စစ္အာဏာသိမ္းၿပီးေနာက္ လတ္တေလာျဖစ္ေပၚလ်က္ရွိေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေန႔စဥ္ထုတ္ျပန္ခ်က္ အက်ဥ္းခ်ဳပ္

သတင္းသမားမ်ားအားဖမ္းဆီးထိန္းသိမ္းမႈအေျခအေန

ရက္စြဲ မတ္လ ၂ ရက္၊ ၂၀၂၁ ခုႏွစ္
ဒီမိုကေရစီေရးႏွင့္ လူ႔အခြင့္အေရးတို႔အတြက္ အသက္ခႏၶာရင္း၍ တိုက္ပြဲဝင္ရင္း က်ဆုံးသြားခဲ့ေသာ သူရဲေကာင္းမ်ားအား မိမိတို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ အေလးအနက္ မွတ္တမ္းတင္ဂုဏ္ျပဳ အပ္ပါသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ မွတ္တမ္းျပဳခ်က္မ်ားအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ မတ္လ ၂ ရက္ေန႔ထိ စုစုေပါင္း ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၁၂၉၄) ဦးထိရွိခဲ့ၿပီ ျဖစ္သည္။ ၎တို႔အနက္မွ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၄) ဦး၊ အမႈဖြင့္ျခင္းခံထားရၿပီး ဖမ္းဝရမ္းထုတ္ျခင္းခံထားရေသာေၾကာင့္ တိမ္းေရွာင္ေနသူ (၆၁) ဦး ႏွင့္ ျပန္လည္ လြတ္ေျမာက္လာသူ (၃၀၆) ဦးရွိခဲ့သည္။ ထို႔ေၾကာင့္ လက္ရွိ အခ်ိန္အထိ (၉၈၈) ဦးမွာ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသည္။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔အခ်ိန္ထိ မတရားအၾကမ္းဖက္ၿဖိဳခြင္းျခင္းခံခဲ့ရ၍ က်ဆုံးသြားခဲ့သူ (၃၀) ဝန္းက်င္ခန႔္ရွိေနၿပီျဖစ္သည္။
ယေန႔အဖမ္းအဆီးစာရင္းတြင္ မိမိတို႔အေနျဖင့္ ယခုအခ်ိန္အထိ ဖမ္းဆီးျခင္းခံရသူ (၁၆) ဦး၏အမည္စာရင္းကိုရရွိခဲ့၍ မွတ္တမ္းျပဳထားပါသည္။ သို႔ေသာ္လည္း ရန္ကုန္ၿမိဳ႕အပါအဝင္ အျခားေဒသအသီးသီး၌ ျပည္သူအေယာက္ ငါးဆယ္ ဝန္းက်င္သည္ ဖမ္းဆီးျခင္းခံခဲ့ရသည္။ မိမိတို႔အေနျဖင့္ ဆက္လက္စုံစမ္းလ်က္ရွိၿပီး ရရွိလာသည့္အခ်က္အလက္မ်ားကို ဆက္လက္ ထုတ္ျပန္ေပးသြားမည္ျဖစ္ပါသည္။
၁၉၆၂ ခုႏွစ္၊ မတ္လ ၂ ရက္ေန႔သည္ ေတာ္လွန္ေရးေကာင္စီမွ စစ္အာဏာသိမ္းယူခဲ့ေသာေန႔ျဖစ္သည္။ ၾကားကာလမ်ားတြင္ လည္း စစ္အစိုးရအဆက္ဆက္အုပ္ခ်ဳပ္လာခဲ့သည္မွာ ၂၀၁၅ ခုႏွစ္ထိတိုင္ျဖစ္သည္။ ႏွစ္ေပါင္း ၅၉ ႏွစ္ ၾကာျမင့္ၿပီးသည့္ ေနာက္တြင္ စစ္တပ္မွ တတိယအႀကိမ္ေျမာက္ အာဏာသိမ္းမႈထပ္မံ၍ ေပၚေပါက္လာခဲ့ၿပီျဖစ္သည္။ စစ္အုပ္စုမွ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ေျမႇာက္ထားေသာ အစိုးရထံမွ ႏိုင္ငံ့အာဏာကို တရားမဝင္ေသာနည္းျဖင့္ မတရား သျဖင့္ ျပန္လည္သိမ္းယူခဲ့သည္။ ထို႔ေၾကာင့္ ယေန႔မ်က္ေမွာက္ကာလတြင္လည္း နယ္ပယ္အသီးသီး၊ အလႊာအသီးသီးမွ ျပည္သူမ်ားသည္ စစ္အာဏာရွင္ကို နည္းလမ္းအမ်ိဳးမ်ိဳး အသုံးျပဳ၍ ဆက္လက္ ဆန႔္က်င္တိုက္ပြဲဝင္ေနၾကရသည္။ အာဏာသိမ္းစစ္အုပ္စုမွလည္း စစ္အစိုးရ အဆက္ဆက္အသုံးျပဳလာခဲ့သည့္ နည္းလမ္းမ်ားအတိုင္း ျပည္သူလူထုကို ရက္စက္စြာျဖင့္ အၾကမ္းဖက္ ၿဖိဳခြင္းမႈမ်ားကို ဆက္တိုက္ဆိုသလိုျပဳလုပ္လာခဲ့သည္။
