အေအေပီပီမှ ကိုဗစ်ကာလ စိတ်ခွန်အားမြှင့်တင်ပေးရေးဆွေးနွေးဟောပြောပွဲဆက်လက်ကျင်းပ

၂၆ ဧပြီလ ၂၀၂ဝ နေ့နံနက်ပိုင်းတွင်နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောင်ဆယ်လာ စာရေးဆရာမ နှင်းပန်းအိမ်မှ အုတ်တွင်းမြို့နယ် ကျွဲပွဲကျေးရွာ နှင့် ဖြူးမြို့နယ် ဇေယျဝတီ ရောဂါထိန်းချုပ်ရေးစင်တာတို့တွင်စောင့်ရှောက်မှုခံယူနေသည့် ပြည်သူပြည်သားများအား စိတ်ခွန်အားဖြစ်စေမည့်စကားများဖြင့်ဆွေးနွေး ဟောပြောပေးခဲ့ပါသည်။ ထို့အပြင် ကဗျာဆရာနှင်းခါးမိုးမှလည်း အားဖြည့်ကူညီပြီး စိတ်ဓါတ်ခွန်အားဖြစ်စေမည့် ကဗျာများရွတ်ဆိုပြခဲ့ပါသည်။