စစ္အာဏာသိမ္းၿပီးေနာက္ လတ္တေလာျဖစ္ေပၚလ်က္ရွိေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေန႔စဥ္ထုတ္ျပန္ခ်က္ အက်ဥ္းခ်ဳပ္ ႏွင့္က်ဆုံးသူမ်ားစာရင္းထုတ္ျပန္

ရက္စြဲ မတ္လ ၄ ရက္၊ ၂၀၂၁ ခုႏွစ္
အာဏာရွင္စနစ္ခ်ဳပ္ၿငိမ္းေရး၊ ဒီမိုကေရစီေရးႏွင့္ လူ႔အခြင့္အေရးတို႔အတြက္ အသက္ခႏၶာရင္း၍ တိုက္ပြဲဝင္ရင္း က်ဆုံးသြားခဲ့ ေသာ သူရဲေကာင္းမ်ားအား မိမိတို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ အေလးအနက္ မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါ သည္။ မေန႔က အၾကမ္းဖက္စစ္အုပ္စု၏ ရက္ရက္စက္စက္ပစ္သတ္ျခင္းခံခဲ့ရေသာ ဒီမိုကေရစီတိုက္ပြဲအတြင္း က်ဆုံးသြားၾကသည့္ ဒီမိုကေရစီသူရဲေကာင္းမ်ားအတြက္ ျပည္သူတို႔က ဈာပနအခမ္းအနားမ်ား ကို ယေန႔တြင္ ျပဳလုပ္ခဲ့ၾကသည္။ မႏၲေလးၿမိဳ႕တြင္ က်ဆုံးသြားခဲ့သည့္ အသက္ ၁၉ ႏွစ္အ႐ြယ္ မၾကယ္စင္၏ ေနာက္ဆုံးခရီးကိုလည္း ျပည္သူအမ်ားအျပားက လိုက္ပါပို႔ေဆာင္ခဲ့ၾကသည္။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔ထိတိုင္ မတရားအၾကမ္းဖက္ၿဖိဳခြင္းျခင္းခံခဲ့ရ၍ က်ဆုံးသြားခဲ့သူအနည္းဆုံး (၅၀) ေက်ာ္ရွိၿပီျဖစ္ပါသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ မွတ္တမ္းျပဳခ်က္မ်ားအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ မတ္လ ၄ ရက္ေန႔ထိ စုစုေပါင္း ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၁၅၀၇) ဦးထိရွိခဲ့ၿပီ ျဖစ္သည္။ ၎တို႔အနက္မွ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၃) ဦး၊ အမႈဖြင့္ျခင္းခံထားရၿပီး ဖမ္းဝရမ္းထုတ္ျခင္းခံထားရေသာေၾကာင့္ တိမ္းေရွာင္ေနသူ (၆၁) ဦး ႏွင့္ ျပန္လည္ လြတ္ေျမာက္လာသူ (၃၀၇) ဦးရွိခဲ့သည္။ ထို႔ေၾကာင့္ လက္ရွိ အခ်ိန္အထိ (၁၂၀၀) ဦးမွာ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသည္။
