အာဏာသိမ္းၿပီးေနာက္ လတ္တေလာျဖစ္ေပၚလ်က္ရွိေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေန႔စဥ္ထုတ္ျပန္ခ်က္ အက်ဥ္းခ်ဳပ္

ရန္ကုန္ၿမိဳ႕ႏွင့္အနယ္နယ္အရပ္ရပ္တို႔္တြင္ ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ေနသည့္ ျပည္သူမ်ားအား အၾကမ္းဖက္ၿဖိဳခြဲေနသည့္ျမင္ကြင္းမ်ား၊ ရဲတပ္ဖြဲ႕၏ရပ္ကြက္မ်ားအတြင္းလွည့္လည္ပစ္ခတ္မႈေၾကာင့္ခေလးငယ္မ်ားပါ ထိခိုက္ခံရသည့္ျမင္ကြင္း

ရက္စြဲ မတ္လ ၁ ရက္၊ ၂၀၂၁ ခုႏွစ္
ဒီမိုကေရစီေရးႏွင့္ လူ႔အခြင့္အေရးတို႔အတြက္ အသက္ခႏၶာရင္း၍ တိုက္ပြဲဝင္ရင္း က်ဆုံးသြားခဲ့ေသာ သူရဲေကာင္းမ်ားအား မိမိတို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ အေလးအနက္ မွတ္တမ္းတင္ဂုဏ္ျပဳ အပ္ပါသည္။
ယေန႔အဖမ္းအဆီးစာရင္းတြင္ မိမိတို႔အေနျဖင့္ ယခုအခ်ိန္အထိ ဖမ္းဆီးျခင္းခံရသူ (၁၈) ဦး၏အမည္စာရင္းကိုရရွိခဲ့၍ မွတ္တမ္းျပဳထားပါသည္။ သို႔ေသာ္လည္း ရန္ကုန္ၿမိဳ႕အပါအဝင္ အျခားေဒသအသီးသီး၌ ျပည္သူအေယာက္ တစ္ရာဝန္းက်င္ သည္ ဖမ္းဆီးျခင္းခံခဲ့ရသည္။ မိမိတို႔အေနျဖင့္ ဆက္လက္စုံစမ္းလ်က္ရွိၿပီး ရရွိလာသည့္အခ်က္အလက္မ်ားကို ဆက္လက္ ထုတ္ျပန္ေပးသြားမည္ျဖစ္ပါသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ မွတ္တမ္းျပဳခ်က္မ်ားအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ မတ္လ ၁ ရက္ေန႔ထိ စုစုေပါင္း ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၁၂၁၃) ဦးထိရွိခဲ့ၿပီ ျဖစ္သည္။ ၎တို႔အနက္မွ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၄) ဦး၊ အမႈဖြင့္ျခင္းခံထားရၿပီး ဖမ္းဝရမ္းထုတ္ျခင္းခံထားရေသာေၾကာင့္ တိမ္းေရွာင္ေနသူ (၆၁) ဦး ႏွင့္ ျပန္လည္ လြတ္ေျမာက္လာသူ (၃၀၀) ဦးရွိခဲ့သည္။ ထို႔ေၾကာင့္ လက္ရွိ အခ်ိန္အထိ (၉၁၃) ဦးမွာ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသည္။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔အခ်ိန္ထိ မတရားအၾကမ္းဖက္ၿဖိဳခြင္းျခင္းခံခဲ့ရ၍ က်ဆုံးသြားခဲ့သူ (၃၀) ဝန္းက်င္ခန႔္ရွိေနၿပီျဖစ္သည္။
ယေန႔တြင္ ရန္ကုန္ရွိၿငိမ္းခ်မ္းစြာဆႏၵျပသူမ်ားႏွင့္ သတင္းေထာက္မ်ားကို အာဏာသိမ္းစစ္တပ္မွ ေရာ္ဘာက်ည္ဆံမ်ား၊ မ်က္ရည္ယိုဗုံးမ်ားအသုံးျပဳကာ အၾကမ္းဖက္ၿဖိဳခြင္းခဲ့သည္။ ရန္ကုန္ၿမိဳ႕လယ္ရွိ အဓိကလမ္းမမ်ားျဖစ္ေသာ အေနာ္ရထာ လမ္းႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းတို႔ကို လုံၿခဳံေရးတပ္ဖြဲ႕မ်ားက ပိတ္ဆို႔ထားခဲ့သည္။ လႈိင္ဘူတာ႐ုံလမ္းအနီး