အေအေပီပီမှ ဒီဇင်ဘာလအတွက်လစဉ်သတင်းလွှာ

သင်တန်းပို့ချခြင်း

အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု မွမ်းမံသင်တန်း ပို့ချခြင်း

KWAT ကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုမွမ်းမံသင်တန်းပို့ချခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ သင်တန်းနည်းပြ ကိုကျော်ဦးသည် ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ) အဖွဲ့ဝင်များအား အသွင်ကူးပြောင်း ရေးဆိုင်ရာတရားမျှတမှု မွမ်းမံသင်တန်းကို ဒီဇင်ဘာလ ၁ ရက်နေ့ မှ ဒီဇင်ဘာလ ၅ ရက်နေ့ထိ အွန်လိုင်းမှတစ်ဆင့် ပို့ချပေးခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းသူ  ၁၆ ဦး တက်ရောက်ခဲ့သည်။ ၎င်းတို့သည် မိုင်ဂျာရန်၊      မြစ်ကြီးနား နှင့် မူဆယ်စသည့် ဒေသများတွင် နေထိုင်ကြသူများဖြစ်သည်။ 
လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု နှင့် တိုင်ကြားမှု ယန္တရား သင်တန်း (အပတ်စဉ် ၃) ပို့ချခြင်း

လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု နှင့် တိုင်ကြားမှုယန္တရား သင်တန်းပို့ချခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု နှင့် တိုင်ကြားမှုယန္တရားသင်တန်းကို အွန်လိုင်းမှတစ်ဆင့် ဒီဇင်ဘာလ ၁၇ ရက်နေ့ မှ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ (၁၂) ရက်တာ ပို့ချပေးခဲ့သည်။ သင်တန်း၌ သင်တန်းနည်းပြများအဖြစ် ကိုဝဏ္ဏနွယ် နှင့် ကိုကျော်ဦးတို့မှ သင်တန်းပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ (၇) ဦးနှင့် သင်တန်းသား (၈) ဦး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ Agriculture and Livestock Development Organization၊ ကချင်တိုင်းရင်း သူများအဖွဲ့၊ ပုလောလူငယ်ရေးရာကော်မတီ၊ မိုးသောက်ကြယ် အဖွဲ့၊ ရွက်စိမ်းနု သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တို့မှ အဖွဲ့ဝင်များ၊ ကျောင်းဆရာမများ နှင့် တက္ကသိုလ် ကျောင်းသား/သူများ ဖြစ်ကြသည်။ ထို့ပြင် သင်တန်း တက်ရောက်သူများသည် ဗမာ၊ ကချင်၊ တောင်းရိုး၊ ပအို့၊ ရှမ်း နှင့် ကရင်တိုင်းရင်းသားများ ဖြစ်ကြသည်။ 

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်သည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်ကြသူများကို အားပေး မြှင့်တင်ရန် နှင့် အသိပညာများရရှိလာရန် ရည်ရွယ်၍ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြစ်သည်။

အခြေခံလူ့အခွင့်အရေးသင်တန်းပို့ချခြင်း

ဒီဇင်ဘာလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ သင်တန်းနည်းပြ ကိုဝဏ္ဏနွယ်သည် အခြေခံလူ့အခွင့်အရေးသင်တန်း အပတ်စဉ် (၃) နှင့် အပတ်စဉ် (၄) ကို အွန်လိုင်းမှတစ်ဆင့် ပို့ချပေးနိုင်ခဲ့ သည်။ 

ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ဒီဇင်ဘာလ ၂၂ ရက်နေ့ အထိပြုလုပ်ခဲ့သော သင်တန်းအပတ်စဉ် (၃) ၌ သင်တန်းသူ ခြောက်ဦး နှင့် သင်တန်းသား ကိုးဦး တက်ရောက်ခဲ့သည်။ သင်တန်းတွင် နိုင်ငံတကာကျောင်း မှ ဆရာမ တစ်ဦး၊ တက္ကသိုလ် ကျောင်းသား လေးဦး၊ လူငယ့်ရေးရာကော်မတီမှ တစ်ဦး နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်  နှစ်ဦးတို့ပါဝင် တက်ရောက်သည့်အတွက် ဆွေးနွေးမှု၊ အချင်းချင်းမျှဝေမှု ကောင်းသော သင်တန်းတစ်ခုဖြစ်ခဲ့သည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ပြုလုပ်ခဲ့သော သင်တန်းအပတ်စဉ် (၄) ၌ သင်တန်းသူ ၁၄ ဦး နှင့် သင်တန်းသား တစ်ဦး တက်ရောက်ခဲ့သည်။ သင်တန်းတွင် Parami Institute Of Continuing Education ကျောင်းမှ ငါးဦး၊ ကျောင်းဆရာမ တစ်ဦး၊ Association for the Reduction and Protection of Homeless Children (ထီးချိုင့်)မှ သုံးဦး၊ လွိုင်ကော်တက္ကသိုလ်မှ ကျောင်းတက်နေဆဲ ကျောင်းသူ တစ်ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ထိခိုက်နစ်နာသူ (victims) နှစ်ဦး ပါဝင်သဖြင့် ဆွေးနွေးမှုကောင်းပြီး အပြန်အလှန်ဖလှယ် နိုင်ခြင်းကြောင့် အွန်လိုင်းသင်တန်းများအနက် အကောင်းဆုံး သင်တန်းတစ်ခုဖြစ်ခဲ့သည်။        

အကျဉ်းထောင်များသို့ လှူဒါန်းခြင်း

PPE ဝတ်စုံများကို အကျဉ်းထောင်များသို့ လှူဒါန်း 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)သည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ကုသရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် လိုအပ်လျက်ရှိ သော ဆေးဘက်ဆိုင်ရာ တစ်ကိုယ်ရေသုံး ပိုးမွှားကာကွယ်ရေး ဝတ်စုံ (PPE) များကို ကူညီထောက်ပံ့ လှူဒါန်းလျက်ရှိသည်။ 

ဒီဇင်ဘာလ ၂ ရက်နေ့တွင် AAPP-MHAP တာဝန်ခံ ဦးကျော်စိုးဝင်းဦးဆောင်သော အဖွဲ့သည် ရန်ကုန်မြို့ရှိ အင်းစိန် ဗဟိုစံပြအကျဉ်းထောင်ကြီးသို့သွားရောက်ခဲ့ပြီး ကိုဗစ်ကပ် ရောဂါကာကွယ်ကုသရေးအတွက် လိုအပ်သည့် PPE ဝတ်စုံများ အား လှူဒါန်းခဲ့ရာ ထောင်ပိုင်ကြီးကိုယ်တိုင် လက်ခံရယူခဲ့ပါ သည်။

စည်းရုံးလှုံ့ဆော်ခြင်းနှင့်တိုက်တွန်းခြင်း

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ ၌ ပါဝင်ဆွေးနွေးခြင်း

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ၌ ပါဝင် ဆွေးနွေးခြင်

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်း နှင့် သုတေသနဌာနတာဝန်ခံ နှင့် နိုင်ငံခြားရေးရာ ဒုတာဝန်ခံ ကိုဇော်မိုးသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဦးဆောင် စီစဉ်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ (အွန်လိုင်း) ၌ ပါဝင်ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် သံရုံးယာယီတာဝန်ခံကွမ်ကတ်နို၊ ကိုဇော်မိုး နှင့် လူ့အခွင့်အရေးဆိုင်ရာတက်ကြွလှုပ်ရှားသူများ သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လူနည်းစုအခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို အားပေးကူညီရေးကိစ္စတို့နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ ကိုယ်စားလှယ်များ AAPP ရုံးသို့လာရောက်

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ ကိုယ်စားလှယ်များ AAPP ရုံးသို့လာရောက်

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ Ophélie IBANEZ (Political Counsellor – Second Counsellor) နှင့် FOUCHER Agathe နှင့် Ma Naing Naing Tun တို့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရုံးသို့ လာရောက်ခဲ့ပြီး AAPP ၏ “Memory of the Past” ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ AAPP မှ တာဝန်ရှိသူများမှ လိုက်လံရှင်းပြပေးခဲ့သည်။ ထို့နောက် AAPP တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော် နှင့် စိတ်ဓါတ်ပြန်လည်မြှင့်တင်ရေး အစီအစဉ် တာဝန်ခံ (MHAP) ဦးကျော်စိုးဝင်း တို့မှ လက်ခံတွေ့ဆုံခဲ့ပြီး AAPP မှ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းစဉ်များ၊ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် လူ့အခွင့်အရေး အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

https://web.facebook.com/burmapoliticalprisoners/photos/pcb.3746556372070299/3746556115403658/ 

