ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔ထိ စစ္အာဏာသိမ္းၿပီးေနာက္ လတ္တေလာျဖစ္ေပၚလ်က္ရွိေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေန႔စဥ္ထုတ္ျပန္ခ်က္ အက်ဥ္းခ်ဳပ္

ရက္စြဲ ေဖေဖာ္ဝါရီလ ၂၅ ရက္၊ ၂၀၂၁ ခုႏွစ္
ယခုရက္ပိုင္းအတြင္း စစ္အာဏာရွင္ကို ဆန႔္က်င္ဆႏၵျပသူမ်ား ဝင္ေရာက္၍မရေအာင္ နံနက္ပိုင္းမွ ညေနပိုင္းအထိ ပိတ္ထားသည့္ ရန္ကုန္ၿမိဳ႕လယ္ေခါင္ ဆူးေလဘုရားလမ္းေပၚရွိ အတားအဆီးများးကို ယေန႔နံနက္ပိုင္းတြင္ တပ္မေတာ္ ေထာက္ခံသူမ်ား ခ်ီတက္လာသည့္အခါ ရဲတပ္ဖြဲ႕ဝင္မ်ားမွ ဖယ္ရွားေပးခဲ့သည္။ ၎ျပင္ တပ္မေတာ္ေထာက္ခံပြဲတြင္ ပါဝင္သည့္ ရန်ကုန်ဘူတာကြီးတွင်ခန႔္ရွိေသာ အဆိုပါလူမ်ားသည္ ရန္ကုန္ဘူတာႀကီးတြင္ စုေဝးစီတန္းေနစဥ္ ရပ္ကြက္ေနျပည္သူမ်ားက သံပုန္းတီးၿပီး ဆန႔္က်င္ေၾကာင္းျပသခဲ့ၾကသည္။ ထို႔ေၾကာင့္ တပ္ေထာက္ခံသူမ်ားမွ သိမ္ျဖဴေဈးအနီးျမန္မာ့မီးရထားဝန္းအတြင္းသို႔ ဝင္ေရာက္၍ သံတုတ္၊ ဓား၊ ေလးခြႏွင့္ ခြၽန္ထက္ေသာ ကေလာင္တံမ်ား ကိုင္ေဆာင္ကာ ႐ိုက္ႏွက္မႈမ်ား ျပဳလုပ္ခဲ့ေသာေၾကာင့္ပြည်သူလေးဦး ဦးခေါင်းကွဲသွားကာ အခြား (၈)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟုသိရွိရသည္။ ထို႔အျပင္ အဆိုပါ တပ္ေထာက္ခံဆႏၵေဖာ္ထုတ္သူမ်ားသည္ ပတ္ဝန္းက်င္ရွိ ျပည္သူမ်ားကို ဆဲဆိုႀကိမ္းေမာင္းၿပီး ရန္ကုန္ၿမိဳ႕လယ္တြင္ သီခ်င္းဆို၍ ၿငိမ္းခ်မ္းစြာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူ တစ်ဦးကိုလည်း ဓားဖြင့်ဝင်ထိုးသွားခဲ့သည်။ ထို႔အျပင္ အဆိုပါ စစ္တပ္ေထာက္ခံသူမ်ားသည္ ၿမိဳ႕တြင္း လွည့္လည္ဆႏၵေဖာ္ထုတ္စဥ္ပြည်သူလူထုများနှင့် သတင်းသမားများကို လိုက်လံတိုက်ခိုက်မှုများ  ျပဳလုပ္ခဲ့ၿပီးပြည်သူလူထုကို  အကြမ်းဖက် တိုက်ခိုက်ခြင်း၊ ပစ္စည်းများလုယက်ခြင်းနှင့် ကားများကို ဖျက်ဆီးခြင်းများလည်း ကျူးလွန်ခဲ့န္ခဲ့ၾကသည္။
ယေန႔ျပဳလုပ္ခဲ့သည့္ စစ္တပ္ေထာက္ခံပြဲတြင္ ပါဝင္ခဲ့သည့္သူမ်ားက ျပည္သူလူထုအေပၚ အၾကမ္းဖက္မႈမ်ား ျပဳလုပ္ခဲ့ သျဖင့္ လူထုမွ တပ္ေထာက္ခံသူတစ္ခ်ိဳ႕ကိုဖမ္းဆီးထိန္းသိမ္းခဲ့ရာ မင်္ဂလာတောင်ညွှန့်မြို့နယ်ပြည်ခိုင်ဖြိုးဥက္ကဋ္ဌဆိုသူ တစ်ဦးက ရဲအင်အားအများအပြားဖြင့် လာရောက်၍ ၎င်းတို့ပါတီ၏ အတွင်းရေးမှူးနှင့် ပါတီဝင်များကို လွှတ်ပေးရန် ရဲတပ်ဖွဲ့ဝင်များကို ဖိအားပေးစေခိုင်းခဲ့သည်။ ျဖစ္ေပၚခဲ့သည့္ အၾကမ္းဖက္ တိုက္ခိုက္မႈအေပၚ မီဒီယာမ်ားက ေမးျမန္းရာတြင္ အဆိုပါ ပုဂၢိဳလ္က ေဒါသတႀကီးတုံ႔ျပန္ခဲ့ၿပီး ၎ႏွင့္ပါလာသူအခ်ိဳ႕မွ မီဒီယာမ်ားကို ရန္ျပဳတိုက္ခိုက္ခဲ့ရာ မီဒီယာသမားႏွစ္ဦး၏ ကင္မရာထိခိုက္ပ်က္စီးခဲ့ၿပီး ၎ျပည္ခိုင္ၿဖိဳးဥကၠ႒ႏွင့္ အေပါင္းအပါမ်ားကို ရဲတပ္ဖြဲ႕မွ ျပန္လည္ေခၚေဆာင္သြားခဲ့သည္။