အင္းစိန္လမ္း မႀကီးေပၚတြင္ ဆႏၵျပမႈကို ေလးႀကိမ္တိုင္တိုင္ မ်က္ရည္ယိုဗုံးမ်ား၊ အသံဗုံးမ်ား၊ ရာဘာက်ည္မ်ားျဖင့္ပစ္ခတ္ အသုံးျပဳကာ ၿဖိဳခြင္းခဲ့သည္။ ဆႏၵျပ သူတစ္ဦး ထိန္းသိမ္းခံရၿပီး အျခားဆႏၵျပသူမ်ားကိုလည္း အိမ္မ်ားႏွင့္ လက္ဖက္ရည္ဆိုင္မ်ားသို႔ ၀င္ေရာက္ဖမ္းဆီးရန္ ႀကိဳးစားခဲ့သည္။ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ကြၽန္းေတာလမ္းႏွင့္ ပဒုမၼာလမ္းတြင္ ဆႏၵျပသူမ်ားကို အၾကမ္းဖက္ၿဖိဳခြင္းခဲ့ၿပီး ဆႏၵျပသူအနည္းဆုံး ၂၀ ဦးခန႔္အဖမ္းခံခဲ့ရသည္။ ဝန္ထမ္းမ်ား လုပ္ငန္းခြင္မဝင္သည့္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ လုပ္ထားသည့္ ေတာင္ငူေဆး႐ုံ ျပန္ဖြင့္ရန္ျပင္ဆင္ေနသည္ဆိုသည့္အတြက္ ၿမိဳ႕ခံလူထုက ဝိုင္းဝန္းတားျမစ္ပိတ္ဆို႔ရန္ ျပင္ဆင္ေနစဥ္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အၾကမ္းဖက္ႏွိမ္နင္းခဲ့သည္။ မုံ႐ြာၿမိဳ႕တြင္ ဆႏၵျပေနရာသို႔ လုံၿခဳံေရး တပ္ဖြဲ႕ဝင္အင္အား ၅၀ ခန႔္သည္ ရဲကားတစ္စီး၊ စစ္ကားတစ္စီး၊ ေရကားတစ္စီးတို႔ျဖင့္ေရာက္လာၿပီး ဆႏၵျပသူမ်ားအား ၿဖိဳခြင္းျခင္းႏွင့္ အိမ္မ်ားကို လက္နက္ မ်ားျဖင့္ပစ္ခတ္ခဲ့သည္။ ထို႔အျပင္ မတ္လ ၁ ရက္ေန႔မနက္ပိုင္းက မေကြးၿမိဳ႕ ၿမိဳ႕ေဟာင္းရပ္ကြက္မွာ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပရန္ လူစုသည့္အခ်ိန္တြင္ ရဲတပ္ဖြဲ႕ က လိုက္လံဖမ္းဆီး၍ အင္အားသုံးၿဖိဳခြင္းခဲ့သည္။
မုံ႐ြာၿမိဳ႕တြင္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားသည္ ပိုက္ဆံ၊ ဆန္၊ အစားအစာႏွင့္ မုန္႔မ်ားကိုလည္းလုယူခဲ့ၾကၿပီး လက္ဖက္ရည္ဆိုင္ တစ္ဆိုင္တြင္ အရပ္သားမ်ားအား ႐ိုက္ႏွက္ခဲ့သည္။ ထို႔အျပင္ ၿမိတ္လုံၿခဳံေရးတပ္ဖြဲ႕မ်ားသည္ ေဒသခံေနအိမ္မ်ားကို ၀င္ေရာက္စီးနင္းၿပီး အၾကမ္းဖက္မႈမ်ားျပဳလုပ္ခဲ့ၿပီး ပိုက္ဆံမ်ားကိုလုယူသြားခဲ့သည္။ သာစည္ေဈးတြင္ လုံၿခဳံေရးတပ္ဖြဲ႕မ်ား သည္ အရပ္သားမ်ားကို ေလးခြမ်ား ေသနတ္မ်ားျဖင့္ပစ္ခတ္မႈမ်ားျပဳလုပ္ခဲ့ၿပီ ေဈးသယ္မ်ား၏ လိေမၼာ္သီးမ်ားကို လုယက္ခဲ့သည္။
ျပည္သူလူထုအၾကားေၾကာက္႐ြံ႕မႈျဖစ္ေပၚေစရန္ စစ္တပ္ကလိုလားေတာင့္တေနၿပီး၊ ရခိုင္၊ ကခ်င္၊ ရွမ္းႏွင့္ ကရင္ျပည္နယ္ မ်ားတြင္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ မ်က္ျမင္ႀကဳံခဲ့ရသကဲ့သို႔ ႏိုင္ငံအႏွံ႔ရွိလမ္းမ်ားေပၚတြင္လည္း တိုက္ခိုက္ေရးဇုန္မ်ားကဲ့သို႔ ျဖစ္ေပၚေနသည္။ ထိုအရာအားလုံး၏ရည္႐ြယ္ခ်က္မွာ ျပည္သူမ်ားမွ စစ္တပ္အား ေၾကာက္႐ြံ႕ေစရန္ႏွင့္ အေလွ်ာ့ေပးရန္တို႔ ျဖစ္လာေစရန္ ဖန္တီးေနျခင္းျဖစ္သည္။ ယခုကဲ့သို႔ ၿဖိဳခြဲႏွိမ္နင္းမႈမ်ားသည္ ဂ်ီနီဗာသေဘာတူညီခ်က္ႏွင့္ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေၾကညာစာတမ္းတို႔ကို ရွင္းရွင္း လင္းလင္းဆန႔္က်င္ေနၿပီး ညႇဥ္းပန္းႏွိပ္စက္မႈကို က်ဴးလြန္ေနျခင္းျဖစ္သည္။ သို႔ေသာ္ႏိုင္ငံတကာအသိုက္အဝိုင္းကမူ စစ္အုပ္စု၏အာဏာသိမ္းမႈကို တညီတၫြတ္တည္း ဆန႔္က်င္တုံ႔ျပန္ျခင္းမရွိေသးေပ။ ယေန႔အခ်ိန္တြင္ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူ မ်ားအေပၚ စစ္တပ္၏တုန႔္ျပန္မႈသည္ အာဏာကိုလိုလားေၾကာင္းျပသေနၿပီး ထိုအာဏာကိုဆက္လက္ထိန္းသိမ္းႏိုင္ရန္ အတြက္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား ဆက္လက္က်ဴးလြန္ရန္ဆႏၵရွိေနသည္။ ယေန႔တြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္တို႔အား ဇမၺဴသီရိၿမိဳ႕နယ္တရား႐ုံး၌ ဗီဒီယိုကြန္ဖရင့္စနစ္ျဖင့္ ႐ုံးထုတ္စစ္ေဆးျခင္းျပဳလုပ္ခဲ့သည္။ အဆိုပါ႐ုံးခ်ိန္းတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ႏိုင္ငံေတာ္သမၼတတို႔သည္ ရာဇ သတ္ႀကီးပုဒ္မ ၅၀၅ (ခ)၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇ တို႔ျဖင့္ ထပ္မံ၍ တရားစြဲဆိုျခင္းခံခဲ့ရသည္။ ႏိုင္ငံေတာ္ အတိုင္ပင္ ပုဂၢိဳလ္သည္ ပို႔ကုန္၊သြင္းကုန္ဥပေဒ၊ သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒတို႔ျဖင့္လည္းေကာင္း၊ ႏိုင္ငံေတာ္ သမၼတသည္ သဘာ၀ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒျဖင့္လည္းေကာင္း တရားစြဲဆိုခံခဲ့ရၿပီး ျဖစ္သည္။ ထိုကဲ့သို႔ တရားစြဲဆို ျခင္းသည္ အာဏာသိမ္းစစ္အုပ္စုမွ ယခင္စစ္အာဏာရွင္တို႔ က်င့္သုံးခဲ့သည့္ လမ္းစဥ္အတိုင္း ႏိုင္ငံေရးဩဇာရွိၿပီး ျပည္သူ မ်ား၏ေထာက္ခံမႈကိုရရွိသည့္ ႏိုင္ငံ့ေခါင္းေဆာင္မ်ားကို ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ႏွစ္ရွည္ေထာင္ဒဏ္မ်ားခ်မွန္ရန္အတြက္ ပုဒ္မမ်ိဳးစုံတပ္ကာ တရားစြဲဆိုျခင္းျဖစ္သည္။ ယခု ၾကားနာမႈႏွင့္တကြ ထပ္မံတရားစြဲဆိုမႈသည္ ၿငိမ္းခ်မ္းစြာဆႏၵ ထုတ္ေဖာ္မႈ ကို ၿဖိဳခြင္းခံရ၍ အသက္ေပါင္းမ်ားစြာဆုံးရႈံးၿပီး ထိခိုက္ဒဏ္ရာအမ်ားအျပားရရွိၾကေသာ ျမန္မာျပည္၏ ရင္နင့္ဖြယ္ရာ ေသြးစြန္းေသာ တနဂၤေႏြေန႔အၿပီး ေနာက္တစ္ရက္တြင္ျဖစ္သည္။
