မျမသြဲ႕သြဲ႕ခိုင္ က်ဆုံးမႈအတြက္ ဝမ္းနည္းေၾကာင္းသဝဏ္လႊာ

ေဖေဖာ္ဝါရီ ၁၉၊ ၂၀၂၁ ခုႏွစ္

မျမသြဲ႕သြဲ႕ခိုင္ ယေန႔ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း သူမအား ေဆးကုသေပးေနသည့္ ဆရာဝန္မ်ားက အတည္ျပဳ ေျပာၾကားလိုက္သည္။

ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္းအေနျဖင့္ သူမ၏ မိသားစု၊ ခ်စ္ခင္ရသူမ်ားႏွင့္ ထပ္တူထပ္မွ် ဝမ္းနည္းစြာ ခံစားရပါသည္။

ျမန္မာႏိုင္ငံဒီမိုကေရစီအေရးတိုက္ပြဲဝင္သူတစ္ဦးအေနျဖင့္ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔၊ ေနျပည္ေတာ္တြင္ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ၿပီး ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ေနစဥ္ ဦးေခါင္းသို႔ က်ည္ဆံထိမွန္ကာ က်ဆုံးခဲ့ ရျခင္းျဖစ္သည္။ သူမသည္ သူမ၏ မဲေပးပိုင္ခြင့္ကို အသက္ႏွင့္ရင္း၍ ကာကြယ္ခဲ့ၿပီး စစ္အာဏာသိမ္းမႈေၾကာင့္ ပထမဆုံးေပးဆပ္လိုက္ရသည့္ အသက္တစ္ေခ်ာင္းျဖစ္ခဲ့ၿပီး၊ ေနာက္ထပ္ တန္ဖိုးရွိေသာ အသက္မ်ား မေပးဆပ္ရလိုေၾကာင္း ကြၽႏ္ုပ္တို႔ ေအေအပီပီမွ တိုက္တြန္းလိုက္ပါသည္။
စစ္အာဏာရွင္စနစ္ မုခ်က်ရႈံးေစရမည္

ေဒါင္းေလာ့လင့္Letter_of_Condolence_for_the_Passing_of_Ma_Myat_Thwet_Thwet_Khaing burmese

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁ ခုနှစ်

မမြသွဲ့သွဲ့ခိုင် ယနေ့ ကွယ်လွန်သွားပြီဖြစ်ကြောင်း သူမအား ဆေးကုသပေးနေသည့် ဆရာဝန်များက အတည်ပြု ပြောကြားလိုက်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းအနေဖြင့် သူမ၏ မိသားစု၊ ချစ်ခင်ရသူများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းစွာ ခံစားရပါသည်။

မြန်မာနိုင်ငံဒီမိုကရေစီအရေးတိုက်ပွဲဝင်သူတစ်ဦးအနေဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နေပြည်တော်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေစဉ် ဦးခေါင်းသို့ ကျည်ဆံထိမှန်ကာ ကျဆုံးခဲ့ ရခြင်းဖြစ်သည်။ သူမသည် သူမ၏ မဲပေးပိုင်ခွင့်ကို အသက်နှင့်ရင်း၍ ကာကွယ်ခဲ့ပြီး စစ်အာဏာသိမ်းမှုကြောင့် ပထမဆုံးပေးဆပ်လိုက်ရသည့် အသက်တစ်ချောင်းဖြစ်ခဲ့ပြီး၊ နောက်ထပ် တန်ဖိုးရှိသော အသက်များ မပေးဆပ်ရလိုကြောင်း ကျွန်ုပ်တို့ အေအေပီပီမှ  တိုက်တွန်းလိုက်ပါသည်။

စစ်အာဏာရှင်စနစ် မုချကျရှုံးစေရမည်