၂၀၁၀ မွ ၂၀၂၀ ခုႏွစ္အထိ ၁၀ ႏွစ္တာကာလအတြင္း ျမန္မာျပည္အႏွံ႔အျပား ျဖစ္ပြားခဲ့သည့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈမ်ားအေပၚ သုံးသပ္တင္ျပခ်က္အစီရင္ခံစာ

ပြဿနာများကို မျက်ကွယ်ပြုထားမိလျှင် လက်ထဲမှာ လမ်းပြမြေပုံကိုင်၍ သွားသော်လည်း အတိဒုက္ခများဆီသို့သာ ဆိုက်ရောက်ကြပါလိမ့်မည်

နိဒါန်း
ယခုအစီရင်ခံစာကို AAPP နှင့်မိတ်ဖက်အဖွဲ့အစည်းများ၏ ကွင်းဆင်းသုတေသနနှင့် ရှိနှင့်ပြီးသော အချက်အလက်များ၊ ပြည်တွင်းပြည်ပ သုတေသနစာတမ်းများ၊ အစီရင်ခံစာများ၊ မီဒီယာသတင်းများကိုအခြေခံပြီး ၂၀၁၀ ဇန်နဝါရီလမှ ၂၀၂၀ ဇူလိုင်လထိ ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုမှ မှတ်တမ်းတင်ထားရှိနိုင်သမျှများ၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက် ၁၀၀၀၀ ကျော်ကိုသုံးသပ်ပြီးဖော်ပြထားပါသည်။ လက်လှမ်းမှီသော အခြေအနေ၊ အချိန်အတိုင်းအတာကြောင့် ယခုအစီရင်ခံစာသည်အလုံးစုံလွှမ်းခြုံနိုင်မည် မဟုတ်သော်လည်း အဓိကဖြစ်ရပ်များကို လွှမ်းခြုံရယူနိုင်ရန် ကြိုးပမ်းထားခြင်းဖြစ်ပါသည်။
လက်ရှိမြန်မာနိုင်ငံ၏ အဓိက လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သော သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်မှု၊ အတင်းအဓမ္မ နေရပ်မှရွှေ့ပြောင်းခြင်း၊ အတင်းအဓမ္မနေရပ်မှ စွန့်ခွာရခြင်း၊ လွတ်လပ်စွာလှုပ်ရှား သွားလာမှုကိုကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း၊ ဘာသာရေးကိုးကွယ်ယုံကြည်မှုကို ထိခိုက်စေခြင်း၊ လွတ်လပ်စွာ စုရုံးထုတ်ဖော်မှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း၊ လွတ်လပ်စွာထုတ်ဖော်ရေးသားမှုများကို ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုစည်းခွဲခြားပြသဖော်ပြထားပြီး နှစ်အလိုက်၊ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအလိုက် မြို့နယ်အလိုက်တင်ပြထားပါသည်။
ယခုအစီရင်ခံစာတွင် အဓိကအားဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ အာဏာပိုင်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဓိကတင်ပြထားပြီး အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းများ၊ လိင်စိတ်ကွဲပြားသူများ၊ မီဒီယာ ပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည်များ လူနည်းစုတိုင်းရင်းသားများ၊ ကျေးလက်နေလူတန်းစား၊ လယ်သမား၊ အလုပ်သမားများနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများပေါ် သက်ရောက်မှု ဖြစ်စေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အစီရင်ခံစာများအလိုက် အကြံပြုတင်ပြထားပါသည်။
ယခုအစီရင်ခံစာသည် နိုင်ငံတကာအသိုက်အဝန်းတွင် အသွင်ပြောင်းကာလ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို သိမြင်နားလည်ကာ ပိုမိုကောင်းမွန်လာနိုင်ရန် ပူးပေါင်းလုပ်ဆောင်နိုင်ပြီး လူ့အခွင့်အရေး ကြိုးပမ်းမှုကို တစ်ထောင့်တစ်နေရာမှ မှတ်တမ်းတင်ထည့်ဝင်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်လည်းဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် ၂၀၁၀ မှ စတင်ပြီး ဒီမိုကရေစီ ပြည့်ဝပြီး လူ့အခွင့်အရေးရှိသော နိုင်ငံတော်တစ်ရပ် စတင်တည်ဆောက်နေသော မြန်မာနိုင်ငံအနေဖြင့် မည်သည့် အစိုးရတက်သည်ဖြစ်စေ၊ ယခုလိုလူ့အခွင့်အရေးချိုးဖောက်မှုများကို သိရှိမှတ်တမ်းတင်ခြင်းဖြင့် နောင်ကာလများတွင် လျော့ပါးပပျောက်ပြီး ဖြစ်ရပ်များအပေါ်တွင် စနစ်တကျ ဆန်းစစ်ဖော်ထုတ်ခြင်း၊ ပြစ်ဒဏ်ချမှတ်နိုင်ခြင်း၊ တရားဉပဒေတည့်မတ်မှန်ကန် စိုးမိုးခြင်းနှင့် ထိခိုက်ခံရသူများ မိသားစုများအပေါ်တွင် ပြန်လည်တရားမျှတမှု ရရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ယခုအစီရင်ခံစာကို ထုတ်ပြန်ရခြင်းဖြစ်ပါသည်။
ယခုအစီရင်ခံစာပေါ်မူတည်ပြီး မြန်မာနိုင်ငံ၏ အခြေခံလူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို သိရှိပြီး သက်ဆိုင်ရာ အစိုးရအာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် မြေပြင်ဖြစ်ရပ်များကို လေ့လာဆန်းစစ်ပြီး ထိခိုက်ခံစားနေရသူများကို တရားမျှတမှု ရရှိစေရန် ထိခိုက်မှုများလျော့ကျစေရန် ရည်ရွယ်ပြီး အကြံပြုချက်များကိုလည်း တင်ပြထားပါသည်။
ထိုအကြံပြုချက်များသည် အစိုးရအဖွဲ့အစည်းများ၏ တာဝန်ယူမှု တာဝန်ခံမှု တရားမျှတမှု ရရှိနိုင်ရန်၊ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်များ၏ အခန်းကဏ္ဏ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းမှု အစရှိသည်များကို မည်သို့တိုးတက်အောင် ဆောင်ရွက်နိုင်မည်ကို ပါဝင်သော အရပ်ဖက်အဖွဲ့အစည်းအသီးသီး၏ ဘုံသဘောတူညီများဖြင့် ဆွေးနွေးတင်ပြထားပါသည်။

ရည်ရွယ်ချက်

AAPP နှင့်မိတ်ဖက်အဖွဲ့အစည်းများသည် မိမိတို့ကျွမ်းကျင်ရာ လူ့အခွင့်အရေးအရာများကို ကဏ္ဏအလိုက် အသီးသီးဆောင်ရွက်လျက် အစီရင်ခံစာများထုတ်ပနြ်လျက်ရှိရာမှ ၂၀၁၉ ခုနှစ်နှောင်းပိုင်း တွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီတွင် မြန်မာနိုင်ငံ၏ ၂၀၁၀ မှ ၂၀၂၀ လလည်ပိုင်း ဇွန်လအထိ လူ့အခွင့်အရေး အစီရင်ခံစာများ ဖြစ်စဉ်များကို စုပေါင်းပြီး သက်ဆိုင်ရာ အာဏာပိုင်အစိုးရများ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများအကြား အတိုင်းအတာတစ်ခုထိ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို သိရှိပြီး ထပ်မံမဖြစ်ပွားရန် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်နိုင်ရန်၊ လက်ရှိလွှတ်တော်၊ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ၊ အာဏာပိုင်များမှ လူ့အခွင့်အရေးကာကွယ်ရမည့်တာဝန်ကို သိရှိပြီးလာမည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန်ဖြစ်ပေါ်လာမည် လွှတ်တော်၊ အစိုးရလက်ထက်များတွင်လည်း လူ့အခွင့်အရေးကို အားမခံပေးနိုင်သော ကတိကဝတ်များ၊ မူဝါဒများ၊ အစီအမံများ၊ တရားဉပဒေစိုးမိုးမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါသည်။
ထို့အတူ ၂၀၂၀ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအနေဖြင့်လည်း မိမိတို့ယှဉ်ပြိုင်မည့် ပြည်နယ်နှင့်တိုင်းဒေသများ၏ လူ့အခွင့်အရေးအခြေအနေများကို သိရှိရန်နှင့် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့်လည်း မဲဆန္ဒနယ်များ၏ လူ့အခွင့်အရေး အခြေအနေကို သိမှတ်ပြီး ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်မည့် လူ့အခွင့်အရေးအခြေပြု ကိုယ်စားလှယ်များရရှိနိုင်ရန်လည်း မျှော်မှန်းပါသည်၊ ဒေသခံမဲဆန္ဒရှင်များကလည်း ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ၊ ပါတီများ၏ကတိကဝတ်များကို မိမိတို့ဒေသလူ့အခွင့်အရေးအခြေအနေဖြင့် ယှဉ်ထိုးပြီးရွေးကောက်တင်မြှောက်နိုင်ရန်လည်း ရည်ရွယ်ပါသည်။

အစီရင်ခံစာအပြည့်အစုံဒေါင်းလော့ရယူရန် HRV(myanmar)ebook

နိဒါန္း
ယခုအစီရင္ခံစာကို AAPP ႏွင့္မိတ္ဖက္အဖြဲ႕အစည္းမ်ား၏ ကြင္းဆင္းသုေတသနႏွင့္ ရွိႏွင့္ၿပီးေသာ အခ်က္အလက္မ်ား၊ ျပည္တြင္းျပည္ပ သုေတသနစာတမ္းမ်ား၊ အစီရင္ခံစာမ်ား၊ မီဒီယာသတင္းမ်ားကိုအေျခခံၿပီး ၂၀၁၀ ဇန္နဝါရီလမွ ၂၀၂၀ ဇူလိုင္လထိ ျဖစ္ပြားခဲ့ေသာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမွ မွတ္တမ္းတင္ထားရွိႏိုင္သမွ်မ်ား၊ မိတ္ဖက္အဖြဲ႕အစည္းမ်ား၏ ေဆာင္႐ြက္ခ်က္ ၁၀၀၀၀ ေက်ာ္ကိုသုံးသပ္ၿပီးေဖာ္ျပထားပါသည္။ လက္လွမ္းမွီေသာ အေျခအေန၊ အခ်ိန္အတိုင္းအတာေၾကာင့္ ယခုအစီရင္ခံစာသည္အလုံးစုံလႊမ္းၿခဳံႏိုင္မည္ မဟုတ္ေသာ္လည္း အဓိကျဖစ္ရပ္မ်ားကို လႊမ္းၿခဳံရယူႏိုင္ရန္ ႀကိဳးပမ္းထားျခင္းျဖစ္ပါသည္။
လက္ရွိျမန္မာႏိုင္ငံ၏ အဓိက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားျဖစ္ေသာ သတ္ျဖတ္ျခင္း၊ ညႇဥ္းပန္းႏွိပ္စက္မႈ၊ အတင္းအဓမၼ ေနရပ္မွေ႐ႊ႕ေျပာင္းျခင္း၊ အတင္းအဓမၼေနရပ္မွ စြန႔္ခြာရျခင္း၊ လြတ္လပ္စြာလႈပ္ရွား သြားလာမႈကိုကန႔္သတ္ျခင္း၊ ပိတ္ပင္ျခင္း၊ ဘာသာေရးကိုးကြယ္ယုံၾကည္မႈကို ထိခိုက္ေစျခင္း၊ လြတ္လပ္စြာ စု႐ုံးထုတ္ေဖာ္မႈကို ကန႔္သတ္ျခင္း၊ ပိတ္ပင္ျခင္း၊ လြတ္လပ္စြာထုတ္ေဖာ္ေရးသားမႈမ်ားကို ကန႔္သတ္ျခင္း၊ ပိတ္ပင္တားဆီးျခင္း အစရွိသည့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို စုစည္းခြဲျခားျပသေဖာ္ျပထားၿပီး ႏွစ္အလိုက္၊ သက္ဆိုင္ရာ ျပည္နယ္ႏွင့္တိုင္းအလိုက္ ၿမိဳ႕နယ္အလိုက္တင္ျပထားပါသည္။