ကုလသမဂၢလုံၿခဳံေရးေကာင္စီမွ ယခုစစ္အာဏာသိမ္းျခင္းအေပၚ အထူးစိုးရိမ္မိေၾကာင္းႏွင့္ ဖမ္းဆီးခံႏိုင္ငံ့ေခါင္းေဆာင္မ်ား ျဖစ္သည့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္တို႔ကို ခ်က္ခ်င္းျပန္လႊတ္ ေပးရန္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔တြင္ ေတာင္းဆိုထားသည္။ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔တြင္ ျပဳလုပ္သည့္ လူ႔အခြင့္အေရး ေကာင္စီအေရးေပၚအစည္းအေဝးတြင္လည္း ထိုသို႔ေျပာၾကားခ်က္သာေတြ႕ရွိရသည္။ ကုလသမဂၢ အေထြေထြညီလာခံ၏ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးမႈတြင္မူ ကုလအထူးကိုယ္စားလွယ္က “တရားမဝင္ စစ္အာဏာသိမ္းအုပ္စု”ကို ျပစ္တင္ ရႈတ္ခ်ၿပီး အျဖစ္အပ်က္မွန္မ်ားကို ႏိုင္ငံတကာသို႔ ဖြင့္ဟတင္ျပခဲ့သည္။ သို႔ရာတြင္ ေဒသတြင္းႏိုင္ငံမ်ား၊ ႐ုရွားႏွင့္ တ႐ုတ္ ႏိုင္ငံတို႔သည္ ယခုစစ္အာဏာသိမ္းမႈေၾကာင့္ ေဒသတစ္ခုလုံး၏ ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးကိုပါ ထိပါးလာႏိုင္လင့္ကစား ျမန္မာႏိုင္ငံ၏ျပည္တြင္းကိစၥရပ္အျဖစ္သာ မွတ္ခ်က္ခ်ခဲ့သည္။ မတ္လ ၂ ရက္ေန႔တြင္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား သည္ ျမန္မာ့ေရးရာႏွင့္ပတ္သက္၍ ေတြ႕ဆုံေဆြးေႏြးၾကမည္ျဖစ္သည္။ သို႔ေသာ္ျငား အာဏာသိမ္းစစ္အုပ္စုသည္ ႏိုင္ငံတ ကာအသိုက္အဝန္း၏ ေတာင္းဆိုခ်က္မ်ားကို လုံးလုံးလ်စ္လ်ဴရႈလ်က္ရွိေၾကာင္း ၎တို႔၏ လူ႔အခြင္အေရးခ်ိဳးေဖာက္မႈ လုပ္ရပ္မ်ားက ထင္ရွားစြာ ထုတ္ေဖာ္ျပသေနသည္။ ႏိုင္ငံတကာ အသိုက္အဝန္းသည္လည္း အာဏာသိမ္းစစ္အုပ္စုအား ဖိအားလုံလုံေလာက္ေလာက္မေပးႏိုင္ေပ။ ထုတ္ျပန္ေၾကညာခ်က္မ်ား ထုတ္ျပန္ေန႐ုံေလာက္ႏွင့္ လုံေလာက္မႈမရွိပါ၊ ထိ ေရာက္ေသာအေရးယူေဆာင္႐ြက္မႈမ်ားျပဳလုပ္ရန္ အမွန္တကယ္ လိုအပ္ေနၿပီျဖစ္သည္။ သို႔ျဖစ္၍ အနည္းဆုံးအေနျဖင့္ ခိုင္မာသည့္ သံတမန္ေရးအရ ဝင္ေရာက္စြက္ဖက္မႈ ျပဳလုပ္ပါရန္ တိုက္တြန္းလိုပါသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ လက္ရွိအေျခအေနမ်ားကို ေန႔စဥ္ ေစာင့္ၾကည့္ မွတ္တမ္းတင္သြားမည္ျဖစ္ၿပီး စစ္အာဏာသိမ္းမႈႏွင့္ပတ္သက္၍ ဖမ္းဆီး၊တရားစြဲဆို၊ ျပစ္ဒဏ္ ခ်မွတ္ျခင္းခံထားရသူမ်ား၏ စာရင္းကို ေန႔စဥ္ထုတ္ျပန္သြားမည္ျဖစ္သည္။
အရပ္ဘက္အဖြဲ႕အစည္းမွ ေခါင္းေဆာင္မ်ား၊ အရပ္သားမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ သတင္းသမားမ်ား၊ CDM လႈပ္ရွားေနသည့္ ဝန္ထမ္းမ်ားစသည့္ နယ္ပယ္အသီးသီးမွ မည္သူမဆို ဖမ္းဆီး၊ထိန္းသိမ္း၊ တရားစြဲဆိုျခင္းခံထားရသည္ကို သိရွိပါက ေအာက္ပါလိပ္စာမ်ားသို႔ ဆက္သြယ္၍ အသိေပး၊ အေၾကာင္းၾကား ႏိုင္ပါသည္။
Email : [email protected]
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)

