စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်၊ ဖမ်းဆီးထိန်းသိမ်းခံရသူများနှင့် ကျဆုံးသူများစာရင်းထုတ်ပြန်ချက်

ရက်စွဲ မတ်လ ၆ ရက်၊ ၂၀၂၁ ခုနှစ်
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင် မတရားအကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ အနည်းဆုံး (၅၀) ကျော်ရှိပြီဖြစ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၆ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၇၅၈) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၆၈) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၁၈) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၁၄၄၀) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၁၄) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ဆန္ဒပြကျောင်းသား လူငယ် (၅၀) နီးပါး ယနေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရှိရပါသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့်အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေး သွားမည်ဖြစ်ပါသည်။
မတ်လ ၆ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသော ကျောင်းသားလူငယ်များအပါအဝင် ပြည်သူများသည် ရက်စက်စွာ ဖြိုခွင်းခြင်းခံခဲ့ရသည်။ ရန်ကုန်မြို့တွင် သာကေတ၊ စမ်းချောင်း၊ ကျောက်မြောင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ ရွှေပြည်သာ၊ ကြည့်မြင်တိုင်အစရှိသည့်မြို့နယ်များ၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့၊ တနင်္သာရီတိုင်းတွင် မြိတ်မြို့၊ မန္တလေးတိုင်းတွင် ကျောက်ပန်းတောင်းမြို့တို့တွင် ရဲနှင့် စစ်တပ်တို့မှ အင်အားသုံးကာ ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများ၊ အသံဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ကြ၍ ဒဏ်ရာရရှိခဲ့သူ (၄) ဦးထက်မနည်းရှိခဲ့သည်။ ကြည့်မြင်တိုင် မြို့နယ်၌ ရဲ နှင့် စစ်တပ်သည် လမ်းမထက်၌ပင် မီးရှို့ခြင်းများပြုလုပ်ခြင်း၊ တာမွေ နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့လည်း လူနေရပ်ကွက်များအတွင်းသို့ အသံဗုံးများ၊ မီးခိုးဗုံးများပစ်သွင်းခဲ့ကြခြင်းစသည့် တရားမဲ့လုပ်ရပ်များကို ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ ပြောင်တင်းစွာ ကျူးလွန်ခဲ့ကြသည်ကို တွေ့ရှိရသည်။
အဆိုပါဖြိုခွင်းမှုများ၌ ကြည့်မြင်တိုင်မြို့နယ်၌ (၁၁) ဦး၊ သာကေတ မြို့နယ်၌ (၆) ဦး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ (၆) ဦး၊ အင်းစိန်မြို့နယ်၌ (၆) ဦး၊ ရွှေပြည်သာမြို့နယ်၌ (၁) ဦး၊ ကျောက်မြောင်း၌ ကျောင်းသား (၁) ဦး နှင့် ပြည်သူ (၁) ဦး၊ တာမွေမြို့နယ်၌ ဆန္ဒပြလူငယ် တချို့၊ မြန်အောင်တွင် ကျောင်းသား (၄) ဦး၊ မြစ်ကြီးနားတွင် (၃) ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထိုကဲ့သို့ ဖမ်းဆီးရာ၌လည်း ဖမ်းဆီးခံကျောင်းသားလူငယ် နှင့် ပြည်သူများကို ဖမ်းဆီးခြင်းခံရသည့်နေရာ၌ပင် အုပ်စုဖွဲ့၍ စစ်ဖိနပ်ဖြင့်ကန်ခြင်း၊ နံပါတ်တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ကန်ကျောက်၊ ထိုးကြိတ်ခြင်းများပြုလုပ်ခဲ့ကာ အချုပ်ကားအတွင်းသို့ တရွက်တိုက်ဆွဲခေါ် သွားသည်ကို တွေ့ရှိရသည်။ ၎င်းပြင် လူနေရပ်ကွက်များအတွင်းထိတိုင် လိုက်လံဖမ်းဆီးဝင်ရောက်ကာ အိမ်များကို ပစ်ခတ်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ယမန်နေ့၌ မန္တလေးမြို့တွင် ခြေထောက်ကိုသေနတ်မှန်ထားသော အသက် ၂၁ နှစ်အရွယ် ကိုနိုင်မင်းကိုသည် စစ်တပ်နှင့် ရဲများ၏ ရိုက်နှက်ကန်ကြောက်ခြင်းကြောင့် သေဆုံးသွားခဲ့ရသည်။ ရန်ကုန်မြို့၊ တာမွေမြို့နယ်၌လည်း ရဲတပ်ဖွဲ့သည် တိုက်ခန်းတစ်ခုအတွင်းသို့ အသံဗုံးများဖြင့် ပစ်သွင်းကာ အဆိုပါတိုက်ခန်းအတွင်းရှိ အဆောင်နေ လူငယ်များကို ရိုက်နှက်ခြင်း၊ ထွက်ပြေးသွားသူများကို ရာဘာကျည်ဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ပြင် လူငယ် (၂) ဦးသည် ဒဏ်ရရှိကာ လွတ်မြောက်သွားခဲ့ပြီး (၁) ဦးကိုမူ ဒဏ်ရာများဖြင့် ဖမ်းဆီးသွားခဲ့သည်။