ေနာက္ပိုင္းတြင္ ယေန႔ျဖစ္စဥ္မ်ားအေပၚ ျပည္သူလူထု ႏွင့္ ႏိုင္ငံတကာသို႔ အခ်ိန္ႏွင့္တေျပးညီ သတင္းယူ၍ တင္ျပလ်က္ရွိ သည့္ သတင္းေထာက္မ်ားႏွင့္ သတင္းမီဒီယာမ်ားကို ပစ္မွတ္ထား၍ ႏွိပ္ကြပ္ျခင္းမ်ား ျပဳလုပ္လာသည္ကို ေတြ႕ရွိရသည္။ ထို႔အျပင္ ““အာဏာသိမ်းအစိုးရ” ဟူသော အသုံးအနှုန်းမျိုးအသုံးမပြုးမျပဳရန္ႏွင့္ ဆက္လက္အသုံးျပဳေနပါက ထုတ်ဝေခွင့်ပိတ် မည်ဟုလည်းး စစ္အုပ္စုက ၿခိမ္းေျခာက္ခဲ့သည္။ ထိုကဲ့သို႔ ႏွိပ္ကြပ္ရာတြင္ ရဲႏွင့္ စစ္သားမ်ားမွ ေသနတ္၊ တုတ္စသည္တို႔ကိုအသုံးျပဳ၍ အုပ္စုဖြဲ႕ ႐ိုက္ႏွက္ ကန္ေၾကာက္၍ လူမဆန္စြာ ဖမ္းဆီးျခင္း၊ အနာတရျဖစ္ေစသည့္ လက္နက္မ်ားကိုအသုံးျပဳ၍ ပစ္ခတ္ဖမ္းဆီးျခင္းစသည့္ အၾကမ္းဖက္ နည္းလမ္းမ်ားကို အသုံးျပဳလ်က္ရွိသည္ကို ေတြ႕ရွိရပါသည္။ မတ္လ ၁ ရက္ေန႔ ည ၁၀ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္တြင္ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ တနသၤာရီတိုင္း ေဒသႀကီး၊ ၿမိတ္ၿမိဳ႕အေျခစိုက္ ဒီမိုကရက္တစ္ျမန္မာ့အသံ (DVB) သတင္းေထာက္ ကိုေကာင္းျမတ္လႈိင္ (ခ) ကိုအောင်ကျော်ကို အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်င္သြားခဲ့သည္။ ထိုကဲ့သို႔ဖမ္းဆီး ရာတြင္ သုံးလႊာရွိ ၎၏အိမ္ကို ခဲမ်ား၊ ေသနတ္မ်ားျဖင့္ တရစပ္ ပစ္ကာ ဖမ္းဆီးေခၚေဆာင္သြားခဲ့ျခင္းျဖစ္သည္။
ယင္းကဲ့သို႔ သတင္းသမားမ်ားကို ရည္႐ြယ္ခ်က္ရွိရွိ ႏွိပ္ကြပ္ျခင္းသည္ သတင္းမွန္စီးဆင္းမႈအား ျဖတ္ေတာက္ျခင္းျဖစ္သည္။ အထူးသျဖင့္ အာဏာသိမ္းစစ္အုပ္စုမွ လက္ရွိေျမျပင္၌ ျဖစ္ပြားလ်က္ရွိသည့္ ၎တို႔၏ အၾကမ္းဖက္လုပ္ရပ္မွန္ကို ဖုံးကြယ္လိုသည့္အတြက္ျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ သတင္းေထာက္မ်ား၌ သိသာထင္ရွားသည့္ အမွတ္တံဆိပ္ရွိပါက အၾကမ္းဖက္ ႐ိုက္ႏွက္၍ ဖမ္းဆီးေခၚေဆာင္ျခင္းခံေနရသည့္အေျခအေနျဖစ္ေပၚေနသည္။ ႏိုင္ငံတကာ၌ ဆႏၵထုတ္ေဖာ္ပြဲ မ်ားတြင္ သတင္းသမားမ်ားကို ဖမ္းဆီးျခင္းမရွိေသာ္လည္း ျမန္မာႏိုင္ငံတြင္မူ သတင္းသမားမ်ားသည္ အခ်ိန္မေ႐ြးဖမ္းဆီး ခံရႏိုင္ေသာအေျခအေနကိုရင္ဆိုင္ေနၾကရသည္။ ျမန္မာႏိုင္ငံ၏ သတင္းမီဒီယာဥပေဒ ပုဒ္မ ၇(က) ႏွင့္ (ခ) တို႔တြင္ “သတင္းသမားတစ္ဦး သည္ သတင္းရယူစဥ္တြင္ လုံၿခဳံေရးဆိုင္ရာ အဖြဲ႕အစည္း တစ္ရပ္ရပ္၏ဖမ္းဆီး ထိန္းသိမ္းျခင္း၊ သတင္းမွတ္တမ္း စသည့္ သတင္းရယူျခင္းႏွင့္ သက္ဆိုင္ေသာ ကိရိယာမ်ားကိုသိမ္းယူ ခံရျခင္းႏွင့္ ဖ်က္ဆီးခံရျခင္းတို႔မွ ကင္းလြတ္ေစရမည္၊ လုံၿခဳံေရးဆိုင္ရာ အဖြဲ႕အစည္းမ်ားရွိကယင္းတို႔၏ ကာကြယ္ေစာင့္ေရွာက္မႈကို ေတာင္းခံခြင့္ ရွိေစရမည္” ဟု ေဖာ္ျပထားသည္။ လက္ရွိအခ်ိန္တြင္ ဖမ္းဆီး၊ တရားစြဲဆိုျခင္းခံထားရသည့္ သတင္းသမား (၃၄) ဦးအထိ ရွိၿပီး ၎တို႔အနက္မွ (၁၅) ဦးသာ ျပန္လည္ လြတ္ေျမာက္လာခဲ့သည္။ ထိုကဲ့သို႔သတင္းသမားမ်ားကို ဖမ္းဆီး၊တရားစြဲဆို ထားျခင္းကို အျပင္းအထန္ရႈတ္ခ်ပါ သည္။ ၎တို႔ကို ခြၽင္းခ်က္မရွိ ခ်က္ခ်င္းျပန္လည္လႊတ္ေပးရန္ႏွင့္ ျပည္သူလူထုထံ မွန္ကန္တိက်ေသာ သတင္းအခ်က္အလက္မ်ား ဆက္လက္ေပးပို႔ႏိုင္ေစရန္မွာ ႏိုင္ငံတကာအသိုက္အဝန္းအေနျဖင့္ ထည့္သြင္းဖိအားေပးရန္ လိုအပ္သည္။
