ပစ်ပယ်ချိုးနှိမ်ခံများအပါအဝင်အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) သည် သက္ကရာဇ် ၂၀၀၀ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် စတင်အခြေပြုသည့် အကျိုးအမြတ်မရှာသော/မရယူသော အစိုးရမဟုတ်သော လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ပြန်လည်အခြေချ၍ မြန်မာနိုင်ငံရှိ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ထောက်ပံ့ကူညီခြင်း၊ လွတ်မြောက်လာပြီးနောက် သူတို့၏ဘဝများ ပိုမိုကောင်းမွန်လာစေရန် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ထောက်ပံ့ကူညီပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။ လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရန်နှင့် ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်တွင် ဘေးကင်းလုံခြုံစွာ ပါဝင်ခွင့်ရရှိစေရန် စည်းရုံးလှုံ့ဆော်မှုပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားများ၏ ဖြတ်သန်းမှုများနှင့် နိုင်ငံတဝှမ်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ အပြည့်အဝခံစားစေရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်စေသည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်ကိုလည်း ရည်ရွယ်ချက်တူ အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။  

www.aappb.org

