စစ္အာဏာသိမ္းၿပီးေနာက္ လတ္တေလာျဖစ္ေပၚလ်က္ရွိေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေန႔စဥ္ထုတ္ျပန္ခ်က္ အက်ဥ္းခ်ဳပ္

ဆရာမေဒၚေအးေအးၾကည္စိန္၏လက္အား႐ိုက္ႏွက္ခံထားရသည့္ေဆးမွတ္တမ္းး

ရက္စြဲ ေဖေဖာ္ဝါရီလ ၁၉ ရက္၊ ၂၀၂၁ ခုႏွစ္
စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တြန္းလွန္ရင္း အၾကမ္းဖက္ပစ္ခတ္ၿဖိဳခြင္းျခင္းခံခဲ့ရေသာေၾကာင့္ ဦးေခါင္းတြင္ က်ည္ထိမွန္သြားခဲ့ေသာ အသက္ (၁၉) ႏွစ္အ႐ြယ္၊ ဒႆမတန္းေက်ာင္းသူ မျမသြဲ႕သြဲ႕ခိုင္သည္ ယေန႔တြင္ ေသဆုံးသြားခဲ့သည္။ မျမသြဲ႕သြဲ႕ခိုင္ကို ၂၀၂၁ ခုႏွစ္၏ ဒီမိုကေရစီအေရး၊ စစ္အာဏာရွင္ဆန႔္က်င္ေရးတို႔အတြက္ တိုက္ပြဲဝင္ရင္း ပထမဆုံးက်ဆုံးသြားခဲ့ေသာ အာဇာနည္တစ္ဦးအျဖစ္ ဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါသည္။
ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔တြင္ တိုင္းႏွင့္ျပည္နယ္အႏွံ႔ ဆႏၵထုတ္ေဖာ္မႈမ်ားသည္ အရွိန္အဟုန္ႀကီးစြာျဖင့္ ဆက္လက္ ျမင့္တက္လ်က္ရွိျခင္းႏွင့္အတူ အၾကမ္းဖက္ၿဖိဳခြင္းမႈမ်ား၊ ဖမ္းဆီးမႈမ်ားကိုလည္း ေနရာအႏွံ႔ေတြ႕ရွိရသည္။
ယေန႔နံနက္ပိုင္းတြင္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနား ပညာေရးေကာလိပ္ေရွ႕၌ ျပည္သူ႔ဝန္ထမ္းမ်ား လုပ္ငန္းခြင္ မဝင္ဘဲ အာဏာဖီဆန္ေသာလႈပ္ရွားမႈ(CDM) တြင္ ပါဝင္၍ ဆႏၵထုတ္ေဖာ္မႈျပဳလုပ္ရန္ စုေဝးေနစဥ္ ရဲတပ္ဖြဲ႕ဝင္ မ်ားမွ ေက်ာင္းဆရာမ (၂) ဦးကို ႐ိုက္ႏွက္၍ အဓမၼဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။ ထို႔ျပင္ ျမစ္ႀကီးနား ၿမိဳ႕မေဈး အနီး ဆႏၵျပခ်ီတက္လာသူမ်ားကို ရဲတပ္ဖြဲ႕မွ ပိတ္ဆို႔ခဲ့ၿပီး ျပည္သူ (၁၁) ဦးကို ဖမ္းဆီး၊ထိန္းသိမ္းခဲ့သည္။ ထို႔ျပင္ ရဲတပ္ဖြဲ႕က အေဝးမွ ဓာတ္ပုံ႐ိုက္သူမ်ားကို