ယေန႔နံနက္ပိုင္းကတည္းက ေဒသအသီးသီးမွ ျပည္သူမ်ားသည္ စစ္အာဏာရွင္ကို ဆန႔္က်င္၍ ဆႏၵထုတ္ေဖာ္မႈမ်ားကို ဆက္လက္ ျပဳလုပ္လ်က္ရွိသည္။ စစ္အုပ္စုမွ အင္အားသုံး၍ တားဆီး ပိတ္ဆို႔ျခင္း၊ မီးခိုးဗုံး၊ အသံဗုံးမ်ား၊ ေရကားတို႔ျဖင့္ ၿဖိဳခြင္းခဲ့သည္သာမက ရာဘာက်ည္၊ က်ည္အစစ္ တို႔ျဖင့္ ပစ္ခတ္မႈမ်ားကို ျပဳလုပ္ခဲ့သည္။ အထူးသျဖင့္ စစ္ကိုင္းတိုင္း ေဒသႀကီး၊ က‌ေလးၿမိဳ႕၌ ရဲ ႏွင့္ စစ္တပ္တို႔မွ က်ည္အစစ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းေၾကာင့္ အရပ္သား (၇) ဦးသည္ က်ည္ထိ ဒဏ္ရာရရွိခဲ့ၿပီး ၎တို႔ အနက္မွ (၃) ဦးသည္ စိုးရိမ္ရသည့္အေျခအေနတြင္ရွိကာ (၁၃) ဦးသည္ ထိခိုက္ဒဏ္ရာရရွိခဲ့သည္။ ထို႔ျပင္ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ ရန္ကုန္ၿမိဳ႕ရွိ လႈိင္ၿမိဳ႕နယ္၊ အင္းစိန္ၿမိဳ႕နယ္၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ တာေမြ ႏွင့္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တို႔၌လည္း အလားတူၿဖိဳခြင္းမႈမ်ားျပဳလုပ္ခဲ့ၿပီး ရာဘာက်ည္ျဖင့္ပါပစ္ခတ္ခဲ့သည္။ ထို႔ေၾကာင့္ အရပ္သားျပည္သူ (၁၀) ဦးေက်ာ္ ဒဏ္ရာရရွိခဲ့ၿပီး (၁၃) ဦးခန႔္သည္ ဖမ္းဆီး ေခၚေဆာင္ျခင္းခံခဲ့ရသည္။ စမ္းေခ်ာင္းၿမိဳ႕နယ္၌ စစ္သားမ်ားသည္ ေနရာအကြယ္မ်ား၌ ေနရာယူ၍ ဆႏၵထုတ္ေဖာ္ လ်က္ရွိေသာ ျပည္သူမ်ားကို G3 ႐ိုင္ဖယ္ေသနတ္မ်ားျဖင့္ခ်ိန္႐ြယ္ထားသည္ကို ေတြ႕ရွိရသည္။ ၿဖိဳခြင္းမႈမ်ား၌ေတြ႕ရွိရ သည္မွာ ရဲ ႏွင့္ စစ္သားမ်ားက ျပည္သူမ်ားကို အလြန္အမင္း ရန္လိုသည့္ အျပဳအမူမ်ားကို ျပဳမူကာ အင္အားသုံး၍ အၿငိဳးႀကီးစြာျဖင့္ ႐ိုက္ႏွက္ကန္ေၾကာက္ ႏွိပ္စက္သည္ကို ေတြ႕ရွိရသည္။ ဆႏၵထုတ္ေဖာ္ေသာေနရာမ်ားကိုလည္း အၾကမ္းဖက္ႏွိမ္ႏွင္းသည့္ စစ္ဆင္ေရးမ်ားကဲ့သို႔ ဖန္တီးထားသည္ကို ေတြ႕ရွိရသည္။ ၎တို႔မွ အခ်ိန္မေ႐ြးပစ္ခတ္ႏိုင္ေသာ ေၾကာင့္ ျပည္သူမ်ား၏ အသက္အႏၲရာယ္ ႏွင့္ လုံၿခဳံေရးမွာ ေန႔စဥ္ႏွင့္အမွ် စိုးရိမ္ရသည့္အေျခအေနျဖစ္သည္။ အာဏာသိမ္း စစ္အုပ္စုသည္ ၎တို႔က်ဴးလြန္ခဲ့ေသာ မ်ားစြာေသာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားအတြက္ တာဝန္ခံရမည္ျဖစ္သည္။ ထို႔ျပင္ ႏိုင္ငံတကာအသိုင္းအဝိုင္းမွ အာဏာသိမ္းစစ္အုပ္စုကို ထိေရာက္ေသာ အေရးယူေဆာင္႐ြက္မႈမ်ားကို အျမန္ဆုံး လုပ္ေဆာင္ရမည္ျဖစ္သည္။ ထိုကဲ့သို႔မလုပ္ေဆာင္ႏိုင္ေသးသေ႐ြ႕ ျပည္သူမ်ား၏ အသက္အိုးအိမ္မ်ားကို ထိပါးေနဦးမည္ ျဖစ္သည္။