စစ္အာဏာမသိမ္းခင္ရက္မ်ားအတြင္းက ျပဳလုပ္ခဲ့ေသာ တပ္ေထာက္ခံပြဲမ်ားတြင္ ဝါးလုံးထိပ်ကိုချွန်ထက်အောင် ပြုလုပ်၍ အလံတိုင်အဖြစ်အသုံးပြုခြင်း၊း၊ တုတ္မ်ားကိုင္‌ေဆာင္ျခင္း၊ ျပည္သူလူထုကို ရန္စဆဲဆိုျခင္းမ်ားကို စစ္တပ္ ေထာက္ခံသူလူအုပ္စုမ်ားက ျပဳလုပ္ခဲ့သည္။ ဇန္နဝါရီလ ၃၀ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္၊ ေၾကးသြန္းဘုရားေရွ႕၌ တပ္ေထာက္ခံသူမ်ားမွ စု႐ုံးေဟာေျပာေနခ်ိန္ လမ္းသြားလမ္းလာ ျပည္သူအခ်ိဳ႕ႏွင့္ အခ်င္းမ်ားခဲ့ၾကသည္။ တပ်ထောက်ခံ ဆန္ဒပြသူအချို့မှ ဝိုင်းဝန်းရိုက်နှက်ခဲ့သောကြောင့် လမ်းသွား ပြည်သူတစ်ဦး ဦးခေါင်းကွဲခဲ့ပြီး အျခားတစ္ဦးမွာလည္း ေခါင္းကို႐ိုက္ႏွက္ျခင္းခံခဲ့ရကာ ဝတ္ထားသည့္ NLD ပါတီတံဆိပ္ပါအက်ႌကိုလည္း ဆြဲခြၽတ္ျခင္းခံခဲ့ရသည္။ ထို႔အျပင္ အာဏာသိမ္းၿပီးေနာက္ပိုင္း၌လည္း အဆိုပါလူအုပ္စုမွ ကားမ်ားျဖင့္ စီတန္းလွည့္လည္ကာ အင္အားျပသျခင္း၊ အၾကမ္းဖက္မႈကို က်ဴးလြန္ရန္ အသင့္ျဖစ္ေနသည့္ အသြင္မ်ားျပသျခင္း၊ ဗဟန်းမြို့နယ် နတ်မောက်လမ်း၌ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများ ကပ်ထားသည့် ကားများ၏ ကားမှန်များကို ရိုက်ခွဲခြင်း  စသျဖင့္ ၿငိမ္းခ်မ္းစြာဆႏၵျပေနသည့္ ျပည္သူမ်ားအား ၿခိမ္းေျခာက္မႈမ်ားကို ျပဳလုပ္ခဲ့ၾကသည္။
ယေန႔နံနက္တြင္ ရန္ကုန္တကၠသိုလ္ေက်ာင္းသားသမဂၢမွ ရန်ကုန်တက္ကသိုလ်အတွင်း အစည်းအဝေးပြုလုပ်နေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရဲကား၊ အချုပ်ကားများဖြင့် ကျောင်းဝင်းအတွင်းဝင်ရောက်နေရာယူခဲ့ၿပီး ေက်ာင္းဝင္းအျပင္ဘက္၌ ရဲကား (၂) စီး၊ စစ္ကား (၈)စီး၊ ေရကား (၂)စီးျဖင့္ ပိတ္ဆို႔၍ လုံၿခဳံေရးယူလိုက္သည့္အတြက္ အေျခအေနတင္းမာမႈ ျဖစ္ပြားခဲ့သည္။
မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္႐ုံးမွ အၾကမ္းမဖက္အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) တြင္ ပါဝင္ခဲ့သည့္ ဒုဦးစီးမှူးအဆင့် ၄ ဦး၊ အကြီးတန်းစာရေးအဆင့် ၆ ဦး၊ အငယ်တမ်းစာရေးအဆင့် ၁၅ ဦး၊ ယာဉ်မောင်း ၃ ဦး၊ သန့်ရှင်းရေး ၁ ဦးနှင့် ဥယျာဉ်လုပ်သား ၁ ဦး၊ စုစုေပါင္း ဝန္ထမ္း ၃၀ ဦးအား ေဖေဖာ္ဝါရီလ ၂၃ ေန႔ ရက္စြဲျဖင့္ တာဝန္မွ ယာယီရပ္ဆိုင္းလိုက္သည္ဟု သိရွိရသည္။ ထို႔အျပင္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) လႈပ္ရွားမႈတြင္ပါဝင္ခဲ့သည့္ ျပည္ေထာင္စုလႊတ္ေတာ္က ဒုတိယၫႊန္ၾကားေရးမႉး အပါအဝင္ အရာရွိႏွင့္ အမႈထမ္း ၄၈ ဦးကို အာဏာသိမ္းစစ္ေကာင္စီက ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔တြင္ တာဝန္မွ ရပ္ဆိုင္း လိုက္သည္။ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) တြင္ပါဝင္ခဲ့သည့္ ကယားျပည္နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဝန္ထမ္း ၄၀ ဦးအား ႏိုင္ငံ့ဝန္ထမ္း နည္းဥပေဒ ၁၇၁ အရ အလုပ္ တာဝန္မ်ားမွ ရပ္ဆိုင္းလိုက္ေၾကာင္း ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။ ၎ျပင္ ကယားျပည္နယ္ လႊတ္ေတာ္႐ုံးဝန္ထမ္း ၂၆ ဦးကို တာဝန္မွ ယာယီရပ္ဆိုင္းေၾကာင္း သက္ဆိုင္ရာ ႐ုံးမ်ားမွ ထုတ္ျပန္ခဲ့သည္။
ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔တြင္ မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးသို႔ စစ္တပ္က ကားျဖင့္လာေရာက္ကာ စာ႐ြက္စာတမ္းမ်ား ႏွင့္ ပစၥည္းမ်ားကို သယ္ယူသြားေၾကာင္း သိရွိရသည္။ အဆိုပါၿမိဳ႕နယ္၏ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠဌႏွင့္ အတြင္းေရးမႉးတို႔ကိုလည္း ဖမ္းဆီးထားၿပီး မည္သည့္ေနရာတြင္ ထိန္းသိမ္းထားသည္ ဆိုသည္ကိုလည္း သိရွိရျခင္းမရွိပါ။
မႏၲေလးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္၏ ဇနီး ေဒါက္တာယုယုေမႏွင့္ မိသားစုဝင္မ်ားအား အက်ယ္ ခ်ဳပ္ ထိန္းသိမ္းထားရာမွ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ ညပိုင္း၌ ျပန္လည္လႊတ္ေပးခဲ့သည္ဟု သိရွိရသည္။ မႏၲေလးတိုင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို အာဏာသိမ္းစစ္အုပ္စုမွ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ) ျဖင့္ ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံး၌ တရားစြဲဆိုထားၿပီး ဖမ္းဆီးထားသည္။
တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕၊ ေဗ်ာေတာ၀ရပ္ကြက္တြင္ ေနထိုင္ေသာ သတၱဳတြင္းဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ဦးသာျမတ္ေက်ာ္၏ ဇနီးျဖစ္သူ ေဒၚမို႔ကို လူမႈကြန္ရက္တြင္ စစ္အာဏာသိမ္းမႈ အေပၚ ေဝဖန္ေသာ ပို႔စ္မ်ား တင္သည္ဟုဆိုကာ ရဲတပ္ဖြဲ႕မွ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔တြင္ အၾကမ္းဖက္ ဖမ္းဆီးခဲ့ၿပီး ပုဒ္မ ၅၀၅ (က) ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရွိရသည္။
ထို႔အျပင္ တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕၌ စစ္အာဏာရွင္ဆန႔္က်င္ေရးဆႏၵျပ သပိတ္ေခါင္းေဆာင္မ်ားျဖစ္ေသာ ၿမိတ္မွ ကိုမိုးသူေအာင္ႏွင့္ ကိုတူးတူး၊ ေက်ာင္းသားသမဂၢမွ ကိုခ်မ္းေျမ့ႏိုင္ႏွင့္ ကိုရဲေက်ာ္ၿဖိဳးတို႔ ေလးဦးကို ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ နံနက္ပိုင္းတြင္ ရဲတပ္ဖြဲ႕မွ ဖမ္းဆီးခဲ့သည္။ ဖမ္းဆီးျခင္းခံထားရသူ ေလးဦးအျပင္ ဆႏၵျပရာ၌ ပါဝင္ေသာေၾကာင့္ အမႈဖြင့္ခံထားရသူမ်ားလည္း ရွိသည္။