အထက်ပါဖြစ်စဉ်များကို သုံးသပ်ကြည့်ခြင်းအားဖြင့် ရဲ နှင့် စစ်တပ်သည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများ နှင့် ပြည်သူများ အပေါ် အငြိုးကြီးစွာဖြင့် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်လျက်ရှိသည်။ ၎င်းတို့ လူသားချင်း စာနာထောက်ထားမှုကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကို ကျူးလွန်လာစေရန် ဖန်တီးပေးသည်မှာ အာဏာသိမ်းစစ်အုပ်စုဖြစ်သည်။ လူနည်းစု ဖြစ်သည့် အာဏာသိမ်း စစ်အုပ်စုသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် (၅၄) သန်းကျော်သော ပြည်သူများအပေါ် နေ့စဉ်နှင့်အမျှ လူမဆန်သော လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။ သို့ဖြစ်၍ လက်ရှိတွင် တရားဥပဒေစိုးမိုးရေးကင်းမဲ့ လျက်ရှိသော မြန်မာနိုင်ငံတွင် ပြည်သူများသည် ၎င်းတို့၏ ရပ်ရွာကို ၎င်းတို့ကိုယ်တိုင်ကာကွယ်နေရသော အခြေအနေကို ကျရောက်နေပြီး နေ့ရော၊ညပါ မည်သည့်အချိန်တွင် မည်သို့ဖြစ်ပျက်မည်၊ မည်သည့်အချိန်တွင် အန္တရာယ်ကျရောက် မည်ဆိုသည်ကို စိုးရိမ်မကင်းနေကြရသော အခြေအနေကို ရင်ဆိုင်နေကြရသည်။
၎င်းပြင် မြောက်ဥက္ကလာပမြို့နယ်၌ ကန်သာယာသပိတ်အဖွဲ့အား ဖြိုခွင်းရန်အတွက် စစ်အုပ်စုမှ အကြိမ်ကြိမ်ကြိုးစားခဲ့ သော်လည်း သပိတ်စစ်ကြောင်းနေရာသို့ ဝင်မရခဲ့သဖြင့် မြောက်ဥက္ကလာဆေးရုံအနီး ရပ်ကွက်အတွင်းသို့ မျက်ရည်ယိုဗုံး များဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်မှုကြောင့် ရပ်ကွက်အတွင်းနေထိုင်သူများသည် မျက်ရည်ယိုဗုံးဒဏ်ခံ ခဲ့ကြရသည်။ ထို့ပြင် ယနေ့ နေ့လည်ပိုင်းအချိန်ကတည်းက ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီဆေးရုံ၌ စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်ရေးတပ်မ ၇ရ သည် အင်အား အများအပြားဖြင့် အထိုင်ချလျက်ရှိပြီး ဆေးရုံရှေ့၌လည်း စစ်ကား ရ စီး၊ ရဲကား တစ်စီး အထိုင်ချထားသည်ဟုသိရှိရသည်။ ထိုကဲ့သို့ဆေးရုံအတွင်း၌ တပ်စွဲထားရှိခြင်းသည် နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်ပြီး အကြမ်းဖက်တပ်မများကိုပါအသုံးပြုလာသည့် အတွက် လက်နက်မဲ့ပြည်သူများအတွက် အလွန်အမင်းစိုးရိမ်မကင်းဖြစ်မိပါသည်။ နိုင်ငံတကာအသိုက်အဝန်း၏ ပြင်းထန် သော အရေးယူဆောင်မှုမျိုးကသာ ၎င်းတို့၏ လူမဆန်သော လုပ်ရန်များကို ရပ်တန့်နိုင်လိမ့်မည်ဖြစ်သည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်းတွင် ရဲ နှင့် စစ်တပ်တို့သည် ညပိုင်းအချိန်၌ စစ်ဆင်ရေးပုံစံများပြုလုပ်လာပြီး ၎င်းတို့ကို ဆန့်ကျင်လျက်ရှိသူများနေထိုင်ရာရပ်ကွက်များအတွင်းကို စီးနင်းခြင်း၊ ရှာဖွေခြင်းများပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရ သည်။ ယမန်နေ့ညပိုင်း၌ အာဏာဖီဆန်ရေးလှုပ်ရှားတွင်ပါတွင် ပါဝင်သည့် အင်းစိန်ဆေးရုံမှ ဒေါက်တာဟိန်းထက်စိုး အပါအဝင် သုံးဦးကို အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးခြင်းပြုလုပ်ခဲ့သည်သာမက ရန်ကုန်မြို့ရှိ ရပ်ကွက်တချို့ကို ဝင်ရောက် စီးနင်းကာ ကင်းသမားများကို ဖမ်းဆီးမှုများပြုလုပ်လျက်ရှိသည်။
ယမန်နေ့ညက ၎င်းတို့ကျူးလွန်ခဲ့မှုများအနက် လူမဆန်သော လုပ်ရပ်တစ်ခုကိုပါ ထပ်မံကျူးလွန်ခဲ့သည်။ ယမန်နေ့ညက စစ်သား ၁၀ဝ နီးပါးရှိသည့် အဖွဲ့သည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရင်းကျဆုံးသွားခဲ့သည့် အသက် ၁၉ နှစ်အရွယ် မကြယ်စင်၏ ဂူဗိမာန်ကို ဖောက်ထွင်းတူးဖော်၍ ရုပ်အလောင်းအား ခွဲစိတ်စစ်ဆေးသွားခဲ့သည်။ ထိုအခြင်းအရာသည် ပြင်ပမှ တိုက်ရိုက်စွပ်စွဲလာမှုများကို ငြင်းဆန်ရန်ခက်သည့်အတွက် ၎င်းတို့ကျူးလွန်ခဲ့သည့် သက်သေများကို ဖျောက်ဖျက် ရန် ကြိုးစားခြင်းဖြစ်သည်။

