အၾကမ္းဖက္ၿဖိဳခြင္းခံရျခင္းႏွင့္ ပတ္သက္၍ ေသဆုံးမႈႏွင့္ ဒဏ္ရာရရွိမႈ ျဖစ္စဥ္မ်ား (၂၀၂၁ ခုႏွစ္)

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ စစ္အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ ထိုအျခင္းအရာကို ဆန႔္က်င္၍ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္သူမ်ားအား စစ္တပ္ ႏွင့္ ရဲတပ္ဖြဲ႕တို႔မွ ရက္စက္စြာျဖင့္ အၾကမ္းဖက္ၿဖိဳခြင္းခဲ့သည္။ ထိုကဲ့သို႔ အၾကမ္းဖက္ ႏွိမ္ႏွင္းရာတြင္ က်ည္ဆန္အစစ္၊ ရာဘာက်ည္ ႏွင့္ မ်က္ရည္ယိုဗုံးမ်ားကို အသုံးျပဳ၍ ၿဖိဳခြင္းခဲ့သည္သာမက မီးသတ္ပိုက္မ်ား ျဖင့္ထိုးျခင္း၊ ကုံးသီး (သံမႈိမူလီကို သုံး​ေျမႇာင့္ပုံစံျပဳလုပ္ထားသည့္ သံထည္ပစၥည္း) ျဖင့္ ျပည္သူမ်ားရွိရာ လူအုပ္အတြင္းသို႔ ​ေလးခြျဖင့္ ပစ္ခတ္ခဲ့ျခင္း၊ လမ္းမမ်ား​ေပၚတြင္ ပစ္က်ဲခ်ထားျခင္းမ်ားကိုလည္း လုပ္​ေဆာင္ခဲ့​ေၾကာင္းသိရွိရသည္။ ထို႔ေၾကာင့္ ေသဆုံးမႈမ်ားအျပင္ ဒဏ္ရာရရွိသူမ်ားလည္းရွိေၾကာင္းသိရွိရပါသည္။
စစ္အာဏာသိမ္းအုပ္စု၏ အၾကမ္းဖက္ၿဖိဳခြင္းျခင္းႏွင့္အတူ လူထုမတည္မၿငိမ္ျဖစ္ေစမည့္ လုပ္ရပ္မ်ားကို ရည္ ႐ြယ္ခ်က္ရွိရွိျဖင့္ လုပ္ကိုင္ေဆာင္႐ြက္လ်က္ရွိရာ ယေန႔ (၂၄-ေဖေဖာ္ဝါရီ-၂၀၂၁) ရက္ေန႔အထိ အသက္ဆုံး ရႈံးခဲ့ရသူေပါင္း (၈) ဦးရွိၿပီး ဒဏ္ရာရရွိသူမ်ားစြာရွိသည္။
မႏၲေလးတြင္ ညအခ်ိန္၌ ကားျဖင့္ ဆင့္တိုက္ျခင္းခံခဲ့ရ၍ အသက္ ၃၂ ႏွစ္အ႐ြယ္ ကိုနပြား (ခ) ကိုကိုဦးသည္ ေဖေဖာ္ဝါရီလ (၈) ရက္ေန႔တြင္ ေသဆုံးသြားခဲ့သည္။
ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ည၌ တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕၌ ညကင္းေစာင့္ေနစဥ္ ဦးေခါင္းကို ႐ိုက္ႏွက္ျခင္းခံခဲ့ရ၍ အသက္ ၁၈ ႏွစ္အ႐ြယ္ ေမာင္ေနေနဝင္းထက္သည္ ေသဆုံးသြားခဲ့သည္။
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေနျပည္ေတာ္တြင္ အသက္ ၂၁ ႏွစ္အ႐ြယ္ ဒႆမတန္းေက်ာင္းသူ မျမသြဲ႕သြဲ႕ခိုင္ သည္ ေဖေဖာ္ဝါရီလ (၉) ရက္ေန႔က ၿဖိဳခြင္းျခင္းခံခဲ့ရသည့္ ဆႏၵျပပြဲ၌ သူမ၏ဦးေခါင္းကို က်ည္ထိမွန္၍ ထိုဒဏ္ရာျဖင့္ပင္ ေဖေဖာ္ဝါရီ (၁၉) ရက္ေန႔၌ ေသဆုံးသြားခဲ့သည္။
မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးၿမိဳ႕ ကမ္းနားလမ္း၌ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔က ျဖစ္ပြားခဲ့ေသာ ဆႏၵျပပြဲ၌ အၾကမ္းဖမ္းၿဖိဳခြင္းခံရမႈေၾကာင့္ အသက္ (၁၆) ႏွစ္အ႐ြယ္ ေမာင္ေဝယံထြန္း သည္ ေသနတ္ျဖင့္ပစ္ခံရသျဖင့္ ဦးေခါင္းခြံပြင့္ထြက္၍ ေနရာတြင္ပင္ ေသဆုံးသြားခဲ့ၿပီး အသက္ (၃၇) ႏွစ္အ႐ြယ္ ကိုသက္ႏိုင္ဝင္း(ခ) ကိုမင္းမင္း သည္လည္း ရင္ဘတ္ ႏွင့္ ဝမ္းဗိုက္တို႔တြင္ က်ည္ထိမွန္၍ ေသဆုံးသြားခဲ့သည္။ ထို႔အျပင္ အသက္ (၃၈) ႏွစ္အ႐ြယ္ ကိုၾကည္စိုးသည္ ႐ိုက္ႏွက္ျခင္းခံခဲ့ရေသာေၾကာင့္ ဦးေခါင္းတြင္ ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့သည္။
၎ျပင္ ေဖေဖာ္ဝါရီလ(၂၀) ရက္ေန႔က ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊျပည္သာၿမိဳ႕နယ္၊ တ/၁၅ ရပ္ကြက္၌ လုံၿခဳံေရးကင္းေစာ့င္ေနသည့္ အခ်ိန္တြင္ ေသနတ္ျဖင့္ ပစ္ခတ္ျခင္းခံခဲ့ရသည့္အတြက္ အသက္ ၃၀ ႏွစ္အ႐ြယ္ ကိုတင္ထြဋ္ဟိန္းသည္ ေနရာတြင္ပင္ ေသဆုံးသြားခဲ့သည္။
မႏၲေလးၿမိဳ႕ ကမ္းနားလမ္း သေဘၤာက်င္းသပိတ္ၿဖိဳခြဲမႈတြင္ ဒူးေခါင္းကို က်ည္ထိမွန္ဒဏ္ရာရခဲ့ၿပီး ဖမ္းဆီး ခံခဲ့ရသူ ကိုရာဇာေအာင္ (၂၆ ႏွစ္) သည္ထိုဒဏ္ရာအား ေဆးကုသမႈ မခံခဲ့ရဘဲ ေဖေဖာ္ဝါရီ (၂၄) ရက္ေန႔တြင္ ပုသိမ္ႀကီး ၿမိဳ႕နယ္ရွိ မႏၲေလးစစ္ေဆး႐ုံ၌ ဆုံးပါးသြားခဲ့သည္။
ေအာက္ေဖာ္ျပပါအမ်ိဳးမ်ိဳးေသာျဖစ္စဥ္မ်ားမွလည္း ထင္ရွားစြာေတြ႕ျမင္ႏိုင္ပါသည္။
ေဖေဖာ္ဝါရီလ ၉ ရက္ေန႔တြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေနျပည္ေတာ္၌ စစ္အာဏာရွင္ဆန္႔က်င္ေရး ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္သူမ်ားအား ေရအေျမႇာက္ျဖင့္ ထိုးျခင္း၊ ရာဘာက်ည္၊ က်ည္အစစ္မ်ား အသုံးျပဳ ၍ပစ္ခတ္ၿဖိဳခြင္းခဲ့၍ (၄) ဦး ဒဏ္ရာရရွိခဲ့သည္။ ၎တို႔အနက္မွ ဦးေခါင္းတြင္ က်ည္ထိမွန္၍ ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့ေသာ အသက္ ၂၁ ႏွစ္အ႐ြယ္ မျမသြဲ႕သြဲ႕ခိုင္သည္ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔တြင္ ေသဆုံးသြားခဲ့ သည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၉ ရက္၊ ဒီဗြီဘီ/ျမန္မာ
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၉ ရက္၊ လြတ္လပ္တဲ့ အာရွအသံ/ျမန္မာ
မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးၿမိဳ႕ ၇၃ လမ္းႏွင့္ ၃၈ လမ္းၾကားတြင္ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပေနသူမ်ားအား ရဲတပ္ဖြဲ႕မွ အဓိက႐ုဏ္းႏွိမ္နင္းေရး ေရျဖန္းကားမ်ား၊ မ်က္ရည္ယိုဗုံးမ်ား သုံး၍ လူစုခြဲ ခဲ့သည္။ ထိုကဲ့သို႔ လူစုခြဲၿဖိဳခြင္းခဲ့ေသာေၾကာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ဆႏၵျပျပည္သူမ်ားၾကား ႐ုန္းရင္း ဆန္ခတ္ျဖစ္ခဲ့ ၿပီး ဆႏၵျပသူမ်ား ဒဏ္ရာရရွိခဲ့သည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၉ ရက္၊ ဒီဗြီဘီ/ျမန္မာ
ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔တြင္ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၌ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္လ်က္ရွိစဥ္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ ေမာ္လၿမိဳင္ေက်ာင္းသားသမဂၢစစ္ေၾကာင္းကို ရာဘာက်ည္ျဖင့္ပစ္ခတ္၍ ၿဖိဳခြင္းခဲ့ေသာ ေၾကာင့္ ေက်ာင္းသား (၅) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေက်ာင္းသား (၉) ဦး ဖမ္းဆီးျခင္းခံခဲ့ရသည္။ ထို႔ျပင္ ရဲတပ္ဖြဲ႕မွ ဆႏၵျပသူတစ္ဦးအား အဓမၼအၾကမ္းဖက္ ဖမ္းဆီးသည့္ ဗီဒီယိုတစ္ခုထြက္ေပၚလာသည္။ ေနာက္ထပ္ ဗီဒီယိုတစ္ခုတြင္မူ ရဲတပ္ဖြဲ႕မွ ဆႏၵျပသူတစ္ဦးအား ႐ုန္းရင္းဆန္ခတ္ ေခၚေဆာင္မသြားမီ စစ္ေဆးေမးျမန္းေနသည္ကို ေတြ႕ရွိရသည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၂ ရက္၊ ဒီဗြီဘီ/ျမန္မာ
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၂ ရက္၊ဧရာဝတီ/ျမန္မာ
ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔တြင္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ မန္ခိန္ရပ္ကြက္ရွိ ဒဘတ္ဓာတ္အားခြဲ႐ုံ၌ စစ္သား‌မ်ား ေနရာ ဝင္ယူထားသည့္အတြက္ ေဒသခံလူထုက ထြက္ခြာေပးရန္ ေတာင္းဆိုခဲ့ရာမွ စစ္သားမ်ားက ညအခ်ိန္တြင္ ပစ္ခတ္ ၿဖိဳခြင္းခဲ့ၿပီး ေဒသခံတခ်ိဳ႕ ဒဏ္ရာရရွိသြားခဲ့ကာ သတင္းသမား (၅) ဦးသည္ ဖမ္းဆီးျခင္းခံခဲ့ရသည္။ အဆိုပါ သတင္းသမား (၅) ဦးသည္ ခံဝန္လက္မွတ္ေရးထိုးကာ ေနာက္တစ္ေန႔တြင္ ျပန္လည္ လြတ္ေျမာက္လာခဲ့သည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၄ ရက္၊ ဘီဘီစီ သတင္းဌာန ၏ လူမႈကြန္ရက္စာမ်က္ႏွာ/ျမန္မာ
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၅ ရက္၊ လြတ္လပ္တဲ့ အာရွအသံ/ျမန္မာ
ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ညေနပိုင္းတြင္ မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးၿမိဳ ၂၆ ဘီလမ္းႏွင့္ ၈၁-၈၂ လမ္းၾကား ျမန္မာ့စီးပြားေရးဗဟိုဘဏ္ ၁ ႏွင့္ ၂ ေရွ႕တြင္ ဆႏၵျပေနသူမ်ားအား ရဲႏွင့္ စစ္တပ္မွ အင္အားသုံးၿပီး ပစ္ခတ္ ႐ိုက္ႏွက္ၿဖိဳခြင္းမႈမ်ား ျပဳလုပ္ခဲ့သည္။ အာဏာပိုင္မ်ား၏ အင္အားသုံး အၾကမ္းဖက္ႏွိမ္နင္းမႈအတြင္း ထိခိုက္ဒဏ္ရာရသူႏွင့္ ဖမ္းဆီးခံရသူမ်ား အနည္းဆုံး ၁၅ ဦးခန႔္ ရွိသည္ဟု ၾကားသိရေသာ္လည္း အေရအတြက္အတိအက်ကိုမူ အတည္ျပဳႏိုင္ျခင္း မရွိေသးပါ။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၅ ရက္၊ လြတ္လပ္တဲ့ အာရွအသံ/ျမန္မာ
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၅ ရက္၊ ဒီဗြီဘီ/ျမန္မာ