အာဏာသိမ္းစစ္အုပ္စုက ၿငိမ္းခ်မ္းစြာဆႏၵျပေနသည့္ ျပည္သူလူထုကို ၿဖိဳခြင္းရန္အတြက္ လူထုအတြင္းသို႔ ၎တို႔၏ လက္ပါးေစမ်ားကို ထည့္သြင္း၍ အဓိက႐ုဏ္းႏွင့္ ရန္ပြဲမ်ား ျဖစ္လာေအာင္ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ နည္းလမ္းေျပာင္းလဲ အသုံးျပဳလာလ်က္ရွိသည္။ ထိုကဲ့သို႔ အဓိက႐ုဏ္းမ်ားဖန္တီးျခင္းသည္ ျပည္တြင္း၌ ဆူပူေသာင္းက်န္းမႈမ်ားေၾကာင့္ စစ္တပ္က မျဖစ္မေန ကိုင္တြယ္ေျဖရွင္းေဆာင္႐ြက္ေနရပါသည္ဟုဆိုကာ ၎တို႔၏ အခန္းက႑ကို ျမႇင့္တင္ေနရာယူရန္ ႏွင့္ ျပည္သူလူထုကို အထိတ္တလန႔္ျဖင့္ အေၾကာက္တရားလႊမ္းမိုးေနေစရန္ အလို႔ငွာ ရည္႐ြယ္လုပ္ေဆာင္ျခင္း ျဖစ္သည္ဟု ယူဆပါသည္။
ဒီမိုကေရစီလူ႔အဖြဲ႕အစည္းတြင္ ရဲမ်ားသည္ ၿငိမ္းခ်မ္းစြာဆႏၵျပသည့္ ျပည္သူလူထုကို ကာကြယ္ေစာင့္ေရွာက္ရန္ျဖစ္ေသာ္ လည္း လက္ရွိျမန္မာႏိုင္ငံ၏ ရဲတပ္ဖြဲ႕ဝင္မ်ားမွာ ၿငိမ္းခ်မ္းစြာဆႏၵျပသည့္ ျပည္သူလူထုကို အၾကမ္းဖက္ၿဖိဳခြင္းရန္ အသင့္ရွိ ေနၿပီး စစ္အုပ္စုကို ေထာက္ခံအားေပးသည့္ အၾကမ္းဖက္သမားမ်ားကိုသာ ကာကြယ္ေနသည့္ လုပ္ရပ္မ်ားကိုလည္း ယေန႔ျမန္မာႏိုင္ငံ၏ ျဖစ္စဥ္မ်ားတြင္ သိသာထင္ရွားစြာ ေတြ႕ႏိုင္သည္။
ထိုကဲ့သို႔ေသာ ျဖစ္စဥ္ျဖစ္ရပ္မ်ားမွာ ၈ ေလးလုံးအေရးေတာ္ပုံတြင္လည္း စစ္အာဏာရွင္အုပ္စုမွ ေဆာင္႐ြက္ခဲ့သည့္ နည္း လမ္းမ်ားျဖစ္ကာ လက္ရွိအေျခအေနမွာ ၈ေလးလုံးအေရးေတာ္ပုံကာလတြင္ လုပ္ေဆာင္ခဲ့သည့္ လုပ္ေဆာင္ခ်က္မ်ား ထက္ ပိုမို၍ ေျပာင္ေျပာင္တင္းတင္း က်ဴးလြန္လာျခင္းျဖစ္သည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ မွတ္တမ္းျပဳခ်က္မ်ားအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ထိ စုစုေပါင္း ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၇၄၈) ဦးထိရွိခဲ့ၿပီ ျဖစ္သည္။ ၎တို႔အနက္မွ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၄) ဦး၊ အမႈဖြင့္ျခင္းခံထားရၿပီး ဖမ္းဝရမ္းထုတ္ျခင္းခံထားရေသာေၾကာင့္ တိမ္းေရွာင္ေနသူ (၅၆) ဦး ႏွင့္ ျပန္လည္ လြတ္ေျမာက္လာသူ (၆၂) ဦးရွိခဲ့သည္။ ထို႔ေၾကာင့္ လက္ရွိ အခ်ိန္အထိ (၆၈၆) ဦးမွာ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသည္။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ထိ ၿငိမ္းခ်မ္းစြာဆႏၵျပမႈအပါအဝင္ အၾကမ္းဖက္ခံရ၍ က်ဆုံးသူ (၈) ဦးထိရွိခဲ့ၿပီျဖစ္ပါသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ လက္ရွိအေျခအေနမ်ားကို ေန႔စဥ္ ေစာင့္ၾကည့္ မွတ္တမ္းတင္သြားမည္ျဖစ္ၿပီး စစ္အာဏာသိမ္းမႈႏွင့္ပတ္သက္၍ ဖမ္းဆီး၊တရားစြဲဆို၊ ျပစ္ဒဏ္ ခ်မွတ္ျခင္းခံထားရသူမ်ား၏ စာရင္းကို ေန႔စဥ္ထုတ္ျပန္သြားမည္ျဖစ္သည္။
အရပ္ဘက္အဖြဲ႕အစည္းမွ ေခါင္းေဆာင္မ်ား၊ အရပ္သားမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ သတင္းသမားမ်ား၊ CDM လႈပ္ရွားေနသည့္ ဝန္ထမ္းမ်ားစသည့္ နယ္ပယ္အသီးသီးမွ မည္သူမဆို ဖမ္းဆီး၊ထိန္းသိမ္းျခင္းခံထားရသည္ကို သိရွိပါက ေအာက္ပါလိပ္စာမ်ားသို႔ ဆက္သြယ္၍ အသိေပး၊ အေၾကာင္းၾကား ႏိုင္ပါသည္။
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma

ရက်စွဲ ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်

ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူများ ဝင်ရောက်၍မရအောင် နံနက်ပိုင်းမှ ညနေပိုင်းအထိ ပိတ်ထားသည့် ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားလမ်းပေါ်ရှိ အတားအဆီးများကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် ထောက်ခံသူများ ချီတက်လာသည့်အခါ ရဲတပ်ဖွဲ့ဝင်များမှ ဖယ်ရှားပေးခဲ့သည်။ ၎င်းပြင် တပ်မတော်ထောက်ခံပွဲတွင် ပါဝင်သည့် လူဦးရေ တစ်ထောင်ကျော်ခန့်ရှိသော အဆိုပါလူများသည် ရန်ကုန်ဘူတာကြီးတွင် စုဝေးစီတန်းနေစဉ် ရပ်ကွက်နေပြည်သူများက သံပုန်းတီးပြီး ဆန့်ကျင်ကြောင်းပြသခဲ့ကြသည်။ ထို့ကြောင့် တပ်ထောက်ခံသူများမှ သိမ်ဖြူဈေးအနီးမြန်မာ့မီးရထားဝန်းအတွင်းသို့ ဝင်ရောက်၍ သံတုတ်၊ ဓား၊ လေးခွနှင့် ချွန်ထက်သော ကလောင်တံများ ကိုင်ဆောင်ကာ ရိုက်နှက်မှုများ ပြုလုပ်ခဲ့သောကြောင့် ပြည်သူလေးဦး ဦးခေါင်းကွဲသွားကာ အခြား (၈)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရှိရသည်။ ထို့အပြင် အဆိုပါ တပ်ထောက်ခံဆန္ဒဖော်ထုတ်သူများသည် ပတ်ဝန်းကျင်ရှိ ပြည်သူများကို ဆဲဆိုကြိမ်းမောင်းပြီး ရန်ကုန်မြို့လယ်တွင် သီချင်းဆို၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူ တစ်ဦးကိုလည်း ဓားဖြင့်ဝင်ထိုးသွားခဲ့သည်။ ထို့အပြင် အဆိုပါ စစ်တပ်ထောက်ခံသူများသည် မြို့တွင်း လှည့်လည်ဆန္ဒဖော်ထုတ်စဉ် ပြည်သူလူထုများနှင့် သတင်းသမားများကို လိုက်လံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပြည်သူလူထုကို  အကြမ်းဖက် တိုက်ခိုက်ခြင်း၊ ပစ္စည်းများလုယက်ခြင်းနှင့် ကားများကို ဖျက်ဆီးခြင်းများလည်း ကျူးလွန်ခဲ့ကြသည်။ 

