စစ္အာဏာသိမ္းၿပီးေနာက္ လတ္တေလာျဖစ္ေပၚလ်က္ရွိေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေန႔စဥ္ထုတ္ျပန္ခ်က္ အက်ဥ္းခ်ဳပ္

ရက္စြဲ ေဖေဖာ္ဝါရီလ ၁၃ ရက္၊ ၂၀၂၁ ခုႏွစ္
စစ္အာဏာသိမ္းမႈသည္ ၁၃ ရက္တိုင္ရွိခဲ့ၿပီျဖစ္ၿပီး စစ္အုပ္ခ်ဳပ္ေရးကို ဆန႔္က်င္သည့္ လူထုဆႏၵျပပြဲမ်ားသည္ ျမန္မာႏိုင္ငံတစ္ဝွမ္း၌ ဆက္လက္ျဖစ္ပြားဆဲျဖစ္သည္။ ယေန႔က်ေရာက္ေသာ ႏိုင္ငံေတာ္တိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ဖခင္၊ အာဇာနည္ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ေမြးေန႔၌ ဆႏၵထုတ္ေဖာ္ လ်က္ရွိေသာ ျပည္သူမ်ားသည္ ၁၀ မိနစ္ၾကာ ၿငိမ္သက္၍ ဂုဏ္ျပဳခဲ့ၾကသည္။ ႏိုင္ငံတစ္ဝန္းရွိ အလႊာေပါင္းစုံ၊ က႑အသီးသီးမွ ေထာင္ေပါင္း၊ေသာင္းေပါင္းမ်ားစြာေသာ ျပည္သူမ်ားသည္ ဒီမိုကေရစီတိုက္ပြဲအတြက္ ၿငိမ္းခ်မ္းစြာ တိုက္ပြဲဝင္ကာ ေပါင္းစည္းမိလာၾကၿပီ ျဖစ္သည္။
ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔တြင္ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ ဆႏၵထုတ္ေဖာ္ပြဲ၌ လြိဳင္ေကာ္ၿမိဳ႕နယ္ႏွင့္ ဒီးေမာဆိုၿမိဳ႕နယ္မွ ရဲဝန္ထမ္း (၆) ဦးႏွင့္ ယာဥ္ထိန္းရဲ (၁) ဦး အပါအဝင္ (၇) ဦး ထပ္မံပူးေပါင္း ပါဝင္လာခဲ့သည္။ ထို႔ေၾကာင့္ ကယားျပည္နယ္၌ Civil Disobedience Movement (CDM)တြင္ ပါဝင္သည့္ ရဲတပ္ဖြဲ႕ဝင္ (၆၁) ဦး ရွိလာၿပီျဖစ္ေၾကာင္း ကယားျပည္နယ္ သပိတ္ေကာ္မတီမွ ေၾကညာခဲ့သည္။ ကရင္ျပည္နယ္ ဘားအံၿမိဳ႕တြင္ ဆႏၵထုတ္ေဖာ္ပြဲ၌ ပူးေပါင္းပါဝင္ခဲ့သည့္ ရဲတပ္ဖြဲ႕ဝင္ ႏွစ္ဦးအား ျပည္နယ္ရဲတပ္ဖြဲ႕မႉးမွ ဦးစီးၿပီး ရဲအင္အား အလုံးအရင္းႏွင့္ ျပန္လည္ေခၚယူရာ ဆႏၵျပျပည္သူမ်ားမွ ဝိုင္းဝန္းကာကြယ္ေပးခဲ့သည္ဟု သိရွိရ သည္။
ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔တြင္ စစ္အာဏာသိမ္း အစိုးရမွ ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ကိုမင္းကိုႏိုင္ ႏွင့္ ဦးဂ်င္မီ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ျပည္သူ႔အခ်ဳပ္အျခာ အာဏာကြန္ရက္မွ ဦးမ်ိဳးရန္ေနာင္သိန္း၊ အဆိုေတာ္ လင္းလင္း၊ လူမႈကြန္ရက္တြင္ စစ္အာဏာရွင္ ဆန႔္က်င္ေရးစာမ်ားေရးသားသည့္ မအိပန္ဆယ္လို၊ ကိုေမာင္ေမာင္ေအး၊ အင္းစိန္ေအာင္စိုးတို႔ကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ၊ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) ျဖင့္ တရားစြဲဆိုထားၿပီး ဖမ္းဝရမ္းထုတ္ထားသည္ဟု သိရွိရသည္။
ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔တြင္ မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕တြင္ တပ္မေတာ္ေထာက္ခံသူမ်ားႏွင့္ စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပသူမ်ားၾကား ခိုက္ရန္ျဖစ္ပြားခဲ့ၿပီး အမ်ိဳးသား (၁) ဦးဒဏ္ရာရရွိသြားသည္ဟု သိရွိရသည္။
ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္မႈတစ္ခုျဖစ္သည့္ Civil Disobedience Movement (CDM) က်ယ္ျပန႔္လာသည္ ႏွင့္အမွ် အၾကမ္းဖက္လိုေသာ မသမာသူတို႔၏ ရည္႐ြယ္ခ်က္ရွိရွိ ဆူပူထႂကြေအာင္လုပ္ေဆာင္မႈမ်ားကိုလည္း ေတြ႕ရွိလာရသည္။ လက္ရွိျဖစ္ပြားလာသည့္ မတည္ၿငိမ္မႈမ်ားသည္ ျမန္မာျပည္တဝွမ္း သမိုင္းတစ္ေလွ်ာက္တြင္လည္း ဒီလိုသာဓကမ်ားရွိခဲ့ဖူးၿပီး၊ ထိုသို႔မတည္ၿငိမ္ေအာင္လုပ္ေဆာင္ေနေသာ သူမ်ားကို ျပန္လည္တုံ႔ျပန္ေသာအားျဖင့္ ရပ္႐ြာလူထုက တန္ျပန္ ဖမ္းဆီးျခင္းမ်ားရွိခဲ့သည္။
ယမန္ေန႔ညအခ်ိန္တြင္ ရပ္႐ြာအတြင္း မသမာသူမ်ားက ဆူပူအၾကမ္းဖက္မႈမ်ားလုပ္ေဆာင္လာသည္ႏွင့္ တစ္ခ်ိန္တည္းတြင္ ရဲတပ္ဖြဲ႕မွ Civil Disobedience Movement (CDM) တြင္ ပူးေပါင္းပါဝင္သူ တစ္ဦးခ်င္းစီကို စီးနင္းဝင္ေရာက္မႈမ်ား ျပဳလုပ္ခဲ့သည္။ ထိုကဲ့သို႔ မတရားဖမ္းဆီးမႈမ်ားသည္ ညအခ်ိန္တြင္သာ ျဖစ္ပြားၿပီး ဥပေဒမ်ားႏွင့္လည္း ေလ်ာ္ညီမႈမရွိေပ။ တစ္ဖက္တြင္လည္း အာဏာဖီဆန္ေရးျပည္သူ႔လႈပ္ရွားမႈသည္ ေအာင္ျမင္မႈတစ္စုံတစ္ရာရွိလာခဲ့ၿပီျဖစ္သည္။ သာဓကအားျဖင့္ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ ေနထိုင္သူမ်ားသည္ ရဲမ်ားက ရပ္ကြက္ေနျပည္သူအား ဖမ္းဆီးရန္ လာေရာက္သည္ဟုယူဆပါက ဒယ္အိုး၊ စတီးအိုးမ်ားတီးကာ ဆူညံသံမ်ား ျပဳလုပ္ၿပီး အခ်င္းခ်င္းအသိေပးခဲ့ၾကသည္။ ထို႔ျပင္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္လည္း ဖမ္းဆီး၊ ထိန္းသိမ္းျခင္းခံထားရသည့္ ေက်ာင္းဆရာတစ္ဦးအား ျပန္လည္လႊတ္ေပးရန္ ရာေပါင္းမ်ားစြာေသာ ရပ္ကြက္ေန ျပည္သူမ်ားက စုေပါင္းကာ ေတာင္းဆိုေနသည္ကိုလည္း ေတြ႕ရွိရသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ မွတ္တမ္းျပဳခ်က္မ်ားအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔အခ်ိန္ထိ စုစုေပါင္း ဖမ္းဆီး၊ထိန္းသိမ္းျခင္းခံထားရသူ (၃၈၄) ဦးထိရွိခဲ့ၿပီျဖစ္ၿပီး၊ ၎တို႔အနက္မွ (၃) ဦးသည္ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရကာ (၂၄) ဦးမွာ ျပန္လည္ လြတ္ေျမာက္လာခဲ့သည္။ ထို႔ေၾကာင့္ လက္ရွိအခ်ိန္ထိ ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၃) ဦးအပါအဝင္ (၃၆၀) ဦးမွာ ဆက္လက္ ထိန္းသိမ္းျခင္း ခံေနရဆဲျဖစ္သည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) မွ လက္ရွိအေျခအေနမ်ားကို ေန႔စဥ္ ေစာင့္ၾကည့္ မွတ္တမ္းတင္သြားမည္ျဖစ္ၿပီး စစ္အာဏာသိမ္းမႈႏွင့္ပတ္သက္၍ ဖမ္းဆီး၊တရားစြဲဆို၊ ျပစ္ဒဏ္ ခ်မွတ္ျခင္းခံထားရသူမ်ား၏ စာရင္းကို ေန႔စဥ္ထုတ္ျပန္သြားမည္ျဖစ္သည္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)