၎ျပင္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) တြင္ ပါဝင္သည့္ ဝန္ထမ္းမ်ားကိုလည္း ပစ္မွတ္ထား၍ ၿခိမ္းေျခာက္ျခင္း၊ အၾကမ္းဖက္ဖမ္းဆီးျခင္းတို႔ကို အာဏာသိမ္းစစ္အုပ္စုမွ လုပ္ေဆာင္လာသည္ကို ေတြ႕ရွိရသည္။ မတ္လ ၁ ရက္ေန႔၌ CDM ၌ပါဝင္သည့္ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးမွ ဝန္ထမ္း ၁၂ ဦးသည္ ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္ျခင္းခံခဲ့ရသည္။ ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ လႈိင္နယ္ေျမ၌ တကၠသိုလ္ေပါင္းစုံ ဆရာ၊ဆရာမမ်ားသပိတ္စစ္ေၾကာင္းျပဳလုပ္မည့္ စုရပ္၌ ရန္ကုန္တကၠသိုလ္၊ အေရွ႕တိုင္းပညာဌာနမွ ဆရာ ေဒါက္တာ အာကာမိုးသူကို အိမ္ကား ႏွစ္စီးေပၚမွ အရပ္ဝတ္မ်ား ဆင္းလာၿပီး ေသနတ္ေထာက္ဖမ္းဆီးခဲ့သည္။ ထို႔ေနာက္ ရဲကားမ်ားေရာက္ရွိလာကာ သပိတ္စစ္ေၾကာင္းကို စုရပ္၌တင္ ၿဖိဳခြင္းခဲ့သည္။
အုပ္ခ်ဳပ္ေရးယႏၲရားကို ရပ္တန႔္သြားေစမည့္ ျပည္သူ႔ဝန္ထမ္းမ်ား အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) တြင္ ပါဝင္လာျခင္းက အာဏာသိမ္းစစ္အုပ္စုအေပၚ ျပင္းထန္သည့္ထိုးႏွက္ခ်က္ျဖစ္သည္။ ထို႔ေၾကာင့္ စစ္အုပ္စုမွ CDM တြင္ပါဝင္သည့္ ဝန္ထမ္းမ်ားကိုသာမက ၎တို႔ကိုပံ့ပိုးကူညီေပးသည့္ ျပည္သူမ်ားကို ဖမ္းဆီးျခင္း၊ ဝရမ္းမပါဘဲ အိမ္အတြင္း ထိတိုင္ေအာင္ ဝင္ေရာက္၍ အၾကမ္းဖက္ဖမ္းဆီးျခင္း၊ ဖမ္းဝရမ္းမ်ားထုတ္ျခင္း၊ ပုဒ္မမ်ိဳးစုံတပ္ကာ တရားစြဲဆိုျခင္းမ်ားကို ဆက္တိုက္ျပဳလုပ္လာျခင္းျဖစ္သည္။ ထို႔ျပင္ အရပ္ဝတ္ျဖင့္ဖမ္းဆီးျခင္းသည္ ဥပေဒမဲ့လုပ္ရပ္ျဖစ္ေသာ္လည္း ၎တို႔မွ ေျပာင္တင္းစြာ ခ်ိဳးေဖာက္လ်က္ရွိၾကသည္။ စစ္အုပ္စုမွ ဥပေဒႏွင့္အညီဟု အေၾကာင္းျပ၍ ဥပေဒမ်ားကို ၎တို႔ စိတ္ႀကိဳက္ထင္သလို ျပဳျပင္ေျပာင္းလဲကာ ျပည္သူလူထုအေပၚ ဖိစီးႏွိပ္စက္ျခင္း၊ ၿငိမ္းခ်မ္းစြာဆႏၵျပမႈမ်ားအေပၚ မတန္တဆအင္အားသုံး၍ အၾကမ္းဖက္ၿဖိဳခြင္းျခင္း၊ အသက္ေသေလာက္သည္အထိ က်ည္အစစ္မ်ားအသုံးျပဳ၍ ပစ္ခတ္ခ ျခင္း၊ စႏိုက္ပါျဖင့္ေခ်ာင္းေျမာင္းလုပ္ႀကံျခင္းမ်ားကို ေျပာင္က်က်က်ဴးလြန္လ်က္ရွိၿပီး ထိုကဲ့သို႔ေသာ လုပ္ေဆာင္ခ်က္မ်ား မွာ လူသားမ်ိဳးႏြယ္တစ္ခုလုံးအေပၚ အျပင္းထန္ဆုံးရာဇဝတ္မႈမ်ား က်ဴးလြန္ျခင္းျဖစ္ေၾကာင္း မိမိတို႔မွ သုံးသပ္ပါသည္။ မိမိတို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) အေနျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ(CRPH) က ဖြဲ႕စည္းလိုက္သည့္ အစိုးရအဖြဲ႕ကို အျပည့္ အဝ ေထာက္ခံအပ္ပါသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ လက္ရွိအေျခအေနမ်ားကို ေန႔စဥ္ ေစာင့္ၾကည့္ မွတ္တမ္းတင္သြားမည္ျဖစ္ၿပီး စစ္အာဏာသိမ္းမႈႏွင့္ပတ္သက္၍ ဖမ္းဆီး၊တရားစြဲဆို၊ ျပစ္ဒဏ္ ခ်မွတ္ျခင္းခံထားရသူမ်ား၏ စာရင္းကို ေန႔စဥ္ထုတ္ျပန္သြားမည္ျဖစ္သည္။