ေလးဂြျဖင့္ ပစ္ခဲ့သည္။ အဆိုပါေက်ာင္းဆရာမ (၂) ဦး ႏွင့္ ျပည္သူ (၁၁) ဦးသည္ ယေန႔ ညေနပိုင္းအခ်ိန္တြင္ ျပန္လည္ လြတ္ေျမာက္လာေၾကာင္း သိရွိရသည္။ ျပန္လည္လြတ္ေျမာက္လာခ်ိန္တြင္ ျမစ္ႀကီးနားမွဖမ္းဆီးခံရသူေက်ာင္းဆရာမႏွစ္ဦးအနက္ တစ္ဦးမွာ လက္က်ိဳးသည္အထိ႐ိုက္ႏွက္ခံခဲ့ရသည္။
၎ျပင္ ျမစ္ႀကီးနားၿမိဳ႕၌ ယမန္ေန႔က စစ္အာဏာရွင္ ဆန႔္က်င္ဆႏၵထုတ္ေဖာ္ေနသည့္ ျပည္သူမ်ားအား စစ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕မ်ားမွ ေသနတ္မ်ားျဖင့္ ခ်ိန္၍ ၿခိမ္းေျခာက္ ေမာင္းထုတ္ျခင္း၊ ေလးဂြျဖင့္ပစ္ျခင္းမ်ား ျပဳလုပ္ခဲ့ၿပီး ဆႏၵျပပြဲတြင္ ပါဝင္သူ လူငယ္ႏွစ္ဦး ႏွင့္ မႏၲေလးေက်ာင္းတိုက္မွ သံဃာေတာ္တစ္ဦးကို ဖမ္းဆီး သြားခဲ့သည္။ ထို႔ျပင္ ယမန္ေန႔ ည ၁ဝး၃၀ အခ်ိန္ခန႔္တြင္ တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕၊ ၾကက္စာျပင္ရပ္ကြက္တြင္ေနထိုင္သည့္ ေက်ာင္းသားသပိတ္ေခါင္းေဆာင္မ်ားကို ရဲတပ္ဖြဲ႕မွ ဝင္ေရာက္ ဖမ္းဆီးစဥ္ ျပည္သူမ်ားက အုပ္စုလိုက္သံပုံးတီး၍ ေမာင္းထုတ္ခဲ့သည္။ ထို႔ေၾကာင့္ ရဲတပ္ဖြဲ႕မွ လူအုပ္အတြင္းသို႔ ေသနတ္ျဖင့္ ေျခာက္ခ်က္ခန္႔ပစ္ခတ္ခဲ့၍ ရပ္ကြက္ေန အမ်ိဳးသား (၃) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္။ ထို႔ျပင္ ယေန႔ ညေနပိုင္းတြင္ ပုသိမ္တကၠသိုလ္ေက်ာင္းသားသမဂၢမွ ကိုေအာင္သက္ပိုင္သည္ ဖမ္းဆီးျခင္းခံခဲ့ရသည္။
ျပည္သူ႔ဝန္ထမ္းမ်ား လုပ္ငန္းခြင္မဝင္ဘဲ အာဏာဖီဆန္ေသာလႈပ္ရွားမႈ(CDM) တြင္ ပါဝင္ေနသည့္ ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီ ေျမာင္းတကာ စက္မႈဇုန္ ဓာတ္ေျမၾသဇာစက္႐ုံမွ ဝန္ထမ္းမ်ားကို လာေရာက္ ဖမ္းဆီးစဥ္ ကာကြယ္ခဲ့သူ ၁၁ ဦးသည္ ဖမ္းဝရမ္းထုတ္ျခင္းခံထားရၿပီး ေရွာင္ေျပးေနရသည္ဟု သိရွိရသည္။