ရက်စွဲ ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်

စစ်အာဏာသိမ်းမှုသည် ၁၃ ရက်တိုင်ရှိခဲ့ပြီဖြစ်ပြီး စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများသည် မြန်မာနိုင်ငံတစ်ဝှမ်း၌ ဆက်လက်ဖြစ်ပွားဆဲဖြစ်သည်။ ယနေ့ကျရောက်သော နိုင်ငံတော်တိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့၌ ဆန္ဒထုတ်ဖော် လျက်ရှိသော ပြည်သူများသည် ၁၀ မိနစ်ကြာ ငြိမ်သက်၍ ဂုဏ်ပြုခဲ့ကြသည်။ နိုင်ငံတစ်ဝန်းရှိ အလွှာပေါင်းစုံ၊ ကဏ္ဍအသီးသီးမှ ထောင်ပေါင်း၊သောင်းပေါင်းများစွာသော ပြည်သူများသည် ဒီမိုကရေစီတိုက်ပွဲအတွက် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ကာ ပေါင်းစည်းမိလာကြပြီ ဖြစ်သည်။ 

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့ ဆန္ဒထုတ်ဖော်ပွဲ၌ လွိုင်ကော်မြို့နယ်နှင့် ဒီးမောဆိုမြို့နယ်မှ ရဲဝန်ထမ်း (၆) ဦးနှင့် ယာဉ်ထိန်းရဲ (၁) ဦး အပါအဝင် (၇) ဦး ထပ်မံပူးပေါင်း ပါဝင်လာခဲ့သည်။ ထို့ကြောင့် ကယားပြည်နယ်၌ Civil Disobedience Movement (CDM)တွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် (၆၁) ဦး ရှိလာပြီဖြစ်ကြောင်း ကယားပြည်နယ် သပိတ်ကော်မတီမှ ကြေညာခဲ့သည်။ ကရင်ပြည်နယ် ဘားအံမြို့တွင် ဆန္ဒထုတ်ဖော်ပွဲ၌ ပူးပေါင်းပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား  ပြည်နယ်ရဲတပ်ဖွဲ့မှူးမှ ဦးစီးပြီး ရဲအင်အား အလုံးအရင်းနှင့် ပြန်လည်ခေါ်ယူရာ ဆန္ဒပြပြည်သူများမှ ဝိုင်းဝန်းကာကွယ်ပေးခဲ့သည်ဟု သိရှိရ သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စစ်အာဏာသိမ်း အစိုးရမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့် ဦးဂျင်မီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အချုပ်အခြာ အာဏာကွန်ရက်မှ ဦးမျိုးရန်နောင်သိန်း၊ အဆိုတော် လင်းလင်း၊ လူမှုကွန်ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးစာများရေးသားသည့် မအိပန်ဆယ်လို၊ ကိုမောင်မောင်အေး၊ အင်းစိန်အောင်စိုးတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားပြီး ဖမ်းဝရမ်းထုတ်ထားသည်ဟု သိရှိရသည်။ 

