည္ဟု UN Women Website ၏ ေဖာ္ျပခ်က္တြင္ ေတြ႕ရသည္။ ျမန္မာႏိုင္ငံတြင္လည္း အမ်ိဳးသမီးမ်ား၏ ႏိုင္ငံ့ဦးေဆာင္မႈက႑ႏွင့္ လႊတ္ေတာ္တြင္း ပါဝင္မႈမွာ စစ္အုပ္စုမွ အေယာင္ျပ က်င္းပေပးခဲ့သည့္ ၂၀၁၀ ေ႐ြးေကာက္ပြဲတြင္ ၃.၅ ရာခိုင္ႏႈန္းသာ ရွိခဲ့ၿပီး ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းျဖစ္သည့္ ၂၀၁၅ ခုႏွစ္တြင္ ၁၁.၃၂ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ေၾကာင္း ၂၀၁၉ ခုႏွစ္တြင္ ျပဳလုပ္ခဲ့သည့္ စစ္တမ္းအရ သိရွိရသည္။

ျမန္မာအမ်ိဳးသမီးမ်ား၏ ႏိုင္ငံေရးတြင္ စိတ္ပါဝင္စားမႈႏွင့္ တက္ႂကြစြာပါဝင္မႈတို႔မွာ လြတ္လပ္ေရး ႀကိဳးပမ္းမႈေခတ္ကတည္းက အထင္အရွားရွိခဲ့ဖူးသလို စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ေသာ လႈပ္ရွားမႈမ်ား တြင္လည္း ေတြ႕ျမင္ႏိုင္သည္။

 

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈကို တတိယ အႀကိမ္ေျမာက္ ခံခဲ့ရေသာ ျမန္မာျပည္သူလူထု၏ တခဲနက္ အုံႂကြ ေတာ္လွန္မႈတြင္လည္း အမ်ိဳးသမီးမ်ား၊ အထူးသျဖင့္ ပထမဆုံးအႀကိမ္ ဆႏၵမဲေပးခြင့္ ရခဲ့ေသာ မိန္းမငယ္ေလးမ်ားမွာ တက္တက္ႂကြႂကြျဖင့္ အင္တိုက္ အားတိုက္ စစ္အာဏာသိမ္းမႈကို တြန္းလွန္လ်က္ရွိေနၾကသည္။ အနယ္နယ္အရပ္ရပ္ရွိ ဆႏၵျပအမ်ိဳးသမီးထုတြင္ အသက္အ႐ြယ္ႀကီးရင့္ေနသည့္ သက္ႀကီး႐ြယ္အိုအမ်ိဳးသမီးမ်ား၊ အလႊာစုံ ေနရာစုံမွ က်ရာက႑ တြင္ ပါဝင္ေတာ္လွန္ေနၾကသည့္ အမ်ိဳးသမီးမ်ား၊ မိန္းမသားဟူ၍ ဆႏၵျပပြဲ၏ ေနာက္တန္းမွာမေန၊ စစ္အုပ္စု၏ အသံဗုံး၊ မ်က္ရည္ယိုဗုံး၊ က်ည္စစ္က်ည္မွန္မ်ားကို မမႈဘဲ ေရွ႕ဆုံးတန္းမွ ဦးေဆာင္တိုက္ပြဲဝင္ေနသည့္ မိန္းကေလးငယ္မ်ားကိုလည္း ယေန႔စစ္အာဏာရွင္ေတာ္လွန္ေရးတြင္ေတြ႕ျမင္ႏိုင္သည္။

 

ဆႏၵျပပြဲၿဖိဳခြင္းမႈ

ၿငိမ္းခ်မ္းစြာ ဆႏၵျပေနၾကသည့္ ျမန္မာျပည္တဝွမ္းရွိ ဒီမိုကေရစီ တိုက္ပြဲဝင္သူမ်ားအား စစ္တပ္ လက္ေအာက္ခံ လက္နက္ကိုင္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက အဓိက႐ုဏ္းႏွိမ္နင္းသည့္ ကိရိယာ မ်ားျဖစ္ေသာ ေရကား၊ မ်က္ရည္ယိုဗုံး၊ မီးခိုးဗုံး၊ အသံဗုံး၊ ရာဘာက်ည္တို႔ကို အသုံးျပဳ၍ ၿဖိဳခြင္းခဲ့႐ုံသာမက သံမူလီမ်ား၊ ဖန္ေဂၚလီမ်ားသုံး၍ ေလးခြျဖင့္ပစ္ခတ္ျခင္း၊ နံပါတ္တုတ္ျဖင့္ အျပင္းအထန္႐ိုက္ႏွက္ျခင္းတို႔အျပင္ လူ႔အသက္ကိုေသေစသည္အထိ စႏိုက္ပါမ်ား၊ က်ည္စစ္က်ည္မွန္မ်ားကိုပါ အသုံးျပဳ၍ ၾကမ္းတမ္းစြာ ၿဖိဳခြင္းခဲ့သည္။ ဆႏၵျပပြဲမ်ား စတင္ၿပီး မၾကာမီမွာပင္ ရဲတပ္ဖြဲက က်ည္အစစ္မ်ားကို အသုံးျပဳ၍ ၾကမ္းတမ္းစြာ ၿဖိဳခြင္းမႈမ်ားေၾကာင့္ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔ ေန႔လည္တြင္ ေနျပည္ေတာ္၌ ဆႏၵျပေက်ာင္းသူ အသက္ ၁၉ ႏွစ္အ႐ြယ္ မျမသြဲ႕သြဲ႕ခိုင္မွာ ဦးေခါင္းကို က်ည္ထိမွန္၍ ၁၉ ရက္ေန႔တြင္ ေသဆုံးခဲ့ရသည္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွာ အဓိက႐ုဏ္းၿဖိဳခြင္းရာတြင္ လိုက္နာေဆာင္႐ြက္ရမည့္ မူမ်ားကို အတိအလင္း ခ်ိဳးေဖာက္၍ ခါးအေပၚပိုင္း အသက္အႏၲရာယ္ထိခိုက္ေစႏိုင္ေလာက္သည့္ ခႏၶာကိုယ္အစိတ္အပိုင္းမ်ားကို ခ်ိန္႐ြယ္ပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့သည္ကို ျမန္မာႏိုင္ငံ၏ တိုင္းႏွင့္ျပည္နယ္ ၁၃ ခုႏွင့္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမတို႔၌ အၾကမ္းဖက္ႏွိမ္နင္းခဲ့ေသာ ဆႏၵျပပြဲ ၿဖိဳခြင္းမႈမ်ားတြင္ ထင္ရွားစြာ ေတြ႕ျမင္ရသည္။ ထို႔အျပင္ လက္နက္မပါသည့္ အဖမ္းဆီးခံအမ်ိဳးသမီးမ်ားအား ႐ိုက္ႏွက္ႏွိပ္ စက္ျခင္း၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားေသာ စကားမ်ားျဖင့္ ၾကမ္းတမ္းစြာ ေျပာဆိုျခင္းမ်ားကိုလည္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပဳလုပ္ လ်က္ရွိသည္။

