စစ္အာဏာသိမ္းၿပီးေနာက္ လတ္တေလာျဖစ္ေပၚလ်က္ရွိေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေန႔စဥ္ထုတ္ျပန္ခ်က္ အက်ဥ္းခ်ဳပ္

ရက္စြဲ ေဖေဖာ္ဝါရီလ ၂၀ ရက္၊ ၂၀၂၁ ခုႏွစ္
ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔တြင္ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္လ်က္ရွိေသာ ျပည္သူလူထုသည္ ရက္စက္စြာ အၾကမ္းဖက္ၿဖိဳခြင္းျခင္းခံခဲ့ရသည္။
ယေန႔ ေန႔လည္ခင္းတြင္ မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးၿမိဳ႕၌ ျပည္သူ႔ဝန္ထမ္းမ်ား လုပ္ငန္းခြင္မဝင္ဘဲ အာဏာဖီဆန္ေသာလႈပ္ရွားမႈ(CDM) ျပဳလုပ္ေနသည့္ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး ရတနာပုံ သေဘၤာက်င္းကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားဝင္ေရာက္ကာ လုပ္ငန္း လည္ပတ္ရန္လာေရာက္ ဖိအားေပးေနသည္ဟု ဆိုသျဖင့္ လူထုက ဆႏၵေဖာ္ထုတ္ရာမွ အၾကမ္းဖက္ ပစ္ခတ္ ႏွိမ္ႏွင္းျခင္းခံခဲ့ရသည္။ ရဲ ႏွင့္ စစ္တပ္မွ ေသနတ္ျဖင့္ အခ်က္(၁၀၀)ထက္မနည္း ပစ္ခတ္ခဲ့ၿပီး က်ည္ဆန္အစစ္၊ ရာဘာက်ည္ ႏွင့္ မ်က္ရည္ယိုဗုံးမ်ားကို အသုံးျပဳ၍ ၿဖိဳခြင္းခဲ့သည္သာမက ကုံးသီး (သံမႈိမူလီကို သုံး​ေျမႇာင့္ပုံစံျပဳလုပ္ထားသည့္ သံထည္ပစၥည္း) ျဖင့္ ျပည္သူမ်ားရွိရာ လူအုပ္အတြင္းသို႔ ​ေလးခြျဖင့္ ပစ္ခတ္ခဲ့ျခင္း၊ လမ္းမမ်ား​ေပၚတြင္ ပစ္က်ဲခ်ထားျခင္းမ်ား ကိုလည္း လုပ္​ေဆာင္ခဲ့​ေၾကာင္းသိရွိရသည္။ ထိုကဲ့သို႔ အၾကမ္းဖက္ပစ္ခတ္ ၿဖိဳခြင္းခဲ့မႈေၾကာင့္ ဦးေခါင္းပြင့္၍ ေသဆုံးသြားေသာ လူငယ္ (၁) ဦးအပါအဝင္ အရပ္သား (၂) ဦးေသဆုံးသြားခဲ့ၿပီး (၃၅) ဦး ဒဏ္ရာရရွိခဲ့ကာ (၁၇) ဦးမွာ အေရးေပၚအေျခအေနျဖစ္ေၾကာင္း ကနဦး သတင္းမ်ားအရ သိရွိရၿပီး အတည္ျပဳႏိုင္ရန္အတြက္ ဆက္လက္စုံစမ္းလ်က္ရွိပါသည္။ ဒဏ္ရာရရွိသူမ်ားအနက္ အမ်ိဳးသား တစ္ဦးမွာ က်ည္အစစ္ထိမွန္၍ ​ေက်ာမွ ဗိုက္သို႔ ​ေပါက္ထြက္ ဒဏ္ရာရရွိၿပီး စိုးရိမ္ရသည့္ အ​ေနအထားရွိ​ေနသည္။ အမ်ိဳးသမီးႀကီးတစ္ဦးမွာ ရဲႏွင့္စစ္တပ္မွ ဝိုင္း႐ိုက္၍ ဦး​ေခါင္းကြဲသြားခဲ့သည္။ အျခားအမ်ိဳးသားတစ္ဦးမွာလည္း တင္ပါးတြင္ က်ည္ထိမွန္​ေၾကာင္း သိရွိရသည္။ ၎ျပင္ ဖမ္းဆီးျခင္းခံခဲ့ရသူ (၂၀) နီးပါးရွိခဲ့သည့္အျပင္ လူမႈကယ္ဆယ္ေရးအသင္းကား အခ်ိဳ႕လည္း ေသနတ္ျဖင့္ ပစ္ခတ္ျခင္းခံခဲ့ရသည္။
ထိုကဲ့သို႔ အင္အားကိုအသုံးျပဳကာ လက္နက္မဲ့ျပည္သူမ်ားအား ရက္စက္၍ လူမဆန္စြာၿဖိဳခြင္းျခင္းသည္ အလြန္အမင္း ဆိုး႐ြားေသာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈျဖစ္ၿပီး က်ဴးလြန္သူမ်ားအား ထိေရာက္စြာ အျပစ္ေပး အေရးယူရမည္ျဖစ္သည္။ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ၏ အပိုဒ္ ၃၅၃ တြင္ “မည္သူ႔ကိုမွ် တည္ဆဲဥပေဒ ႏွင့္အညီမွ်တစ္ပါး အသက္ကိုျဖစ္ေစ၊ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈကိုျဖစ္ေစ နစ္နာဆုံးရႈံးမႈ မရွိေစရ” ဟုေဖာ္ျပ ထားၿပီး အပိုဒ္ ၃၅၄ တြင္လည္း “လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ လက္နက္မပါဘဲ ၿငိမ္းခ်မ္းစြာ စုေဝးခြင့္၊ စီတန္းလွည့္လည္ခြင့္” စသည္တို႔ကို ေဖာ္ျပထားသည္။ ထိုအျခင္းအရာသည္ ျပည္တြင္းဥပေဒကို ေလးစား လိုက္နာမႈမရွိဘဲ ေျပာင္တင္းစြာခ်ိဳးေဖာက္ျခင္းျဖစ္သည္။ ထို႔ျပင္ ကမာၻ႔ကုလသမဂၢ၏ အင္အားအသုံးျပဳျခင္း၊ လက္နက္အသုံးျပဳျခင္းတို႔ႏွင့္ပတ္သက္၍ တရားဥပေဒစိုးမိုးေရးေဆာင္႐ြက္ေနသည့္ အာဏာပိုင္မ်ား လိုက္နာ ရမည့္ အေျခခံမူမ်ား၏ အပိုဒ္ ၅(ခ)တြင္ “ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ဒဏ္ရာရရွိမႈ ႏွင့္ ပ်က္စီးမႈဆုံးရႈံးမႈ အနည္းဆုံး ျဖစ္ေအာင္ေဆာင္႐ြက္ရမည္ျဖစ္ၿပီး လူ႔အသက္ကို တန္ဖိုးထားရမည္ဟု ေဖာ္ျပထားသည္။ လူ႔အခြင့္အေရးစံႏႈန္း၊ ဒီမိုကေရစီစံႏႈန္းတို႔ကို ေလးစားလိုက္နာမႈမရွိဘဲ ထိုကဲ့သို႔ အၾကမ္းဖက္ၿဖိဳခြင္းျခင္းကို မိမိတို႔အေနျဖင့္ ျပင္းထန္စြာရႈတ္ခ်ပါသည္။