ထောက်ပံ့ကူညီခြင်း 

နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ထောက်ပံ့ကူညီခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ အကျဉ်းထောင်တွင်း အကျဉ်းကျလျက်ရှိသည့် နိုင်ငံရေး အကျဉ်းသားများနှင့် ကျန်းမာရေးကောင်းမွန်ခြင်း မရှိသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ဆက်လက် ထောက်ပံ့ ကူညီပေးလျက်ရှိသည်။ ဒီဇင်ဘာလအတွင်းတွင် အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၇) ဦး၊ သီပေါ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၂) ဦး၊ လားရှိုး အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၃) ဦး၊ မအူပင် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၂) ဦး၊ ညောင်ရွှေ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၁) ဦး နှင့် ပခုက္ကူ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၁) ဦး၊ စုစုပေါင်း (၁၆) ဦး တို့ကို ကူညီထောက်ပံ့ခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ ကူးစက်ခြင်း ခံထားရသော နိုင်ငံရေးအကျဉ်းသားဟောင်း (၃) ဦး၊ နှလုံးရောဂါ ခံစားနေရသော နိုင်ငံရေးအကျဉ်းသားဟောင်း (၄) ဦး၊ လေဖြတ် ခြင်းကို ခံစားနေရသော နိုင်ငံရေးအကျဉ်းသားဟောင်း (၂) ဦး၊ ခါးရိုးခွဲစိတ်ရမည့် နိုင်ငံရေးအကျဉ်းသား ဟောင်း (၁) ဦး၊ စုစုပေါင်း (၁၀) ဦးတို့ကို ကျန်းမာရေးအတွက် ထောက်ပံ့ကူညီခဲ့ သည်။ ၎င်းပြင် နိုင်ငံရေး အကျဉ်းသားဟောင်းမိသားစုဝင် (၂) ဦးကို အသက်မွေးဝမ်းကြောင်းအတွက် ကူညီထောက်ပံ့ခဲ့သည်။  

အောက်တွင် ဇယားနှင့်တကွ ဖော်ပြထားပါသည်။ 

မှတ်တမ်းနှင့်သုတေသန

လစဉ်အစီရင်ခံစာ၊ နိုင်ငံရေးအကျဉ်းသားစာရင်းများ နှင့် အေအေပီပီသတင်းလွှာကို ထုတ်ဝေခြင်း

မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးအခြေအနေများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လယ်သမားများ၊ အလုပ်သမား များ နှင့် အရပ်သားများ လစဉ် ဖမ်းဆီး၊ တရားစွဲဆို၊ပြစ်ဒဏ် ချမှတ်ခြင်းခံရသည်ကို  စောင့်ကြည့်မှတ်တမ်းတင်ရန် ရည်ရွယ်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လစဉ် အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းကို ထုတ်ဝေလျက်ရှိသည်။ ဒီဇင်ဘာလ ၉ ရက်နေ့တွင် နိုဝင်ဘာလ အတွက် အစီရင်ခံစာ နှင့် နိုင်ငံရေးအကျဉ်းသားစာရင်းကို ထုတ်ဝေခဲ့သည်။

ထို့ပြင် AAPP အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ ဌာနဆိုင်ရာ အရာရှိများ၊ နိုင်ငံတကာမှ သံအမတ်များ၊ NGOs, CBOs စသည့်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ဟောပြောဆွေးနွေးပွဲများ နှင့် နှစ်သိမ့် ဆွေးနွေးပေးခြင်း နှင့် သင်တန်းများ ပို့ချပေးခြင်း စသည့် လှုပ်ရှားဆောင်ရွက်မှုများကို AAPP သတင်းလွှာ၌ လစဉ် ဖော်ပြထားသည်။ ဒီဇင်ဘာလ ၉ ရက်နေ့တွင် နိုဝင်ဘာလ အတွက် သတင်းလွှာကို ထုတ်ဝေခဲ့သည်။

အောက်ပါလင့်များကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်ပါသည်။

https://aappb.org/wp-content/uploads/2020/12/Burmese-Chronology-and-MiR-for-NovemberJoe.pdf 

https://aappb.org/2020/12/november-chronology-2020-and-current-political-prisoners-list/?fbclid=IwAR38AiwEH24yxjAI82zK60dyz2d3himJD2H3q7cW9JT-FS9v4V-Fj1HzZOs 

ကိုဗစ်၁၉ သတင်းလွှာပြုစုခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဗစ်ကာလနှင့်ဆက်နွယ်၍ ဖြစ်ပွားခဲ့သော အမှု ဖြစ်စဉ်များပါဝင်သည့် ကိုဗစ်-၁၉ သတင်းလွှာကို ဧပြီလ ကတည်းက စတင်၍ မှတ်တမ်းတင်ပြုစုလျက်ရှိသည်။ နိုဝင်ဘာလ ကိုဗစ်သတင်းလွှာ နှင့် ကိုဗစ်ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းများကို ချိုးဖောက်၍ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသော စာရင်းများကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။

အောက်ပါလင့်များကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်ပါသည်။

https://aappb.org/wp-content/uploads/2020/12/Final-COVID-19-Newsletter-in-November-Burmese-Final-1-1-1.docxfinal.pdf 

https://aappb.org/wp-content/uploads/2020/12/Final-COVID-19-News-Letter-in-November-English.docx-finl.pdf 

အထွေထွေလှုပ်ရှားမှုများ

လူ့အခွင့်အရေးအခြေအနေအကြောင်းဆွေးနွေးပြီး လူ့အခွင့်အရေး လမ်းကြားသို့သွားရောက်လည်ပတ်

လူ့အခွင့်အရေးလမ်းကြားသို့ သွားရောက်လည်ပတ်

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ ချက်နိုင်ငံသံအမတ်နှင့် အခြားတာဝန်ရှိသူ များ သည်  လူ့အခွင့်အရေးအခြေအနေအကြောင်းဆွေးနွေးခဲ့ကြပြီး လူ့အခွင့်အရေးလမ်းကြားသို့ သွားရောက်လည်ပတ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လှုပ်ရှားမှုများ ပြုလုပ်ရာ၌ ပံ့ပိုးကူညီခြင်း

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်သော အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးနေ့၌ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)၏ ပံ့ပိုးကူညီမှုဖြင့် AAPP ၏ လူ့အခွင့်အရေးသင်တန်းဆင်း သင်တန်းသူ၊ သင်တန်းသား ဟောင်းများသည် နေရာဒေသအသီးသီး၌ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ 

မကွေးတိုင်းဒေသကြီး

ဆိပ်ဖြူမြို့ရှိ လူ့အခွင့်အရေးတက်ကြွလှုပ်သူ များမှ လူ့အခွင့်အရေးလက်ကမ်းစာစောင်များ ဝေငှခြင်း

ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့ရှိ လူ့အခွင့်အရေးတက်ကြွလှုပ်သူ လူငယ်များမှ လက်ကမ်းစာစောင်များ ဝေငှခြင်း နှင့် ဆိပ်ဖြူမြို့ လင်းကျော်အောင်ဘော်ဒါနေရာ၌ ကျမ်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ လူ့အခွင့်အ‌ရေး အသိပညာပေး ဆွေးနွေးပွဲကိုကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

မုံရွာမြို့တွင် လူ့အခွင့်အရေး ကြေညာစာတမ်း အချက် (၃၀) လက်ကမ်းစာစောင်များနှင့် ပိုစတာများကို ဖြန့်ဝေခဲ့ပြီး ကန်သာယာပန်းခြံတွင် (၇၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အကြောင်း ဇာတ်လမ်းတို ရိုက်ကူးခဲ့သည်။

မုံရွာမြို့တွင်  လူ့အခွင့်အရေး ကြေညာစာတမ်း အချက် (၃၀) လက်ကမ်းစာစောင်များနှင့် ပိုစတာများကို ဖြန့်ဝေခဲ့ပြီး ကန်သာယာပန်းခြံတွင် (၇၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အကြောင်း ဇာတ်လမ်းတို ရိုက်ကူးခဲ့သည်။

ဗန်းမောက်မြို့တွင် Promise home ဂေဟာမှ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးကို လူ့အခွင့်အရေးဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး လူ့အခွင့်အရေး ကြေညာစာတမ်းအချက် (၃၀) လက်ကမ်း စာစောင်များနှင့် ပိုစတာများကို ဖြန့်ဝေခဲ့သည်။

ဟုမ္မလင်းမြို့နယ်၊ မိုင်းဝယ်ရွာ နှင့် စင်နိုင်းကျေးရွာအတွင်း လူ့အခွင့်အရေး ကြေညာစာတမ်း အချက် (၃၀) လက်ကမ်း စာစောင်များနှင့် ပိုစတာများကို ဖြန့်ဝေခဲ့ပြီး ညပိုင်းတွင် မိုင်းဝယ်ကေးရွာ၌ လူ့အခွင့်အရေး စိတ်ဝင်စားသော လူငယ်၊ လူကြီး (၆၀) ဦး ခန့်ကို လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