ဖမ္းဆီးျခင္း

အမ်ိဳးသမီးမ်ားသည္ ႏိုင္ငံေရး ျဖစ္ေပၚ ေျပာင္းလဲမႈ ႏွင့္ ႏိုင္ငံေရးလႈပ္ရွားမႈ မ်ားတြင္ တက္တက္ႂကြႂကြပါဝင္ျခင္းကို အာဏာသိမ္းစစ္အုပ္စုမွ အျပင္းအထန္ ဖိႏွိပ္လ်က္ရွိသည္ကို ေတြ႕ရွိရသည္။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ စစ္အုပ္စုမွ ၎တို႔ေရးဆြဲထားသည့္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ခ်ိဳးေဖာက္ကာ ႏိုင္ငံေတာ္အာဏာကို သိမ္းယူခဲ့သည္။ အဆိုပါ အာဏာသိမ္းမႈျဖစ္စဥ္အတြင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ အစိုးရထိပ္တန္းအဖြဲ႕ဝင္ အမ်ိဳးသမီးမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္ အမ်ိဳးသမီးမ်ားသည္ ဖမ္းဆီးျခင္းခံခဲ့ရသည္။ ထို႔ေနာက္ အာဏာရွင္စနစ္ကို တြန္းလွန္သည့္ ေႏြဦးေတာ္လွန္ေရးေပၚေပါက္လာခဲ့သည္။ ေႏြဦးေတာ္လွန္ေရး၌ နယ္ပယ္အသီးသီးမွ အမ်ိဳးသမီးမ်ားသည္ တက္ႂကြစြာျဖင့္ ပါဝင္လ်က္ရွိၿပီး  ရဲ ႏွင့္ စစ္တပ္တို႔မွ ဆက္တိုက္ဆိုသလို ရက္စက္စြာျဖင့္ အၾကမ္းဖက္ ၿဖိဳခြင္းခဲ့ၾကသည္။

 

 

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔ထိတိုင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သတင္းေထာက္ အမ်ိဳးသမီး (၆) ဦး အပါအဝင္ အမ်ိဳးသမီး စုစုေပါင္း (၅၁၈) ဦးအထိ ရွိခဲ့ၿပီျဖစ္သည္။ ၎တို႔အနက္မွ (၉) ဦးမွာ ဖမ္းဝရမ္းထုတ္ျခင္းခံထားရ ေသာေၾကာင့္ တိမ္းေရွာင္ေနၾကရၿပီး (၇၉) ဦးမွာ လြတ္ေျမာက္လာခဲ့သည္။ ထို႔ေၾကာင့္ ဖမ္းဝရမ္းထုတ္ျခင္း ခံထားရသည့္ အမ်ိဳးသမီး (၉) ဦးအပါအဝင္ အမ်ိဳးသမီး (၄၃၉) ဦးမွာ ဖမ္းဆီး၊ တရားစြဲဆိုျခင္းခံထားရသည္။

အထက္ပါ အခ်က္အလက္မ်ားမွာ ေအေအပီပီမွ ရရွိထားေသာ အရင္းအျမစ္မ်ားအေပၚအေျခခံ၍ ေကာက္ယူ စုေဆာင္းထား ျခင္းျဖစ္ၿပီး ဖမ္းဆီး၊တရားတရားစြဲဆိုမႈမ်ားမွာ ယခုထက္ပိုမို မ်ားျပားပါသည္။

 