ယခုအစီရင္ခံစာတြင္ အဓိကအားျဖင့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ အာဏာပိုင္အဖြဲ႕အစည္းမ်ား၏ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကို အဓိကတင္ျပထားၿပီး အမ်ိဳးသမီးမ်ား၊ ကေလးသူငယ္မ်ား၊ မသန္စြမ္းမ်ား၊ လိင္စိတ္ကြဲျပားသူမ်ား၊ မီဒီယာ ျပည္တြင္းစစ္ေဘးေရွာင္ ဒုကၡသည္မ်ား လူနည္းစုတိုင္းရင္းသားမ်ား၊ ေက်းလက္ေနလူတန္းစား၊ လယ္သမား၊ အလုပ္သမားမ်ားႏွင့္ ထိခိုက္ခံစားလြယ္ေသာ အုပ္စုမ်ားေပၚ သက္ေရာက္မႈ ျဖစ္ေစသည့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကိုလည္း သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ား၏ အစီရင္ခံစာမ်ားအလိုက္ အႀကံျပဳတင္ျပထားပါသည္။
ယခုအစီရင္ခံစာသည္ ႏိုင္ငံတကာအသိုက္အဝန္းတြင္ အသြင္ေျပာင္းကာလ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈမ်ားကို သိျမင္နားလည္ကာ ပိုမိုေကာင္းမြန္လာႏိုင္ရန္ ပူးေပါင္းလုပ္ေဆာင္ႏိုင္ၿပီး လူ႔အခြင့္အေရး ႀကိဳးပမ္းမႈကို တစ္ေထာင့္တစ္ေနရာမွ မွတ္တမ္းတင္ထည့္ဝင္ႏိုင္ရန္ ႀကိဳးပမ္းမႈ တစ္ရပ္လည္းျဖစ္ပါသည္။
နိဂုံးခ်ဳပ္အေနျဖင့္ ၂၀၁၀ မွ စတင္ၿပီး ဒီမိုကေရစီ ျပည့္ဝၿပီး လူ႔အခြင့္အေရးရွိေသာ ႏိုင္ငံေတာ္တစ္ရပ္ စတင္တည္ေဆာက္ေနေသာ ျမန္မာႏိုင္ငံအေနျဖင့္ မည္သည့္ အစိုးရတက္သည္ျဖစ္ေစ၊ ယခုလိုလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို သိရွိမွတ္တမ္းတင္ျခင္းျဖင့္ ေနာင္ကာလမ်ားတြင္ ေလ်ာ့ပါးပေပ်ာက္ၿပီး ျဖစ္ရပ္မ်ားအေပၚတြင္ စနစ္တက် ဆန္းစစ္ေဖာ္ထုတ္ျခင္း၊ ျပစ္ဒဏ္ခ်မွတ္ႏိုင္ျခင္း၊ တရားဉပေဒတည့္မတ္မွန္ကန္ စိုးမိုးျခင္းႏွင့္ ထိခိုက္ခံရသူမ်ား မိသားစုမ်ားအေပၚတြင္ ျပန္လည္တရားမွ်တမႈ ရရွိေစလိုေသာ ရည္႐ြယ္ခ်က္ျဖင့္ ယခုအစီရင္ခံစာကို ထုတ္ျပန္ရျခင္းျဖစ္ပါသည္။
ယခုအစီရင္ခံစာေပၚမူတည္ၿပီး ျမန္မာႏိုင္ငံ၏ အေျခခံလူ႔အခြင့္အေရးခ်ိဳးေဖာက္ခံေနရမႈမ်ားကို သိရွိၿပီး သက္ဆိုင္ရာ အစိုးရအာဏာပိုင္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္၊ အရပ္ဖက္အဖြဲ႕အစည္းမ်ားအေနျဖင့္ ေျမျပင္ျဖစ္ရပ္မ်ားကို ေလ့လာဆန္းစစ္ၿပီး ထိခိုက္ခံစားေနရသူမ်ားကို တရားမွ်တမႈ ရရွိေစရန္ ထိခိုက္မႈမ်ားေလ်ာ့က်ေစရန္ ရည္႐ြယ္ၿပီး အႀကံျပဳခ်က္မ်ားကိုလည္း တင္ျပထားပါသည္။
ထိုအႀကံျပဳခ်က္မ်ားသည္ အစိုးရအဖြဲ႕အစည္းမ်ား၏ တာဝန္ယူမႈ တာဝန္ခံမႈ တရားမွ်တမႈ ရရွိႏိုင္ရန္၊ ႏိုင္ငံေရးပါတီမ်ား၊ ကိုယ္စားလွယ္မ်ား၏ အခန္းကဏၰ၊ အရပ္ဖက္အဖြဲ႕အစည္းမ်ား၏ ပူးေပါင္းမႈ အစရွိသည္မ်ားကို မည္သို႔တိုးတက္ေအာင္ ေဆာင္႐ြက္ႏိုင္မည္ကို ပါဝင္ေသာ အရပ္ဖက္အဖြဲ႕အစည္းအသီးသီး၏ ဘုံသေဘာတူညီမ်ားျဖင့္ ေဆြးေႏြးတင္ျပထားပါသည္။