စစ္အာဏာသိမ္းၿပီးေနာက္ လတ္တေလာျဖစ္ေပၚလ်က္ရွိေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေန႔စဥ္ထုတ္ျပန္ခ်က္ အက်ဥ္းခ်ဳပ္

ရက္စြဲ ေဖေဖာ္ဝါရီလ ၂၃ ရက္၊ ၂၀၂၁ ခုႏွစ္
ျမန္မာႏိုင္ငံ၏ စစ္အာဏာသိမ္းမႈအား ဥေရာပသမဂၢေကာင္စီက တညီတၫြတ္တည္း ျပစ္တင္ရႈတ္ခ်ေၾကာင္း ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔တြင္ ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ခဲ့သည္။ အလားတူ ကမာၻ႔ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ႏွင့္ ဥေရာပသမဂၢတို႔မွလည္း ျမန္မာျပည္သူမ်ားႏွင့္အတူရပ္တည္ေၾကာင္းႏွင့္ ဥပေဒေဘာင္ဝင္သည့္ အရပ္သားအစိုးရအား မူလအတိုင္းျပန္လည္ထားရွိေရး၊ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္ တင္ေျမႇာက္ထားသည့္ ေ႐ြးေကာက္ခံေခါင္းေဆာင္မ်ားႏွင့္ ထိန္းသိမ္းျခင္းခံထားရသူအားလုံးကို ခြၽင္းခ်က္မရွိ ခ်က္ခ်င္းျပန္လႊတ္ေပးေရးအတြက္ အခိုင္အမာ ေတာင္းဆိုထားသည္။ ျမန္မာ့ဒီမိုကေရစီေရးႏွင့္ ဆႏၵျပလႈပ္ရွား မႈ၏ ေတာင္းဆိုခ်က္မ်ားႏွင့္စပ္လ်ဥ္းသည့္ ထုတ္ျပန္ခ်က္မ်ားကိုလည္း ႏိုင္ငံတကာ အသိုက္အဝန္းက ထုတ္ျပန္ လ်က္ရွိသည္။
ယမန္ေန႔က ျဖစ္ပြားခဲ့ေသာ ျဖစ္စဥ္မ်ားအေနျဖင့္ တနသၤာရီတိုင္းေဒသႀကီး၊ ၿမိဳတ္ၿမိဳ႕တြင္ ဆႏၵျပပြဲဦးေဆာင္သူ ဟု ယူဆရသူ (၃) ဦး၏ အိမ္ကို ရဲတပ္ဖြဲ႕မွ ဝင္ေရာက္ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ရာ ၎တို႔ကို မေတြ႕ရွိခဲ့သည့္အတြက္ ၎တို႔၏ မိသားစုဝင္ (၃) ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။ ၎ျပင္ ၿမိတ္ၿမိဳ႕တြင္ စစ္ဖက္ေရးရာ လုံၿခဳံေရးအဖြဲ႕ (စရဖ) မွ အဖြဲ႕ဝင္ ႏွစ္ဦးက ဆႏၵျပရာမွ ျပန္လာသူမ်ားကို ေသနတ္ျပ၍ ဖမ္းဆီးရန္ ႀကိဳးစားျခင္း ေၾကာင့္ ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။
ယမန္ေန႔ ည ၈ နာရီေက်ာ္အခ်ိန္ခန႔္တြင္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ ေအာင္နန္း RC ဘုရားေက်ာင္းေရွ႕တြင္ စစ္ကားယာဥ္တန္းကို ထြက္ၾကည့္သည့္ ကေလးငယ္မ်ားအား တပ္မေတာ္ယာဥ္ေပၚမွ ေလးခြႏွင့္ပစ္ေသာ ေၾကာင့္ ၅ ႏွစ္အ႐ြယ္ ကေလးငယ္ တစ္ဦးတြင္ ဦးေခါင္း၌ ေပါက္ၿပဲဒဏ္ရာ ရရွိသြားခဲ့သည္။
ယမန္ေန႔ညအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕၊ ဗိုလ္ျမတ္ထြန္းလမ္းရွိ တိုက္ (၁) တိုက္ကို ရဲမ်ားမွ ဝိုင္းထားကာ ျပည္သူ႔ဝန္ထမ္းမ်ား လုပ္ငန္းခြင္မဝင္ဘဲ အာဏာဖီဆန္ေသာလႈပ္ရွားမႈ(CDM) တြင္ ပါဝင္သည့္ ဝန္ထမ္းမ်ားကို ဝင္ေရာက္ရွာေဖြခဲ့ေသာ္လည္း ဖမ္းဆီးရမိျခင္းမရွိခဲ့ပါ။
ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက CDM လုပ္ေဆာင္လ်က္ရွိသည့္ ဝန္ထမ္း ၁၄ ဦးကို တာဝန္မွ ရပ္ဆိုင္းလိုက္ေၾကာင္း ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့သည္။