ပန်းတနော်မြို့နယ်အတွင်းရှိ ပန်းတနော်မြို့ နှင့် ဂုံမင်းရွာ၊ ဆင်ချောင်းရွာ၊ ဓနော်ရွာ၊ ယင်းယိုရွာများရှိ ကျေးလက်နေ ပြည်သူများ နှင့် ကျိုက်လတ်မြို့နယ် နှင့် မအူပင်မြို့နယ်အတွင်း နေ ဒေသခံများကို  လူ့အခွင့်အရေး ကြေညာစာတမ်း အချက် (၃၀) လက်ကမ်း စာစောင်များ၊ ပိုစတာများ ဖြန့်ဝေခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံခေါင်းဖျား၊ ထိယာလိ၊ ဘိုသာအေး၊ ပျားမွှတ်လျှော်ချောင်း  ကျေးရွာများရှိ အုပ်ချုပ်ရေး မှူးရုံး၊ သစ်တောဦးစီးရုံး၊ NLD ရပ်ကျေးရုံး၊ ကျေးလက် ကျန်းမာရေးဌာနခွဲ၊ အစိုးရကျောင်းများနှင့် ကျေးရွာသူ/ ရွာသားများကို လူ့အခွင့်အရေး ကြေညာစာတမ်း အချက် (၃၀) လက်ကမ်းစာစောင်များ၊ ပိုစတာများ သွားရောက်ဖြန့်ဝေခဲ့သည်။

အင်္ဂပူမြို့နယ်၊ ဒို့လယ်ယာကွန်ရက်ရုံး အင်္ဂပူ (ACDD) တွင် လူ့အခွင့်အရေး ပေါ်ပေါက်လာပုံသမိုင်း၊ ၁၈ နှစ်ပြည့်သူတိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ မဲပေးခွင့်ရရန်စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ရာတွင် ပါတီကိုယ်စားလှယ်များ၊ CSOs၊ တောင်သူလယ်သမားများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့သည်။

သာပေါင်းမြို့နယ်၊ သာပေါင်းမြို့တွင် လူ့အခွင့်အရေး စိတ်ပါဝင်စားသူ (၁၀) ဦးခန့်နှင့် လူ့အခွင့်အရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း

ကျောက်မဲမြို့၊ နောင်ချိုမြို့ နှင့် လားရှိုးမြို့တို့တွင် လူ့အခွင့်အရေး ကြေညာစာတမ်း အချက် (၃၀) လက်ကမ်းစာစောင်များ၊ ပိုစတာ များ ဖြန့်ဝေခဲ့သည်။

ကချင်ပြည်နယ်

 

အင်းတော်ကြီးဒေသ၊ ညောင်ပင်ရွာတွင် လူ့အခွင့်အရေး ကြေညာစာတမ်း အချက် (၃၀) လက်ကမ်း စာစောင်များ၊ ပိုစတာများ ဖြန့်ဝေခဲ့သည်။

ရခိုင်ပြည်နယ်

အမ်းမြို့နယ်၊ အမ်းမြို့ စစ်ရှောင်နေရာများဖြစ်ကြသော (ကွက်သစ်စစ်ပြေးချောင်း၊ အောက်ကျင်းစစ်ပြေးချောင်း နှင့် အမှတ် ၄ ရပ်ကွက်တွင် လူ့အခွင့်အရေး ကြေညာစာတမ်း အချက် (၃၀) လက်ကမ်း စာစောင်များ၊ ပိုစတာများ ဖြန့်ဝေခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး

တောင်ဒဂုံမြို့နယ် NLD ရုံး နှင့် NLD ရပ်ကျေးရုံးများ၊ အရှေ့ဒဂုံ မြို့နယ် NLD ရုံး၊ သန်လျင် (အားမာန်သစ်အဖွဲ့)၊ (အလွမ်းဆွတ် ကျေးရွာ)၊ မြောက်ဒဂုံ (Youth , GBV Action Team)၊ ဒဂုံ ဆိပ်ကမ်း (တံခွန်ပရဟိတအဖွဲ့၊ ခရမ်းပြာအဖွဲ့) တို့ကို လူ့အခွင့်အရေးကြေညာစာတမ်း အချက် (၃၀) လက်ကမ်း စာစောင်များ၊ ပိုစတာများကို သွားရောက် ဖြန့်ဝေခဲ့သည်။

တောင်ဒဂုံမြို့နယ် NLD ရုံး နှင့် NLD ရပ်ကျေးရုံးများ၊ အရှေ့ဒဂုံ မြို့နယ် NLD ရုံး၊ သန်လျင် (အားမာန်သစ်အဖွဲ့)၊ (အလွမ်းဆွတ် ကျေးရွာ)၊ မြောက်ဒဂုံ (Youth , GBV Action Team)၊ ဒဂုံ ဆိပ်ကမ်း (တံခွန်ပရဟိတအဖွဲ့၊ ခရမ်းပြာအဖွဲ့) တို့ကို လူ့အခွင့်အရေးကြေညာစာတမ်း အချက် (၃၀) လက်ကမ်း စာစောင်များ၊ ပိုစတာများကို သွားရောက် ဖြန့်ဝေခဲ့သည်။ ထို့နောက် တောင်ဒဂုံ ဂျဲန်ဒါအဖွဲ့ – လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများနှင့်အတူ တောင်ဒဂုံပန်းခြံနှင့် လူစည်ကားရာ နေရာများတွင် လူ့အခွင့်အရေး ကြေညာစာတမ်း အချက် (၃၀) လက်ကမ်း စာစောင်များ၊ ပိုစတာများကို သွားရောက် ဖြန့်ဝေခဲ့ သည်။

စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်(MHAP)

ကိုဗစ်၁၉ ဗိုင်းရပ် ကူးစက်မှုကာလအတွင်း အွန်လိုင်း စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှု အစီအစဉ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး ကူညီထောက်ပံ့မှု အစီအစဉ် (AAPP-MHAP)သည် အွန်လိုင်းစိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု လုပ်ငန်းကို ဒီဇင်ဘာလအတွင်းတွင်လည်း ဆက်လက် လုပ်ဆောင်လျှက်ရှိသည်။ နေရာဒေသအနှံ့အပြားမှ ဆက်သွယ် ဆွေးနွေးမှုများလည်း ပိုမိုများပြားလာခဲ့ပြီး လူမှုကွန်ရက်၊ ဗိုက်ဗာတို့မှတစ်ဆင့် ဆက်သွယ်မှုများလည်းရှိခဲ့သည်။ ဆက်သွယ်လာသည့်ဒေသများမှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ မွန် စသည့် ပြည်တွင်းဒေသများမှ ဆက်သွယ် ဆွေးနွေးမှုများအပြင် ထိုင်းနိုင်ငံမှ ဆက်သွယ် ဆွေးနွေးမှုများ လည်း ရှိခဲ့သည်။ 

အွန်လိုင်းစိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုလုပ်ငန်းသို့ ဆက်သွယ် ဆွေးနွေးသူများတွင် အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ NGO ဝန်ထမ်းများ၊ အမျိုးသမီးအိမ်ထောင်ဦးစီးများ၊ ရွှေ့ပြောင်း အလုပ်သမားများ၊ ကွာရန်တင်းစင်တာများတွင် ကွာရန်တင်းဝင် နေကြသူများ၊ စေတနာ့ဝန်ထမ်း များနှင့် HIV ပိုးရှိသူများ စသည့် အမျိုးသား၊ အမျိုးသမီး အသက်အရွယ်စုံ ပါဝင်ပါသည်။ ဒီဇင်ဘာလအတွင်းတွင် အမျိုးသား ၇၁ ဦး (အသက် ၁၈ နှစ်မှ ၇၃ နှစ်အတွင်း)၊ LGBTs ငါးဦး (အသက် ၂၀ နှစ်မှ ၄၄ နှစ်အတွင်း) အပါအဝင် အမျိုးသမီး ၈၀ဦး (အသက် ၁၉ နှစ်မှ ၇၀ နှစ်အတွင်း) နှင့် တို့၏ ကိုဗစ်-၁၉ ကာလ စိတ်ဖိစီးမှုများ၊ စိတ်ပိုင်းဆိုင်ရာပြဿနာများ ကို ကူညီဖြေရှင်းပေးနိုင်ခဲ့ပါသည်။ ၎င်းတို့အနက် ကွာရန်တင်းစင်တာ အသီးသီး၌ ကွာရန်တင်းဝင် နေကြသူ ၅၁ ဦး (အမျိုးသမီး ၂၅ ဦး၊ အမျိုးသား ၂၆ ဦး) အား စိတ်ဖိစီးမှုများကို မည်ကဲ့သို့ ထိန်းညှိရမည်ဆိုသည်ကို တစ်ဦးချင်း ဆက်သွယ် ဆွေးနွေးပေးနိုင်ခဲ့သည်။

ထိုဆက်သွယ်လာသူများ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ လက္ခဏာများမှာ – 