အရပ္ဘက္အဖြဲ႕အစည္းမွ ေခါင္းေဆာင္မ်ား၊ အရပ္သားမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ သတင္းသမားမ်ား၊ CDM လႈပ္ရွားေနသည့္ ဝန္ထမ္းမ်ားစသည့္ နယ္ပယ္အသီးသီးမွ မည္သူမဆို ဖမ္းဆီး၊ထိန္းသိမ္း၊ တရားစြဲဆိုျခင္းခံထားရသည္ကို သိရွိပါက ေအာက္ပါလိပ္စာမ်ားသို႔ ဆက္သြယ္၍ အသိေပး၊ အေၾကာင္းၾကား ႏိုင္ပါသည္။
Email : [email protected]
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)

ေန႔စဥ္ထုတ္ျပန္ခ်က္ေဒါင္းေလာ့ရယူရန္ 2-March-2021 Update (Information)

မတရားဖမ္းဆီးခံထားရသူမ်ားစာရင္း Recent Arrests List (Last Updated on 2 March 21) – 1 (1)

ရက်စွဲ မတ်လ ၂ ရက်၊ ၂၀၂၁ ခုနှစ်

ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၂ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၂၉၄) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၆၁) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၀၆) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၉၈၈) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။  ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ မတရားအကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ (၃၀) ဝန်းကျင်ခန့်ရှိနေပြီဖြစ်သည်။

ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၁၆) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ရန်ကုန်မြို့အပါအဝင် အခြားဒေသအသီးသီး၌ ပြည်သူအယောက် ငါးဆယ် ဝန်းကျင်သည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့်အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့သည် တော်လှန်ရေးကောင်စီမှ စစ်အာဏာသိမ်းယူခဲ့သောနေ့ဖြစ်သည်။ ကြားကာလများတွင် လည်း စစ်အစိုးရအဆက်ဆက်အုပ်ချုပ်လာခဲ့သည်မှာ ၂၀၁၅ ခုနှစ်ထိတိုင်ဖြစ်သည်။ နှစ်ပေါင်း ၅၉ နှစ် ကြာမြင့်ပြီးသည့် နောက်တွင် စစ်တပ်မှ တတိယအကြိမ်မြောက် အာဏာသိမ်းမှုထပ်မံ၍ ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ စစ်အုပ်စုမှ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရထံမှ နိုင်ငံ့အာဏာကို တရားမဝင်သောနည်းဖြင့် မတရား သဖြင့် ပြန်လည်သိမ်းယူခဲ့သည်။ ထို့ကြောင့် ယနေ့မျက်မှောက်ကာလတွင်လည်း နယ်ပယ်အသီးသီး၊ အလွှာအသီးသီးမှ ပြည်သူများသည် စစ်အာဏာရှင်ကို နည်းလမ်းအမျိုးမျိုး အသုံးပြု၍ ဆက်လက် ဆန့်ကျင်တိုက်ပွဲဝင်နေကြရသည်။ အာဏာသိမ်းစစ်အုပ်စုမှလည်း စစ်အစိုးရ အဆက်ဆက်အသုံးပြုလာခဲ့သည့် နည်းလမ်းများအတိုင်း ပြည်သူလူထုကို ရက်စက်စွာဖြင့် အကြမ်းဖက် ဖြိုခွင်းမှုများကို ဆက်တိုက်ဆိုသလိုပြုလုပ်လာခဲ့သည်။