အမ်ိဳးသမီးမ်ားကို ဖမ္းဆီးသည့္အခါ ရဲ ႏွင့္ စစ္တပ္တို႔မွ အင္အားသုံး၍ လူမဆန္စြာ ဖမ္းဆီးသည္ကို ေတြ႕ရွိရသည္။ ထိုကဲ့သို႔ ဖမ္းဆီးရာ တြင္ ရဲတပ္သားမ်ားကသာ အမ်ားဆုံးဖမ္းဆီးၿပီး ကာယအိေျႏၵ ပ်က္ျပားေစသည္အထိ ႐ိုက္ႏွက္ ကန္ေၾကာက္၍ အခ်ဳပ္ကားေပၚသို႔ ပစ္တင္ ဖမ္းဆီးျခင္း၊ တုတ္မ်ားျဖင့္ ႐ိုက္ႏွက္ျခင္း၊ ညအခ်ိန္တြင္ အိမ္မ်ားကို စီးနင္းဝင္ေရာက္၍ အဓမၼဆြဲေခၚသြားျခင္း စသည့္ ရက္စက္သည့္နည္းမ်ားျဖင့္သာ ဖမ္းဆီးလ်က္ရွိသည္။ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ အပိုဒ္ ၂၁(ခ) တြင္ “တရား႐ုံး၏ ခြင့္ျပဳခ်က္မရရွိက ႏိုင္ငံသားတစ္ဦးကို ၂၄ နာရီထက္ ေက်ာ္လြန္၍ ခ်ဳပ္ေႏွာင္ထားခြင့္ မရွိေစရ” ဟုေဖာ္ျပထားေသာ္လည္း အမ်ိဳးသမီးရာေပါင္းမ်ားစြာသည္ ဥပေဒသတ္မွတ္ခ်က္ကင္းမဲ့၍ တရားမဲ့စြာျဖင့္ မတရားဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းခံထားၾကရဆဲျဖစ္သည့္အျပင္ ၎တို႔ကို ကိုယ္စားျပဳမည့္ေရွ႕ေနျဖင့္လည္း ေတြ႕ခြင့္ရရွိျခင္းမရွိပါ။ ထို႔ျပင္ အမ်ိဳးသမီးမ်ားကို ထိန္းသိမ္းထားစဥ္အခါ၌လည္း ႏႈတ္အားျဖင့္ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္၍ ေစာ္ကားလ်က္ရွိသည္ကို ေတြ႕ရွိရၿပီး ရဲစခန္းအခ်ဳပ္၊ အက်ဥ္းေထာင္မ်ားတြင္ အထိန္းသိမ္းခံရစဥ္ ကာလ၌ လည္း လူဦးေရထူထပ္က်ပ္တည္းစြာေနရျခင္း၊ အစားအေသာက္ အေနအထိုင္ ဆင္းရဲျခင္း စသည့္အေျခအေနမ်ားကို ရင္ဆိုင္ၾကရလ်က္ရွိသည္။

 

က်ဆုံးသြားသည့္အမ်ိဳးသမီးမ်ား

ဒီမိုကေရစီအေရး၊ လူ႔အခြင့္အေရး၊ အာဏာရွင္စနစ္ခ်ဳပ္ၿငိမ္းေရးတို႔အတြက္ စစ္အာဏာရွင္ကို ဆန႔္က်င္ တြန္းလွန္လ်က္ရွိ ရင္း က်ဆုံးသြားခဲ့ေသာ အမ်ိဳးသမီးမ်ားစြာရွိခဲ့ပါသည္။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔အခ်ိန္ထိ ဒီမိုကေရစီ တိုက္ပြဲအတြင္း က်ဆုံးသြားက်သည့္ ေနျပည္ေတာ္မွ မျမသြဲ႕သြဲ႕ခိုင္၊ ရန္ကုန္ လႈိင္သာယာမွ ဆရာမ ေဒၚတင္ႏြဲ႕ရီ မႏၲေလးမွ မေဒစီ (ခ) အပုႏွင့္ မၾကယ္စင္၊ မုံ႐ြာမွ မျမင့္ျမင့္ဇင္ (ခ) ၾကည္လင္ေအးႏွင့္ မေက်ာ့နႏၵာေအာင္စသည့္ အသက္ ၁၉ ႏွစ္မွ ၅၉ ႏွစ္ၾကား အမ်ိဳးသမီး (၆) ဦး အထိရွိခဲ့ၿပီျဖစ္သည္။

ထိုကဲ့သို႔ က်ဆုံးသြားသည့္အမ်ိဳးသမီးမ်ားအနက္ မႏၲေလးၿမိဳ႕မွ အသက္ (၁၉) ႏွစ္အ႐ြယ္ရွိ မၾကယ္စင္သည္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ပထမအႀကိမ္ မဲေပးခြင့္ရခဲ့သည္။ အာဏာရွင္တို႔ မွ ႏိုင္ငံေတာ္ အာဏာကို သိမ္းယူသြားခဲ့သည့္ အတြက္ သူမဆုံးရႈံးသြားခဲ့ရေသာ အခြင့္အေရး မ်ားရရွိရန္ စစ္အာဏာရွင္ကို စြမ္းစြမ္းတမံ တိုက္ထုတ္ခဲ့သည္။ အာဏာသိမ္းမႈ ကာလ အတြင္းတြင္ သူမသည္ ေန႔စဥ္ရက္ဆက္ ေရွ႕တန္းမွေန၍ စစ္အာဏာရွင္ကို တြန္းလွန္ခဲ့သူျဖစ္သည္။ မတ္လ ၃ ရက္ေန႔တြင္ မႏၲေလးၿမိဳ႕၌ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္လ်က္ရွိေသာ လူထုကို ရဲ ႏွင့္ စစ္တပ္မွ အၾကမ္းဖက္ၿဖိဳခြင္း ေနစဥ္အတြင္း သူမသည္ ဦးေခါင္းကို က်ည္ထိမွန္၍ ေနရာတြင္ပင္ က်ဆုံးသြားခဲ့သည္။

 

 

 