  • မိမိကိုယ်တိုင် သို့မဟုတ် မိမိချစ်ခင်ရသောသူများ၏ ကျန်းမာရေးအတွက် အမြဲမပြတ် စိုးရိမ်ပူပန်နေခြင်း၊ ကြောက်ရွံ့ နေခြင်း
  • စိတ်ညစ်ခြင်းကို အချိန်များစွာ ခံစားနေရခြင်း
  • စိတ်ထဲတွင် ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းကို ခံစားနေ ရခြင်း
  • အစားအသောက်နှင့် အိပ်စက်ခြင်းပုံစံပြောင်းလဲသွားခြင်း
  • အိပ်ပျော်ရန်နှင့် အာရုံစူးစိုက်ရန် အခက်အခဲရှိခြင်း
  • အလွယ်တကူ စိတ်တိုခြင်း သို့မဟုတ် ဒေါသထွက်ခြင်း
  • HIV ပိုးရှိသူများက အလွယ်တကူ ရောဂါကူးစက် ခံရမည်ကို စိုးရိမ်ပူပန်ခြင်း
  • ကိုဗစ်-၁၉ ၏ရိုက်ခတ်မှုကြောင့် မိမိတို့သုံးစွဲနေရသော ART ဆေးများပြတ်လပ်သွားမည်ကို စိုးရိမ်ခြင်း
  • အိမ်ထဲတွင် အချိန်ပေါင်းများစွာနေရသဖြင့် စိတ်တင်းကြပ်ခြင်း၊ မွန်းကြပ်ခြင်း၊ ဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျမှုကို ခံစားရခြင်း
  • မိမိပုံမှန်စိတ်ဝင်စားသောအရာများကို စိတ်ဝင်စားမှု မရှိတော့ခြင်း စသည့် လက္ခဏာများကို ခံစားနေကြရ သည်ကို တွေ့ရပါသည်။ 

Tele-CETA ကောင်ဆယ်လင်းဝန်ဆောင်မှုများပေးခြင်း

ဒီဇင်ဘာလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ CETA ကောင်ဆယ်လင်း အစီအစဉ်မှ စိတ်ဒဏ်ရာ၊ စိတ်ဓာတ်ကျခြင်း နှင့် အကြမ်းဖက်မှု များကြောင့် စိတ်ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေကြ ရ၍ CETA ကုထုံးကို လိုအပ်လျက်ရှိသူများကို Tele-CETA ကောင်ဆယ်လင်းဝန်ဆောင်မှုများပေးခဲ့သည်။ Tele-CETA သည် ကိုဗစ်-၁၉ ဖြစ်ပွားလျက်ရှိချိန် နှင့် ဖြစ်ပွားပြီးချိန်တို့၌ တစ်ဦးချင်း ဝန်ဆောင်မှုများပေးရာ၌ ပို၍ ကောင်းမွန်သော နည်းလမ်း တစ်ခုဖြစ်သည်။ အဝေးရောက် ကလိုင်းယန့်များ နှင့်/သို့မဟုတ် ကုသနေချိန်အတွင်း အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့သွား ခဲ့သော ကလိုင်းယန့်များအတွက် CETA ကောင်ဆယ်လင်းကို ပို့ချပေးနိုင်သည်။ Tele-CETA ကုထုံးကို နေရာဒေသအသီးသီးမှ အမျိုးသမီး ၂၆ ဦး နှင့် အမျိုးသား ၁၉ ဦးတို့အား ပို့ချပေး လျက်ရှိသည်။

စိတ်ဖိစီးမှုကို ထိန်းညှိခြင်း၊ အခြေခံစိတ်ပိုင်းဆိုင်ရာ ကိုင်တွယ် ဖြေရှင်းမှု နှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်း (Stress Management, Basic Coping skills and Self-care) သင်တန်းကို ပို့ချခြင်း

“စိတ်ဖိစီးမှုကို ထိန်းညှိခြင်း၊ အခြေခံစိတ်ပိုင်းဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှု နှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်းသင်တန်းကို ပို့ချခြင်း

ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့ထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို “စိတ်ဖိစီးမှုကို ထိန်းညှိခြင်း၊ အခြေခံစိတ်ပိုင်းဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှု နှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်း (Stress Management, Basic Coping skills and Self-care) သင်တန်း”ကို အွန်လိုင်းမှတစ်ဆင့် ပို့ချပေးခဲ့သည်။ အဆိုပါ သင်တန်းကို သင်တန်းသူ/သား ၁၄ ဦး တက်ရောက်ခဲ့သည်။

စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်းအကြောင်းကို ဆွေးနွေးခြင်း

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP)မှ သင်တန်းနည်းပြ ကိုထင်အောင်သည် Asia Justice and Rights (AJaR) ၏ အဖွဲ့ဝင် များအား စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း နှင့်  မိမိကိုယ်ကို ဂရုစိုက်ခြင်းအကြောင်းကို ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို စုစုပေါင်း ၁၇ ဦး တက်ရောက်ခဲ့သည်။

 

 

 

အင်တာဗျူးများဖြေကြားခြင်း

 

ကိုဗစ်၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်းခဲ့ခြင်းနှင့်ပတ်သက်၍ အင်တာဗျူး ဖြေကြား ခြင်း

ဒီဇင်ဘာလ ၂ ရက်နေ့တွင်  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့ခြင်းနှင့်ပတ်သက်၍ 7 Day News သတင်းဌာနမှ ပြုလုပ်သည့် အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးတိတ်နိုင်မှ “အကျဉ်းထောင်နှင့် ရဲဘက်စခန်း ၃ဝ ခန့်ရှိ  အကျဉ်းသားများ၊ အချုပ်သားနှင့် ဝန်ထမ်းများအတွက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း ခဲ့ကြောင်း၊ ရန်ပုံငွေနှင့် အလှူရှင်များ၏ အလှူငွေများအပေါ် မူတည်၍ နောက်တစ်ဖန် ထိုအကျဉ်းထောင်၊ရဲဘက်စခန်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက် အခြေအနေကို ကြည့် ၍ တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလတစ်လျှောက် အကျဉ်းထောင် များအတွင်း  အကျဉ်းသားများ၏ကျန်းမာရေးနှင့် ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။ 

https://7day.news/detail?id=207288&fbclid=IwAR3plkUgaCZQWJbNXxJ_zvsf2fSqLRsBndi3SBzJIr1KAszksBk5ixyEWvs 

 မသဉ္ဇာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခြင်း နှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံး တာဝန်ခံမှ အင်တာဗျူး ဖြေကြားခြင်း

ဒီဇင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် မသဉ္ဇာသန်းမင်းကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခြင်းနှင့်ပတ်သက်၍ MNTV, Myanmar Harp နှင့် 7 Day News သတင်းဌာနတို့မှ ပြုလုပ်သည့် အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ “မသဉ္ဖာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ခြင်းသည် ၎င်း၏လုပ်ရပ် အား မှန်ကန်သည်ဟုယူဆ၍ဖြစ်သည်၊ ၎င်းတို့၏ စံနှုန်း သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီသည်၊ ထို့ကြောင့် မသဉ္ဇာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားတစ်ဦးအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်၊ မသဉ္ဇာသန်းမင်းကို ထောက်ပံ့ ကူညီခြင်းများအပါအဝင် အကျဉ်းချခြင်းခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် တွန်းအားပေးခြင်း များ၊ တိုက်တွန်းခြင်းများ လုပ်ဆောင်သွားမည်၊ ထို့ပြင် ပြည်သူ ကို ဖိနှိပ်သည့် လိုသလို တလွဲအသုံးချနေသည့် ဥပဒေပုဒ်မ ပြင်ဆင်ရေးများကို တိုက်တွန်းသွားမည်”ဟု ပြောကြားခဲ့သည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။ 

https://web.facebook.com/photo?fbid=2796066510630402&set=a.1543659792537753 

https://7day.news/detail?id=207577 

မသဉ္ဇာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခြင်း နှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံး တာဝန်ခံမှ အင်တာဗျူး ဖြေကြားခြင်း

ဒီဇင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် မသဉ္ဇာသန်းမင်းကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခြင်းနှင့်ပတ်သက်၍ လွတ်လပ်တဲ့ အာရှအသံသတင်းဌာန နှင့် Tomorrow Journal တို့မှ ပြုလုပ်သည့် အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်များကို ပိတ်ပင်သည့် ဥပဒေများကို ပြုပြင်ရန် လိုအပ်နေသည်၊ မသဉ္ဇာသန်းမင်း အပါအဝင် ရခိုင်ပြည်နယ်၌ အင်တာနက်ပြန်ဖွင့်ရန် ဆန္ဒပြခဲ့သည့် ကျောင်းသားများနှင့် အခြား နိုင်ငံရေးအကျဉ်းသား ၃၆ ဦးရှိပြီး ၎င်းတို့ ပြန်လည် လွတ်မြောက်ရန် အစဉ်တစိုက် တောင်းဆိုနေသည်ဟု ပြောကြား ခဲ့သည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။ 

https://www.rfa.org/burmese/news/thinzarthanmin-jail-12052020053612.html 

 

မသဉ္ဇာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခြင်း နှင့်ပတ်သက်၍ AAPP တွဲဘက်အတွင်းရေးမှူးမှ အင်တာဗျူး ဖြေကြားခြင်း