ေဒါင္းေလာ့ရယူရန္ 1-March-2021 Update (Information)

ေဒါင္းေလာ့ရယူရန္ Recent Arrests List (Last Updated on 1 March 21)FF

ရက်စွဲ မတ်လ ၁ ရက်၊ ၂၀၂၁ ခုနှစ်

ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါသည်။

ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၁၈) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ရန်ကုန်မြို့အပါအဝင် အခြားဒေသအသီးသီး၌ ပြည်သူအယောက် တစ်ရာဝန်းကျင် သည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့်အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၂၁၃) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၆၁) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၀၀) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၉၁၃) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။  ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ မတရားအကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ (၃၀) ဝန်းကျင်ခန့်ရှိနေပြီဖြစ်သည်။

ရန်ကုန်မြို့နှင့်အနယ်နယ်အရပ်ရပ်တို့်တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသည့် ပြည်သူများအား အကြမ်းဖက်ဖြိုခွဲနေသည့်မြင်ကွင်းများ၊ ရဲတပ်ဖွဲ့၏ရပ်ကွက်များအတွင်းလှည့်လည်ပစ်ခတ်မှုကြောင့်ခလေးငယ်များပါ ထိခိုက်ခံရသည့်မြင်ကွင်း

ယနေ့တွင် ရန်ကုန်ရှိငြိမ်းချမ်းစွာဆန္ဒပြသူများနှင့် သတင်းထောက်များကို အာဏာသိမ်းစစ်တပ်မှ ရော်ဘာကျည်ဆံများ၊ မျက်ရည်ယိုဗုံးများအသုံးပြုကာ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ရန်ကုန်မြို့လယ်ရှိ အဓိကလမ်းမများဖြစ်သော အနော်ရထာ လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့ကို လုံခြုံရေးတပ်ဖွဲ့များက ပိတ်ဆို့ထားခဲ့သည်။ လှိုင်ဘူတာရုံလမ်းအနီး အင်းစိန်လမ်း မကြီးပေါ်တွင် ဆန္ဒပြမှုကို လေးကြိမ်တိုင်တိုင် မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ၊ ရာဘာကျည်များဖြင့်ပစ်ခတ် အသုံးပြုကာ ဖြိုခွင်းခဲ့သည်။ ဆန္ဒပြ သူတစ်ဦး ထိန်းသိမ်းခံရပြီး အခြားဆန္ဒပြသူများကိုလည်း အိမ်များနှင့် လက်ဖက်ရည်ဆိုင်များသို့ ၀င်ရောက်ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနှင့် ပဒုမ္မာလမ်းတွင် ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူအနည်းဆုံး ၂၀ ဦးခန့်အဖမ်းခံခဲ့ရသည်။ ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု လုပ်ထားသည့် တောင်ငူဆေးရုံ ပြန်ဖွင့်ရန်ပြင်ဆင်နေသည်ဆိုသည့်အတွက် မြို့ခံလူထုက ဝိုင်းဝန်းတားမြစ်ပိတ်ဆို့ရန် ပြင်ဆင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်နှိမ်နင်းခဲ့သည်။ မုံရွာမြို့တွင် ဆန္ဒပြနေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်အင်အား ၅၀ ခန့်သည် ရဲကားတစ်စီး၊ စစ်ကားတစ်စီး၊ ရေကားတစ်စီးတို့ဖြင့်ရောက်လာပြီး ဆန္ဒပြသူများအား ဖြိုခွင်းခြင်းနှင့် အိမ်များကို လက်နက် များဖြင့်ပစ်ခတ်ခဲ့သည်။ ထို့အပြင် မတ်လ ၁ ရက်နေ့မနက်ပိုင်းက မကွေးမြို့ မြို့ဟောင်းရပ်ကွက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရန် လူစုသည့်အချိန်တွင် ရဲတပ်ဖွဲ့ က လိုက်လံဖမ်းဆီး၍ အင်အားသုံးဖြိုခွင်းခဲ့သည်။