ထို႔အျပင္မႏၲေလးၿမိဳ႕ ရန္ကုန္-မႏၲေလး အျမန္လမ္းထိပ္ရွိ တံခြန္တိုင္အဝိုင္းတြင္ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ညေနပိုင္း၌ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသည့္ ျပည္သူမ်ားအား ရဲတပ္ဖြဲ႕မွ အင္အားသုံး၍ အၾကမ္းဖက္ ႐ိုက္ႏွက္ၿဖိဳခြင္းခဲ့ေသာေၾကာင့္ ျပည္သူတခ်ိဳ႕ ဒဏ္ရာရရွိသြားခဲ့သည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၅ ရက္၊ Soe Zeya Tun ၏ လူမႈကြန္ရက္စာမ်က္ႏွာ/ျမန္မာ
ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕၌ Civil Disobedience Movement (CDM) ၌ ပါဝင္ေသာ ေထာင္ကလို႔ေက်း႐ြာမွ မူလတန္းေက်ာင္းအုပ္ ဦးထက္ေဝယံေက်ာ္သည္ ဆႏၵထုတ္ေဖာ္မႈျပဳၿပီးအျပန္တြင္ ရဲတပ္ဖြဲ႕၏ဖမ္းဆီးျခင္းကို ခံခဲ့ရသည္။ ၎အား ျပန္လည္လႊတ္ေပးရန္ ျပည္သူ ၃၀,၀၀၀ ဝန္းက်င္မွ ေျမာင္းျမ အက်ဥ္းေထာင္ေရွ႕တြင္ ဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။ ထိုကဲ့သို႔ဆႏၵထုတ္ေဖာ္မႈ ျပဳလုပ္ေနစဥ္ ရဲတပ္ဖြဲ႕မွ မီးသတ္ပိုက္ျဖင့္ ထိုးျခင္း၊ မ်က္ရည္ယိုဗုံးျဖင့္ပစ္ကာ ရာဘာက်ည္ျဖင့္ပစ္ခတ္ျခင္းတို႔ ျပဳလုပ္၍ အၾကမ္းဖက္ၿဖိဳခြင္းခဲ့သည္။ ထို႔ေၾကာင့္ အရပ္သား (၁၀) ဦး ဒဏ္ရာရရွိခဲ့ၿပီး အရပ္သား (၂) ဦး ဖမ္းဆီးျခင္းခံခဲ့ရသည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၆ ရက္၊ ဒီဗြီဘီ/ျမန္မာ
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ၁၆ ရက္၊ Htet Myet Aung ၏ လူမႈကြန္ရက္စာမ်က္ႏွာ/ျမန္မာ
မႏၲေလးတိုင္းေဒသႀကီး၊ မႏၲ​ေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ရပ္ကြက္တစ္ခု၌ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔ ည ၈ နာရီခြဲ​အခ်ိန္ခန႔္က​ ​ေနအိမ္တစ္အိမ္ကို သံပုံးတီး၍ဟုဆိုကာ တပ္ ႏွင့္ ရဲမ်ား ပါဝင္သည့္ ကင္းလွည့္ေနသူမ်ားမွ ၀င္ေရာက္ဖ်က္ဆီး ခဲ့၍ အမ်ိဳးသား တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၇ ရက္၊ လြတ္လပ္တဲ့ အာရွအသံ/ျမန္မာ
မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးၿမိဳ႕တြင္ မီးရထားစက္ေခါင္းေမာင္းမ်ားသည္ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွ စတင္ကာ ခရီးစဥ္ေျပးဆြဲျခင္းကိုရပ္နား၍ ျပည္သူ႔ဝန္ထမ္းမ်ား လုပ္ငန္းခြင္မဝင္ဘဲ အာဏာဖီဆန္ေသာ လႈပ္ရွားမႈ(CDM)ကို ျပဳလုပ္ခဲ့သည္။ သို႔အတြက္ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔တြင္ မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးၿမိဳ႕တြင္ရထားေမာင္းႏွင္ႏိုင္ရန္ စစ္တပ္မွ မိတၳီလာ ဗဟိုပို႔ေဆာင္ ဆက္သြယ္ေရးေက်ာင္းမွ မီးရထားစက္ေခါင္းေမာင္းအရာရွိ ဦးေဇာ္ကိုကိုေမာင္၊ ဦးသန႔္ဇင္ ႏွင့္ အျခားစက္ျပင္ (၂) ဦးတို႔အား ေသနတ္ျဖင့္ေထာက္ကာ ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။ ထို႔ေၾကာင့္ ေန႔လည္ပိုင္းမွ စတင္ကာ မႏၲေလးျပည္သူလူထုမွ ၎တို႔ကို လႊတ္ေပးရန္အတြက္ ဆႏၵထုတ္ေဖာ္ေတာင္းဆိုမႈ ျပဳလုပ္ခဲ့သည္။ ညပိုင္းအခ်ိန္ တြင္ မႏၲေလးဘူတာႀကီးကို ရဲ ႏွင့္ စစ္တပ္က ဝင္ေရာက္၍ မီးရထား ဝန္ထမ္းမ်ား ေနအိမ္အတြင္းသို႔ အခ်က္ေရမ်ားစြာ ပစ္ခတ္မႈျပဳလုပ္ခဲ့၍ မီးရထား သန႔္ရွင္းေရးဝန္ထမ္း အိမ္ဝန္းအတြင္းမွ ဝန္ထမ္း (၁) ဦး ဒဏ္ရာရရွိခဲ့သည္။ ထို႔ျပင္ ဘူတာအနီး၌ ဖြင့္ထားသည့္ ပရဟိတဓါရီလူမႈကူညီေရးအသင္း႐ုံးကိုလည္း ပစ္ခတ္ခဲ့ျခင္းေၾကာင့္ အသင္းဝင္ လူငယ္ (၁) ဦး ဒဏ္ရာရရွိသြားခဲ့ၿပီး ပရဟိတကား (၂) စီး က်ည္ဆန္ထိမွန္သြား ခဲ့သည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၈ ရက္၊ ဒီဗြီဘီ/ျမန္မာ
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၈ ရက္၊ဧရာဝတီ/ျမန္မာ
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၈ ရက္၊ လြတ္လပ္တဲ့ အာရွအသံ/ျမန္မာ
ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔ မနက္ပိုင္းတြင္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနား ပညာေရးေကာလိပ္ေရွ႕၌ ျပည္သူ႔ ဝန္ထမ္းမ်ား လုပ္ငန္းခြင္ မဝင္ဘဲ အာဏာဖီဆန္ေသာလႈပ္ရွားမႈ(CDM) တြင္ ပါဝင္၍ ဆႏၵထုတ္ေဖာ္မႈျပဳလုပ္ရန္ စုေဝးေနစဥ္ ရဲတပ္ဖြဲ႕ဝင္ မ်ားမွ ေက်ာင္းဆရာမ (၂) ဦးကို ႐ိုက္ႏွက္၍ အဓမၼဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။ ထို႔ျပင္ ျမစ္ႀကီးနား ၿမိဳ႕မေဈး အနီး ဆႏၵျပခ်ီတက္လာသူမ်ားကို ရဲတပ္ဖြဲ႕မွ ပိတ္ဆို႔ခဲ့ၿပီး ျပည္သူ (၁၁) ဦးကို ဖမ္းဆီး၊ထိန္းသိမ္းခဲ့သည္။ ထို႔ျပင္ ရဲတပ္ဖြဲ႕က အေဝးမွ ဓာတ္ပုံ႐ိုက္သူမ်ားကို ေလးဂြျဖင့္ ပစ္ခဲ့သည္။ အဆိုပါေက်ာင္းဆရာမ (၂) ဦး ႏွင့္ ျပည္သူ (၁၁) ဦးသည္ ယေန႔ ညေနပိုင္းအခ်ိန္တြင္ ျပန္လည္ လြတ္ေျမာက္ လာေၾကာင္း သိရွိရသည္။ ျပန္လည္လြတ္ေျမာက္လာခ်ိန္တြင္ ေက်ာင္းဆရာမႏွစ္ဦးလုံး၏ ခႏၶာကိုယ္တြင္ ႐ိုက္ႏွက္ျခင္းခံထားရသည့္ ဒဏ္ရာမ်ားရရွိထားကာ ထိုဆရာ ႏွစ္ဦးအနက္ တစ္ဦးျဖစ္သည့္ ေဒၚေအးေအးၾကင္စ စိန္မွာ လက္ဆစ္႐ိုး က်ိဳးသည္အထိ ႐ိုက္ႏွက္ျခင္းခံခဲ့ရသည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၉ ရက္၊ ဒီဗြီဘီ/ျမန္မာ
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၉ ရက္၊ လြတ္လပ္တဲ့ အာရွအသံ/ျမန္မာ
ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔တြင္ မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးၿမိဳ႕၌ ျပည္သူ႔ဝန္ထမ္းမ်ား လုပ္ငန္းခြင္မဝင္ဘဲ အာဏာဖီဆန္ေသာလႈပ္ရွားမႈ(CDM) ျပဳလုပ္ေနသည့္ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး ရတနာပုံ သေဘၤာက်င္းကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားဝင္ေရာက္ကာ လုပ္ငန္း လည္ပတ္ရန္လာေရာက္ ဖိအားေပးေနသည္ဟု ဆိုသျဖင့္ လူထုက ဆႏၵေဖာ္ထုတ္ရာမွ အၾကမ္းဖက္ ပစ္ခတ္ ႏွိမ္ႏွင္းျခင္းခံခဲ့ရသည္။ ရဲ ႏွင့္ စစ္တပ္မွ ေသနတ္ျဖင့္ အခ်က္(၁၀၀)ထက္မနည္း ပစ္ခတ္ခဲ့ၿပီး က်ည္ဆန္အစစ္၊ ရာဘာက်ည္ ႏွင့္ မ်က္ရည္ယိုဗုံးမ်ားကို အသုံးျပဳ၍ ၿဖိဳခြင္းခဲ့သည္သာမက သံမႈိမူလီကို သုံး​ေျမႇာင့္ပုံစံျပဳလုပ္၍ ျပည္သူမ်ားရွိရာ လူအုပ္အတြင္းသို႔ ​ေလးခြျဖင့္ ပစ္ခတ္ခဲ့ျခင္း၊ လမ္းမမ်ား​ေပၚတြင္ ပစ္က်ဲခ်ထားျခင္းမ်ားကိုလည္း လုပ္​ေဆာင္ခဲ့​ေၾကာင္းသိရွိရသည္။ ထိုကဲ့သို႔ အၾကမ္းဖက္ပစ္ခတ္ ၿဖိဳခြင္းခဲ့မႈေၾကာင့္ ဦးေခါင္းပြင့္၍ ေသဆုံးသြားေသာ လူငယ္ (၁) ဦးအပါအဝင္ အရပ္သား (၂) ဦးေသဆုံးသြားခဲ့ၿပီး ဒဏ္ရာရရွိသူ (၁၀) ဦးထက္မနည္းရွိေၾကာင္း ကနဦး သိရွိရသည္။ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူမ်ားကို အၾကမ္းဖက္ ၿဖိဳခြင္းခဲ့ရာ ၄၀ ဦးေက်ာ္ ဒဏ္ရာရရွိခဲ့သည္။ ဒဏ္ရာရရွိသူမ်ား အနက္ အမ်ိဳးသား တစ္ဦးမွာ က်ည္အစစ္ထိမွန္၍ ​ေက်ာမွ ဗိုက္သို႔ ​ေပါက္ထြက္ ဒဏ္ရာရရွိၿပီး စိုးရိမ္ရသည့္ အ​ေနအ ထားရွိ​ေနသည္။ အမ်ိဳးသမီးႀကီးတစ္ဦးမွာ ရဲႏွင့္စစ္တပ္မွ ဝိုင္း႐ိုက္၍ ဦး​ေခါင္းကြဲသြားခဲ့သည္။ အျခားအမ်ိဳး သားတစ္ဦးမွာလည္း တင္ပါးတြင္ က်ည္ထိမွန္​ေၾကာင္း သိရွိရသည္။ ၎ျပင္ ဖမ္းဆီးျခင္းခံခဲ့ရသူ (၂၀) နီးပါး ရွိခဲ့သည့္အျပင္ လူမႈကယ္ဆယ္ေရးအသင္းကား အခ်ိဳ႕လည္း ေသနတ္ျဖင့္ ပစ္ခတ္ျခင္းခံခဲ့ရသည္။ ၎ျပင္ ကမ္းနားလမ္း၌ ျဖစ္ပြားခဲ့ေသာ ဆႏၵျပပြဲအတြင္း အသက္ (၃၈) ႏွစ္အ႐ြယ္ ကိုၾကည္စိုးသည္ ႐ိုက္ႏွက္ျခင္းခံခဲ့ရ ေသာေၾကာင့္ ဦးေခါင္းတြင္ ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့သည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၀ ရက္၊ ဒီဗြီဘီ/ျမန္မာ
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၀ ရက္၊ Myanmar Now/ျမန္မာ
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၀ ရက္၊ လြတ္လပ္တဲ့ အာရွအသံ/ျမန္မာ
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၁ ရက္၊ 7 Days News/ျမန္မာ
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၀ ရက္၊ဧရာဝတီ/ျမန္မာ
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၃ ရက္၊ VOM/ျမန္မာ
https://www.facebook.com/100004979024460/posts/1852908914885058/?d=n

ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ည ၁၁ နာရီ ၄၅ မိနစ္ခန႔္တြင္ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊျပည္သာၿမိဳ႕နယ္၊ တ/၁၅ ရပ္ကြက္ လုံၿခဳံေရးကင္းေစာင့္ေနေသာ အသက္ ၃၀ ႏွစ္အ႐ြယ္ ကိုတင္ထြဋ္ဟိန္းသည္ ေသနတ္ျဖင့္ ပစ္ခတ္ ျခင္းခံခဲ့ရ၍ ၎ေနရာတြင္ပင္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္။ ရပ္ကြက္အတြင္းသို႔ ဝင္လာသည့္ ရဲကားတစ္စီးမွ ကင္းေစာင့္ေနသူ၏ ဦးေခါင္းကို ေသနတ္ျဖင့္ သုံးခ်က္တိတိ ပစ္သြားသည္ဟု အခင္းျဖစ္ပြား သည့္ ေနရာတြင္ ရွိေနသူတစ္ဦးမွ ေျပာၾကားခဲ့သည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၀ ရက္၊ လြတ္လပ္တဲ့ အာရွအသံ/ျမန္မာ
ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔တြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕၌ ႏွစ္ငါးလုံး အထိမ္းအမွတ္ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္လ်က္ရွိေသာ ျပည္သူမ်ားကို ရဲကား ငါးစီး၊ ေရအေျမႇာက္ကားတစ္စီး၊ ရဲအခ်ဳပ္ကား ႏွစ္စီးႏွင့္ စစ္ကားတစ္စီးတို႔မွ အင္အားသုံး၍ ၿဖိဳခြင္းခဲ့ေသာေၾကာင့္ အင္ဂ်င္နီယာ (၆) ဦး ႏွင့္ ျပည္သူ (၁၉၃) ဦး ဖမ္းဆီးျခင္း ခံခဲ့ရၿပီး ဆိုင္ကယ္ (၂၆၆) စီး ႏွင့္ ကား (၈) စီးလည္း သိမ္းဆည္းျခင္းခံခဲ့ရသည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၂ ရက္၊ Myanmar Now/ျမန္မာ
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၂ ရက္၊ လြတ္လပ္တဲ့ အာရွအသံ/ျမန္မာ

ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ ည ၈ နာရီေက်ာ္အခ်ိန္ခန႔္တြင္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ ေအာင္နန္း RC ဘုရားေက်ာင္းေရွ႕တြင္ စစ္ကားယာဥ္တန္းကို ထြက္ၾကည့္သည့္ ကေလးငယ္မ်ားအား တပ္မေတာ္ယာဥ္ေပၚမွ ေလးခြႏွင့္ပစ္ေသာေၾကာင့္ ၅ ႏွစ္အ႐ြယ္ ကေလးငယ္ တစ္ဦး ဦးေခါင္း ေပါက္ၿပဲဒဏ္ရာ ရရွိသြားခဲ့သည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၂ ရက္၊ ဒီဗြီဘီ/ျမန္မာ
ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔ ေန႔လယ္ ၁၂ နာရီခြဲအခ်ိန္ခန႔္၌ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ဆိုင္ကယ္စီးၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူမ်ားအား စစ္ကားေပၚမွ ေလးခြႏွင့္ပစ္ခတ္ခဲ့ေသာေၾကာင့္ အမ်ိဳးသမီးငယ္တစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု သိရွိရသည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၃ ရက္၊ လြတ္လပ္တဲ့ အာရွအသံ ၏ လူမႈကြန္ရက္စာမ်က္ႏွာ/ျမန္မာ