ရန္ကုန္ၿမိဳ႕၊ လႈိင္သာယာၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ ၅၉ ႏွစ္အ႐ြယ္ အလယ္တန္းျပဆရာမတစ္ဦးျဖစ္သူ ေဒၚတင္ႏြဲ႕ရီသည္ အာဏာသိမ္းကာလအတြင္း အာဏာဖီဆန္ေသာ လႈပ္ရွားမႈ (CDM) ၌ပါဝင္ခဲ့သူျဖစ္သည္။ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ဆရာ/ဆရာမမ်ား တာဝန္ယူထားရသည့္ မဲစာရင္းမ်ား မွားယြင္းမႈမ်ားရွိသည္ဟူသည့္ စြပ္စြဲခ်က္မ်ားရွိ လာၿပီးေနာက္ အာဏာသိမ္းမႈမ်ားေပၚေပါက္ခဲ့ၿပီး ဆရာမ ေဒၚတင္ႏြဲ႕ရီသည္လည္း အျခားပညာေရးဝန္ထမ္းမ်ားႏွင့္အတူ စစ္အာဏာရွင္ကို ဆန႔္က်င္ခဲ့သည္။ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ ေအာက္ၾကည့္ၿမိဳင္တိုင္လမ္းရွိ ဆရာ၊ ဆရာမမ်ားသပိတ္စစ္ေၾကာင္းကို ရဲ ႏွင့္ စစ္တပ္တို႔မွ အသံဗုံးမ်ား၊ မ်က္ရည္ယိုဗုံးမ်ား ႏွင့္ ေသနတ္မ်ားျဖင့္ပစ္ခတ္ကာ စုရပ္၌ပင္ အၾကမ္းဖက္ ၿဖိဳခြင္းခဲ့သည္။ ထိုကဲ့သို႔ၿဖိဳခြင္းရာတြင္ ဆရာမေဒၚတင္ႏြဲ႕ရီသည္ ၎၏ ခႏၶာကိုယ္ျဖင့္ အျခားသူမ်ားကို ကာကြယ္ေပးရင္း လက္ေမာင္းကို က်ည္ထိမွန္ခဲ့သည့္အျပင္ မ်က္ရည္ယိုဗုံးဒဏ္လည္း ခံစားခဲ့ရသည္။ ထို႔ေၾကာင့္ ရင္ၾကပ္ေရာဂါအခံရွိေသာ ဆရာမေဒၚတင္ႏြဲ႕ရီသည္ နာက်င္မႈဒဏ္ ႏွင့္ မ်က္ရည္ယိုဗုံးဒဏ္တို႔ေၾကာင့္ လူနာတင္ယာဥ္ေပၚ၌ပင္ က်ဆုံးသြားခဲ့သည္။

အလႊာေပါင္းစုံမွ အမ်ိဳးသမီးအသီးသီးတို႔သည္ လူထုေတာ္လွန္ေရး ဒီမိုကေရစီတိုက္ပြဲအတြင္း အသက္ကို ပဓာနမထားပဲ ႐ြပ္႐ြပ္ခြၽံခြၽံတိုက္ပြဲဝင္လ်က္ရွိရာ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (ေအေအပီပီ) မွ အေလးအနက္ မွတ္တမ္းတင္ ဂုဏ္ျပဳအပ္ပါသည္။

 

 

နိဂုံးခ်ဳပ္


ရဲတပ္ဖြဲ႕သည္ ျပည္သူမ်ား အထူးသျဖင့္ ထိခိုက္လြယ္သူမ်ားကို အလုံးစုံ ကာကြယ္မႈေပးရန္ တာဝန္ရွိသည္။  သို႔ေသာ္လည္း အာဏာသိမ္း စစ္အုပ္စုသည္ ေန႔စဥ္ႏွင့္အမွ် အမ်ိဳးသမီးမ်ား၊ အသက္အ႐ြယ္ ႀကီးရင့္ေသာ အဘြားအိုမ်ား ႏွင့္ မိန္းခေလးငယ္ မ်ားပါမခ်န္ ေန႔စဥ္ႏွင့္အမွ် လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကို က်ဴးလြန္ လ်က္ရွိသည္။ ၁၉၉၇ ခုႏွစ္တြင္ ျမန္မာႏိုင္ငံသည္ အမ်ိဳးသမီးမ်ားအား နည္းမ်ိဳးစုံျဖင့္ ခြဲျခား ဆက္ဆံမႈ ပေပ်ာက္ေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ (CEDAW) ကို လက္မွတ္ေရးထိုးခဲ့သည္။ ထိုကဲ့သို႔ လက္မွတ္ေရးထိုးျခင္းအားျဖင့္ ျမန္မာႏိုင္ငံသည္ အမ်ိဳးသမီးမ်ားအေပၚ ခြဲျခား ဆက္ဆံမႈမ်ားကို အဆုံးသတ္ရန္ ကတိျပဳခဲ့ျခင္းျဖစ္သည္။ အဆိုပါသေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုး သို႔မဟုတ္ သေဘာတူလိုက္နာေသာ ႏိုင္ငံမ်ားသည္ အဆိုပါျပဌာန္းခ်က္မ်ားအတိုင္း တရားဝင္က်င့္သုံးေဆာင္႐ြက္ ရမည္ျဖစ္သည္။ သို႔ေသာ္လည္း တရားမဝင္ေသာနည္းျဖင့္ အာဏာကိုသိမ္းယူခဲ့ေသာ စစ္အုပ္စု၏ အဆိုပါ သေဘာတူစာခ်ဳပ္ကို ေန႔စဥ္ႏွင့္ အမွ်ေဖာက္ဖ်က္လ်က္ရွိျခင္းသည္ အမ်ိဳးသမီးမ်ား၏ အခြင့္အေရးမ်ားကို မထီမဲ့ျမင္ျပဳျခင္း ႏွင့္ အမ်ိဳးသမီးမ်ားကို ခြဲျခားဆက္ဆံျခင္းျဖစ္ၿပီး  ၎တို႔၏တရားမဝင္မႈကို ထပ္မံ အတည္ျပဳျခင္းျဖစ္သည္။