နောက်ပိုင်းတွင် ယနေ့ဖြစ်စဉ်များအပေါ်  ပြည်သူလူထု နှင့် နိုင်ငံတကာသို့ အချိန်နှင့်တပြေးညီ သတင်းယူ၍ တင်ပြလျက်ရှိ သည့် သတင်းထောက်များနှင့် သတင်းမီဒီယာများကို ပစ်မှတ်ထား၍ နှိပ်ကွပ်ခြင်းများ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။ ထို့အပြင် “အာဏာသိမ်းအစိုးရ” ဟူသော အသုံးအနှုန်းမျိုးအသုံးမပြုရန်နှင့် ဆက်လက်အသုံးပြုနေပါက ထုတ်ဝေခွင့်ပိတ် မည်ဟုလည်း စစ်အုပ်စုက ခြိမ်းခြောက်ခဲ့သည်။ ထိုကဲ့သို့ နှိပ်ကွပ်ရာတွင် ရဲနှင့် စစ်သားများမှ သေနတ်၊ တုတ်စသည်တို့ကိုအသုံးပြု၍ အုပ်စုဖွဲ့ ရိုက်နှက် ကန်ကြောက်၍ လူမဆန်စွာ ဖမ်းဆီးခြင်း၊ အနာတရဖြစ်စေသည့် လက်နက်များကိုအသုံးပြု၍ ပစ်ခတ်ဖမ်းဆီးခြင်းစသည့် အကြမ်းဖက် နည်းလမ်းများကို အသုံးပြုလျက်ရှိသည်ကို တွေ့ရှိရပါသည်။ မတ်လ ၁ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့အခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းထောက် ကိုကောင်းမြတ်လှိုင် (ခ) ကိုအောင်ကျော်ကို အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုကဲ့သို့ဖမ်းဆီး ရာတွင် သုံးလွှာရှိ ၎င်း၏အိမ်ကို ခဲများ၊ သေနတ်များဖြင့် တရစပ် ပစ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ သတင်းသမားများကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ခြင်းသည် သတင်းမှန်စီးဆင်းမှုအား ဖြတ်တောက်ခြင်းဖြစ်သည်။ အထူးသဖြင့် အာဏာသိမ်းစစ်အုပ်စုမှ လက်ရှိမြေပြင်၌ ဖြစ်ပွားလျက်ရှိသည့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်မှန်ကို ဖုံးကွယ်လိုသည့်အတွက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သတင်းထောက်များ၌ သိသာထင်ရှားသည့် အမှတ်တံဆိပ်ရှိပါက အကြမ်းဖက် ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်ခြင်းခံနေရသည့်အခြေအနေဖြစ်ပေါ်နေသည်။ နိုင်ငံတကာ၌ ဆန္ဒထုတ်ဖော်ပွဲ များတွင် သတင်းသမားများကို ဖမ်းဆီးခြင်းမရှိသော်လည်း မြန်မာနိုင်ငံတွင်မူ သတင်းသမားများသည် အချိန်မရွေးဖမ်းဆီး ခံရနိုင်သောအခြေအနေကိုရင်ဆိုင်နေကြရသည်။ မြန်မာနိုင်ငံ၏ သတင်းမီဒီယာဥပဒေ ပုဒ်မ ၇(က) နှင့် (ခ) တို့တွင် “သတင်းသမားတစ်ဦး သည် သတင်းရယူစဉ်တွင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ရပ်၏ဖမ်းဆီး ထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်း စသည့် သတင်းရယူခြင်းနှင့် သက်ဆိုင်သော ကိရိယာများကိုသိမ်းယူ ခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ်စေရမည်၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများရှိကယင်းတို့၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့် ရှိစေရမည်” ဟု ဖော်ပြထားသည်။ လက်ရှိအချိန်တွင် ဖမ်းဆီး၊ တရားစွဲဆိုခြင်းခံထားရသည့် သတင်းသမား (၃၄) ဦးအထိ ရှိပြီး ၎င်းတို့အနက်မှ (၁၅) ဦးသာ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုကဲ့သို့သတင်းသမားများကို ဖမ်းဆီး၊တရားစွဲဆို ထားခြင်းကို အပြင်းအထန်ရှုတ်ချပါ သည်။ ၎င်းတို့ကို ချွင်းချက်မရှိ ချက်ချင်းပြန်လည်လွှတ်ပေးရန်နှင့် ပြည်သူလူထုထံ မှန်ကန်တိကျသော သတင်းအချက်အလက်များ ဆက်လက်ပေးပို့နိုင်စေရန်မှာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထည့်သွင်းဖိအားပေးရန် လိုအပ်သည်။