ေဖေဖာ္ဝါရီ ၂၄ ရက္ မနက္မွာ ရန္ကုန္ၿမိဳ႕ နတ္ေမာက္လမ္းရွိ ဂ်ပန္သံ႐ုံးေရွ႕၌ ဆႏၵျပေနသူတခ်ိဳ႕ကို ရဲလုံၿခဳံေရး တပ္ဖြဲ႕က ၿခိမ္းေျခာက္ေအာ္ဟစ္ လူစုခြဲခဲ့သည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၄ ရက္၊ ဒီဗြီဘီ/ျမန္မာ
မႏၲေလးၿမိဳ႕ ကမ္းနားလမ္း သေဘၤာက်င္းသပိတ္ၿဖိဳခြဲမႈတြင္ ဒူးေခါင္းကို က်ည္ထိမွန္ဒဏ္ရာရခဲ့ၿပီး ဖမ္းဆီး ခံခဲ့ရသူ ကိုရာဇာေအာင္ (၂၆ ႏွစ္) သည္ ထိုဒဏ္ရာအား ေဆးကုသမႈ မခံခဲ့ရဘဲ ေဖေဖာ္ဝါရီ (၂၄) ရက္ေန႔တြင္ ပုသိမ္ႀကီး ၿမိဳ႕နယ္ရွိ မႏၲေလးစစ္ေဆး႐ုံ၌ ဆုံးပါးသြားခဲ့သည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၄ ရက္၊ ေခတ္သစ္မီဒီယာ၏ လူမႈကြန္ရက္စာမ်က္ႏွာ/ျမန္မာ
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၄ ရက္၊ အာရ္အက္ဖ္ေအ/ျမန္မာ

ထိခိုက္ဒဏ္ရာရသူမ်ားစာရင္း ေဒါင္းေလာ့ရယူရန္Crackdown Death

ပစ္ခတ္မႉအတြင္း က်ဆုံးသူမ်ားစာရင္း ေဒါင္းေလာ့ရယူရန္Crackdown Death

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ထိုအခြင်းအရာကို ဆန့်ကျင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား စစ်တပ် နှင့် ရဲတပ်ဖွဲ့တို့မှ ရက်စက်စွာဖြင့် အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ထိုကဲ့သို့ အကြမ်းဖက် နှိမ်နှင်းရာတွင် ကျည်ဆန်အစစ်၊ ရာဘာကျည် နှင့် မျက်ရည်ယိုဗုံးများကို အသုံးပြု၍ ဖြိုခွင်းခဲ့သည်သာမက မီးသတ်ပိုက်များ ဖြင့်ထိုးခြင်း၊ ကုံးသီး (သံမှိုမူလီကို သုံး​မြှောင့်ပုံစံပြုလုပ်ထားသည့် သံထည်ပစ္စည်း) ဖြင့် ပြည်သူများရှိရာ လူအုပ်အတွင်းသို့ ​လေးခွဖြင့် ပစ်ခတ်ခဲ့ခြင်း၊ လမ်းမများ​ပေါ်တွင် ပစ်ကျဲချထားခြင်းများကိုလည်း လုပ်​ဆောင်ခဲ့​ကြောင်းသိရှိရသည်။ ထို့ကြောင့် သေဆုံးမှုများအပြင် ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရှိရပါသည်။ 

စစ်အာဏာသိမ်းအုပ်စု၏ အကြမ်းဖက်ဖြိုခွင်းခြင်းနှင့်အတူ လူထုမတည်မငြိမ်ဖြစ်စေမည့် လုပ်ရပ်များကို ရည် ရွယ်ချက်ရှိရှိဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယနေ့ (၂၄-ဖေဖော်ဝါရီ-၂၀၂၁) ရက်နေ့အထိ အသက်ဆုံး ရှုံးခဲ့ရသူပေါင်း (၈) ဦးရှိပြီး ဒဏ်ရာရရှိသူများစွာရှိသည်။

