AAPPB ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်

kbk and kt
ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို
ကူညီ စောင့်ရှောက် ပေးနေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း
(AAPPB) က အတွင်းရေးမှူးများ ဖြစ်ကြတဲ့ ကိုတိတ်နိုင်နဲ့ ကိုဘိုကြည်တို့ ဟာ
ဘန်ကောက် – ရန်ကုန် လေကြောင်းလိုင်းနဲ့ ဇန်နဝါရီလ ၅ ရက်နေ့က မြန်မာနိုင်ငံကို
ပထမဆုံး အကြိမ် အဖြစ် အလည်အပတ် ရောက်ရှိ လာခဲ့ကြပါတယ်။ သူတို့ရဲ့ တလနီးပါးကြာ
ခရီးစဉ်အတွင်း နိုင်ငံရေးပါတီတွေ ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အတွက်
ဆောင်ရွက် ပေးနေကြတဲ့ အဖွဲ့အစည်းတွေ ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ နဲ့
တွေ့ဆုံဖို့ရှိသလို ဖြစ်နိုင်ရင် အစိုးရ တာဝန်ရှိသူတွေ နဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။