ယနေ့နံနက်ပိုင်းကတည်းက ဒေသအသီးသီးမှ ပြည်သူများသည် စစ်အာဏာရှင်ကို ဆန့်ကျင်၍ ဆန္ဒထုတ်ဖော်မှုများကို ဆက်လက် ပြုလုပ်လျက်ရှိသည်။ စစ်အုပ်စုမှ အင်အားသုံး၍ တားဆီး ပိတ်ဆို့ခြင်း၊ မီးခိုးဗုံး၊ အသံဗုံးများ၊ ရေကားတို့ဖြင့် ဖြိုခွင်းခဲ့သည်သာမက ရာဘာကျည်၊ ကျည်အစစ် တို့ဖြင့် ပစ်ခတ်မှုများကို ပြုလုပ်ခဲ့သည်။ အထူးသဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ က‌လေးမြို့၌ ရဲ နှင့် စစ်တပ်တို့မှ ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား (၇) ဦးသည် ကျည်ထိ               ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ အနက်မှ (၃) ဦးသည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိကာ (၁၃) ဦးသည် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရန်ကုန်မြို့ရှိ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ တာမွေ နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့၌လည်း အလားတူဖြိုခွင်းမှုများပြုလုပ်ခဲ့ပြီး ရာဘာကျည်ဖြင့်ပါပစ်ခတ်ခဲ့သည်။  ထို့ကြောင့် အရပ်သားပြည်သူ (၁၀) ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး (၁၃) ဦးခန့်သည် ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ စမ်းချောင်းမြို့နယ်၌ စစ်သားများသည် နေရာအကွယ်များ၌ နေရာယူ၍ ဆန္ဒထုတ်ဖော် လျက်ရှိသော ပြည်သူများကို  G3 ရိုင်ဖယ်သေနတ်များဖြင့်ချိန်ရွယ်ထားသည်ကို တွေ့ရှိရသည်။ ဖြိုခွင်းမှုများ၌တွေ့ရှိရ သည်မှာ ရဲ နှင့် စစ်သားများက ပြည်သူများကို အလွန်အမင်း ရန်လိုသည့် အပြုအမူများကို ပြုမူကာ အင်အားသုံး၍ အငြိုးကြီးစွာဖြင့် ရိုက်နှက်ကန်ကြောက် နှိပ်စက်သည်ကို  တွေ့ရှိရသည်။ ဆန္ဒထုတ်ဖော်သောနေရာများကိုလည်း အကြမ်းဖက်နှိမ်နှင်းသည့် စစ်ဆင်ရေးများကဲ့သို့ ဖန်တီးထားသည်ကို တွေ့ရှိရသည်။ ၎င်းတို့မှ အချိန်မရွေးပစ်ခတ်နိုင်သော ကြောင့် ပြည်သူများ၏ အသက်အန္တရာယ် နှင့် လုံခြုံရေးမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ရသည့်အခြေအနေဖြစ်သည်။ အာဏာသိမ်း စစ်အုပ်စုသည် ၎င်းတို့ကျူးလွန်ခဲ့သော များစွာသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံရမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်းမှ အာဏာသိမ်းစစ်အုပ်စုကို ထိရောက်သော အရေးယူဆောင်ရွက်မှုများကို အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုကဲ့သို့မလုပ်ဆောင်နိုင်သေးသရွေ့  ပြည်သူများ၏ အသက်အိုးအိမ်များကို ထိပါးနေဦးမည် ဖြစ်သည်။