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် တပ်မတော်ထောက်ခံသူများနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အမျိုးသား (၁) ဦးဒဏ်ရာရရှိသွားသည်ဟု သိရှိရသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတစ်ခုဖြစ်သည့် Civil Disobedience Movement (CDM) ကျယ်ပြန့်လာသည် နှင့်အမျှ အကြမ်းဖက်လိုသော မသမာသူတို့၏ ရည်ရွယ်ချက်ရှိရှိ ဆူပူထကြွအောင်လုပ်ဆောင်မှုများကိုလည်း တွေ့ရှိလာရသည်။ လက်ရှိဖြစ်ပွားလာသည့် မတည်ငြိမ်မှုများသည် မြန်မာပြည်တဝှမ်း သမိုင်းတစ်လျှောက်တွင်လည်း ဒီလိုသာဓကများရှိခဲ့ဖူးပြီး၊ ထိုသို့မတည်ငြိမ်အောင်လုပ်ဆောင်နေသော သူများကို ပြန်လည်တုံ့ပြန်သောအားဖြင့် ရပ်ရွာလူထုက တန်ပြန် ဖမ်းဆီးခြင်းများရှိခဲ့သည်။ 

ယမန်နေ့ညအချိန်တွင် ရပ်ရွာအတွင်း မသမာသူများက ဆူပူအကြမ်းဖက်မှုများလုပ်ဆောင်လာသည်နှင့် တစ်ချိန်တည်းတွင် ရဲတပ်ဖွဲ့မှ Civil Disobedience Movement (CDM) တွင် ပူးပေါင်းပါဝင်သူ တစ်ဦးချင်းစီကို စီးနင်းဝင်ရောက်မှုများ ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ မတရားဖမ်းဆီးမှုများသည် ညအချိန်တွင်သာ ဖြစ်ပွားပြီး ဥပဒေများနှင့်လည်း လျော်ညီမှုမရှိပေ။ တစ်ဖက်တွင်လည်း အာဏာဖီဆန်ရေးပြည်သူ့လှုပ်ရှားမှုသည် အောင်မြင်မှုတစ်စုံတစ်ရာရှိလာခဲ့ပြီဖြစ်သည်။ သာဓကအားဖြင့် စမ်းချောင်းမြို့နယ်တွင် နေထိုင်သူများသည် ရဲများက ရပ်ကွက်နေပြည်သူအား ဖမ်းဆီးရန် လာရောက်သည်ဟုယူဆပါက ဒယ်အိုး၊ စတီးအိုးများတီးကာ ဆူညံသံများ ပြုလုပ်ပြီး အချင်းချင်းအသိပေးခဲ့ကြသည်။ ထို့ပြင် ကြည့်မြင်တိုင်မြို့နယ်တွင်လည်း ဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံထားရသည့် ကျောင်းဆရာတစ်ဦးအား ပြန်လည်လွှတ်ပေးရန် ရာပေါင်းများစွာသော ရပ်ကွက်နေ ပြည်သူများက စုပေါင်းကာ တောင်းဆိုနေသည်ကိုလည်း တွေ့ရှိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံထားရသူ (၃၈၄) ဦးထိရှိခဲ့ပြီဖြစ်ပြီး၊ ၎င်းတို့အနက်မှ (၃) ဦးသည် ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ (၂၄) ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်ထိ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၃) ဦးအပါအဝင် (၃၆၀) ဦးမှာ ဆက်လက် ထိန်းသိမ်းခြင်း ခံနေရဆဲဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

Download link for Recent Arrests List (Last Updated on 13 Feb 21)