မုံရွာမြို့တွင် လုံခြုံရေးတပ်ဖွဲ့များသည် ပိုက်ဆံ၊ ဆန်၊ အစားအစာနှင့် မုန့်များကိုလည်းလုယူခဲ့ကြပြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် အရပ်သားများအား ရိုက်နှက်ခဲ့သည်။ ထို့အပြင် မြိတ်လုံခြုံရေးတပ်ဖွဲ့များသည် ဒေသခံနေအိမ်များကို ၀င်ရောက်စီးနင်းပြီး အကြမ်းဖက်မှုများပြုလုပ်ခဲ့ပြီး ပိုက်ဆံများကိုလုယူသွားခဲ့သည်။ သာစည်ဈေးတွင် လုံခြုံရေးတပ်ဖွဲ့များ သည် အရပ်သားများကို လေးခွများ သေနတ်များဖြင့်ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီ ဈေးသယ်များ၏ လိမ္မော်သီးများကို လုယက်ခဲ့သည်။

ပြည်သူလူထုအကြားကြောက်ရွံ့မှုဖြစ်ပေါ်စေရန် စစ်တပ်ကလိုလားတောင့်တနေပြီး၊ ရခိုင်၊ ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ် များတွင် ဆယ်စုနှစ်ပေါင်းများစွာ မျက်မြင်ကြုံခဲ့ရသကဲ့သို့ နိုင်ငံအနှံ့ရှိလမ်းများပေါ်တွင်လည်း တိုက်ခိုက်ရေးဇုန်များကဲ့သို့ ဖြစ်ပေါ်နေသည်။ ထိုအရာအားလုံး၏ရည်ရွယ်ချက်မှာ ပြည်သူများမှ စစ်တပ်အား ကြောက်ရွံ့စေရန်နှင့် အလျှော့ပေးရန်တို့ ဖြစ်လာစေရန် ဖန်တီးနေခြင်းဖြစ်သည်။ ယခုကဲ့သို့ ဖြိုခွဲနှိမ်နင်းမှုများသည် ဂျီနီဗာသဘောတူညီချက်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတို့ကို ရှင်းရှင်း လင်းလင်းဆန့်ကျင်နေပြီး ညှဉ်းပန်းနှိပ်စက်မှုကို ကျူးလွန်နေခြင်းဖြစ်သည်။ သို့သော်နိုင်ငံတကာအသိုက်အဝိုင်းကမူ စစ်အုပ်စု၏အာဏာသိမ်းမှုကို တညီတညွတ်တည်း ဆန့်ကျင်တုံ့ပြန်ခြင်းမရှိသေးပေ။ ယနေ့အချိန်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူ များအပေါ် စစ်တပ်၏တုန့်ပြန်မှုသည် အာဏာကိုလိုလားကြောင်းပြသနေပြီး ထိုအာဏာကိုဆက်လက်ထိန်းသိမ်းနိုင်ရန် အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်ရန်ဆန္ဒရှိနေသည်။ ယနေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့အား ဇမ္ဗူသီရိမြို့နယ်တရားရုံး၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ရုံးထုတ်စစ်ဆေးခြင်းပြုလုပ်ခဲ့သည်။ အဆိုပါရုံးချိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတတို့သည်  ရာဇ သတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် ထပ်မံ၍ တရားစွဲဆိုခြင်းခံခဲ့ရသည်။ နိုင်ငံတော် အတိုင်ပင် ပုဂ္ဂိုလ်သည် ပို့ကုန်၊သွင်းကုန်ဥပဒေ၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတို့ဖြင့်လည်းကောင်း၊ နိုင်ငံတော် သမ္မတသည် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့်လည်းကောင်း တရားစွဲဆိုခံခဲ့ရပြီး ဖြစ်သည်။ ထိုကဲ့သို့ တရားစွဲဆို ခြင်းသည် အာဏာသိမ်းစစ်အုပ်စုမှ ယခင်စစ်အာဏာရှင်တို့ ကျင့်သုံးခဲ့သည့် လမ်းစဉ်အတိုင်း