မန္တလေးတွင် ညအချိန်၌ ကားဖြင့် ဆင့်တိုက်ခြင်းခံခဲ့ရ၍  အသက် ၃၂ နှစ်အရွယ် ကိုနပွား (ခ) ကိုကိုဦးသည် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် သေဆုံးသွားခဲ့သည်။ 

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ည၌ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ညကင်းစောင့်နေစဉ် ဦးခေါင်းကို ရိုက်နှက်ခြင်းခံခဲ့ရ၍ အသက် ၁၈ နှစ်အရွယ် မောင်နေနေဝင်းထက်သည် သေဆုံးသွားခဲ့သည်။ 

နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်တွင် အသက် ၂၁ နှစ်အရွယ် ဒဿမတန်းကျောင်းသူ မမြသွဲ့သွဲ့ခိုင် သည် ဖေဖော်ဝါရီလ (၉) ရက်နေ့က ဖြိုခွင်းခြင်းခံခဲ့ရသည့် ဆန္ဒပြပွဲ၌ သူမ၏ဦးခေါင်းကို ကျည်ထိမှန်၍ ထိုဒဏ်ရာဖြင့်ပင် ဖေဖော်ဝါရီ (၁၉) ရက်နေ့၌ သေဆုံးသွားခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ကမ်းနားလမ်း၌ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲ၌ အကြမ်းဖမ်းဖြိုခွင်းခံရမှုကြောင့် အသက် (၁၆) နှစ်အရွယ် မောင်ဝေယံထွန်း သည် သေနတ်ဖြင့်ပစ်ခံရသဖြင့် ဦးခေါင်းခွံပွင့်ထွက်၍ နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး အသက် (၃၇) နှစ်အရွယ် ကိုသက်နိုင်ဝင်း(ခ) ကိုမင်းမင်း သည်လည်း ရင်ဘတ် နှင့် ဝမ်းဗိုက်တို့တွင် ကျည်ထိမှန်၍ သေဆုံးသွားခဲ့သည်။ ထို့အပြင် အသက် (၃၈) နှစ်အရွယ် ကိုကြည်စိုးသည် ရိုက်နှက်ခြင်းခံခဲ့ရသောကြောင့် ဦးခေါင်းတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။

၎င်းပြင် ဖေဖော်ဝါရီလ(၂၀) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ တ/၁၅ ရပ်ကွက်၌ လုံခြုံရေးကင်းစော့င်နေသည့် အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရသည့်အတွက် အသက် ၃၀ နှစ်အရွယ် ကိုတင်ထွဋ်ဟိန်းသည် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။ 

မန္တလေးမြို့ ကမ်းနားလမ်း သင်္ဘောကျင်းသပိတ်ဖြိုခွဲမှုတွင် ဒူးခေါင်းကို ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ဖမ်းဆီး ခံခဲ့ရသူ ကိုရာဇာအောင် (၂၆ နှစ်) သည်ထိုဒဏ်ရာအား ဆေးကုသမှု မခံခဲ့ရဘဲ ဖေဖော်ဝါရီ (၂၄) ရက်နေ့တွင် ပုသိမ်ကြီး မြို့နယ်ရှိ မန္တလေးစစ်ဆေးရုံ၌ ဆုံးပါးသွားခဲ့သည်။ 

အောက်ဖော်ပြပါအမျိုးမျိုးသောဖြစ်စဉ်များမှလည်း ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ 

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား ရေအမြှောက်ဖြင့် ထိုးခြင်း၊ ရာဘာကျည်၊ ကျည်အစစ်များ အသုံးပြု ၍ပစ်ခတ်ဖြိုခွင်းခဲ့၍ (၄) ဦး  ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့အနက်မှ ဦးခေါင်းတွင် ကျည်ထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော အသက် ၂၁ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်သည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သေဆုံးသွားခဲ့ သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ၇၃ လမ်းနှင့် ၃၈ လမ်းကြားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့မှ အဓိကရုဏ်းနှိမ်နင်းရေး ရေဖြန်းကားများ၊ မျက်ရည်ယိုဗုံးများ သုံး၍ လူစုခွဲ ခဲ့သည်။ ထိုကဲ့သို့ လူစုခွဲဖြိုခွင်းခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြပြည်သူများကြား ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့ ပြီး ဆန္ဒပြသူများ ဒဏ်ရာရရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်၊ ဒီဗွီဘီ/မြန်မာ

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိစဉ် ရဲတပ်ဖွဲ့ဝင်များမှ မော်လမြိုင်ကျောင်းသားသမဂ္ဂစစ်ကြောင်းကို ရာဘာကျည်ဖြင့်ပစ်ခတ်၍ ဖြိုခွင်းခဲ့သော ကြောင့် ကျောင်းသား (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသား (၉) ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့ပြင် ရဲတပ်ဖွဲ့မှ ဆန္ဒပြသူတစ်ဦးအား အဓမ္မအကြမ်းဖက် ဖမ်းဆီးသည့် ဗီဒီယိုတစ်ခုထွက်ပေါ်လာသည်။ နောက်ထပ် ဗီဒီယိုတစ်ခုတွင်မူ ရဲတပ်ဖွဲ့မှ ဆန္ဒပြသူတစ်ဦးအား ရုန်းရင်းဆန်ခတ် ခေါ်ဆောင်မသွားမီ စစ်ဆေးမေးမြန်းနေသည်ကို တွေ့ရှိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ဧရာဝတီ/မြန်မာ  

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ ဒဘတ်ဓာတ်အားခွဲရုံ၌   စစ်သား‌များ နေရာ ဝင်ယူထားသည့်အတွက်  ဒေသခံလူထုက ထွက်ခွာပေးရန် တောင်းဆိုခဲ့ရာမှ  စစ်သားများက ညအချိန်တွင် ပစ်ခတ် ဖြိုခွင်းခဲ့ပြီး ဒေသခံတချို့ ဒဏ်ရာရရှိသွားခဲ့ကာ သတင်းသမား (၅) ဦးသည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ အဆိုပါ သတင်းသမား (၅) ဦးသည် ခံဝန်လက်မှတ်ရေးထိုးကာ နောက်တစ်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်၊ ဘီဘီစီ သတင်းဌာန ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို ၂၆ ဘီလမ်းနှင့် ၈၁-၈၂ လမ်းကြား  မြန်မာ့စီးပွားရေးဗဟိုဘဏ် ၁ နှင့် ၂ ရှေ့တွင် ဆန္ဒပြနေသူများအား ရဲနှင့် စစ်တပ်မှ အင်အားသုံးပြီး ပစ်ခတ် ရိုက်နှက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်။ အာဏာပိုင်များ၏ အင်အားသုံး အကြမ်းဖက်နှိမ်နင်းမှုအတွင်း ထိခိုက်ဒဏ်ရာရသူနှင့် ဖမ်းဆီးခံရသူများ အနည်းဆုံး ၁၅ ဦးခန့် ရှိသည်ဟု ကြားသိရသော်လည်း အရေအတွက်အတိအကျကိုမူ  အတည်ပြုနိုင်ခြင်း မရှိသေးပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ ဒီဗွီဘီ/မြန်မာ