ဒီဇင်ဘာလ ၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် မသဉ္ဇာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ဘီဘီစီသတင်းဌာနမှပြုလုပ်သည့် အင်တာဗျူးကို ဖြေကြားခဲ့ သည်။ အဆိုပါအင်တာဗျူးတွင် ဦးဘိုကြည်မှ “မသဉ္ဇာသန်းမင်း သည် ၎င်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသုံးချ၍ ၎င်းယုံကြည်သည့်စကားများကို ပြောဆိုခြင်းဖြစ်သည်၊ ထိုကဲ့သို့ ပြောဆိုခြင်းကို မည်သည့် ဥပဒေနှင့်မျှဖမ်းခွင့်မရှိပါ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ် ဖြစ်သည်၊ ထိုကဲ့သို့ အခြေခံလူ့အခွင့်အရေးများ၊ ဒီမိုကရေစီ၏ အခြေခံကျင့်ဝတ်များကို ကျင့်သုံးရန် မြန်မာနိုင်ငံတွင်ရှိနေသည့် အစိုးရအပါအဝင် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ တပ်မတော်တို့မှ ထိုဒီမိုကရေစီလမ်းကြောင်းများ ပို၍ ကျင့်သုံးနိုင်ရန် လမ်းဖွင့်ပေးရမည်ဖြစ်ပြီး ထိုကဲ့သို့ထောင်ချခြင်း သည် မသင့်တော်ပါ၊ ထို့ကြောင့် မသဉ္ဇာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်သည်၊ ထို့ပြင် မသဉ္ဇာသန်းမင်း အကျဉ်းထောင်တွင်းရှိနေချိန်တွင် လိုအပ်ချက် များကို ဝယ်နိုင်ရန်အတွက် တစ်စုံတစ်ရာ ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးမည်ဖြစ်ပြီး ၎င်း၏အကျဉ်းသားအခွင့်အရေးများကို ရရှိစေရန် နှင့် အမြန်ဆုံးလွတ်မြောက်ရေးတို့ကို ဆောင်ရွက်ပေး မည်ဟုပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း နားဆင်နိုင်သည်။

https://www.facebook.com/BBCnewsBurmese/videos/668083203862115/ 

မသဉ္ဇာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခြင်း နှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံး တာဝန်ခံမှ အင်တာဗျူး ဖြေကြားခြင်း

ဒီဇင်ဘာလ ၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် မသဉ္ဇာသန်းမင်းကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခြင်းနှင့်ပတ်သက်၍ လွတ်လပ်တဲ့ အာရှအသံသတင်းဌာန နှင့် Silent Talk သတင်းဌာန တို့မှ ပြုလုပ်သည့် အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ “မသဉ္ဇာသန်းမင်းသည် ၎င်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးကာ တပ်တွင်း မတရားဖြစ်နေသည်ကို လူမှုကွန်ရက်စာမျက်နှာ (Facebook) ၌ ထုတ်ပြောခြင်းဖြစ်သည်၊ ထိုအခြင်းအရာကို ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်းသည် မဖြစ်သင့်ပါ၊ ထို့ကြောင့် မသဉ္ဇာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထား သည်” ဟု ပြောကြားခဲ့သည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း နားဆင်နိုင်သည်။

https://www.facebook.com/rfaburmese/videos/722321655068627 

https://www.rfa.org/burmese/news/thinzarthanmin-jail-12072020054730.html 

AAPP တွဲဘက်အတွင်းရေးမှူးမှ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေး ခန်းအစီအစဉ်၌ ပါဝင်ဖြေကြားခြင်း

ဒီဇင်ဘာလ ၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် ဗွီအိုအေသတင်းဌာနမှ ပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်းအစီအစဉ်၌ ပါဝင် ဖြေကြားခဲ့ သည်။ အဆိုပါအစီအစဉ်တွင် ဦးဘိုကြည်မှ “နိုင်ငံရေးအကျဉ်းသားအရေး၊ လယ်ယာမြေအရေး၊ ဖိနှိပ်ထား သည့် ဥပဒေများကို ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး စသည်တို့နှင့်ပတ်သက်၍ ပြောကြား ခဲ့သည်။ 

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း နားဆင်နိုင်သည်။

https://burmese.voanews.com/a/nld-govement-and-political-prisoners-/5689089.html?fbclid=IwAR1pQaNWgP4i6RPzO7AsYWbNK2O4ah-B3lwqnDqFxWMTvbA_sdQlrBksqAQ   

မြန်မာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ရှိနေဆဲနှင့်ပတ်သက်၍ အင်တာဗျူးဖြေကြားခြင်း

ဒီဇင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် “မြန်မာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ရှိနေဆဲ” နှင့်ပတ်သက်၍ လွတ်လပ်တဲ့ အာရှအသံ မှ ပြုလုပ်သည့် အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးဘိုကြည်မှ “နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အစိုးရ နှင့် လွှတ်တော်က လုပ်ဆောင်ခဲ့ခြင်း မရှိသလို နိုင်ငံရေးအကျဉ်းသား ရှိသည်ဆိုသည်ကို တရားဝင် အသိအမှတ်မပြုပါ၊ ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီး၊တရားစွဲ ထောင်ချနေ ခြင်းများ ရှိနေသေးသည့်အတွက် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်ပြီးရှိနေဆဲဖြစ်သည်ဟု ဦးဘိုကြည်မှ ပြောကြားခဲ့သည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း နားဆင်နိုင်သည်။

https://www.rfa.org/burmese/program_2/human-rights-situation-in-myanmar-12072020184915.html 

 

AAPP အတွင်းရေးမှူး နှင့် တွဲဘက်အတွင်းရေးမှူးတို့ မြန်မာနိုင်ငံသားအဖြစ် ပြန်လည် သတ်မှတ်ခံရခြင်းနှင့်ပတ်သက်၍ အင်တာဗျူး ဖြေကြားခြင်း 

ဒီဇင်ဘာလ ၉ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်သည် မြန်မာနိုင်ငံသားအဖြစ် ပြန်လည် သတ်မှတ်ခံရခြင်းနှင့်ပတ်သက်၍ မြန်မာတိုင်းမ်မှပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးဘိုကြည်မှ “၎င်း နှင့် အတွင်းရေးမှူး ဦးတိတ်နိုင်တို့ မြန်မာ နိုင်ငံသားအဖြစ် ပြန်လည် သတ်မှတ်ခံရပြီဖြစ်ပြီး လက်ရှိအချိန်၌ မြန်မာနိုင်ငံသား မှတ်ပုံတင် နှင့် သန်းခေါင်စာရင်း များ ပြန်လည် ရရှိခဲ့ပြီ” ဟု ပြောကြားခဲ့သည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://myanmar.mmtimes.com/news/148061.html?fbclid=IwAR3-vLb2eHQ8PjUEKB2aoJmtNzKFwOh0G1XUNbPxSE0Ki6yDL1ShNzW7jaM 

https://www.mmtimes.com/news/two-former-political-prisoners-exile-regain-myanmar-citizenship.html  

 

AAPP အတွင်းရေးမှူး နှင့် တွဲဘက်အတွင်းရေးမှူးတို့ မြန်မာနိုင်ငံသားအဖြစ် ပြန်လည် အသိအမှတ်ပြုခံရခြင်း နှင့်ပတ်သက်၍ အင်တာဗျူး ဖြေကြားခြင်း 

ဒီဇင်ဘာလ ၉ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင် နှင့် တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်တို့သည် မြန်မာနိုင်ငံသားအဖြစ် ပြန်လည် အသိအမှတ်ပြုခံရခြင်း နှင့်ပတ်သက်၍ အီလဲဗင်းသတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးတိတ်နိုင်မှ “နိုင်ငံသားအဖြစ် ပြန်လည် အသိအမှတ်ပြုခံရ ကြောင်း ဒီဇင်ဘာလ ၄ ရက်နေ့တွင် ချက်သမ္မတနိုင်ငံ ရှိ   မြန်မာသံရုံးမှ အကြောင်းကြားလာပြီး လက်ရှိတွင် မှတ်ပုံတင် နှင့် သန်းခေါင်းစာရင်းများလည်း ရရှိပြီဟု ပြောကြားခဲ့သည်။ ဦးဘိုကြည်မှလည်း “တိုင်းပြည်၏ နိုင်ငံရေးအခြေအနေ ပိုမို ပွင့်လင်းလာသည့် အနေအထားကြောင့် နိုင်ငံသား ပြန်လည် လျှောက်ထားခြင်းဖြစ်သလို နိုင်ငံသို့ ပြန်လည် ဝင်ရောက်ရာတွင် နိုင်ငံ၏ ပတ်စ်ပို့စာအုပ် ကိုင်ဆောင် ဝင်ရောက်ခြင်းမျိုးသာ ပြုလုပ်လိုသည်” ဟုပြောကြားခဲ့သည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://news-eleven.com/article/199517 

 

မသဉ္ဇာသန်းမင်းကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခြင်း နှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံး တာဝန်ခံမှ အင်တာဗျူး ဖြေကြားခြင်း