 

တိုက္တြန္းခ်က္မ်ား

ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရး (ေအေအပီပီ) မွ ယေန႔က်ေရာက္ေသာ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔၌ ေအာက္ပါအခ်က္မ်ားကို အျမန္ဆုံးအေကာင္အထည္ေဖာ္ရန္ တိုက္တြန္းအပ္ပါသည္။

ဖမ္းဆီး၊ ထိန္းသိမ္းျခင္းခံထားရေသာ အမ်ိဳးသမီးမ်ားကို ခ်က္ခ်င္းလႊတ္ေပးရန္ ႏွင့္ ၎တို႔ကို စြဲဆိုထားေသာ စြဲခ်က္မ်ားကို ႐ုတ္သိမ္းရန္
အမ်ိဳးသမီးမ်ားကို ပစ္မွတ္ထား၍ ရက္စက္ၾကမ္းၾကဳတ္ေသာ ၿဖိဳခြင္းမႈမ်ား၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကား အျမတ္ထုတ္မႈမ်ား ႏွင့္ ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္အနာတရျဖစ္ေစမႈမ်ားကို အဆုံးသတ္ရန္
အမ်ိဳးသမီးမ်ားအား နည္းမ်ိဳးစုံျဖင့္ ခြဲျခားဆက္ဆံမႈ ပေပ်ာက္ေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ (CEDAW) ၏ က်င့္ဝတ္မ်ားကို အျမန္ဆုံးအေကာင္အထည္ေဖာ္ေဆာင္႐ြက္ ရန္
တရားမဝင္ အာဏာသိမ္းမႈကို ပယ္ဖ်က္ရန္

ယခုအသုံးျပဳထားသည့္ဓါတ္ပုံပိုင္ရွင္မ်ားႏွင့္ သတင္းဌာနမ်ားအား ေလးစားစြာျဖင့္ Credit ေပးပါသည္။

နိဒါန်း

ကမ္ဘာပေါ်ရှိအမျိုးသမီးတိုင်းသည် အကြမ်းဖက်ခံရခြင်းများ၊ ပုံစံသေ ချမှတ်ခံထားရသည့် ခွဲခြားဆက်ဆံမှုများမှ  လွတ်ကင်းသော တန်းတူညီမျှရှိသည့် အနာဂတ်နှင့် ထိုက်တန်မှုရှိပြီး ထိုကဲ့သို့ အခွင့်အရေးများကို ရရှိ ခံစားနိုင်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ရမည့်နေရာတိုင်းတွင်အမျိုးသမီးပါဝင်နိုင်မှုကို ဖန်တီးရမည် ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ယနေ့ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်မှာ “Women in Leadership: Achieving an Equal Future in a COVID-19 World” ဟူ၍ ဖြစ်သည်။ ကမ္ဘာနိုင်ငံ အသီးသီးက ကပ်ရောဂါအတွက် ဦးစားပေးတိုက်ပွဲဝင်နေကြပြီး အနာဂတ်ကာလတွင် အမျိုးသမီးများ၏ခေါင်းဆောင်မှု အခန်းကဏ္ဍကို တိုးမြှင့်လာအောင် ကြိုးစားဆောင်ရွက်နေကြသည့် အချိန်၌ မြန်မာနိုင်ငံရှိ အမျိုးသမီးထု တစ်ရပ်လုံးမှာမူ ကမ္ဘာ့ကပ်ရောဂါဘေးကို တိုက်ထုတ်နေရသည်သာမက မင်းဆိုးမင်းညစ်ဘေးကိုပါ တွန်းလှန် တိုက်ပွဲဝင်နေကြရသည်။

နိုင်ငံရေးတွင်ပါဝင်မှု

ယနေ့အချိန်တွင် ကမ္ဘာ့နိုင်ငံ ၂၂ နိုင်ငံ၏ နိုင်ငံ့အကြီးအကဲရာထူးကို အမျိုးသမီးများက နေရာယူထားပြီး နိုင်ငံအသီးသီး၏ လွှတ်တော်များ၌ အမျိုးသမီးပါဝင်မှုမှာ ၂၄.၉ ရာခိုင်နှုန်းရှိနေသည်ဟု UN Women Website ၏ ဖော်ပြချက်တွင် တွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများ၏ နိုင်ငံ့ဦးဆောင်မှုကဏ္ဍနှင့် လွှတ်တော်တွင်း ပါဝင်မှုမှာ စစ်အုပ်စုမှ အယောင်ပြ ကျင်းပပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၃.၅ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်းဖြစ်သည့် ၂၀၁၅ ခုနှစ်တွင် ၁၁.၃၂ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း ၂၀၁၉ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စစ်တမ်းအရ သိရှိရသည်။

