ကပ်ရောဂါကာလ ကြားဖြတ် လမ်းညွှန်ချက် အထိန်းသိမ်းခံနေရသူများနှင့် COVID-19 အရေးနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဘာသာပြန်ဆိုသည်။

ကပ်ရောဂါကာလ ကြားဖြတ် လမ်းညွှန်ချက်
အထိန်းသိမ်းခံနေရသူများနှင့် COVID−19 အရေး
COVID-19 ကူးစက်ရောဂါကို ကမာ္ဘ့ကပ်ရောဂါအဖြစ်ကြေညာထားပြီး ကမာ္ဘ့နိုင်ငံအသီးသီးသို့ ကူးစက်ပြန့်နှံ့နေဆဲ ဖြစ်သည့်အလျောက် ခုခံကာကွယ်နိုင်စွမ်းအားနည်းသော ပုဂ္ဂိုလ်များဖြစ်သည့် အကျဉ်းထောင်များတွင် အကျဉ်းချခံနေရသူများ၊ ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံနေရသူများ၊ မူးယစ်ဆေးဖြတ်သည့်ဌာနများတွင် ဆေးဖြတ်နေသည့်သူများအတွက် တိကျ ရေရာစွာ အာရုံစိုက်၍ ဆောင်ရွက်မှုများပြုလုပ်ရန် လိုအပ်လျက်ရှိသည်။
အကျဉ်းကျခံနေရသူများအနေဖြင့် အကျဉ်းထောင်များအတွင်း လူဦးရေ အဆမတန် ကျပ်သိပ်စွာ နေထိုင်ရခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများမှာ အကန့်အသတ်ဖြင့်သာ ရရှိနေခြင်းတို့ကြောင့် တဟုန်ထိုးရောဂါကူးစက်လာနိုင်သည့် အခြေအနေကို အခြားသူများထက် ပို၍ ရင်ဆိုင်နေရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အကျဉ်းသားများကို လူမျိုး၊ နိုင်ငံသား သို့မဟုတ် ရွှေ့ပြောင်းနေထိုင်သူဟူ၍ ပဓာနမထားဘဲ လူမှုအသိုက်အဝန်းအတွင်းရှိသူများကို ပံ့ပိုးထားသည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်များအတိုင်း ရရှိနိုင်ရန် စီမံဆောင်ရွက်သင့်ကြောင်း နိုင်ငံတကာ စံချိန်စံညွှန်းများတွင် ဦးစားပေး ဖော်ပြထားသည်။

ထိန်းသိမ်းရေးစခန်းများတွင် ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်မှုမှာ အကျဉ်းသားများအတွက် သာမကဘဲ သက်ဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုအသိုက်အဝန်းတစ်ခုလုံးအတွက်ပါ အရေးပါသည့် ကိစ္စရပ် ဖြစ်ပါသည်။

နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအရ နိုင်ငံတော်အစိုးရအနေဖြင့် ထိန်းသိမ်းရေးစခန်းများရှိ ထိန်းသိမ်း ခံထားရသူများ၏ ကျန်းမာရေးကောင်းမွန်စေရေးကို အသေအချာဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ ကူးစက်ရောဂါနှင့်ပတ်သက်သော အန္တရာယ်ကို ထိန်းသိမ်းရေးစခန်းများတွင် အလေးထားကိုင်တွယ်၍ ဖြေရှင်းခြင်းမပြုပါက ပြင်ပလူထုအတွင်းတွင် ရောဂါပျံ့နှံ့မှု ပိုကျယ်ပြန့်လာနိုင်ပါသည်။

အောက်ဖော်ပြပါ အချက်အလက်များသည် အကျဉ်းသားများအရေးနှင့်ပတ်သက်၍ တာဝန်ရှိသော ဝန်ကြီးဌာနများ (ကျန်းမာရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရွှေ့ပြောင်း သွားလာသူများရေးရာဌာန၊ နိုင်ငံရေး ခိုလှုံခွင့်နှင့် ပြန်လည်ထူထောင်ရေးစခန်းများ စသဖြင့်) အတွက် ကူးစက်ရောဂါနှင့် စပ်လျဉ်းပြီး တိကျသေချာစွာ ကိုင်တွယ် ဖြေရှင်းနိုင်ရေးကို ရည်ရွယ်ပါသည်။

 

Interim Guidance for detainees (Burmese)_edited_KT