နိုင်ငံရေးဩဇာရှိပြီး ပြည်သူ များ၏ထောက်ခံမှုကိုရရှိသည့် နိုင်ငံ့ခေါင်းဆောင်များကို ရည်ရွယ်ချက်ရှိရှိဖြင့် နှစ်ရှည်ထောင်ဒဏ်များချမှန်ရန်အတွက် ပုဒ်မမျိုးစုံတပ်ကာ တရားစွဲဆိုခြင်းဖြစ်သည်။ ယခု ကြားနာမှုနှင့်တကွ ထပ်မံတရားစွဲဆိုမှုသည် ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်မှု ကို ဖြိုခွင်းခံရ၍ အသက်ပေါင်းများစွာဆုံးရှုံးပြီး ထိခိုက်ဒဏ်ရာအများအပြားရရှိကြသော မြန်မာပြည်၏ ရင်နင့်ဖွယ်ရာ သွေးစွန်းသော တနင်္ဂနွေနေ့အပြီး နောက်တစ်ရက်တွင်ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ယခုစစ်အာဏာသိမ်းခြင်းအပေါ် အထူးစိုးရိမ်မိကြောင်းနှင့် ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်များ ဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ချက်ချင်းပြန်လွှတ် ပေးရန် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တောင်းဆိုထားသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် လူ့အခွင့်အရေး ကောင်စီအရေးပေါ်အစည်းအဝေးတွင်လည်း ထိုသို့ပြောကြားချက်သာတွေ့ရှိရသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွင်မူ ကုလအထူးကိုယ်စားလှယ်က “တရားမဝင် စစ်အာဏာသိမ်းအုပ်စု”ကို ပြစ်တင် ရှုတ်ချပြီး အဖြစ်အပျက်မှန်များကို နိုင်ငံတကာသို့  ဖွင့်ဟတင်ပြခဲ့သည်။ သို့ရာတွင် ဒေသတွင်းနိုင်ငံများ၊ ရုရှားနှင့် တရုတ် နိုင်ငံတို့သည် ယခုစစ်အာဏာသိမ်းမှုကြောင့် ဒေသတစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုပါ ထိပါးလာနိုင်လင့်ကစား မြန်မာနိုင်ငံ၏ပြည်တွင်းကိစ္စရပ်အဖြစ်သာ မှတ်ချက်ချခဲ့သည်။ မတ်လ ၂ ရက်နေ့တွင် အာဆီယံနိုင်ငံ​ခြားရေးဝန်ကြီးများ သည် မြန်မာ့ရေးရာနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ သို့သော်ငြား အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတ ကာအသိုက်အဝန်း၏ တောင်းဆိုချက်များကို လုံးလုံးလျစ်လျူရှုလျက်ရှိကြောင်း ၎င်းတို့၏ လူ့အခွင်အရေးချိုးဖောက်မှု လုပ်ရပ်များက ထင်ရှားစွာ ထုတ်ဖော်ပြသနေသည်။ နိုင်ငံတကာ အသိုက်အဝန်းသည်လည်း အာဏာသိမ်းစစ်အုပ်စုအား ဖိအားလုံလုံလောက်လောက်မပေးနိုင်ပေ။ ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်နေရုံလောက်နှင့် လုံလောက်မှုမရှိပါ၊ ထိ ရောက်သောအရေးယူဆောင်ရွက်မှုများပြုလုပ်ရန် အမှန်တကယ် လိုအပ်နေပြီဖြစ်သည်။ သို့ဖြစ်၍ အနည်းဆုံးအနေဖြင့် ခိုင်မာသည့် သံတမန်ရေးအရ ဝင်ရောက်စွက်ဖက်မှု ပြုလုပ်ပါရန် တိုက်တွန်းလိုပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။

Email :   [email protected]

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)