ယေန႔အဖမ္းအဆီးစာရင္းတြင္ မိမိတို႔အေနျဖင့္ ယခုအခ်ိန္အထိ ဖမ္းဆီးျခင္းခံရသူ (၄) ဦး၏အမည္စာရင္းကိုရရွိခဲ့၍ မွတ္တမ္းျပဳထားပါသည္။ သို႔ေသာ္လည္း ရန္ကုန္ၿမိဳ႕တစ္ၿမိဳ႕အတြင္း၌ပင္ ဆႏၵျပေက်ာင္းသား လူငယ္ စုစုေပါင္း (၂၀) ဦးထက္မနည္း ဖမ္းဆီးျခင္းခံခဲ့ရသည္။ မိမိတို႔အေနျဖင့္ ဆက္လက္စုံစမ္းလ်က္ရွိၿပီး ရရွိလာသည့္အခ်က္အလက္မ်ားကို ဆက္လက္ ထုတ္ျပန္ေပးသြားမည္ျဖစ္ပါသည္။
ယမန္ေန႔က ရဲ ႏွင့္ စစ္တပ္မွ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္သူမ်ားကို ရက္စက္စြာ ပစ္သတ္၍ၿဖိဳခြင္းခဲ့ၿပီး ဆႏၵထုတ္ေဖာ္ပြဲ မ်ားကို ရပ္တန႔္သြားေစရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ၎တို႔၏ လုပ္ေဆာင္မႈသည္ အရာမထင္ဘဲ ျမန္မာျပည္တစ္ဝွမ္းရွိ ျပည္သူမ်ားသည္ စစ္အာဏာရွင္ကို တခဲနက္ ဆန႔္က်င္တြန္းလွန္ခဲ့သည္။ ထိုကဲ့သို႔ ဆန႔္က်င္ဆႏၵထုတ္ေဖာ္ရာတြင္ ရန္ကုန္ၿမိဳ႕ ၌ သဃၤန္းကြၽန္း၊ ေတာင္ဥကၠလာပ၊ စမ္းေခ်ာင္း၊ ေျမာက္ဒဂုံ၊ အင္းစိန္၊ အလုံ၊ တာေမြ စသည့္ၿမိဳ႕နယ္မ်ား၊ ဧရာဝတီတိုင္း၌ ပုသိမ္ၿမိဳ႕၊ ေနျပည္ေတာ္ ေကာင္စီ၌ ပ်ဥ္းမနားၿမိဳ႕နယ္၊ ပဲခူးတိုင္း၌ ျပည္ၿမိဳ႕၊ ကခ်င္ျပည္နယ္တြင္ ဖားကန႔္ၿမိဳ႕တို႔သည္ အင္အားသုံး၍ အၾကမ္းဖက္ ၿဖိဳခြင္းျခင္းခံခဲ့ရၿပီး ျပည္သူတခ်ိဳ႕ဖမ္းဆီးျခင္းခံခဲ့ရကာ တခ်ိဳ႕ဒဏ္ရာရရွိခဲ့ေၾကာင္းသိရွိရသည္။ ရဲ ႏွင့္ စစ္တပ္တို႔မွ မီးခိုးဗုံး၊ အသံဗုံး၊ မ်က္ရည္ယိုဗုံး၊ ရာဘာက်ည္တို႔ျဖင့္ ၎တို႔လုပ္နည္းအတိုင္း အင္အားသုံး၍ ၿဖိဳခြဲခဲ့ၾကသည္။ တစ္လေက်ာ္ၾကာျမင့္လာသည့္တိုင္ေအာင္ ျပည္သူမ်ားသည္ အင္တိုက္အားတိုက္ ဆႏၵထုတ္ေဖာ္လ်က္ရွိ ျခင္းက အာဏာသိမ္းစစ္အုပ္စုအတြက္ အခက္အခဲ အက်ပ္အတည္းျဖစ္ေစ သည္။ ျပည္သူလူထုမွ ၎တို႔ကို အသိအမွတ္ မျပဳသလို ႏိုင္ငံတကာမွလည္း ၎တို႔ကို အသိအမွတ္ မျပဳသည့္အတြက္ ၎တို႔၏ႏိုင္ငံေရးနယ္ပယ္သည္ တျဖည္းျဖည္း က်ဥ္းေျမာင္းလာခဲ့ၿပီျဖစ္သည္။