မြန်မာအမျိုးသမီးများ၏ နိုင်ငံရေးတွင် စိတ်ပါဝင်စားမှုနှင့် တက်ကြွစွာပါဝင်မှုတို့မှာ လွတ်လပ်ရေး ကြိုးပမ်းမှုခေတ်ကတည်းက အထင်အရှားရှိခဲ့ဖူးသလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လှုပ်ရှားမှုများ တွင်လည်း တွေ့မြင်နိုင်သည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို တတိယ အကြိမ်မြောက် ခံခဲ့ရသော မြန်မာပြည်သူလူထု၏ တခဲနက် အုံကြွ တော်လှန်မှုတွင်လည်း အမျိုးသမီးများ၊ အထူးသဖြင့် ပထမဆုံးအကြိမ် ဆန္ဒမဲပေးခွင့် ရခဲ့သော မိန်းမငယ်လေးများမှာ တက်တက်ကြွကြွဖြင့် အင်တိုက် အားတိုက် စစ်အာဏာသိမ်းမှုကို တွန်းလှန်လျက်ရှိနေကြသည်။ အနယ်နယ်အရပ်ရပ်ရှိ ဆန္ဒပြအမျိုးသမီးထုတွင် အသက်အရွယ်ကြီးရင့်နေသည့် သက်ကြီးရွယ်အိုအမျိုးသမီးများ၊ အလွှာစုံ နေရာစုံမှ ကျရာကဏ္ဍ တွင် ပါဝင်တော်လှန်နေကြသည့် အမျိုးသမီးများ၊ မိန်းမသားဟူ၍ ဆန္ဒပြပွဲ၏ နောက်တန်းမှာမနေ၊ စစ်အုပ်စု၏ အသံဗုံး၊ မျက်ရည်ယိုဗုံး၊ ကျည်စစ်ကျည်မှန်များကို မမှုဘဲ ရှေ့ဆုံးတန်းမှ ဦးဆောင်တိုက်ပွဲဝင်နေသည့် မိန်းကလေးငယ်များကိုလည်း ယနေ့စစ်အာဏာရှင်တော်လှန်ရေးတွင်တွေ့မြင်နိုင်သည်။

 

 

ဆန္ဒပြပွဲဖြိုခွင်းမှု

ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် မြန်မာပြည်တဝှမ်းရှိ ဒီမိုကရေစီ တိုက်ပွဲဝင်သူများအား စစ်တပ် လက်အောက်ခံ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းသည့် ကိရိယာ များဖြစ်သော ရေကား၊ မျက်ရည်ယိုဗုံး၊ မီးခိုးဗုံး၊ အသံဗုံး၊ ရာဘာကျည်တို့ကို အသုံးပြု၍ ဖြိုခွင်းခဲ့ရုံသာမက သံမူလီများ၊ ဖန်ဂေါ်လီများသုံး၍ လေးခွဖြင့်ပစ်ခတ်ခြင်း၊ နံပါတ်တုတ်ဖြင့် အပြင်းအထန်ရိုက်နှက်ခြင်းတို့အပြင် လူ့အသက်ကိုသေစေသည်အထိ စနိုက်ပါများ၊ ကျည်စစ်ကျည်မှန်များကိုပါ အသုံးပြု၍ ကြမ်းတမ်းစွာ ဖြိုခွင်းခဲ့သည်။ ဆန္ဒပြပွဲများ စတင်ပြီး မကြာမီမှာပင် ရဲတပ်ဖွဲက ကျည်အစစ်များကို အသုံးပြု၍ ကြမ်းတမ်းစွာ ဖြိုခွင်းမှုများကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လည်တွင် နေပြည်တော်၌ ဆန္ဒပြကျောင်းသူ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်မှာ ဦးခေါင်းကို ကျည်ထိမှန်၍ ၁၉ ရက်နေ့တွင် သေဆုံးခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အဓိကရုဏ်းဖြိုခွင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် မူများကို အတိအလင်း ချိုးဖောက်၍ ခါးအပေါ်ပိုင်း အသက်အန္တရာယ်ထိခိုက်စေနိုင်လောက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ချိန်ရွယ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ကို မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် ၁၃ ခုနှင့် နေပြည်တော် ကောင်စီနယ်မြေတို့၌ အကြမ်းဖက်နှိမ်နင်းခဲ့သော ဆန္ဒပြပွဲ ဖြိုခွင်းမှုများတွင် ထင်ရှားစွာ တွေ့မြင်ရသည်။ ထို့အပြင် လက်နက်မပါသည့် အဖမ်းဆီးခံအမျိုးသမီးများအား ရိုက်နှက်နှိပ် စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားသော စကားများဖြင့် ကြမ်းတမ်းစွာ ပြောဆိုခြင်းများကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြုလုပ် လျက်ရှိသည်။

ဖမ်းဆီးခြင်း

အမျိုးသမီးများသည် နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု နှင့် နိုင်ငံရေးလှုပ်ရှားမှု များတွင် တက်တက်ကြွကြွပါဝင်ခြင်းကို အာဏာသိမ်းစစ်အုပ်စုမှ အပြင်းအထန် ဖိနှိပ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အုပ်စုမှ ၎င်းတို့ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ အဆိုပါ အာဏာသိမ်းမှုဖြစ်စဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရထိပ်တန်းအဖွဲ့ဝင် အမျိုးသမီးများ၊ လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးများသည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် အာဏာရှင်စနစ်ကို တွန်းလှန်သည့် နွေဦးတော်လှန်ရေးပေါ်ပေါက်လာခဲ့သည်။ နွေဦးတော်လှန်ရေး၌ နယ်ပယ်အသီးသီးမှ အမျိုးသမီးများသည် တက်ကြွစွာဖြင့် ပါဝင်လျက်ရှိပြီး  ရဲ နှင့် စစ်တပ်တို့မှ ဆက်တိုက်ဆိုသလို ရက်စက်စွာဖြင့် အကြမ်းဖက် ဖြိုခွင်းခဲ့ကြသည်။

 

 

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သတင်းထောက် အမျိုးသမီး () ဦး အပါအဝင် အမျိုးသမီး စုစုပေါင်း (၅၁၈) ဦးအထိ ရှိခဲ့ပြီဖြစ်သည်။ ၎င်းတို့အနက်မှ () ဦးမှာ ဖမ်းဝရမ်းထုတ်ခြင်းခံထားရ သောကြောင့် တိမ်းရှောင်နေကြရပြီး (၇၉) ဦးမှာ လွတ်မြောက်လာခဲ့သည်။ ထို့ကြောင့် ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသည့် အမျိုးသမီး () ဦးအပါအဝင် အမျိုးသမီး (၄၃၉) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆိုခြင်းခံထားရသည်။