သို႔အျပင္ CDM ျပဳလုပ္လ်က္ရွိသည့္ ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာ​ၿမိဳ႕နယ္အေထြအေထြအုပ္ခ်ဳပ္ေရးမႉး ႐ုံးမွ အႀကီးတန္းစာေရးအပါအဝင္ ၁၃ ဦးကို ရာထူးမွ ယာယီရပ္ဆိုင္းခဲ့သည္ဟုသိရွိရသည္။ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ကလည္း ကြမ္းၿခံကုန္းၿမိဳ႕နယ္မွ အႀကီးတန္းလက္ႏွိပ္စက္စာေရးအပါအဝင္ ၁၇ ဦးကို လုပ္ငန္းခြင္မဝင္ဘဲ CDM ျပဳလုပ္ျခင္းေၾကာင့္ဟုဆိုကာ တာဝန္မွ ယာယီရပ္ဆိုင္းမႈျပဳလုပ္ခဲ့ေသးသည္။
ယေန႔ျဖစ္ပြားခဲ့ေသာ ျဖစ္စဥ္မ်ားအေနျဖင့္ ယေန႔ ေန႔လည္ ၁၂ နာရီခြဲအခ်ိန္ခန႔္၌ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ တြင္ ဆိုင္ကယ္စီးၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္သူမ်ားအား စစ္ကားေပၚမွ ေလးခြျဖင့္ပစ္ခတ္ခဲ့ေသာေၾကာင့္ အမ်ိဳးသမီးငယ္ (၁) ဦး ဒဏ္ရာရရွိခဲ့သည္။
ဖမ္းဆီး၊ တရားစြဲဆိုမႈမ်ားအေနျဖင့္ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳကို ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ) ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရွိရသည္။ ခ်ိဳၾကည္သာ ေတးသံသြင္းပိုင္ရွင္ ဦးၾကည္ဝင္းကို ဖမ္းဝရမ္း ထုတ္ခံထားရသည့္ သ႐ုပ္ေဆာင္/ဒါ႐ိုက္တာ ဦးလူမင္းအား ၎၏ေနအိမ္၌ လက္ခံထားသည့္အတြက္ ရာဇ သတ္ႀကီးပုဒ္မ ၂၁၂ ျဖင့္ အမႈဖြင့္ထားသည္။ ၎ျပင္ ကခ်င္ျပည္နယ္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးဒါရွီလဆိုင္းအား ျမစ္ႀကီးနား အက်ဥ္းေထာင္သို႔ ပို႔ေဆာင္လိုက္ၿပီျဖစ္ေၾကာင္း သိရွိ ရသည္။
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕၌ ယမန္ေန႔ကပစ္ခတ္ၿဖိဳခြင္းမႈအတြင္း ဖမ္းဆီးျခင္းခံထားရသူ (၁၉၅) ဦးအနက္မွ (၁၈၉) ဦးကို ျပန္လည္ လႊတ္ေပးခဲ့ကာ က်န္ (၆) ဦးကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ (၂၅) ျဖင့္ ပုပၺသီရီၿမိဳ႕နယ္ရွိ ရဲစခန္းတစ္ခုတြင္ အမႈဖြင့္လွစ္မည္ဟုသိရွိရသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ မွတ္တမ္းျပဳခ်က္မ်ားအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔အခ်ိန္ထိ စုစုေပါင္း ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၆၉၆) ဦးထိရွိခဲ့ၿပီ ျဖစ္သည္။ ၎တို႔အနက္မွ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၄) ဦး၊ ဖမ္းဝရမ္းႏွင့္အမႈဖြင့္ျခင္းခံထားရသူ (၃၆) ဦး၊ အမႈဖြင့္ျခင္းခံထားရသူ (၄) ဦး ႏွင့္ ျပန္လည္ လြတ္ေျမာက္လာသူ (၅၀) ဦးရွိခဲ့သည္။ ထို႔ေၾကာင့္ လက္ရွိ အခ်ိန္အထိ (၆၄၆) ဦးမွာ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ လက္ရွိအေျခအေနမ်ားကို ေန႔စဥ္ ေစာင့္ၾကည့္ မွတ္တမ္းတင္သြားမည္ျဖစ္ၿပီး စစ္အာဏာသိမ္းမႈႏွင့္ပတ္သက္၍ ဖမ္းဆီး၊တရားစြဲဆို၊ ျပစ္ဒဏ္ ခ်မွတ္ျခင္းခံထားရသူမ်ား၏ စာရင္းကို ေန႔စဥ္ထုတ္ျပန္သြားမည္ျဖစ္သည္။
အရပ္ဘက္အဖြဲ႕အစည္းမွ ေခါင္းေဆာင္မ်ား၊ အရပ္သားမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ သတင္းသမားမ်ား၊ ဆရာ/ဆရာမမ်ားစသည့္ နယ္ပယ္အသီးသီးမွ မည္သူမဆို ဖမ္းဆီး၊ထိန္းသိမ္းျခင္းခံထားရသည္ကို သိရွိပါက ေအာက္ပါလိပ္စာမ်ားသို႔ ဆက္သြယ္၍ အသိေပး၊ အေၾကာင္းၾကား ႏိုင္ပါသည္။
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)