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်သည် မသဉ္ဇာသန်းမင်းကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ဧရာဝတီ သတင်းဌာနမှ ပြုလုပ်သည့် အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ “ထိုသို့ထောင်ချ ခြင်းသည် နိုင်ငံတွင် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် မရှိကြောင်း ပြသသည့် နောက်ထပ် အထောက်အထားဖြစ်သည်၊ ဥပဒေဆိုသည်မှာ နိုင်ငံသားများကို အကာအကွယ်ပေးရမည်ဖြစ် ပြီး ယခုဥပဒေများသည် သဘောထားကွဲလွဲသူများကို ဖိနှိပ်ရန် ကိရိယာဖြစ်နေသည်၊ ကျောင်းသားများ နှင့် တက်ကြွလှုပ်ရှားသူ များလည်း အာဏာပိုင်များကို ဝေဖန်၍ တရားစွဲဆို၊ ထောင်ချ ခံနေရသည်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ထိပါးသည့် ဖိနှိပ်သော ဥပဒေအားလုံးကို အမြန်ဆုံး ပြင်ဆင်ပယ်ဖျက်သင် ့ကြောင်းလည်း တိုက်တွန်းသည်” ဟု ပြောကြားခဲ့သည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း နားဆင်နိုင်သည်။

https://burma.irrawaddy.com/news/2020/12/10/234611.html 

 

အေအေပီပီလစဉ်အစီရင်ခံစာ နှင့်ပတ်သက်၍  AAPP အတွင်းရေးမှူး ဦးတိတ်နိုင်မှ အင်တာဗျူး ဖြေကြား ခြင်း

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် 7 Day News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးတိတ်နိုင်မှ နိုဝင်ဘာလ အေအေပီပီလစဉ်အစီရင်ခံစာ နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ 

အေအေပီပီလစဉ်အစီရင်ခံစာ နှင့်ပတ်သက်၍  AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ အင်တာဗျူး ဖြေကြား ခြင်း

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် နိုဝင်ဘာလ အေအေပီပီ လစဉ်အစီရင်ခံစာနှင့်ပတ်သက်၍ အီလဲဗင်းသတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ “မြန်မာနိုင်ငံတွင် လယ်ယာမြေပြဿနာရပ်များကို ဖြေရှင်းရန် များစွာကျန်နေ သေးသည်၊ အလုပ်သမားများနှင့်ပတ်သက်၍ လည်း ပြဿနာ များစွာရှိသည်၊ နိုင်ငံရေးအကျဉ်းသားများကို ကြည့်မည် ဆိုလျှင် လည်း ယနေ့တိုင် နိုင်ငံရေးအကျဉ်းသားများရှိနေဆဲဖြစ်သည်၊ ထို့ကြောင့် အစိုးရသစ်သည် အဆိုပြဿနာများကို အထူးအာရုံ စိုက်၍ ဖြေရှင်းရမည်ဖြစ်သည်၊ ကဏ္ဍရပ်များစွာ၌ ဖြေရှင်းရန် များစွာရှိနေသော်လည်း အစိုးရသစ်သည် အထက်တွင် ဖော်ပြ ထားသည့် ပြဿနာရပ်များကို အလေးထား လုပ်ဆောင်ပါရန် တိုက်တွန်းပါသည်၊ ထို့ပြင်  နိုင်ငံသားအခွင့်အရေးများ ရရှိရန် လည်း ဆောင်ရွက်ရမည် ဖြစ်သည်ဟု” ပြောကြားခဲ့သည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://elevenmyanmar.com/news/aapp-urges-the-government-to-work-for-land-reclamation-workers-students-and-political-prisoners 

 

ကိုဗစ်၁၉ သတင်းလွှာနှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ အင်တာဗျူးဖြေကြားခြင်း

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် နိုဝင်ဘာလအတွက် AAPP မှ ထုတ်ဝေခဲ့ သော ကိုဗစ်-၁၉ သတင်းလွှာနှင့်ပတ်သက်၍ အီလဲဗင်း သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ “အကျဉ်းထောင် တွင်း လူဦးရေ အရမ်းကြပ်သိပ်နေသည့်အချိန်၌ ကိုဗစ်ကူးစက် ခံရလျှင် ထိန်းသိမ်းရ အလွန်ခက်ခဲမည် ဖြစ်သည်၊ သာမန် အခြေအနေ၌ပင် အကျဉ်းထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုသည် ပြင်ပထက် အားနည်း၍ အကျဉ်းထောင်နှင့် အချုပ်ထောင်များတွင် ရောဂါပိုးတွေ့ရှိခြင်းက စိုးရိမ်ဖွယ်ရာ အနေအထားဖြစ်ကြောင်း၊ ထို့ကြောင့် ဖမ်းဆီးခြင်းများ၊ မလိုအပ်သည့်တချို့ကိစ္စများကို အပြင်၌ဖြေရှင်းနိုင်ရန်၊ တရားရုံး၌အပြီးဖြေရှင်းနိုင်ရန် ကိစ္စများ၊ အာမခံပေးနိုင်ရန် ကိစ္စများ၊ လွှတ်ပေးသင့်သူများကို အမြန်ဆုံးလွှတ်ပေးရန် ကိစ္စများ စသည်တို့ကို လုပ်ဆောင်ရန် တိုက်တွန်းနေခြင်း ဖြစ်သည်”ဟု ပြောကြားခဲ့သည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://news-eleven.com/article/199658 

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်ပတ်သက်၍ အင်တာဗျူးဖြေကြားခြင်း

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့်ပတ်သက်၍ ဧရာဝတီသတင်းဌာနမှ ပြုလုပ် သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ  “လူ့အခွင့်အရေးကော်မရှင် ဥပဒေအရ ဆိုလျှင် ကော်မရှင်၌ လုပ်ပိုင်ခွင့်များကန့်သတ်ခံထားရသည် များရှိသည်၊ ကော်မရှင်အဖွဲ့ဝင်များကို ခန့်ထားသည့် ကိစ္စများ နှင့်ပတ်သက်လျှင်လည်း ပွင့်လင်းမြင်သာမှုများ မရှိပါ၊ ထို့သို့ ကန့်သတ်ခံရမှုများရှိနေသော်လည်း ကော်မရှင်၏ စွမ်းဆောင် ရည်သည် ယခင်ကထက်ပိုမိုတိုးတက်လာသည်”ဟု ပြောကြားခဲ့ သည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://burma.irrawaddy.com/news/2020/12/11/234728.html?fbclid=IwAR3Gi9j8MuXs2hTogTRtYhhgTHOfUUF1vz2JLVKtCct8Ui5E_Sd6sR79f2c 

 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အစိုးရသစ်လက်ထက်၌ အသင်းအဖွဲ့မှတ်ပုံတင် ထပ်မံ လျှောက်ထားမည်နှင့်ပတ်သက်၍ အင်တာဗျူးဖြေကြားခြင်း

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် “နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည် နှင့် AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်တို့သည် “AAPP မှ အစိုးရသစ်လက်ထက်၌ အသင်းအဖွဲ့မှတ်ပုံတင် ထပ်မံလျှောက်ထားမည်” နှင့်ပတ်သက်၍ အီလဲဗင်းသတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့ သည်။ အဆိုပါအင်တာဗျူးတွင် ဦးဘိုကြည်မှ “အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဖြင့် အစိုးရ၊ လွှတ်တော်နှင့် အခြားအရပ်ဘက် အဖွဲ့အစည်းများနှင့် သံတမန်ဆက်ဆံရေးတို့တွင် ပိုမို အားကောင်းလာမည်”ဟု ပြောကြားခဲ့သည်။ ဦးအောင်မျိုးကျော် မှ “လက်ရှိအစိုးရလက်ထက်တွင် AAPP ကို အသင်းအဖွဲ့ မှတ်ပုံတင်လျှောက်ထားမှုပယ်ချခြင်းခံခဲ့ရ၍ လာမည့်အစိုးရသစ် လက်ထက်တွင် ထပ်မံလျှောက်ထားသွားမည်” ဟုပြောကြား ခဲ့သည်။ 

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://news-eleven.com/article/199735 

 

နိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရခြင်းနှင့်ပတ်သက်၍ AAPP အတွင်းရေးမှူးမှ အင်တာဗျူးဖြေကြားခြင်း

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် နိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရခြင်း နှင့်ပတ်သက်၍ 7 Day News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးတိတ်နိုင်မှ “၎င်းတို့ကို ပြီးခဲ့သည့် အပတ်က နိုင်ငံသား အဖြစ်  တရားဝင်ပြန်လည်ခွင့်ပြုလိုက်သည်ဟု အကြောင်းကြား ခဲ့သည်၊ ယခုဆိုလျှင့် ၎င်းတို့ မှတ်ပုံတင်များ၊ သန်းခေါင်စာရင်း များ ရရှိပါပြီ” ဟု ပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://7day.news/detail?id=208339 

တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ အင်တာဗျူးဖြေကြားခြင်း

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ လွတ်လပ်တဲ့အာရှအသံသတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ “မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး သည် အထူးလိုအပ်နေပြီး ဥပဒေနှင့်မညီဘဲ ဖမ်းဆီးခြင်း၊ ဖမ်းဆီးခြင်းခံရလျှင်လည်း ဥပဒေ၏ အကာအကွယ်များ အပြည့်အဝ မရသေးပါဟု” ပြောကြားခဲ့သည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း နားဆင်နိုင်သည်။

https://web.facebook.com/rfaburmese/posts/10160621439603128?_rdc=1&_rdr 

AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်မှ Myanmar Now မှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခြင်း