အထက်ပါ အချက်အလက်များမှာ အေအေပီပီမှ ရရှိထားသော အရင်းအမြစ်များအပေါ်အခြေခံ၍ ကောက်ယူ စုဆောင်းထား ခြင်းဖြစ်ပြီး ဖမ်းဆီး၊တရားတရားစွဲဆိုမှုများမှာ ယခုထက်ပိုမို များပြားပါသည်။

 

အမျိုးသမီးများကို ဖမ်းဆီးသည့်အခါ ရဲ နှင့် စစ်တပ်တို့မှ အင်အားသုံး၍ လူမဆန်စွာ ဖမ်းဆီးသည်ကို တွေ့ရှိရသည်။ ထိုကဲ့သို့ ဖမ်းဆီးရာ တွင် ရဲတပ်သားများကသာ အများဆုံးဖမ်းဆီးပြီး ကာယအိန္ဒြေ ပျက်ပြားစေသည်အထိ ရိုက်နှက် ကန်ကြောက်၍ အချုပ်ကားပေါ်သို့ ပစ်တင် ဖမ်းဆီးခြင်း၊ တုတ်များဖြင့် ရိုက်နှက်ခြင်း၊ ညအချိန်တွင် အိမ်များကို စီးနင်းဝင်ရောက်၍ အဓမ္မဆွဲခေါ်သွားခြင်း စသည့် ရက်စက်သည့်နည်းများဖြင့်သာ ဖမ်းဆီးလျက်ရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အပိုဒ် ၂၁(ခ) တွင် “တရားရုံး၏ ခွင့်ပြုချက်မရရှိက နိုင်ငံသားတစ်ဦးကို ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခွင့် မရှိစေရ” ဟုဖော်ပြထားသော်လည်း အမျိုးသမီးရာပေါင်းများစွာသည် ဥပဒေသတ်မှတ်ချက်ကင်းမဲ့၍ တရားမဲ့စွာဖြင့် မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားကြရဆဲဖြစ်သည့်အပြင် ၎င်းတို့ကို ကိုယ်စားပြုမည့်ရှေ့နေဖြင့်လည်း တွေ့ခွင့်ရရှိခြင်းမရှိပါ။ ထို့ပြင် အမျိုးသမီးများကို ထိန်းသိမ်းထားစဉ်အခါ၌လည်း နှုတ်အားဖြင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်၍ စော်ကားလျက်ရှိသည်ကို တွေ့ရှိရပြီး ရဲစခန်းအချုပ်၊ အကျဉ်းထောင်များတွင် အထိန်းသိမ်းခံရစဉ် ကာလ၌ လည်း လူဦးရေထူထပ်ကျပ်တည်းစွာနေရခြင်း၊ အစားအသောက် အနေအထိုင် ဆင်းရဲခြင်း စသည့်အခြေအနေများကို ရင်ဆိုင်ကြရလျက်ရှိသည်။

 

ကျဆုံးသွားသည့်အမျိုးသမီးများ

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတို့အတွက် စစ်အာဏာရှင်ကို ဆန့်ကျင် တွန်းလှန်လျက်ရှိ ရင်း ကျဆုံးသွားခဲ့သော အမျိုးသမီးများစွာရှိခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးသွားကျသည့် နေပြည်တော်မှ မမြသွဲ့သွဲ့ခိုင်၊ ရန်ကုန် လှိုင်သာယာမှ ဆရာမ ဒေါ်တင်နွဲ့ရီ မန္တလေးမှ မဒေစီ (ခ) အပုနှင့် မကြယ်စင်၊ မုံရွာမှ မမြင့်မြင့်ဇင် (ခ) ကြည်လင်အေးနှင့် မကျော့နန္ဒာအောင်စသည့် အသက် ၁၉ နှစ်မှ ၅၉ နှစ်ကြား အမျိုးသမီး () ဦး အထိရှိခဲ့ပြီဖြစ်သည်။

ထိုကဲ့သို့ ကျဆုံးသွားသည့်အမျိုးသမီးများအနက် မန္တလေးမြို့မှ အသက် (၁၉) နှစ်အရွယ်ရှိ မကြယ်စင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမအကြိမ် မဲပေးခွင့်ရခဲ့သည်။ အာဏာရှင်တို့ မှ နိုင်ငံတော် အာဏာကို သိမ်းယူသွားခဲ့သည့် အတွက် သူမဆုံးရှုံးသွားခဲ့ရသော အခွင့်အရေး များရရှိရန် စစ်အာဏာရှင်ကို စွမ်းစွမ်းတမံ တိုက်ထုတ်ခဲ့သည်။ အာဏာသိမ်းမှု ကာလ အတွင်းတွင် သူမသည် နေ့စဉ်ရက်ဆက် ရှေ့တန်းမှနေ၍ စစ်အာဏာရှင်ကို တွန်းလှန်ခဲ့သူဖြစ်သည်။ မတ်လ ၃ ရက်နေ့တွင် မန္တလေးမြို့၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသော လူထုကို ရဲ နှင့် စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်း နေစဉ်အတွင်း သူမသည် ဦးခေါင်းကို ကျည်ထိမှန်၍ နေရာတွင်ပင် ကျဆုံးသွားခဲ့သည်။

 

 