ေဒါင္းေလာ့ရယူရန္ Recent Arrests List (Last Updated on 23 Feb 21)FF

ရက်စွဲ ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်

မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုအား ဥရောပသမဂ္ဂကောင်စီက တညီတညွတ်တည်း ပြစ်တင်ရှုတ်ချကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ အလားတူ ကမ္ဘာ့ကုလသမဂ္ဂ     အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ဥရောပသမဂ္ဂတို့မှလည်း မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်းနှင့် ဥပဒေဘောင်ဝင်သည့် အရပ်သားအစိုးရအား မူလအတိုင်းပြန်လည်ထားရှိရေး၊ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသည့် ရွေးကောက်ခံခေါင်းဆောင်များနှင့် ထိန်းသိမ်းခြင်းခံထားရသူအားလုံးကို ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရေးအတွက် အခိုင်အမာ တောင်းဆိုထားသည်။ မြန်မာ့ဒီမိုကရေစီရေးနှင့် ဆန္ဒပြလှုပ်ရှား မှု၏ တောင်းဆိုချက်များနှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်များကိုလည်း နိုင်ငံတကာ အသိုက်အဝန်းက ထုတ်ပြန် လျက်ရှိသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊  မြိုတ်မြို့တွင် ဆန္ဒပြပွဲဦးဆောင်သူ ဟု ယူဆရသူ (၃) ဦး၏ အိမ်ကို ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့ကို မတွေ့ရှိခဲ့သည့်အတွက် ၎င်းတို့၏ မိသားစုဝင် (၃) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်းပြင် မြိတ်မြို့တွင် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) မှ အဖွဲ့ဝင် နှစ်ဦးက ဆန္ဒပြရာမှ ပြန်လာသူများကို သေနတ်ပြ၍ ဖမ်းဆီးရန် ကြိုးစားခြင်း ကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 