၎င်းပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများကိုလည်း ပစ်မှတ်ထား၍ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ဖမ်းဆီးခြင်းတို့ကို အာဏာသိမ်းစစ်အုပ်စုမှ လုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။ မတ်လ ၁ ရက်နေ့၌ CDM ၌ပါဝင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ  ဝန်ထမ်း ၁၂ ဦးသည် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လှိုင်နယ်မြေ၌ တက္ကသိုလ်ပေါင်းစုံ ဆရာ၊ဆရာမများသပိတ်စစ်ကြောင်းပြုလုပ်မည့် စုရပ်၌ ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနမှ ဆရာ ဒေါက်တာ အာကာမိုးသူကို အိမ်ကား နှစ်စီးပေါ်မှ အရပ်ဝတ်များ ဆင်းလာပြီး သေနတ်ထောက်ဖမ်းဆီးခဲ့သည်။ ထို့နောက် ရဲကားများရောက်ရှိလာကာ သပိတ်စစ်ကြောင်းကို စုရပ်၌တင် ဖြိုခွင်းခဲ့သည်။

အုပ်ချုပ်ရေးယန္တရားကို ရပ်တန့်သွားစေမည့် ပြည်သူ့ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာခြင်းက အာဏာသိမ်းစစ်အုပ်စုအပေါ်  ပြင်းထန်သည့်ထိုးနှက်ချက်ဖြစ်သည်။ ထို့ကြောင့် စစ်အုပ်စုမှ CDM တွင်ပါဝင်သည့် ဝန်ထမ်းများကိုသာမက ၎င်းတို့ကိုပံ့ပိုးကူညီပေးသည့် ပြည်သူများကို ဖမ်းဆီးခြင်း၊ ဝရမ်းမပါဘဲ အိမ်အတွင်း ထိတိုင်အောင် ဝင်ရောက်၍ အကြမ်းဖက်ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်းများထုတ်ခြင်း၊ ပုဒ်မမျိုးစုံတပ်ကာ တရားစွဲဆိုခြင်းများကို ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။ ထို့ပြင် အရပ်ဝတ်ဖြင့်ဖမ်းဆီးခြင်းသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်သော်လည်း ၎င်းတို့မှ ပြောင်တင်းစွာ ချိုးဖောက်လျက်ရှိကြသည်။ စစ်အုပ်စုမှ ဥပဒေနှင့်အညီဟု အကြောင်းပြ၍ ဥပဒေများကို ၎င်းတို့ စိတ်ကြိုက်ထင်သလို ပြုပြင်ပြောင်းလဲကာ ပြည်သူလူထုအပေါ် ဖိစီးနှိပ်စက်ခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများအပေါ် မတန်တဆအင်အားသုံး၍ အကြမ်းဖက်ဖြိုခွင်းခြင်း၊ အသက်သေလောက်သည်အထိ ကျည်အစစ်များအသုံးပြု၍ ပစ်ခတ်ခ ခြင်း၊ စနိုက်ပါဖြင့်ချောင်းမြောင်းလုပ်ကြံခြင်းများကို ပြောင်ကျကျကျူးလွန်လျက်ရှိပြီး ထိုကဲ့သို့သော လုပ်ဆောင်ချက်များ မှာ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် အပြင်းထန်ဆုံးရာဇဝတ်မှုများ ကျူးလွန်ခြင်းဖြစ်ကြောင်း မိမိတို့မှ သုံးသပ်ပါသည်။ မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) က ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့ကို အပြည့် အဝ ထောက်ခံအပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

Email :   [email protected]

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)