ယနေ့ပြုလုပ်ခဲ့သည့် စစ်တပ်ထောက်ခံပွဲတွင် ပါဝင်ခဲ့သည့်သူများက  ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ သဖြင့် လူထုမှ တပ်ထောက်ခံသူတစ်ချို့ကိုဖမ်းဆီးထိန်းသိမ်းခဲ့ရာ မင်္ဂလာတောင်ညွှန့်မြို့နယ်ပြည်ခိုင်ဖြိုးဥက္ကဋ္ဌဆိုသူ တစ်ဦးက ရဲအင်အားအများအပြားဖြင့် လာရောက်၍ ၎င်းတို့ပါတီ၏ အတွင်းရေးမှူးနှင့် ပါတီဝင်များကို လွှတ်ပေးရန် ရဲတပ်ဖွဲ့ဝင်များကို ဖိအားပေးစေခိုင်းခဲ့သည်။ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုအပေါ် မီဒီယာများက မေးမြန်းရာတွင် အဆိုပါ ပုဂ္ဂိုလ်က ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ၎င်းနှင့်ပါလာသူအချို့မှ မီဒီယာများကို ရန်ပြုတိုက်ခိုက်ခဲ့ရာ မီဒီယာသမားနှစ်ဦး၏ ကင်မရာထိခိုက်ပျက်စီးခဲ့ပြီး ၎င်းပြည်ခိုင်ဖြိုးဥက္ကဋ္ဌနှင့် အပေါင်းအပါများကို ရဲတပ်ဖွဲ့မှ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

စစ်အာဏာမသိမ်းခင်ရက်များအတွင်းက ပြုလုပ်ခဲ့သော တပ်ထောက်ခံပွဲများတွင် ဝါးလုံးထိပ်ကိုချွန်ထက်အောင် ပြုလုပ်၍ အလံတိုင်အဖြစ်အသုံးပြုခြင်း၊ တုတ်များကိုင်‌ဆောင်ခြင်း၊ ပြည်သူလူထုကို ရန်စဆဲဆိုခြင်းများကို စစ်တပ် ထောက်ခံသူလူအုပ်စုများက ပြုလုပ်ခဲ့သည်။ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ကြေးသွန်းဘုရားရှေ့၌ တပ်ထောက်ခံသူများမှ စုရုံးဟောပြောနေချိန် လမ်းသွားလမ်းလာ ပြည်သူအချို့နှင့် အချင်းများခဲ့ကြသည်။ တပ်ထောက်ခံ ဆန္ဒပြသူအချို့မှ ဝိုင်းဝန်းရိုက်နှက်ခဲ့သောကြောင့် လမ်းသွား ပြည်သူတစ်ဦး ဦးခေါင်းကွဲခဲ့ပြီး အခြားတစ်ဦးမှာလည်း ခေါင်းကိုရိုက်နှက်ခြင်းခံခဲ့ရကာ ဝတ်ထားသည့် NLD ပါတီတံဆိပ်ပါအင်္ကျီကိုလည်း ဆွဲချွတ်ခြင်းခံခဲ့ရသည်။ ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း၌လည်း အဆိုပါလူအုပ်စုမှ ကားများဖြင့် စီတန်းလှည့်လည်ကာ အင်အားပြသခြင်း၊ အကြမ်းဖက်မှုကို ကျူးလွန်ရန် အသင့်ဖြစ်နေသည့် အသွင်များပြသခြင်း၊ ဗဟန်းမြို့နယ် နတ်မောက်လမ်း၌ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများ ကပ်ထားသည့် ကားများ၏ ကားမှန်များကို ရိုက်ခွဲခြင်း စသဖြင့် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများအား ခြိမ်းခြောက်မှုများကို ပြုလုပ်ခဲ့ကြသည်။

ယနေ့နံနက်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ရန်ကုန်တက္ကသိုလ်အတွင်း အစည်းအဝေးပြုလုပ်နေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရဲကား၊ အချုပ်ကားများဖြင့် ကျောင်းဝင်းအတွင်းဝင်ရောက်နေရာယူခဲ့ပြီး ကျောင်းဝင်းအပြင်ဘက်၌ ရဲကား (၂) စီး၊ စစ်ကား (၈)စီး၊ ရေကား (၂)စီးဖြင့် ပိတ်ဆို့၍ လုံခြုံရေးယူလိုက်သည့်အတွက် အခြေအနေတင်းမာမှု ဖြစ်ပွားခဲ့သည်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးမှ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် ဒုဦးစီးမှူးအဆင့် ၄ ဦး၊ အကြီးတန်းစာရေးအဆင့် ၆ ဦး၊ အငယ်တမ်းစာရေးအဆင့် ၁၅ ဦး၊ ယာဉ်မောင်း ၃ ဦး၊ သန့်ရှင်းရေး ၁ ဦးနှင့် ဥယျာဉ်လုပ်သား ၁ ဦး၊  စုစုပေါင်း ဝန်ထမ်း ၃၀ ဦးအား ဖေဖော်ဝါရီလ ၂၃ နေ့ ရက်စွဲဖြင့် တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်ဟု သိရှိရသည်။ ထို့အပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်က ဒုတိယညွှန်ကြားရေးမှူး အပါအဝင် အရာရှိနှင့် အမှုထမ်း ၄၈ ဦးကို အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တာဝန်မှ ရပ်ဆိုင်း လိုက်သည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့သည့် ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၄၀ ဦးအား နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၁၇၁ အရ အလုပ် တာဝန်များမှ ရပ်ဆိုင်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းပြင် ကယားပြည်နယ် လွှတ်တော်ရုံးဝန်ထမ်း ၂၆ ဦးကို  တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း သက်ဆိုင်ရာ ရုံးများမှ ထုတ်ပြန်ခဲ့သည်။ 

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ စစ်တပ်က ကားဖြင့်လာရောက်ကာ စာရွက်စာတမ်းများ နှင့် ပစ္စည်းများကို သယ်ယူသွားကြောင်း သိရှိရသည်။ အဆိုပါမြို့နယ်၏      ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ကိုလည်း ဖမ်းဆီးထားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည် ဆိုသည်ကိုလည်း သိရှိရခြင်းမရှိပါ။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်​၏ ဇနီး ဒေါက်တာယုယုမေနှင့် မိသားစုဝင်များအား အကျယ် ချုပ် ထိန်းသိမ်းထားရာမှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညပိုင်း၌ ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရှိရသည်။ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်​ကို အာဏာသိမ်းစစ်အုပ်စုမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် အောင်မြေသာစံမြို့နယ်တရားရုံး၌ တရားစွဲဆိုထားပြီး ဖမ်းဆီးထားသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဗျောတော၀ရပ်ကွက်တွင် နေထိုင်သော သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသာမြတ်ကျော်၏ ဇနီးဖြစ်သူ ဒေါ်မို့ကို လူမှုကွန်ရက်တွင် စစ်အာဏာသိမ်းမှု အပေါ် ဝေဖန်သော ပို့စ်များ တင်သည်ဟုဆိုကာ ရဲတပ်ဖွဲ့မှ  ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အကြမ်းဖက် ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ သပိတ်ခေါင်းဆောင်များဖြစ်သော မြိတ်မှ ကိုမိုးသူအောင်နှင့် ကိုတူးတူး၊ ကျောင်းသားသမဂ္ဂမှ ကိုချမ်းမြေ့နိုင်နှင့် ကိုရဲကျော်ဖြိုးတို့ လေးဦးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခြင်းခံထားရသူ လေးဦးအပြင် ဆန္ဒပြရာ၌ ပါဝင်သောကြောင့် အမှုဖွင့်ခံထားရသူများလည်း ရှိသည်။ 

အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူလူထုကို ဖြိုခွင်းရန်အတွက် လူထုအတွင်းသို့ ၎င်းတို့၏ လက်ပါးစေများကို ထည့်သွင်း၍ အဓိကရုဏ်းနှင့် ရန်ပွဲများ ဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိဖြင့် နည်းလမ်းပြောင်းလဲ အသုံးပြုလာလျက်ရှိသည်။ ထိုကဲ့သို့ အဓိကရုဏ်းများဖန်တီးခြင်းသည် ပြည်တွင်း၌ ဆူပူသောင်းကျန်းမှုများကြောင့် စစ်တပ်က မဖြစ်မနေ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေရပါသည်ဟုဆိုကာ ၎င်းတို့၏ အခန်းကဏ္ဍကို မြှင့်တင်နေရာယူရန် နှင့် ပြည်သူလူထုကို အထိတ်တလန့်ဖြင့် အကြောက်တရားလွှမ်းမိုးနေစေရန် အလို့ငှာ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆပါသည်။

ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် ရဲများသည် ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သော် လည်း လက်ရှိမြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့ဝင်များမှာ ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူလူထုကို အကြမ်းဖက်ဖြိုခွင်းရန် အသင့်ရှိ နေပြီး စစ်အုပ်စုကို ထောက်ခံအားပေးသည့် အကြမ်းဖက်သမားများကိုသာ ကာကွယ်နေသည့် လုပ်ရပ်များကိုလည်း ယနေ့မြန်မာနိုင်ငံ၏ ဖြစ်စဉ်များတွင် သိသာထင်ရှားစွာ တွေ့နိုင်သည်။

ထိုကဲ့သို့သော ဖြစ်စဉ်ဖြစ်ရပ်များမှာ ၈ လေးလုံးအရေးတော်ပုံတွင်လည်း စစ်အာဏာရှင်အုပ်စုမှ ဆောင်ရွက်ခဲ့သည့် နည်း လမ်းများဖြစ်ကာ လက်ရှိအခြေအနေမှာ ၈လေးလုံးအရေးတော်ပုံကာလတွင် လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်များ ထက် ပိုမို၍ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၇၄၈) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၅၆) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၆၂) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၆၈၆) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။  ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထိ ငြိမ်းချမ်းစွာဆန္ဒပြမှုအပါအဝင် အကြမ်းဖက်ခံရ၍ ကျဆုံးသူ (၈) ဦးထိရှိခဲ့ပြီဖြစ်ပါသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။ 

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

တရားမဲ့ဖမ်းဆီးခံထားရသူများစာရင်း Recent Arrests List (Last Updated on 25 Feb 21)

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)