ထို့အပြင်မန္တလေးမြို့ ရန်ကုန်-မန္တလေး အမြန်လမ်းထိပ်ရှိ တံခွန်တိုင်အဝိုင်းတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ညနေပိုင်း၌ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများအား ရဲတပ်ဖွဲ့မှ အင်အားသုံး၍ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းခဲ့သောကြောင့် ပြည်သူတချို့ ဒဏ်ရာရရှိသွားခဲ့သည်။  

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ Soe Zeya Tun ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ Civil Disobedience Movement (CDM) ၌ ပါဝင်သော ထောင်ကလို့ကျေးရွာမှ မူလတန်းကျောင်းအုပ် ဦးထက်ဝေယံကျော်သည် ဆန္ဒထုတ်ဖော်မှုပြုပြီးအပြန်တွင် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ၎င်းအား ပြန်လည်လွှတ်ပေးရန် ပြည်သူ ၃၀,၀၀၀ ဝန်းကျင်မှ မြောင်းမြ အကျဉ်းထောင်ရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ထိုကဲ့သို့ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့မှ မီးသတ်ပိုက်ဖြင့် ထိုးခြင်း၊ မျက်ရည်ယိုဗုံးဖြင့်ပစ်ကာ ရာဘာကျည်ဖြင့်ပစ်ခတ်ခြင်းတို့ ပြုလုပ်၍  အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ထို့ကြောင့် အရပ်သား (၁၀) ဦး ဒဏ်ရာရရှိခဲ့ပြီး အရပ်သား (၂) ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၁၆ ရက်၊ Htet Myet Aung ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ

မန္တလေးတိုင်းဒေသကြီး၊ မန္တ​လေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ ရပ်ကွက်တစ်ခု၌ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီခွဲ​အချိန်ခန့်က​ ​နေအိမ်တစ်အိမ်ကို သံပုံးတီး၍ဟုဆိုကာ တပ် နှင့် ရဲများ ပါဝင်သည့် ကင်းလှည့်နေသူများမှ  ၀င်ရောက်ဖျက်ဆီး ခဲ့၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် မီးရထားစက်ခေါင်းမောင်းများသည် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ ခရီးစဉ်ပြေးဆွဲခြင်းကိုရပ်နား၍ ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သော လှုပ်ရှားမှု(CDM)ကို ပြုလုပ်ခဲ့သည်။ သို့အတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင်ရထားမောင်းနှင်နိုင်ရန် စစ်တပ်မှ  မိတ္ထီလာ ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်းမှ မီးရထားစက်ခေါင်းမောင်းအရာရှိ ဦးဇော်ကိုကိုမောင်၊ ဦးသန့်ဇင် နှင့် အခြားစက်ပြင် (၂) ဦးတို့အား သေနတ်ဖြင့်ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့ကြောင့်  နေ့လည်ပိုင်းမှ စတင်ကာ မန္တလေးပြည်သူလူထုမှ ၎င်းတို့ကို လွှတ်ပေးရန်အတွက် ဆန္ဒထုတ်ဖော်တောင်းဆိုမှု ပြုလုပ်ခဲ့သည်။ ညပိုင်းအချိန် တွင် မန္တလေးဘူတာကြီးကို ရဲ နှင့် စစ်တပ်က ဝင်ရောက်၍  မီးရထား ဝန်ထမ်းများ နေအိမ်အတွင်းသို့ အချက်ရေများစွာ ပစ်ခတ်မှုပြုလုပ်ခဲ့၍ မီးရထား သန့်ရှင်းရေးဝန်ထမ်း အိမ်ဝန်းအတွင်းမှ ဝန်ထမ်း (၁) ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင်  ဘူတာအနီး၌ ဖွင့်ထားသည့် ပရဟိတဓါရီလူမှုကူညီရေးအသင်းရုံးကိုလည်း ပစ်ခတ်ခဲ့ခြင်းကြောင့် အသင်းဝင် လူငယ် (၁) ဦး ဒဏ်ရာရရှိသွားခဲ့ပြီး ပရဟိတကား (၂) စီး ကျည်ဆန်ထိမှန်သွား ခဲ့သည်။  