ကရင္ျပည္နယ္၊ လႈိင္းဘြဲၿမိဳ႕၊ (ဂ)ရပ္ကြက္တြင္ ေနထိုင္ေသာ စေအာင္မိုးဟိန္းသည္ စစ္အာဏာရွင္ကို ဆန႔္က်င္ သည့္အေနျဖင့္ ၎၏ေနအိမ္၌ သံပုံးတီးခဲ့သျဖင့္ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔တြင္ ေထာင္ဒဏ္ (၇) ရက္ ခ်မွတ္ျခင္းခံခဲ့ရသည္။
မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ)ျဖင့္ အမႈဖြင့္ခဲ့ၿပီး ေဖေဖာ္ဝါရီ (၁၈) ရက္ေန႔တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးက လူကိုယ္တိုင္႐ုံးထုတ္ျခင္းမျပဳဘဲ Video Conferencing (အြန္လိုင္းစနစ္) ျဖင့္ စစ္ေဆးခဲ့သည္။ ၎သည္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကတည္းက ဖမ္းဆီး၊ထိန္းသိမ္းျခင္း ခံထားရၿပီး လက္ရွိတြင္ အိုးဘိုအက်ဥ္းေထာင္၌ ထိန္းသိမ္းျခင္းခံထားရသည္။ ထို႔အျပင္ ေထာင္ဝင္စာေတြ႕ခြင့္ကို လည္း ပိတ္ပင္ထားေၾကာင္း ၎၏အမႈကို လိုက္ပါေဆာင္႐ြက္ေပးေသာ ေရွ႕ေန၏ ေျပာၾကားခ်က္အရ သိရွိရ သည္။ ေရွ႕ေနမ်ားအတြက္ တရားခြင္ဆိုင္ရာအခြင့္အေရးမ်ား ဆုံးရႈံးေနရျခင္းမွာ အာဏာသိမ္းစစ္အုပ္စုက ျပည္သူ႔အစိုးရအဖြဲ႕ဝင္မ်ားအေပၚ တရားစြဲဆိုရန္ ႀကိဳးပမ္းမႈ၏ ကိုယ္ပိုင္လကၡဏာရပ္ ျဖစ္လာေနသည္။ ယခု လုပ္ရပ္သည္ တရားဥပေဒစိုးမိုးေရး၏ ႏိုင္ငံတကာစံႏႈန္းမ်ားကို အတိအလင္း ခ်ိဳးေဖာက္ျခင္းျဖစ္သကဲ့သို႔ အာဏာသိမ္းစစ္အုပ္စုကို တရားစီရင္ေရးမ႑ိဳင္က လိုက္ေလ်ာမႈျပဳလြန္းေနသည့္ သာဓကတစ္ရပ္လည္း ျဖစ္သည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ မွတ္တမ္းျပဳခ်က္မ်ားအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔အခ်ိန္ထိ စုစုေပါင္း ဖမ္းဆီး၊တရားစြဲဆို၊ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၅၄၆) ဦးထိရွိခဲ့ၿပီျဖစ္ သည္။ ၎တို႔အနက္မွ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၄) ဦး၊ ဖမ္းဝရမ္းႏွင့္အမႈဖြင့္ျခင္းခံထားရသူ (၃၂) ဦး၊ အမႈဖြင့္ျခင္းခံထားရသူ (၃) ဦး ႏွင့္ ျပန္လည္ လြတ္ေျမာက္လာသူ (၄၆) ဦးရွိခဲ့သည္။ ထို႔ေၾကာင့္ လက္ရွိအခ်ိန္ အထိ (၅၀၀) ဦးမွာ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ လက္ရွိအေျခအေနမ်ားကို ေန႔စဥ္ ေစာင့္ၾကည့္ မွတ္တမ္းတင္သြားမည္ျဖစ္ၿပီး စစ္အာဏာသိမ္းမႈႏွင့္ပတ္သက္၍ ဖမ္းဆီး၊တရားစြဲဆို၊ ျပစ္ဒဏ္ ခ်မွတ္ျခင္းခံထားရသူမ်ား၏ စာရင္းကို ေန႔စဥ္ထုတ္ျပန္သြားမည္ျဖစ္သည္။
အရပ္ဘက္အဖြဲ႕အစည္းမွ ေခါင္းေဆာင္မ်ား၊ အရပ္သားမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ သတင္းသမားမ်ား၊ ဆရာ/ဆရာမမ်ားစသည့္ နယ္ပယ္အသီးသီးမွ မည္သူမဆို ဖမ္းဆီး၊ထိန္းသိမ္းျခင္းခံထားရသည္ကို သိရွိပါက ေအာက္ပါလိပ္စာမ်ားသို႔ ဆက္သြယ္၍ အသိေပး၊ အေၾကာင္းၾကား ႏိုင္ပါသည္။
Email : [email protected]
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)