၎င်းပြင် ၎င်းတို့ကျောထောက်နောက်ခံပေးထားသော ကြံ့ခိုင်ရေးပါတီဝင်များမှလည်း ရာဇဝတ်မှုများကို ပြောင်ကျကျ ကျူးလွန်လျက်ရှိသည်။ ယမန်နေ့နံနက်ပိုင်းအချိန်က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ NLD ရပ်ကျေးဥက္ကဋ္ဌနှင့် ၎င်း၏တူဖြစ်သူ အသက် ၁ရ နှစ်အရွယ် လူငယ် တစ်ဦးသည် ကြံ့ခိုင်ရေးပါတီဝင်ဦးဆောင်သောအဖွဲ့၏ ဓားဖြင့်ခုတ်မှု ကြောင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နေ့စဉ်ထုတ်ပြန်ချက်ဒေါင်းလော့ရယူရန် 6-March-2021 Update (Information)

မတရားဖမ်းဆီးခံထားရသူများစာရင်းဒေါင်းလော့ရယူရန် Recent Arrest List (Last Updated on 6 March 2021)

အကြမ်းဖက်ဖြိုခွင်းမှုကြောင့်ကျဆုံးခဲ့သူများစာရင်းဒေါင်းလော့ရယူရန် Fatality list (Last Updated on 6 March 2021)

ရကျစှဲ မတျလ ၆ ရကျ၊ ၂၀၂၁ ခုနှဈ











 


 



Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma