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်၊ဧရာဝတီ/မြန်မာ  

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား ပညာရေးကောလိပ်ရှေ့၌ ပြည်သူ့ ဝန်ထမ်းများ လုပ်ငန်းခွင် မဝင်ဘဲ အာဏာဖီဆန်သောလှုပ်ရှားမှု(CDM) တွင် ပါဝင်၍ ဆန္ဒထုတ်ဖော်မှုပြုလုပ်ရန် စုဝေးနေစဉ် ရဲတပ်ဖွဲ့ဝင် များမှ ကျောင်းဆရာမ (၂) ဦးကို ရိုက်နှက်၍ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့ပြင် မြစ်ကြီးနား မြို့မဈေး အနီး ဆန္ဒပြချီတက်လာသူများကို ရဲတပ်ဖွဲ့မှ ပိတ်ဆို့ခဲ့ပြီး ပြည်သူ (၁၁) ဦးကို ဖမ်းဆီး၊ထိန်းသိမ်းခဲ့သည်။ ထို့ပြင် ရဲတပ်ဖွဲ့က အဝေးမှ ဓာတ်ပုံရိုက်သူများကို လေးဂွဖြင့် ပစ်ခဲ့သည်။ အဆိုပါကျောင်းဆရာမ (၂) ဦး နှင့် ပြည်သူ (၁၁) ဦးသည် ယနေ့ ညနေပိုင်းအချိန်တွင် ပြန်လည် လွတ်မြောက် လာကြောင်း သိရှိရသည်။ ပြန်လည်လွတ်မြောက်လာချိန်တွင် ကျောင်းဆရာမနှစ်ဦးလုံး၏ ခန္ဓာကိုယ်တွင် ရိုက်နှက်ခြင်းခံထားရသည့် ဒဏ်ရာများရရှိထားကာ ထိုဆရာ နှစ်ဦးအနက် တစ်ဦးဖြစ်သည့် ဒေါ်အေးအေးကြင်စ စိန်မှာ လက်ဆစ်ရိုး ကျိုးသည်အထိ ရိုက်နှက်ခြင်းခံခဲ့ရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၌ ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သောလှုပ်ရှားမှု(CDM) ပြုလုပ်နေသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရတနာပုံ သင်္ဘောကျင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များဝင်ရောက်ကာ လုပ်ငန်း လည်ပတ်ရန်လာရောက် ဖိအားပေးနေသည်ဟု ဆိုသဖြင့် လူထုက ဆန္ဒဖော်ထုတ်ရာမှ အကြမ်းဖက် ပစ်ခတ် နှိမ်နှင်းခြင်းခံခဲ့ရသည်။ ရဲ နှင့် စစ်တပ်မှ သေနတ်ဖြင့် အချက်(၁၀၀)ထက်မနည်း ပစ်ခတ်ခဲ့ပြီး ကျည်ဆန်အစစ်၊ ရာဘာကျည် နှင့် မျက်ရည်ယိုဗုံးများကို အသုံးပြု၍ ဖြိုခွင်းခဲ့သည်သာမက သံမှိုမူလီကို သုံး​မြှောင့်ပုံစံပြုလုပ်၍ ပြည်သူများရှိရာ လူအုပ်အတွင်းသို့ ​လေးခွဖြင့် ပစ်ခတ်ခဲ့ခြင်း၊ လမ်းမများ​ပေါ်တွင် ပစ်ကျဲချထားခြင်းများကိုလည်း လုပ်​ဆောင်ခဲ့​ကြောင်းသိရှိရသည်။ ထိုကဲ့သို့ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့မှုကြောင့် ဦးခေါင်းပွင့်၍ သေဆုံးသွားသော လူငယ် (၁) ဦးအပါအဝင် အရပ်သား (၂) ဦးသေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ (၁၀) ဦးထက်မနည်းရှိကြောင်း ကနဦး သိရှိရသည်။  ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းခဲ့ရာ  ၄၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။  ဒဏ်ရာရရှိသူများ အနက် အမျိုးသား တစ်ဦးမှာ ကျည်အစစ်ထိမှန်၍ ​ကျောမှ ဗိုက်သို့ ​ပေါက်ထွက် ဒဏ်ရာရရှိပြီး စိုးရိမ်ရသည့် အ​နေအ ထားရှိ​နေသည်။ အမျိုးသမီးကြီးတစ်ဦးမှာ ရဲနှင့်စစ်တပ်မှ ဝိုင်းရိုက်၍ ဦး​ခေါင်းကွဲသွားခဲ့သည်။ အခြားအမျိုး သားတစ်ဦးမှာလည်း တင်ပါးတွင် ကျည်ထိမှန်​ကြောင်း သိရှိရသည်။ ၎င်းပြင် ဖမ်းဆီးခြင်းခံခဲ့ရသူ (၂၀) နီးပါး ရှိခဲ့သည့်အပြင် လူမှုကယ်ဆယ်ရေးအသင်းကား အချို့လည်း သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရသည်။  ၎င်းပြင် ကမ်းနားလမ်း၌ ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲအတွင်း အသက် (၃၈) နှစ်အရွယ် ကိုကြည်စိုးသည် ရိုက်နှက်ခြင်းခံခဲ့ရ သောကြောင့် ဦးခေါင်းတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ ဒီဗွီဘီ/မြန်မာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ Myanmar Now/မြန်မာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ 7 Days News/မြန်မာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ဧရာဝတီ/မြန်မာ  

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်၊ VOM/မြန်မာ

https://www.facebook.com/100004979024460/posts/1852908914885058/?d=n

 

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ တ/၁၅ ရပ်ကွက် လုံခြုံရေးကင်းစောင့်နေသော အသက် ၃၀ နှစ်အရွယ် ကိုတင်ထွဋ်ဟိန်းသည်  သေနတ်ဖြင့် ပစ်ခတ် ခြင်းခံခဲ့ရ၍ ၎င်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။ ရပ်ကွက်အတွင်းသို့ ဝင်လာသည့် ရဲကားတစ်စီးမှ ကင်းစောင့်နေသူ၏ ဦးခေါင်းကို သေနတ်ဖြင့် သုံးချက်တိတိ ပစ်သွားသည်ဟု အခင်းဖြစ်ပွား သည့် နေရာတွင် ရှိနေသူတစ်ဦးမှ ပြောကြားခဲ့သည်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၌ နှစ်ငါးလုံး အထိမ်းအမှတ် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသော ပြည်သူများကို ရဲကား ငါးစီး၊ ရေအမြှောက်ကားတစ်စီး၊ ရဲအချုပ်ကား  နှစ်စီးနှင့် စစ်ကားတစ်စီးတို့မှ အင်အားသုံး၍ ဖြိုခွင်းခဲ့သောကြောင့် အင်ဂျင်နီယာ (၆) ဦး နှင့် ပြည်သူ (၁၉၃) ဦး ဖမ်းဆီးခြင်း ခံခဲ့ရပြီး ဆိုင်ကယ် (၂၆၆) စီး နှင့် ကား (၈) စီးလည်း သိမ်းဆည်းခြင်းခံခဲ့ရသည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်၊ Myanmar Now/မြန်မာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ

 

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၈ နာရီကျော်အချိန်ခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်း RC ဘုရားကျောင်းရှေ့တွင် စစ်ကားယာဉ်တန်းကို  ထွက်ကြည့်သည့် ကလေးငယ်များအား တပ်မတော်ယာဉ်ပေါ်မှ လေးခွနှင့်ပစ်သောကြောင့် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦး ဦးခေါင်း ပေါက်ပြဲဒဏ်ရာ ရရှိသွားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်၊ ဒီဗွီဘီ/မြန်မာ

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်စီးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအား စစ်ကားပေါ်မှ လေးခွနှင့်ပစ်ခတ်ခဲ့သောကြောင့် အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရှိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်၊ လွတ်လပ်တဲ့ အာရှအသံ ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ

 

ဖေဖော်ဝါရီ ၂၄ ရက် မနက်မှာ ရန်ကုန်မြို့ နတ်မောက်လမ်းရှိ  ဂျပန်သံရုံးရှေ့၌  ဆန္ဒပြနေသူတချို့ကို  ရဲလုံခြုံရေး တပ်ဖွဲ့က ခြိမ်းခြောက်အော်ဟစ် လူစုခွဲခဲ့သည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီဗွီဘီ/မြန်မာ

မန္တလေးမြို့ ကမ်းနားလမ်း သင်္ဘောကျင်းသပိတ်ဖြိုခွဲမှုတွင် ဒူးခေါင်းကို ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ဖမ်းဆီး ခံခဲ့ရသူ ကိုရာဇာအောင် (၂၆ နှစ်) သည် ထိုဒဏ်ရာအား ဆေးကုသမှု မခံခဲ့ရဘဲ ဖေဖော်ဝါရီ (၂၄) ရက်နေ့တွင် ပုသိမ်ကြီး မြို့နယ်ရှိ မန္တလေးစစ်ဆေးရုံ၌ ဆုံးပါးသွားခဲ့သည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ ခေတ်သစ်မီဒီယာ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ အာရ်အက်ဖ်အေ/မြန်မာ