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက် ၅၉ နှစ်အရွယ် အလယ်တန်းပြဆရာမတစ်ဦးဖြစ်သူ ဒေါ်တင်နွဲ့ရီသည် အာဏာသိမ်းကာလအတွင်း အာဏာဖီဆန်သော လှုပ်ရှားမှု (CDM) ၌ပါဝင်ခဲ့သူဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ဆရာ/ဆရာမများ တာဝန်ယူထားရသည့် မဲစာရင်းများ မှားယွင်းမှုများရှိသည်ဟူသည့် စွပ်စွဲချက်များရှိ လာပြီးနောက် အာဏာသိမ်းမှုများပေါ်ပေါက်ခဲ့ပြီး ဆရာမ ဒေါ်တင်နွဲ့ရီသည်လည်း အခြားပညာရေးဝန်ထမ်းများနှင့်အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အောက်ကြည့်မြိုင်တိုင်လမ်းရှိ ဆရာ၊ ဆရာမများသပိတ်စစ်ကြောင်းကို ရဲ နှင့် စစ်တပ်တို့မှ အသံဗုံးများ၊ မျက်ရည်ယိုဗုံးများ နှင့် သေနတ်များဖြင့်ပစ်ခတ်ကာ စုရပ်၌ပင် အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ ထိုကဲ့သို့ဖြိုခွင်းရာတွင် ဆရာမဒေါ်တင်နွဲ့ရီသည် ၎င်း၏ ခန္ဓာကိုယ်ဖြင့် အခြားသူများကို ကာကွယ်ပေးရင်း လက်မောင်းကို ကျည်ထိမှန်ခဲ့သည့်အပြင် မျက်ရည်ယိုဗုံးဒဏ်လည်း ခံစားခဲ့ရသည်။ ထို့ကြောင့် ရင်ကြပ်ရောဂါအခံရှိသော ဆရာမဒေါ်တင်နွဲ့ရီသည် နာကျင်မှုဒဏ် နှင့် မျက်ရည်ယိုဗုံးဒဏ်တို့ကြောင့် လူနာတင်ယာဉ်ပေါ်၌ပင် ကျဆုံးသွားခဲ့သည်။

အလွှာပေါင်းစုံမှ အမျိုးသမီးအသီးသီးတို့သည် လူထုတော်လှန်ရေး ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ကို ပဓာနမထားပဲ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်လျက်ရှိရာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

 

 

 

နိဂုံးချုပ်

ရဲတပ်ဖွဲ့သည် ပြည်သူများ အထူးသဖြင့် ထိခိုက်လွယ်သူများကို အလုံးစုံ ကာကွယ်မှုပေးရန် တာဝန်ရှိသည်။  သို့သော်လည်း အာဏာသိမ်း စစ်အုပ်စုသည် နေ့စဉ်နှင့်အမျှ အမျိုးသမီးများ၊ အသက်အရွယ် ကြီးရင့်သော အဘွားအိုများ နှင့် မိန်းခလေးငယ် များပါမချန် နေ့စဉ်နှင့်အမျှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန် လျက်ရှိသည်။ ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုကဲ့သို့ လက်မှတ်ရေးထိုးခြင်းအားဖြင့် မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် ခွဲခြား ဆက်ဆံမှုများကို အဆုံးသတ်ရန် ကတိပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး သို့မဟုတ် သဘောတူလိုက်နာသော နိုင်ငံများသည် အဆိုပါပြဌာန်းချက်များအတိုင်း တရားဝင်ကျင့်သုံးဆောင်ရွက် ရမည်ဖြစ်သည်။ သို့သော်လည်း တရားမဝင်သောနည်းဖြင့် အာဏာကိုသိမ်းယူခဲ့သော စစ်အုပ်စု၏ အဆိုပါ သဘောတူစာချုပ်ကို နေ့စဉ်နှင့် အမျှဖောက်ဖျက်လျက်ရှိခြင်းသည် အမျိုးသမီးများ၏ အခွင့်အရေးများကို မထီမဲ့မြင်ပြုခြင်း နှင့် အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး  ၎င်းတို့၏တရားမဝင်မှုကို ထပ်မံ အတည်ပြုခြင်းဖြစ်သည်။

 

 

တိုက်တွန်းချက်များ

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး (အေအေပီပီ) မှ ယနေ့ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့၌ အောက်ပါအချက်များကို အမြန်ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းအပ်ပါသည်။

  • ဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံထားရသော အမျိုးသမီးများကို ချက်ချင်းလွှတ်ပေးရန် နှင့် ၎င်းတို့ကို စွဲဆိုထားသော စွဲချက်များကို ရုတ်သိမ်းရန်
  • အမျိုးသမီးများကို ပစ်မှတ်ထား၍ ရက်စက်ကြမ်းကြုတ်သော ဖြိုခွင်းမှုများ၊ လိင်ပိုင်းဆိုင်ရာ စော်ကား အမြတ်ထုတ်မှုများ နှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အနာတရဖြစ်စေမှုများကို အဆုံးသတ်ရန်
  • အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) ၏ ကျင့်ဝတ်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက် ရန်
  • တရားမဝင် အာဏာသိမ်းမှုကို ပယ်ဖျက်ရန်

ယခုအသုံးပြုထားသည့်ဓါတ်ပုံပိုင်ရှင်များနှင့် သတင်းဌာနများအား လေးစားစွာဖြင့် Credit ပေးပါသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့်အမျိုးသမီးများစာရင်း Women Arrested & Charged List

ကျဆုံးသွားသည့်အမျိုးသမီးစာရင်း Women Fatality list

စာတမ်းအပြည့်အစုံဒေါင်းလော့ရယူရန် Report on International Women Day edited Burmese