ဖမ္းဆီးခံထားရသူမ်ားစာရင္းေဒါင္းေလာ့ရယူရန္Recent Arrests List (Last Updated on 19 Feb 21)

ရက်စွဲ ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရင်း အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခြင်းခံခဲ့ရသောကြောင့် ဦးခေါင်းတွင် ကျည်ထိမှန်သွားခဲ့သော အသက် (၁၉) နှစ်အရွယ်၊ ဒဿမတန်းကျောင်းသူ မမြသွဲ့သွဲ့ခိုင်သည် ယနေ့တွင် သေဆုံးသွားခဲ့သည်။ မမြသွဲ့သွဲ့ခိုင်ကို ၂၀၂၁ ခုနှစ်၏ ဒီမိုကရေစီအရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတို့အတွက် တိုက်ပွဲဝင်ရင်း ပထမဆုံးကျဆုံးသွားခဲ့သော အာဇာနည်တစ်ဦးအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် တိုင်းနှင့်ပြည်နယ်အနှံ့ ဆန္ဒထုတ်ဖော်မှုများသည် အရှိန်အဟုန်ကြီးစွာဖြင့် ဆက်လက် မြင့်တက်လျက်ရှိခြင်းနှင့်အတူ အကြမ်းဖက်ဖြိုခွင်းမှုများ၊ ဖမ်းဆီးမှုများကိုလည်း နေရာအနှံ့တွေ့ရှိရသည်။

ဆရာမဒေါ်အေးအေးကြည်စိန်၏လက်အားရိုက်နှက်ခံထားရသည့်ဆေးမှတ်တမ်း

ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား ပညာရေးကောလိပ်ရှေ့၌ ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင် မဝင်ဘဲ အာဏာဖီဆန်သောလှုပ်ရှားမှု(CDM) တွင် ပါဝင်၍ ဆန္ဒထုတ်ဖော်မှုပြုလုပ်ရန် စုဝေးနေစဉ် ရဲတပ်ဖွဲ့ဝင် များမှ ကျောင်းဆရာမ (၂) ဦးကို ရိုက်နှက်၍ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့ပြင် မြစ်ကြီးနား မြို့မဈေး အနီး ဆန္ဒပြချီတက်လာသူများကို ရဲတပ်ဖွဲ့မှ ပိတ်ဆို့ခဲ့ပြီး ပြည်သူ (၁၁) ဦးကို ဖမ်းဆီး၊ထိန်းသိမ်းခဲ့သည်။ ထို့ပြင် ရဲတပ်ဖွဲ့က အဝေးမှ ဓာတ်ပုံရိုက်သူများကို လေးဂွဖြင့် ပစ်ခဲ့သည်။ အဆိုပါကျောင်းဆရာမ (၂) ဦး နှင့် ပြည်သူ (၁၁) ဦးသည် ယနေ့ ညနေပိုင်းအချိန်တွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရသည်။ ပြန်လည်လွတ်မြောက်လာချိန်တွင် မြစ်ကြီးနားမှဖမ်းဆီးခံရသူကျောင်းဆရာမနှစ်ဦးအနက် တစ်ဦးမှာ လက်ကျိုးသည်အထိရိုက်နှက်ခံခဲ့ရသည်။

၎င်းပြင် မြစ်ကြီးနားမြို့၌ ယမန်နေ့က စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများအား စစ်သားများနှင့် ရဲတပ်ဖွဲ့များမှ သေနတ်များဖြင့် ချိန်၍ ခြိမ်းခြောက် မောင်းထုတ်ခြင်း၊ လေးဂွဖြင့်ပစ်ခြင်းများ ပြုလုပ်ခဲ့ပြီး ဆန္ဒပြပွဲတွင် ပါဝင်သူ လူငယ်နှစ်ဦး နှင့် မန္တလေးကျောင်းတိုက်မှ သံဃာတော်တစ်ဦးကို ဖမ်းဆီး သွားခဲ့သည်။ ထို့ပြင် ယမန်နေ့ ည ၁ဝး၃၀ အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စာပြင်ရပ်ကွက်တွင်နေထိုင်သည့် ကျောင်းသားသပိတ်ခေါင်းဆောင်များကို ရဲတပ်ဖွဲ့မှ  ဝင်ရောက် ဖမ်းဆီးစဉ် ပြည်သူများက အုပ်စုလိုက်သံပုံးတီး၍ မောင်းထုတ်ခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့မှ လူအုပ်အတွင်းသို့ သေနတ်ဖြင့် ခြောက်ချက်ခန့်ပစ်ခတ်ခဲ့၍ ရပ်ကွက်နေ အမျိုးသား (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ယနေ့ ညနေပိုင်းတွင် ပုသိမ်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုအောင်သက်ပိုင်သည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ 

ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သောလှုပ်ရှားမှု(CDM) တွင် ပါဝင်နေသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီ မြောင်းတကာ စက်မှုဇုန် ဓာတ်မြေသြဇာစက်ရုံမှ ဝန်ထမ်းများကို လာရောက် ဖမ်းဆီးစဉ် ကာကွယ်ခဲ့သူ ၁၁ ဦးသည် ဖမ်းဝရမ်းထုတ်ခြင်းခံထားရပြီး ရှောင်ပြေးနေရသည်ဟု သိရှိရသည်။ 

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ (ဂ)ရပ်ကွက်တွင် နေထိုင်သော စအောင်မိုးဟိန်းသည် စစ်အာဏာရှင်ကို ဆန့်ကျင် သည့်အနေဖြင့် ၎င်း၏နေအိမ်၌ သံပုံးတီးခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထောင်ဒဏ် (၇) ရက် ချမှတ်ခြင်းခံခဲ့ရသည်။ 

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခဲ့ပြီး ဖေဖော်ဝါရီ (၁၈) ရက်နေ့တွင် အောင်မြေသာစံမြို့နယ်တရားရုံးက လူကိုယ်တိုင်ရုံးထုတ်ခြင်းမပြုဘဲ Video Conferencing (အွန်လိုင်းစနစ်) ဖြင့် စစ်ဆေးခဲ့သည်။ ၎င်းသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီး၊ထိန်းသိမ်းခြင်း ခံထားရပြီး လက်ရှိတွင် အိုးဘိုအကျဉ်းထောင်၌ ထိန်းသိမ်းခြင်းခံထားရသည်။ ထို့အပြင် ထောင်ဝင်စာတွေ့ခွင့်ကို လည်း ပိတ်ပင်ထားကြောင်း ၎င်း၏အမှုကို လိုက်ပါဆောင်ရွက်ပေးသော ရှေ့နေ၏ ပြောကြားချက်အရ သိရှိရ သည်။ ရှေ့နေများအတွက် တရားခွင်ဆိုင်ရာအခွင့်အရေးများ ဆုံးရှုံးနေရခြင်းမှာ အာဏာသိမ်းစစ်အုပ်စုက ပြည်သူ့အစိုးရအဖွဲ့ဝင်များအပေါ် တရားစွဲဆိုရန် ကြိုးပမ်းမှု၏ ကိုယ်ပိုင်လက္ခဏာရပ် ဖြစ်လာနေသည်။ ယခု လုပ်ရပ်သည် တရားဥပဒေစိုးမိုးရေး၏ နိုင်ငံတကာစံနှုန်းများကို အတိအလင်း ချိုးဖောက်ခြင်းဖြစ်သကဲ့သို့ အာဏာသိမ်းစစ်အုပ်စုကို တရားစီရင်ရေးမဏ္ဍိုင်က လိုက်လျောမှုပြုလွန်းနေသည့် သာဓကတစ်ရပ်လည်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊တရားစွဲဆို၊ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၅၄၆) ဦးထိရှိခဲ့ပြီဖြစ် သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ ဖမ်းဝရမ်းနှင့်အမှုဖွင့်ခြင်းခံထားရသူ (၃၂) ဦး၊ အမှုဖွင့်ခြင်းခံထားရသူ (၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၄၆) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန် အထိ (၅၀၀) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။  

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။ 

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ ဆရာ/ဆရာမများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ 

Email :   [email protected]

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)