ယေန႔နံနက္ပိုင္းတြင္ မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕နယ္က ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရး ႏွင့္ ပြင့္လင္း လူ႔အဖြဲ႕အစည္းအဖြဲ႕ဝင္ သပိတ္ေခါင္းေဆာင္ ဦးစိုးေဌး၏ ေနအိမ္ကို ရဲ ႏွင့္ စစ္သား အင္အား ၃၀ ခန႔္ႏွင့္ ဗမြန္႐ြာ အုပ္ခ်ဳပ္ေရးမႉးတို႔မွ အင္အားသုံး၍ ဝင္ေရာက္ရွာေဖြခဲ့သည္။ ဦးစိုးေဌး ႏွင့္ ေရပူေက်ာင္းဆရာေတာ္ကို ရာဇသတ္ႀကီးပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုထားသည္ဟု သိရွိရသည္။
ဖမ္းဆီး၊ တရားစြဲဆိုမႈမ်ားအေနျဖင့္ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔က စစ္ကိုင္းတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္​ ေဒါက္တာျမင့္ႏိုင္ ႏွင့္ စစ္ကိုင္းတိုင္း ဥပ​ေဒခ်ဳပ္ ဦးခင္​ေမာင္လွတို႔ကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ၊ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ) ျဖင့္ တရားစြဲဆိုကာ မုံ႐ြာအက်ဥ္းေထာင္ကို ပို႔ေဆာင္ခဲ့သည္ဟု သိရွိရသည္။
ထို႔ျပင္ ယမန္ေန႔ ညပိုင္း ႏွင့္ ညေနပိုင္းအခ်ိန္တြင္ စစ္တပ္ ႏွင့္ ရဲတပ္ဖြဲ႕မွ ႏိုင္ငံတစ္ဝန္းရွိ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္၍ ဆႏၵထုတ္ေဖာ္လ်က္ရွိေသာ ေက်ာင္းသားမ်ား ႏွင့္ အရပ္သားမ်ားကို အဓမၼဖမ္းဆီး ေခၚေဆာင္မႈမ်ား ျပဳလုပ္ခဲ့သည္။ ယမန္ေန႔ညေနပိုင္းအခ်ိန္တြင္ လက္ရွိပခုကၠဴေက်ာင္းသားသမဂၢဥကၠဌ ကိုရွိန္းကီး ႏွင့္ အေထြေထြအတြင္းေရးမႉး ကိုႏိုင္လင္းေအာင္ တို႔ကို တကၠသိုလ္ေက်ာင္းဝင္းအတြင္း၌ ပိတ္၍ ဖမ္းဆီးသြားခဲ့ သည္။ ၎ျပင္ ပုသိမ္တကၠသိုလ္ေက်ာင္းသား ကိုေအာင္သက္ပိုင္ကို ယမန္ေန႔ညေနပိုင္း အခ်ိန္တြင္ ဖမ္းဆီးသြားခဲ့သည္။ ကိုေအာင္သက္ပိုင္ကို ဖမ္းဆီးရာတြင္ ဆိုင္ကယ္ကို တြန္းလွဲ၍ အၾကမ္းဖက္ ဖမ္းဆီး ခဲ့ျခင္းျဖစ္သည္။ အလားတူ ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) မွ ကိုေအာင္သင္းဦးကို သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ ျဖင့္ ဖမ္းဆီး သြားခဲ့သည္။
ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔ ည ၁၂ နာရီအခ်ိန္ခန႔္တြင္ ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕၊ ေအာင္ခ်မ္းသာရပ္ကြက္ရွိ ေနအိမ္တစ္အိမ္ကို ရဲတပ္ဖြဲ႕ ႏွင့္ စစ္တပ္မွလာေရာက္ ဝိုင္းထားၿပီး အိမ္ရွင္ျဖစ္သူ ဦးတင္ထြန္းေအာင္၊ ဇနီးျဖစ္သူ ေဒၚနီနီဦး ႏွင့္ သားျဖစ္သူ ကိုၿဖိဳးေအာင္ တို႔ကို ႐ိုက္ႏွက္ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။
က်န္းမာေရးအရ ႏွလုံးေရာဂါရွိၿပီး ေအာက္ဆီဂ်င္ေပးမွ အသက္ရႉရ၍ ေဗဒင္ဆရာ လင္းညိဳ႕တာရာ၏ မိသားစုဝင္မ်ားသည္ ၎၏ က်န္းမာေရးအတြက္ စိုးရိမ္ေနၾကရသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ မွတ္တမ္းျပဳခ်က္မ်ားအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔အခ်ိန္ထိ စုစုေပါင္း ဖမ္းဆီး၊တရားစြဲဆို၊ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၅၆၉) ဦးထိရွိခဲ့ၿပီျဖစ္ သည္။ ၎တို႔အနက္မွ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၄) ဦး၊ ဖမ္းဝရမ္းႏွင့္အမႈဖြင့္ျခင္းခံထားရသူ (၃၃) ဦး၊ အမႈဖြင့္ျခင္းခံထားရသူ (၃) ဦး ႏွင့္ ျပန္လည္ လြတ္ေျမာက္လာသူ (၄၆) ဦးရွိခဲ့သည္။ ထို႔ေၾကာင့္ လက္ရွိအခ်ိန္ အထိ (၅၂၃) ဦးမွာ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ လက္ရွိအေျခအေနမ်ားကို ေန႔စဥ္ ေစာင့္ၾကည့္ မွတ္တမ္းတင္သြားမည္ျဖစ္ၿပီး စစ္အာဏာသိမ္းမႈႏွင့္ပတ္သက္၍ ဖမ္းဆီး၊တရားစြဲဆို၊ ျပစ္ဒဏ္ ခ်မွတ္ျခင္းခံထားရသူမ်ား၏ စာရင္းကို ေန႔စဥ္ထုတ္ျပန္သြားမည္ျဖစ္သည္။
အရပ္ဘက္အဖြဲ႕အစည္းမွ ေခါင္းေဆာင္မ်ား၊ အရပ္သားမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ သတင္းသမားမ်ား၊ ဆရာ/ဆရာမမ်ားစသည့္ နယ္ပယ္အသီးသီးမွ မည္သူမဆို ဖမ္းဆီး၊ထိန္းသိမ္းျခင္းခံထားရသည္ကို သိရွိပါက ေအာက္ပါလိပ္စာမ်ားသို႔ ဆက္သြယ္၍ အသိေပး၊ အေၾကာင္းၾကား ႏိုင္ပါသည္။
Email : [email protected]
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma

ဖမ္းဆီးခံရသူမ်ားစာရင္းေဒါင္းေလာ့ရယူရန္ Recent Arrests List (Last Updated on 20 Feb 21)F

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)

ရက်စွဲ ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၁ ခုနှစ်

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသော ပြည်သူလူထုသည် ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရသည်။ 

ယနေ့ နေ့လည်ခင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၌ ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သောလှုပ်ရှားမှု(CDM) ပြုလုပ်နေသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရတနာပုံ သင်္ဘောကျင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များဝင်ရောက်ကာ လုပ်ငန်း လည်ပတ်ရန်လာရောက် ဖိအားပေးနေသည်ဟု ဆိုသဖြင့် လူထုက ဆန္ဒဖော်ထုတ်ရာမှ အကြမ်းဖက် ပစ်ခတ် နှိမ်နှင်းခြင်းခံခဲ့ရသည်။ ရဲ နှင့် စစ်တပ်မှ သေနတ်ဖြင့် အချက်(၁၀၀)ထက်မနည်း ပစ်ခတ်ခဲ့ပြီး ကျည်ဆန်အစစ်၊ ရာဘာကျည် နှင့် မျက်ရည်ယိုဗုံးများကို အသုံးပြု၍ ဖြိုခွင်းခဲ့သည်သာမက ကုံးသီး (သံမှိုမူလီကို သုံး​မြှောင့်ပုံစံပြုလုပ်ထားသည့် သံထည်ပစ္စည်း) ဖြင့် ပြည်သူများရှိရာ လူအုပ်အတွင်းသို့ ​လေးခွဖြင့် ပစ်ခတ်ခဲ့ခြင်း၊ လမ်းမများ​ပေါ်တွင် ပစ်ကျဲချထားခြင်းများ ကိုလည်း လုပ်​ဆောင်ခဲ့​ကြောင်းသိရှိရသည်။ ထိုကဲ့သို့ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့မှုကြောင့် ဦးခေါင်းပွင့်၍ သေဆုံးသွားသော လူငယ် (၁) ဦးအပါအဝင် အရပ်သား (၂) ဦးသေဆုံးသွားခဲ့ပြီး (၃၅) ဦး ဒဏ်ရာရရှိခဲ့ကာ (၁၇) ဦးမှာ အရေးပေါ်အခြေအနေဖြစ်ကြောင်း ကနဦး သတင်းများအရ သိရှိရပြီး အတည်ပြုနိုင်ရန်အတွက် ဆက်လက်စုံစမ်းလျက်ရှိပါသည်။   ဒဏ်ရာရရှိသူများအနက် အမျိုးသား တစ်ဦးမှာ ကျည်အစစ်ထိမှန်၍ ​ကျောမှ ဗိုက်သို့ ​ပေါက်ထွက် ဒဏ်ရာရရှိပြီး စိုးရိမ်ရသည့် အ​နေအထားရှိ​နေသည်။ အမျိုးသမီးကြီးတစ်ဦးမှာ ရဲနှင့်စစ်တပ်မှ ဝိုင်းရိုက်၍ ဦး​ခေါင်းကွဲသွားခဲ့သည်။ အခြားအမျိုးသားတစ်ဦးမှာလည်း တင်ပါးတွင် ကျည်ထိမှန်​ကြောင်း သိရှိရသည်။ ၎င်းပြင် ဖမ်းဆီးခြင်းခံခဲ့ရသူ (၂၀) နီးပါးရှိခဲ့သည့်အပြင် လူမှုကယ်ဆယ်ရေးအသင်းကား အချို့လည်း သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရသည်။ 

ထိုကဲ့သို့ အင်အားကိုအသုံးပြုကာ လက်နက်မဲ့ပြည်သူများအား ရက်စက်၍ လူမဆန်စွာဖြိုခွင်းခြင်းသည် အလွန်အမင်း ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး ကျူးလွန်သူများအား ထိရောက်စွာ အပြစ်ပေး အရေးယူရမည်ဖြစ်သည်။  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အပိုဒ် ၃၅၃ တွင် “မည်သူ့ကိုမျှ တည်ဆဲဥပဒေ နှင့်အညီမျှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ” ဟုဖော်ပြ ထားပြီး အပိုဒ် ၃၅၄ တွင်လည်း “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်” စသည်တို့ကို ဖော်ပြထားသည်။ ထိုအခြင်းအရာသည် ပြည်တွင်းဥပဒေကို လေးစား လိုက်နာမှုမရှိဘဲ ပြောင်တင်းစွာချိုးဖောက်ခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂ၏ အင်အားအသုံးပြုခြင်း၊ လက်နက်အသုံးပြုခြင်းတို့နှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသည့် အာဏာပိုင်များ လိုက်နာ ရမည့် အခြေခံမူများ၏ အပိုဒ် ၅(ခ)တွင် “ရဲတပ်ဖွဲ့ဝင်များသည် ဒဏ်ရာရရှိမှု နှင့် ပျက်စီးမှုဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး လူ့အသက်ကို တန်ဖိုးထားရမည်ဟု ဖော်ပြထားသည်။ လူ့အခွင့်အရေးစံနှုန်း၊ ဒီမိုကရေစီစံနှုန်းတို့ကို လေးစားလိုက်နာမှုမရှိဘဲ ထိုကဲ့သို့ အကြမ်းဖက်ဖြိုခွင်းခြင်းကို မိမိတို့အနေဖြင့် ပြင်းထန်စွာရှုတ်ချပါသည်။ 

ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအဖွဲ့ဝင် သပိတ်ခေါင်းဆောင် ဦးစိုးဌေး၏ နေအိမ်ကို ရဲ နှင့် စစ်သား အင်အား ၃၀ ခန့်နှင့် ဗမွန်ရွာ အုပ်ချုပ်ရေးမှူးတို့မှ အင်အားသုံး၍ ဝင်ရောက်ရှာဖွေခဲ့သည်။ ဦးစိုးဌေး နှင့် ရေပူကျောင်းဆရာတော်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားသည်ဟု သိရှိရသည်။ 

ဖမ်းဆီး၊ တရားစွဲဆိုမှုများအနေဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်​ ဒေါက်တာမြင့်နိုင် နှင့် စစ်ကိုင်းတိုင်း ဥပ​ဒေချုပ် ဦးခင်​မောင်လှတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုကာ မုံရွာအကျဉ်းထောင်ကို ပို့ဆောင်ခဲ့သည်ဟု သိရှိရသည်။ 

ထို့ပြင် ယမန်နေ့ ညပိုင်း နှင့် ညနေပိုင်းအချိန်တွင် စစ်တပ် နှင့် ရဲတပ်ဖွဲ့မှ  နိုင်ငံတစ်ဝန်းရှိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ဆန္ဒထုတ်ဖော်လျက်ရှိသော ကျောင်းသားများ နှင့် အရပ်သားများကို အဓမ္မဖမ်းဆီး ခေါ်ဆောင်မှုများ ပြုလုပ်ခဲ့သည်။ ယမန်နေ့ညနေပိုင်းအချိန်တွင် လက်ရှိပခုက္ကူကျောင်းသားသမဂ္ဂဥက္ကဌ ကိုရှိန်းကီး နှင့် အထွေထွေအတွင်းရေးမှူး ကိုနိုင်လင်းအောင် တို့ကို တက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ပိတ်၍ ဖမ်းဆီးသွားခဲ့ သည်။ ၎င်းပြင် ပုသိမ်တက္ကသိုလ်ကျောင်းသား ကိုအောင်သက်ပိုင်ကို  ယမန်နေ့ညနေပိုင်း အချိန်တွင် ဖမ်းဆီးသွားခဲ့သည်။ ကိုအောင်သက်ပိုင်ကို ဖမ်းဆီးရာတွင် ဆိုင်ကယ်ကို တွန်းလှဲ၍ အကြမ်းဖက် ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ အလားတူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ကိုအောင်သင်းဦးကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ဖမ်းဆီး သွားခဲ့သည်။  

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ရဲတပ်ဖွဲ့ နှင့် စစ်တပ်မှလာရောက် ဝိုင်းထားပြီး အိမ်ရှင်ဖြစ်သူ ဦးတင်ထွန်းအောင်၊ ဇနီးဖြစ်သူ ဒေါ်နီနီဦး နှင့် သားဖြစ်သူ ကိုဖြိုးအောင် တို့ကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ကျန်းမာရေးအရ နှလုံးရောဂါရှိပြီး အောက်ဆီဂျင်ပေးမှ အသက်ရှူရ၍ ဗေဒင်ဆရာ လင်းညို့တာရာ၏ မိသားစုဝင်များသည် ၎င်း၏ ကျန်းမာရေးအတွက် စိုးရိမ်နေကြရသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၅၆၉) ဦးထိရှိခဲ့ပြီဖြစ် သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ ဖမ်းဝရမ်းနှင့်အမှုဖွင့်ခြင်းခံထားရသူ (၃၃) ဦး၊ အမှုဖွင့်ခြင်းခံထားရသူ (၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၄၆) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန် အထိ (၅၂၃) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။  

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။ 

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ ဆရာ/ဆရာမများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ 

Email :   [email protected]

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)