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် Myanmar Now သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ “ဦးကိုနီအားသတ်သည့် အမှုရုံးချိန်းတွင် ထမင်းဝအောင်စားထား ဟူသောစာအား တီရှပ်ပေါ်တွင်ရေးထားပြီး တရားခံများဘက်မှ လာရောက် ဝန်းရံသူတို့အား ပုဒ်မ ၅၀၅ ဖြင့် ပြစ်ဒဏ် တစ်နှစ်ချမှတ်ခံ ရသူများ နှင့် ဦးဝီရသူ၊ ဦးဌေးအောင်တို့အား နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခြင်းရှိ၊မရှိ” ပြောကြားခဲ့ သည်။

NLD အစိုးရ ဒုတိယသက်တမ်းတွင် ဦးစားပေးဖြေရှင်းရမည့် လူ့အခွင့်အရေးပြဿနာနှင့်ပတ်သက်၍ အင်တာဗျူး ဖြေကြားခြင်း

MCN TV News မှပြုလုပ်သော အင်တာဗျူးကို ဖြေကြား

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် NLD အစိုးရ ဒုတိယသက်တမ်းတွင် ဦးစားပေး ဖြေရှင်းရမည့် လူ့အခွင့်အရေးပြဿနာနှင့်ပတ်သက်၍ MCN TV News မှပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးတိတ်နိုင်မှ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ မဲဆွယ်စဉ်ကာလ၌ လာမည့်သက်တမ်းတွင် အဓိကအားဖြင့် တိုင်းရင်းသားအရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပဒေအသစ်တစ်ခုပေါ်ပေါက်လာရေး၊ တရားမျှတရေး နှင့် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုး တိုးတက်ရေးဆိုသည့် အချက် လေးချက်ဖြင့် မဲဆွယ်စည်းရုံးခဲ့ခြင်းကို တွေ့ရှိရသည်၊ လာမည့် ဒုတိယသက်တမ်းအတွက် အရေးတကြီးဖော်ဆောင်ရမည့် လုပ်ငန်းစဉ်ဟု နားလည်ပါသည်၊ ထိုကဲ့သို့ သောင်ပြိုကမ်းပြို အနိုင်ရရှိသည့်အတွက် အဆိုပါ အချက်လေးချက်ကို မဖြစ်မနေ အကောင်အထည်ဖော်လိမ့်မည်ဟု မျှော်လင့်ရပါသည်၊ ထိုလေးချက်သည် ပြည်သူလူထုမှ တကယ်ကို လိုလားတောင်းဆိုနေသည့် အချက်များဖြစ်သည်၊ ထိုလေးချက် ကို ပြန်ချုပ်ရမည်ဆိုလျှင် အဓိက ငြိမ်းချမ်းရေး နှင့် အုပ်ချုပ်မှု ကောင်းသည့် အစိုးရတစ်ရပ်၊ အုပ်ချုပ်မှုကောင်းတစ်ရပ် ပေါ်ပေါက်လာရေးဖြစ်သည်၊ ထိုအခြင်းအရာသည် တစ်ကယ့် အခြေခံအဓိကဟု ပြော၍ရပါသည်၊ ထိုအဓိကအချက်၏ တကယ် အခြေခံကလည်း ငြိမ်းချမ်းရေးရရှိရန်အတွက်၊ အုပ်ချုပ်မှုကောင်း ဖြစ်လာရန်အတွက်ဆိုလျှင်  တကယ့်အခြေခံသည် လူ့အခွင့်အရေးမြှင့်တင်ရေး နှင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး၊ လေးစားလိုက်နာရေးဖြစ်သည်ဟု ၎င်းတို့ အနေဖြင့်မြင်သည်၊ ထို့ကြောင့် လူ့အခွင့်အရေး နှင့် ပတ်သက်၍ မြှင့်တင်ရေး၊ကာကွယ်ရေးကိစ္စများကို အဓိက လုပ်ဆောင်ရ လိမ့်မည်ဟု ၎င်းတို့အနေဖြင့် မြင်သည်”ဟု ပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ကြည့်ရှုနိုင်သည်။

https://web.facebook.com/mcntv/videos/833859834031555/?_rdc=1&_rdr 

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်ကို ထောင်ဒဏ်ချမှတ်မှု နှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံးတာဝန်ခံမှ အင်တာဗျူး ဖြေကြား ခြင်း

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး လွတ်လပ်တဲ့အာရှအသံသတင်းဌာနမှပြုလုပ်သော အင်တာဗျူး ကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော် မှ “လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အပြည့်အဝချိုးဖောက် ခြင်းဖြစ်သည်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်သည် နိုင်ငံသားများ၏ မူလအခွင့်အရေးဖြစ်သည်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့် လူ့အခွင့်အရေးအခြေခံအချက် များ၌လည်း ပါရှိ ပြီးသားဖြစ်သည်၊ ထိုကဲ့သို့ မြို့နယ်များခွဲ၍ တရားစွဲဆို၊ ထောင်ဒဏ်ချမှတ်ခြင်းသည် နိုင်ငံတကာအလယ်၌ နိုင်ငံ့ပုံရိပ် မကောင်းနိုင်ခြင်းကြောင့် ၎င်းတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးသင့် သည်”ဟု ပြောကြားခဲ့သည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://www.rfa.org/burmese/news/zayarlwin-jain-6months-12152020052229.html 

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်ကို ထောင်ဒဏ်ချမှတ်မှု နှင့်ပတ်သက်၍ AAPP ရန်ကုန်ရုံးတာဝန်ခံမှ အင်တာဗျူး ဖြေကြား ခြင်း

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး 7 Day News သတင်းဌာနမှပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော်မှ “မြန်မာနိုင်ငံတွင် ပုဒ်မ ၅၀၅ (ခ)၊ ၆၆(ဃ)တို့ဖြင့် တရားစွဲဆို ထောင်ချနေသည့်ကိစ္စများ ဖြစ်နေသောကြောင့် အဆိုပါဥပဒေ များသည် ပြည်သူကိုကာကွယ်ပေးသည့် ဥပဒေဖြစ်၊မဖြစ် စဉ်းစား သုံးသပ်ပြီး လွှတ်တော်က ပြင်ဆင်ရေးဆွဲရန် အရေးတကြီး လိုအပ်ပြီဖြစ်သည်၊ ထို့ကြောင့် တရားစွဲဆိုထား သည့်သူများ၊ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည့်သူများကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် လိုအပ်နေသည်’’ ဟု ပြောကြား ခဲ့သည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://7day.news/detail?id=208893 

 

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်ကို ထောင်ဒဏ်ချမှတ်မှု၊ လက်ရှိနိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများ နှင့်ပတ်သက်၍ AAPP အတွင်းရေးမှူးမှ အင်တာဗျူးဖြေကြားခြင်း

ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင် ကို ထောင်ဒဏ်ချမှတ်ခဲ့မှု နှင့် လက်ရှိနိုင်ငံရေးအကျဉ်းသား များ၏ အခြေအနေများနှင့်ပတ်သက်ပြီး ဧရာဝတီသတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးတိတ်နိုင်မှ “သံချပ်အဖွဲ့မှ ကျောင်းသား များကို ထပ်ကာထပ်ကာ တရားစွဲခြင်း၊ ထောင်ချခြင်းများ ပြုလုပ်သည်၊ စစ်ပွဲရပ်တန့်ရန် တောင်းဆိုသည့် ကျောင်းသားများ ကိုလည်း ဖမ်းဆီးတရားစွဲ၊ ထောင်ချမှုများလုပ်သည့် အနေအထားက ဘယ်လိုမှမဖြစ်သင့်သည့် အခြေအနေပါ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများနှင့်ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မှုများ မဖြစ်အောင်၊ ထိုအမှုများ မပေါ်ပေါက်အောင် ဆောင်ရွက်ရန် အစိုးရတွင် တာဝန်ရှိပါသည်” ဟု ပြောကြားခဲ့ သည်။ 

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://burma.irrawaddy.com/news/2020/12/17/235080.html?fbclid=IwAR0n3NRZkNpIJ0GQTn6c5hFtb7skxMV8YA5DFYKGet0JlQaYvBUPz5bPkgg 

လက်ရှိနိုင်ငံရေးအကျဉ်းသားများ၏အခြေအနေများနှင့်ပတ်သက်၍  AAPP အတွင်းရေးမှူးမှ အင်တာဗျူး ဖြေကြား ခြင်း

ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် လက်ရှိနိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများနှင့်ပတ်သက်၍ ဒီဗွီဘီသတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးတိတ်နိုင်မှ “၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ၁၀၅ ဦးအထိ အနိုင်ရခဲ့သည်ကို တွေ့ရှိရသည်၊ ထိုအပေါ်တွင် တတ်နိုင်သလောက် ၎င်းတို့နှင့် ပြောဆို ဆွေးနွေးလာရန်အတွက် ထပ်၍ အကြံပြုဆွေးနွေးခြင်း များ လုပ်ဆောင်သွားမည်”ဟု ပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါ လင့်ကို ဝင်ရောက်၍လည်း နားဆင်နိုင်သည်။

https://www.youtube.com/watch?v=trApm8hFfUg&feature=share&fbclid=IwAR1bb2hmZjURfpIRJiBCK_UV476zQ4M7EmIy_QcL-kNqtPDhGU52tPu8cKM 

http://burmese.dvb.no/archives/429459 

 