ယမန္ေန႔က ရန္ကုန္ၿမိဳ႕ ေျမာက္ဥကၠလာပၿမိဳ႕နယ္၌ ရဲ ႏွင့္ စစ္တပ္တို႔မွ ရက္စက္စြာ ပစ္သတ္မႈ၊ ဖမ္းဆီး႐ိုက္ႏွက္မႈမ်ား ျပဳလုပ္ၿပီးသည္ႏွင့္တဆက္တည္း ယင္းၿမိဳ႕နယ္ရွိ ရပ္ကြက္မ်ား အတြင္းသို႔ ဂ်က္ေလယာဥ္မ်ားျဖင့္ မီးခိုးဗုံးမ်ားႀကဲခ်ခဲ့သည္။ ယေန႔နံနက္ပိုင္းတြင္လည္း မႏၲေလးၿမိဳ႕ေဝဟင္၌ တိုက္ေလယာဥ္မ်ား ပ်ံဝဲကာ ျပည္သူမ်ားကို ၿခိမ္းေျခာက္မႈမ်ား ျပဳလုပ္ခဲ့သည္။ ၿပီးခဲ့သည့္အပတ္ကတည္းကပင္ စစ္သား မ်ားသည္ ရန္ကုန္ ႏွင့္ မႏၲေလးၿမိဳ႕တို႔၌ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္လ်က္ရွိသည့္ လူထုကို စႏိုက္ပါမ်ား၊ G3 ႐ိုင္ဖယ္ေသနတ္မ်ားျဖင့္ ပစ္သတ္ရန္ ရည္႐ြယ္၍ ခ်ိန္႐ြယ္ထား ခဲ့ၿပီးျဖစ္သည္။ အၾကမ္းဖက္ စစ္အုပ္စုသည္ ဒီမိုကေရစီ ႏွင့္ စစ္အာဏာရွင္ျဖဳတ္ခ်ေရးအတြက္ ေတာင္းဆိုဆႏၵထုတ္ေဖာ္ မႈမ်ားျပဳလုပ္ပါက အစုလိုက္ သတ္ျဖတ္မႈမ်ားအသြင္လုပ္ေဆာင္လာမည္ဟု ၿခိမ္းေျခာက္ေနျခင္းျဖစ္သည္။ စစ္အုပ္စုသည္ အာဏာသိမ္းမႈအစတြင္ ႏိုင္ငံတြင္း မတည္ၿငိမ္မႈ၊ မၿငိမ္မသက္မႈမ်ားျဖစ္လာေစရန္ ဖန္တီးလုပ္ေဆာင္ခဲ့ၿပီး လူထုမွ ၎တို႔ကို ျပန္လည္တုံ႔ျပန္လာပါက ျပည္တြင္းေရးသာ ျဖစ္သည္ဆိုသည္ကို ႏိုင္ငံတကာသို႔ခ်ျပရန္ ႀကိဳးပမ္းခဲ့သည္။ ယင္းကဲ့သို႔ေသာ လုပ္ေဆာင္ခဲ့ေသာ သာဓကမ်ားစြာလည္း ရွိခဲ့ၿပီးျဖစ္သည္။ ၎တို႔ရည္႐ြယ္သည့္အတိုင္းျဖစ္မလာသည့္ အတြက္ အၾကမ္းဖက္နည္းလမ္းမ်ားကို အသုံးျပဳလာျခင္း ျဖစ္သည္။
ယမန္ေန႔ ည ၁၁ နာရီခြဲအခ်ိန္ကလည္း စစ္ကား သုံးစီးျဖင့္ေရာက္ရွိလာသည့္ စစ္သားမ်ားသည္ ရန္ကုန္ၿမိဳ႕၊ ေျမာက္ဒဂုံ ၿမိဳ႕နယ္တြင္ ရွိသည့္ နာေရးကူညီမႈအသင္းအား ဝင္ေရာက္စီးနင္းမႈျပဳလုပ္ခဲ့ၿပီး ႐ုံးအေဆာက္အဦး၊ ေမာ္ေတာ္ယာဥ္မ်ား၊ အလႉခံပုံးမ်ားႏွင့္ စာရင္းစာ႐ြက္စာတမ္းမ်ားကို ဖ်က္ဆီး၊ယူေဆာင္ျခင္းမ်ားျပဳလုပ္ခဲ့သည့္အျပင္ နံမည္ေက်ာာ္သ႐ုပ္ေဆာင္ ထြန္းကိုကို အပါအဝင္ ဝန္ထမ္း ၃၀ ဦးခန႔္အား အလြန္အကြၽံ႐ိုက္ႏွက္ခဲ့သျဖင့္ ဝန္ထမ္းႏွစ္ဦးမွာ စိုးရိမ္ရသည့္အေျခအေန အထိေရာက္ရွိခဲ့သည္။ အာဏာသိမ္းစစ္အုပ္စုသည္ ပရဟိတသမားမ်ား၊ ေစတနာ့ဝန္ထမ္းမ်ား၊ က်န္းမာေရးလုပ္သားမ်ား ပါမက်န္ ဖမ္းဆီး႐ိုက္ႏွက္ေနေသာ လုပ္ရပ္က ၎တို႔အၾကမ္းဖမ္အဖြဲ႕အစည္းျဖစ္သည္ကို ထင္ဟပ္ျပေနသည္။
မတ္လ ၅ ရက္ေန႔တြင္ျပဳလုပ္မည့္ ကမာၻ႔ကုလသမဂၢ၏ လူ႔အခြင့္အေရးေကာင္စီတံခါးပိတ္အစည္းအေဝး၌ လူ႔အခြင့္အေရး ေကာင္စီအေနျဖင့္ သံတမန္နည္းအရ တင္းတင္းမာမာ ၾကားဝင္ေဆာင္႐ြက္ပါရန္ မိမိတို႔မွ တိုက္တြန္းအပ္ပါသည္။ ထိေရာက္ေသာ လုပ္ေဆာင္မႈမ်ိဳးမရွိလွ်င္ အၾကမ္းဖက္ အာဏာသိမ္းစစ္အုပ္စုကို ဆန႔္က်င္ရန္အတြက္ အသက္ခႏၶာ ႏွင့္ လြတ္လပ္ခြင့္မ်ားကို စြန႔္လႊတ္စေတးကာ ဆႏၵထုတ္ေဖာ္လ်က္ရွိေသာ ျပည္သူမ်ားကို လ်စ္လ်ဴရႈ မ်က္ကြယ္ျပဳရာေရာက္ လိမ့္မည္ျဖစ္သည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ လက္ရွိအေျခအေနမ်ားကို ေန႔စဥ္ ေစာင့္ၾကည့္ မွတ္တမ္းတင္သြားမည္ျဖစ္ၿပီး စစ္အာဏာသိမ္းမႈႏွင့္ပတ္သက္၍ ဖမ္းဆီး၊တရားစြဲဆို၊ ျပစ္ဒဏ္ ခ်မွတ္ျခင္းခံထားရသူမ်ား၏ စာရင္းကို ေန႔စဥ္ထုတ္ျပန္သြားမည္ျဖစ္သည္။
အရပ္ဘက္အဖြဲ႕အစည္းမွ ေခါင္းေဆာင္မ်ား၊ အရပ္သားမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ သတင္းသမားမ်ား၊ CDM လႈပ္ရွားေနသည့္ ဝန္ထမ္းမ်ားစသည့္ နယ္ပယ္အသီးသီးမွ မည္သူမဆို ဖမ္းဆီး၊ထိန္းသိမ္း၊ တရားစြဲဆိုျခင္းခံထားရသည္ကို သိရွိပါက ေအာက္ပါလိပ္စာမ်ားသို႔ ဆက္သြယ္၍ အသိေပး၊ အေၾကာင္းၾကား ႏိုင္ပါသည္။
Email : [email protected]
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma

ဖမ္းဆီးခံထားရသူမ်ားစာရင္း ေဒါင္းေလာ့ရယူရန္ Recent Arrest List (Last Updated on 4 March 2021)

ေန႔စဥ္ထုတ္ျပန္ခ်က္အားေဒါင္းေလာ့ရယူရန္4-March-2021 Update (Information)Burmese

အေရးေတာ္ပုံတြင္းက်ဆုံးခဲ့ရသူမ်ားစာရင္းCrackdown and  Fatality updated on 4 Mar 21

ရက်စွဲ မတ်လ ၄ ရက်၊ ၂၀၂၁ ခုနှစ်

အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါ သည်။ မနေ့က အကြမ်းဖက်စစ်အုပ်စု၏ ရက်ရက်စက်စက်ပစ်သတ်ခြင်းခံခဲ့ရသော ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားကြသည့် ဒီမိုကရေစီသူရဲကောင်းများအတွက် ပြည်သူတို့က ဈာပနအခမ်းအနားများ ကို ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။ မန္တလေးမြို့တွင် ကျဆုံးသွားခဲ့သည့် အသက် ၁၉ နှစ်အရွယ် မကြယ်စင်၏ နောက်ဆုံးခရီးကိုလည်း ပြည်သူအများအပြားက လိုက်ပါပို့ဆောင်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင် မတရားအကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူအနည်းဆုံး  (၅၀) ကျော်ရှိပြီဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၄ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၅၀၇) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၆၁) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၀၇) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၁၂၀၀) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ 

ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ () ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ရန်ကုန်မြို့တစ်မြို့အတွင်း၌ပင် ဆန္ဒပြကျောင်းသား လူငယ် စုစုပေါင်း (၂၀) ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့်အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

ယမန်နေ့က ရဲ နှင့် စစ်တပ်မှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို ရက်စက်စွာ ပစ်သတ်၍ဖြိုခွင်းခဲ့ပြီး ဆန္ဒထုတ်ဖော်ပွဲ များကို ရပ်တန့်သွားစေရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းတို့၏ လုပ်ဆောင်မှုသည် အရာမထင်ဘဲ မြန်မာပြည်တစ်ဝှမ်းရှိ ပြည်သူများသည် စစ်အာဏာရှင်ကို တခဲနက် ဆန့်ကျင်တွန်းလှန်ခဲ့သည်။ ထိုကဲ့သို့ ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာတွင် ရန်ကုန်မြို့ ၌ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ စမ်းချောင်း၊ မြောက်ဒဂုံ၊ အင်းစိန်၊ အလုံ၊ တာမွေ စသည့်မြို့နယ်များ၊ ဧရာဝတီတိုင်း၌ ပုသိမ်မြို့၊ နေပြည်တော် ကောင်စီ၌ ပျဉ်းမနားမြို့နယ်၊ ပဲခူးတိုင်း၌ ပြည်မြို့၊ ကချင်ပြည်နယ်တွင် ဖားကန့်မြို့တို့သည် အင်အားသုံး၍ အကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရပြီး ပြည်သူတချို့ဖမ်းဆီးခြင်းခံခဲ့ရကာ တချို့ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ ရဲ နှင့် စစ်တပ်တို့မှ မီးခိုးဗုံး၊ အသံဗုံး၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်တို့ဖြင့် ၎င်းတို့လုပ်နည်းအတိုင်း အင်အားသုံး၍ ဖြိုခွဲခဲ့ကြသည်။ တစ်လကျော်ကြာမြင့်လာသည့်တိုင်အောင် ပြည်သူများသည် အင်တိုက်အားတိုက် ဆန္ဒထုတ်ဖော်လျက်ရှိ ခြင်းက အာဏာသိမ်းစစ်အုပ်စုအတွက် အခက်အခဲ အကျပ်အတည်းဖြစ်စေ သည်။ ပြည်သူလူထုမှ ၎င်းတို့ကို အသိအမှတ် မပြုသလို နိုင်ငံတကာမှလည်း ၎င်းတို့ကို အသိအမှတ် မပြုသည့်အတွက် ၎င်းတို့၏နိုင်ငံရေးနယ်ပယ်သည် တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့ပြီဖြစ်သည်။