ယမန်နေ့ ည ၈ နာရီကျော်အချိန်ခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်း RC ဘုရားကျောင်းရှေ့တွင် စစ်ကားယာဉ်တန်းကို  ထွက်ကြည့်သည့် ကလေးငယ်များအား တပ်မတော်ယာဉ်ပေါ်မှ လေးခွနှင့်ပစ်သော   ကြောင့် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦးတွင် ဦးခေါင်း၌ ပေါက်ပြဲဒဏ်ရာ ရရှိသွားခဲ့သည်။

ယမန်နေ့ညအချိန်တွင် ရန်ကုန်မြို့၊ ဗိုလ်မြတ်ထွန်းလမ်းရှိ တိုက် (၁) တိုက်ကို ရဲများမှ ဝိုင်းထားကာ ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သောလှုပ်ရှားမှု(CDM) တွင် ပါဝင်သည့် ဝန်ထမ်းများကို ဝင်ရောက်ရှာဖွေခဲ့သော်လည်း ဖမ်းဆီးရမိခြင်းမရှိခဲ့ပါ။ 

ကယားပြည်နယ် ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက CDM လုပ်ဆောင်လျက်ရှိသည့် ဝန်ထမ်း ၁၄ ဦးကို တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

သို့အပြင် CDM ပြုလုပ်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ​မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူး ရုံးမှ အကြီးတန်းစာရေးအပါအဝင် ၁၃ ဦးကို ရာထူးမှ ယာယီရပ်ဆိုင်းခဲ့သည်ဟုသိရှိရသည်။  ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ကွမ်းခြံကုန်းမြို့နယ်မှ အကြီးတန်းလက်နှိပ်စက်စာရေးအပါအဝင် ၁၇ ဦးကို လုပ်ငန်းခွင်မဝင်ဘဲ CDM ပြုလုပ်ခြင်းကြောင့်ဟုဆိုကာ တာဝန်မှ ယာယီရပ်ဆိုင်းမှုပြုလုပ်ခဲ့သေးသည်။ 

ယနေ့ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအနေဖြင့် ယနေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တွင် ဆိုင်ကယ်စီးပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား စစ်ကားပေါ်မှ လေးခွဖြင့်ပစ်ခတ်ခဲ့သောကြောင့် အမျိုးသမီးငယ် (၁) ဦး ဒဏ်ရာရရှိခဲ့သည်။ 

ဖမ်းဆီး၊ တရားစွဲဆိုမှုများအနေဖြင့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။ ချိုကြည်သာ တေးသံသွင်းပိုင်ရှင် ဦးကြည်ဝင်းကို ဖမ်းဝရမ်း ထုတ်ခံထားရသည့် သရုပ်ဆောင်/ဒါရိုက်တာ ဦးလူမင်းအား ၎င်း၏နေအိမ်၌ လက်ခံထားသည့်အတွက် ရာဇ သတ်ကြီးပုဒ်မ ၂၁၂ ဖြင့် အမှုဖွင့်ထားသည်။ ၎င်းပြင် ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းအား မြစ်ကြီးနား အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရှိ ရသည်။ 

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၌ ယမန်နေ့ကပစ်ခတ်ဖြိုခွင်းမှုအတွင်း ဖမ်းဆီးခြင်းခံထားရသူ (၁၉၅) ဦးအနက်မှ (၁၈၉) ဦးကို ပြန်လည် လွှတ်ပေးခဲ့ကာ ကျန် (၆) ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅) ဖြင့် ပုပ္ဗသီရီမြို့နယ်ရှိ ရဲစခန်းတစ်ခုတွင် အမှုဖွင့်လှစ်မည်ဟုသိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၆၉၆) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ ဖမ်းဝရမ်းနှင့်အမှုဖွင့်ခြင်းခံထားရသူ (၃၆) ဦး၊ အမှုဖွင့်ခြင်းခံထားရသူ (၄) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၅၀) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၆၄၆) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။  

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။ 

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ ဆရာ/ဆရာမများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)