အစိုးရသစ်လက်ထက်မတိုင်မီ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးပြန်လည်လွှတ်ပေးရေးနှင့်ပတ်သက်၍ အင်တာဗျူး ဖြေကြားခြင်း

ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် အစိုးရသစ်လက်ထက်မတိုင်မီ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးပြန်လည်လွှတ်ပေးရေး နှင့်ပတ်သက်၍ ဘီဘီစီသတင်းဌာနမှ ပြုလုပ်သော အင်တာဗျူး ကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူးတွင် ဦးအောင်မျိုးကျော် မှ “ဒီမိုကရေစီလမ်းကြောင်းကိုသွားနေချိန်တွင် နိုင်ငံရေး အကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးသင့်သည်၊ နိုင်ငံရေးဖြစ်စဉ်များနှင့်ဆက်စပ်ပြီး တရားစွဲဆိုခြင်းခံထားရသူ များကိုလည်း အမှုများမှ အမြန်ဆုံး ရုပ်သိမ်းပေးရန် အရေးတကြီး လိုအပ်နေ၍ ၎င်းတို့မှ အစဉ်တစိုက်တောင်းဆို ခဲ့ခြင်းဖြစ်သည်၊ နိုင်ငံရေးအကျဉ်းသားများရှိနေသရွေ့ ထိုတောင်းဆိုမှုသည် မည်သည့်အစိုးရတက်လာလာ ဆက်လက် တောင်းဆိုသွားမည်၊ ပြစ်ဒဏ်ချထားသည့် ကိစ္စများကို အမြန်ဆုံး ပြန်လည် သုံးသပ်၍ နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေး သင့်ပြီဟု ၎င်းတို့မှ တောင်းဆိုကြောင်း နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လွတ်လွတ်လပ်လပ်နှင့် စနစ်တကျ ကျင့်သုံးနိုင်ရန် အစိုးရများမှ အကောင်အထည်ဖော် ပေးရမည် ဖြစ်သည်၊ ပြည်သူများကို နှိပ်ကွပ်နေသည့်၊ ထောင်ချ နေသည့် ဥပဒေများကို အမြန်ဆုံး ပြင်ဆင် ရေးဆွဲရန် လိုအပ်လာသည်” ဟုပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း နားဆင်နိုင်သည်။

https://web.facebook.com/BBCnewsBurmese/videos/205120444488307/

အကျဉ်းထောင်များအတွင်း ကိုဗစ်ရောဂါပိုးကူးစက်မှု နှင့်ပတ်သက်ပြီး အင်တာဗျူးဖြေကြားခြင်း

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် အကျဉ်းထောင်များအတွင်း ကိုဗစ် ရောဂါပိုး ကူးစက်မှုနှင့်ပတ်သက်ပြီး 7 Day News သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးတိတ်နိုင်မှ “အကျဉ်းထောင်များ၌ ပို၍ ကူးစက်လွယ်သည်၊  ကူးစက်မှု အင်မတန်များမည့်ကိစ္စမျိုးဖြစ်နေ သည့်အတွက်ကြောင့် အလွန်ကို ဂရုစိုက်ပြီး လုပ်ဆောင်ပေးရန် လိုသည်”ဟု ပြောကြားခဲ့သည်။ 

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://7day.news/detail?id=209392&fbclid=IwAR3CcKkePQ1XolGFyugMcuRyeZRRksxgKIjKy64WQViqkGJkEmrZMIdeFzs 

ရခိုင်ဒေသတွင်း အင်တာနက်ဖြတ်တောက်ထားခြင်း နှင့် တက်ကြွက်လှုပ်ရှားသူ ကျောင်းသားများကို ဖမ်းဆီးထားခြင်း နှင့်ပတ်သက်ပြီး AAPP အတွင်းရေးမှူးမှ အင်တာဗျူး ဖြေကြား ခြင်း

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ဦးတိတ်နိုင်သည် ရခိုင်ဒေသတွင်း အင်တာနက်ဖြတ်တောက်ထား ခြင်း နှင့် တက်ကြွက်လှုပ်ရှားသူ ကျောင်းသားများကို ဖမ်းဆီး ထားခြင်းနှင့်ပတ်သက်ပြီး 7 Day News သတင်းဌာနမှ ပြုလုပ် သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူးတွင် ဦးတိတ်နိုင်မှ “အင်တာနက်မရသည့်အတွက် သတင်းစီးဆင်းမှု များကို အချိန်မီမသိနိုင်ပါ၊ ယခုကဲ့သို့ ကူးစက်ကပ်ရောဂါ ပိုများနေ၍ ပို၍ ဆိုးသည်၊ ထို့ကြောင့် တစ်လောက ကိုဗစ်နှင့် ပတ်သက်ပြီး ကာကွယ်မှုများကို ၎င်းတို့မသိ၍ ကူးစက်မှုများ ခြင်းဖြစ်သည်၊ လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း မြန်မြန်ဆန်ဆန် မတင်ပြနိုင်သည့်အတွက် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုဟု ပြော၍ရသည်၊ ယခု အင်တာနက် ဖြတ်တောက်မှုသည် ပြည်သူများ ဆိုးကျိုးများ တော်တော် များသည်၊  ထိုအခြင်းအရာသည် လူ့အခွင့်အရေးကို ချိုးဖောက် ခြင်းဖြစ်သည်”ဟု ပြောကြား ခဲ့သည်။ 

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://7day.news/detail?id=209717 

အင်းစိန်အကျဉ်းထောင်တွင် ကိုဗစ်၁၉ ကုသရေးနှင့် ကွာရန်တင်း ထားရန်အတွက် ပြင်ဆင်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး AAPP ရန်ကုန်ရုံးတာဝန်ခံမှ အင်တာဗျူးဖြေကြားခြင်း

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် အင်းစိန်အကျဉ်းထောင်တွင် ကိုဗစ်-၁၉ ကုသရေးနှင့် ကွာရန်တင်းထားရန်အတွက် ပြင်ဆင် နေသည့် ကိစ္စနှင့်ပတ်သက်ပြီး ဧရာဝတီသတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါအင်တာဗျူး တွင် ဦးအောင်မျိုးကျော်မှ “အကျဉ်းထောင်များ၌ ကိုဗစ်-၁၉ ကူးစက်မှုဖြစ်လျှင် ထိန်းချုပ်ရန်ခက်သည်၊ ယခင်ကာလများ ကတည်းက အကျဉ်းထောင်အတွင်း ကူးစက်ရောဂါတစ်ခုခု ဖြစ်လျှင် ထိန်းမနိုင်သိမ်းမနိုင်အခြေအနေဖြစ်သည်၊ အသက်အန္တရာယ်ဆုံးရှုံးရသည့်အထိ အခြေအနေဖြစ်သည်၊ သာမန်အချိန်တွင်တောင် အပြင်ထက် ကျန်းမာရေး စောင့်ရှောက်မှု လျော့နည်းနေသည့်အတွက် ယခုကဲ့သို့ ကိုဗစ်-၁၉ ကာလ၌ ပို၍အခြေအနေဆိုးဝါးနိုင်သောကြောင့် အကျဉ်းထောင်များကို ပို၍ ဦးစားပေးပြီး ကာကွယ်ရေးများ လုပ်သင့်သည်”ဟု ပြောကြားခဲ့သည်။

အောက်ဖော်ပြပါလင့်ကို ဝင်ရောက်၍လည်း ဖတ်ရှုနိုင်သည်။

https://burma.irrawaddy.com/news/2020/12/24/235447.html 

AAPP ရန်ကုန်ရုံးတာဝန်ခံမှ News Watch သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခြင်း

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်သည် News Watch သတင်းဌာနမှ ပြုလုပ်သော အင်တာဗျူးကို ဖြေကြားခဲ့သည်။ အဆိုပါ အင်တာဗျူး တွင် ဦးအောင်မျိုးကျော်မှ “ဘူးလက်လှဆွေနှင့် ဦးဝီရသူတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ် မသတ်မှတ်ရခြင်း နှင့်ပတ်သက်၍ ဖြေကြားခဲ့သည်။

သတင်းလွှာအပြည့်အစုံအားဒေါင်းလော့ရယူရန်Burmese Newsletter for December

ဆက်သွယ်မေးမြန်းရန်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

တိတ်နိုင် အတွင်းရေးမှူး                        +၉၅() ၉၄၂       ၈၀၂  ၃၈၂၈

ဘိုကြည် တွဲဘက်အတွင်းရေးမှူး             +၉၅() ၉၄၂  ၅၃၀  ၈၈၄၀

အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ         +၉၅(၀) ၉၄၂  ၈၁၁  ၇၃၄၈