ယမန်နေ့က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်၌ ရဲ နှင့် စစ်တပ်တို့မှ ရက်စက်စွာ ပစ်သတ်မှု၊ ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်ပြီးသည်နှင့်တဆက်တည်း ယင်းမြို့နယ်ရှိ ရပ်ကွက်များ အတွင်းသို့ ဂျက်လေယာဉ်များဖြင့် မီးခိုးဗုံးများကြဲချခဲ့သည်။ ယနေ့နံနက်ပိုင်းတွင်လည်း မန္တလေးမြို့ဝေဟင်၌ တိုက်လေယာဉ်များ ပျံဝဲကာ ပြည်သူများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့်အပတ်ကတည်းကပင် စစ်သား များသည် ရန်ကုန် နှင့် မန္တလေးမြို့တို့၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသည့် လူထုကို စနိုက်ပါများ၊ G3 ရိုင်ဖယ်သေနတ်များဖြင့် ပစ်သတ်ရန် ရည်ရွယ်၍ ချိန်ရွယ်ထား ခဲ့ပြီးဖြစ်သည်။ အကြမ်းဖက် စစ်အုပ်စုသည် ဒီမိုကရေစီ နှင့် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် တောင်းဆိုဆန္ဒထုတ်ဖော် မှုများပြုလုပ်ပါက အစုလိုက် သတ်ဖြတ်မှုများအသွင်လုပ်ဆောင်လာမည်ဟု ခြိမ်းခြောက်နေခြင်းဖြစ်သည်။ စစ်အုပ်စုသည် အာဏာသိမ်းမှုအစတွင် နိုင်ငံတွင်း မတည်ငြိမ်မှု၊ မငြိမ်မသက်မှုများဖြစ်လာစေရန် ဖန်တီးလုပ်ဆောင်ခဲ့ပြီး  လူထုမှ ၎င်းတို့ကို ပြန်လည်တုံ့ပြန်လာပါက ပြည်တွင်းရေးသာ ဖြစ်သည်ဆိုသည်ကို နိုင်ငံတကာသို့ချပြရန် ကြိုးပမ်းခဲ့သည်။ ယင်းကဲ့သို့သော လုပ်ဆောင်ခဲ့သော သာဓကများစွာလည်း ရှိခဲ့ပြီးဖြစ်သည်။ ၎င်းတို့ရည်ရွယ်သည့်အတိုင်းဖြစ်မလာသည့် အတွက် အကြမ်းဖက်နည်းလမ်းများကို အသုံးပြုလာခြင်း ဖြစ်သည်။

ယမန်နေ့ ည ၁၁ နာရီခွဲအချိန်ကလည်း စစ်ကား သုံးစီးဖြင့်ရောက်ရှိလာသည့် စစ်သားများသည် ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်တွင် ရှိသည့် နာရေးကူညီမှုအသင်းအား ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ပြီး ရုံးအဆောက်အဦး၊ မော်တော်ယာဉ်များ၊ အလှူခံပုံးများနှင့် စာရင်းစာရွက်စာတမ်းများကို ဖျက်ဆီး၊ယူဆောင်ခြင်းများပြုလုပ်ခဲ့သည့်အပြင် နံမည်ကျောာ်သရုပ်ဆောင် ထွန်းကိုကို အပါအဝင် ဝန်ထမ်း ၃၀ ဦးခန့်အား အလွန်အကျွံရိုက်နှက်ခဲ့သဖြင့် ဝန်ထမ်းနှစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေ အထိရောက်ရှိခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုသည် ပရဟိတသမားများ၊ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးလုပ်သားများ ပါမကျန် ဖမ်းဆီးရိုက်နှက်နေသော လုပ်ရပ်က ၎င်းတို့အကြမ်းဖမ်အဖွဲ့အစည်းဖြစ်သည်ကို ထင်ဟပ်ပြနေသည်။

မတ်လ ၅ ရက်နေ့တွင်ပြုလုပ်မည့် ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီတံခါးပိတ်အစည်းအဝေး၌ လူ့အခွင့်အရေး ကောင်စီအနေဖြင့် သံတမန်နည်းအရ တင်းတင်းမာမာ ကြားဝင်ဆောင်ရွက်ပါရန် မိမိတို့မှ တိုက်တွန်းအပ်ပါသည်။ ထိရောက်သော လုပ်ဆောင်မှုမျိုးမရှိလျှင် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ရန်အတွက် အသက်ခန္ဓာ နှင့် လွတ်လပ်ခွင့်များကို စွန့်လွှတ်စတေးကာ ဆန္ဒထုတ်ဖော်လျက်ရှိသော ပြည်သူများကို လျစ်လျူရှု မျက်ကွယ်ပြုရာရောက် လိမ့်မည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

Email :   [email protected]

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma