အစိုးရက တိုင်းရင်းသား သတင်းမီဒီယာများ၏ အင်တာနက် စာမျက်နှာများအပါအဝင် အင်တာနက် စာမျက်နှာ ၂၂၁ ခုအား ပိတ်သိမ်းမှု အပေါ် ဒီဂျစ်တယ်အခွင့်အရေးဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများမှ သဘောထားကြေညာချက်ထုတ်ပြန်ခြင်း
နေ့စွဲ။ ။ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်။
၎) ဆက်သွယ်ရေးဥပဒေပါ အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်ခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၇၇၊ ၇၈ နှင့် ကျန်ပုဒ်မများကို လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ပြန်လည် သုံးသပ်၊ ပြင်ဆင်ရန်။
ဆက်သွယ်ရန်
Access Now
Airavati
All Kachin Youth Union
AYY Famar Union
Bee House
Cang Bong youth
Chin youth
CLEAN
Clean Taunggyi
EngageMedia
Equality Myanmar
FHS (ဖားအံမြို့နယ်)
Free & Fair (Chaung Oo)
Gayunarshin Social
Generation Wave
Kachin Women Union
KengTung Land Group
KESAN (ဖားအံမြို့နယ်)
KOG (ဖားအံမြို့နယ်)
LatButta Famar Union
M,RJ-Myu Sha Rawt Jat
Magway Region.
Mandalay YMCA
MATA စစ်ကိုင်းတိုင်း
Matu Baptist Churches
Matu forum Committee
Matu social welfare
Men fellowship Matupi
Minhla Youth Centre
Muditar Organization
Myanmar Deaf Society
NeT Organization
Organization, Matupi
Our Natural Land
Pan Pyo Let (Banmaw)
Peace and Justice
PEN America
PEN Myanmar
People For People
People for People (PFP)
Phandeeyar
Progressive Voice
Rule of Law Watch Group
S& K mining Watch
SarPhyu Famar Network
Save the Farm
Tanintharyi MATA
Tarkapaw Youth Group
Thazin Legal Aid
Waing Maw CSO Network
WITNESS
Yangon Watch
Young Ni Oo Women Group
ထီးချိုင့်ကွန်ယက်
ပေါင်းကူး
လောသာရဖောင်ဒေးရှင်း
သူရိယစန္ဒာ
အမရကွန်ယက် (အမရပူရ)
နေ့စွဲ။ ။ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်။
၁။ တိုင်းရင်းသား သတင်းမီဒီယာများ၏ အင်တာနက် စာမျက်နှာများအပါအဝင် အင်တာနက် စာမျက်နှာပေါင်း ၂၂၁ မျက်နှာ ကို မိုဘိုင်းအင်တာနက်က တစ်ဆင့် ဝင်ရောက်ကြည့်ရှု့လို့မရအောင် ပြီးခဲ့သည့် သတင်းပတ်များအတွင်းက စ၍ အစိုးရက ပိတ်ပစ်ခဲ့ကြောင်း သိရှိရသည်။ ယင်းသို့ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ယခုကြေညာချက်ထုတ်ချိန်အထိ အစိုးရက အများပြည်သူအား အသိပေးမှု တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိရာ မည်သည့် အင်တာနက်စာမျက်နှာများ ပါဝင်သည်ကို အသေးစိတ် သိရှိနိုင်ခြင်း မရှိပေ။
- မတ်လ (၂၆) ရက် နှင့် (၂၇) ရက်တွင် Myanmar Now[1] နှင့် Frontier[2] သတင်းဌာနတို့၏ ရေးသားဖော်ပြချက်များအရ ယင်းမတိုင်မီ မတ်လ (၂၁)ရက်နေ့ ကတည်းကပင် အဆိုပါ အင်တာနက်စာမျက်နှာများအား ပိတ်ပစ်လိုက်ရန် တယ်လီဖုန်း ဆက်သွယ်ရေးကုမ္ပဏီ ၄ ခုအား အစိုးရက ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
- မတ်လ (၃၀) ရက်နေ့တွင် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် တယ်လီနောမြန်မာက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ညွှန်ကြားချက်အရ အင်တာနက်စာမျက်နှာ ၂၂၁ ခုအား အသုံးပြုသူများ ဝင်ရောက်ဖတ်ရှုလို့ မရတော့အောင် ပိတ်ပင်လိုက်ရကြောင်း ကြေညာချက်တစ်စောင်[3] ထုတ်ပြန်သည်။
- ဧပြီလ (၁) ရက်နေ့တွက် BNI အဖွဲ့၏ ထုတ်ပြန်ချက်[4]အရ မတ်လ (၂၃) ရက် နှင့် (၂၄) ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော သတင်းများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားဖော်ပြနေသည့် နီရဉ္စရာသတင်းဌာနနှင့် Development Media Group (DMG) တို့အပါအဝင် အချို့မီဒီယာများ၏ အင်တာနက်စာမျက်နှာများကို MPT နှင့် MyTel တို့တွင် ဝင်ရောက်ဖတ်ရှု၍ မရတော့သည်ကို တွေ့ရသည့်အပြင် ကရင်ပြည်နယ်ရှိ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Karen News အင်တာနက် စာမျက်နှာသည်လည်း မတ်လ ၂၆ ရက်နေ့က စ၍ MPT ဖြင့် ဝင်ရောက် ကြည့်ရှု့၍ မရတော့ကြောင်း သိရှိရသည်။
၂။ အစိုးရက အဆိုပါ အင်တာနက်စာမျက်နှာများကို ပိတ်ပင်ရန် အမိန့်ညွှန်ကြားချက်သည် တရားဝင်အကြောင်းပြချက်မရှိခြင်း၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို ချိုးဖောက်နေခြင်းကို
ကျွန်ုပ်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တွေ့ရပါသည်။
က) ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို အသုံးချ၍ သတင်းအချက်အလက်များကို ပိတ်ပင်တားဆီးခြင်းနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိုမိုတားဆီးသည့် အစိုးရ၏လုပ်ရပ်များကို ကျွန်ုတို့အနေဖြင့် စိုးရိမ်ပူပန်မိပါသည်။
ခ) ထို့အပြင်အင်တာနက်စာမျက်နှာများကိုပိတ်ရန် အမိန့်ညွှန်ကြားရာတွင် နိုင်ငံတကာသဘောတူစာချုပ် (ICCPR) ၏ General Comment (34) က ပြန်လည်ဆန်းစစ်ပါရန် ညွှန်းဆိုထားသည့် ICCPR ၏ ပုဒ်မ ၁၉ အပိုဒ်ခွဲ (၃) ပါ အဆင့် သုံးဆင့် လေ့လာဆန်းစစ်ချက်နှင့် ကိုက်ညီမှုမရှိသည်ကိုလည်း ကျွန်ုတို့အနေဖြင့် စိုးရိမ်ပူပန်မိပါသည်။ ယင်းတို့မှာ –
၁) ဥပဒေတွင် ရေးသားဖော်ပြထားရမည်၊
၂) ကန့်သတ်ရန် လိုအပ်ချက်ရှိရမည်၊
၃) ကန့်သတ်ချက်သည် အချိုးညီမျှမှုရှိရမည် စသည်တို့ ဖြစ်ကြသည်။
(ဂ) ဝက်ဘ်ဆိုက်တစ်ခုလုံးအား အများပြည်သူဝင်ရောက်ကြည့်ရှု၍မရအောင် မဖြစ်မနေ ပိတ်ပင်လိုက်ခြင်းသည် အစွန်းရောက်ပြင်းထန်လွန်းသောဆောင်ရွက်ချက်ဖြစ်ကြောင်း အရပ်ဖက်နှင့်နိုင်ငံရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (ICCPR)၏ General Comment (34) တွင် ပိုမိုရှင်းလင်းစွာဖော်ပြထားပြီးဖြစ်သည်။ လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်နှင့် အမြင်အယူအဆဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်မှ အင်တာနက်စာမျက်နှာတစ်ခုလုံးအား ပိတ်ပင်ခြင်းကို နိုင်ငံတကာဥပဒေအရတားမြစ်ထားသော ကလေးသူငယ်လိင်အမြတ်ထုတ်ဖျော်ဖြေရေး၊ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ ခွဲခြားနှိမ်ချဆက်ဆံခြင်း၊ ရန်လိုမုန်းတီးခြင်းနှင့် အကြမ်းဖက်မှုကိုဖြစ်စေသော လူမျိုးရေး သို့မဟုတ် ဘာသာရေးအခြေခံ စည်းရုံးလှုံ့ဆော်ခြင်းများ စသည့်အကြောင်းအရာများ ပါဝင်သည့် အင်တာနက်စာမျက်နှာများကို ကိုင်တွယ်ရာတွင်သာ ကျိုးကြောင်းဆီလျော်မည်ဖြစ်ကြောင်း နှင့် အစိုးရ၏ လုပ်ရပ်များကို ထောက်ပြဝေဖန်မှုများ၊ အစိုးရမှ မနှစ်သက်သော ရေးသားဖော်ပြချက်များကြောင့် ကန့်သတ်ခြင်းမှာ မဖြစ်သင့်ကြောင်း ၂၀၁၁ ခုနှစ် မေလတွင် ထုတ်ပြန်သည့် ၎င်း၏ အစီရင်ခံစာ (A/HRC/17/27) တွင် ပြောဆိုထားပါသည်။ ပိတ်ပင်ရာတွင်လည်း မည်သည့်အကြောင်းအရာမျိုးကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ကနဦးကတည်းက ဥပဒေတွင် ရှင်းလင်းစွာ ဖော်ပြထားရမည်ဖြစ်ပြီး၊ ယင်းပိတ်ပင်ရန်အမိန့်ကိုလည်း အစိုးရအာဏာပိုင်များက ပြုလုပ်ရမည် မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး သို့မဟုတ် အခြားမလိုလားအပ်သော သြဇာလွှမ်းမိုးမှုများမှ ကင်းလွတ်သည့် တရားရုံးနှင့် တရားသူကြီး၏ အမိန့်ဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်သည်။ အမိန့်ညွှန်ကြားချက်ကို ICCPR ပုဒ်မ(၁၉) ပုဒ်မခွဲ (၃) ပါ လိုအပ်ချက်နှင့် အချိုးညီမျှမှုတို့အရ တင်းတင်းကျပ်ကျပ်ကန့်သတ်ထားရမည့်အပြင်၊ ပိတ်ပင်လိုက်သည့် အင်တာနက်စာမျက်နှာစာရင်းနှင့် ပိတ်ပင်ရသည့် တရားဝင်လိုအပ်ချက်အသေးစိတ်ကို အများပြည်သူအား ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ပြပေးရပါမည်။ မြန်မာအစိုးရ၏ အမိန့်ညွှန်ကြားချက်သည် နိုင်ငံတကာဥပဒေပါ အဆင့်(၃)ဆင့်ဆန်းစစ်ချက်တွင် (၃)ချက်လုံးနှင့် ကိုက်ညီမှုမရှိဘဲ၊ လူ့အခွင့်အရေးချိုးဖောက်မှုသက်သက်သာဖြစ်ကြောင်း ကျွန်ုပ်တို့အရပ်ဖက်အဖွဲ့အစည်းများမှ ရှုမြင်သည်။
၃။ တယ်လီနောမြန်မာ၏ ကြေညာချက်အရ အစပိုင်းတွင် အစိုးရ၏ တောင်းဆိုမှုအပေါ် နိုင်ငံတကာစံနှုန်းများအရ တရားဝင်သော အကြောင်းပြချက်မရှိသဖြင့် ယင်းအင်တာနက်စာမျက်နှာများအား ပိတ်ချရန် ငြင်းဆန်ခဲ့သေးသော်လည်း ယခုအချိန်တွင်မူ အစိုးရတောင်းဆိုသည့်အတိုင်း ပိတ်ချလိုက်ရပြီ ဖြစ်သည်။ ယင်းအခြေအနေသည် အစိုးရမှ ဒီမိုကရေစီလူ့အဖွဲ့အစည်းက လက်ခံနိုင်လောက်သည့် တရားဝင်အကြောင်းပြချက်ပေးရန်မလိုဘဲ၊ ယင်းတယ်လီဖုန်းအော်ပရေတာများအနေဖြင့် အစိုးရပေးလာမည့် နောက်ဆက်တွဲအကျိုးဆက်များကို စိုးရိမ်သောကြောင့် အမိန့်ညွှန်ကြားချက်အား လက်ခံလိုက်ရသည့် အခြေအနေမျိုးဖြစ်ပြီး လွန်စွာစိုးရိမ်စရာကောင်းလှသည်။
၄။ မြန်မာအစိုးရအနေဖြင့် ရခိုင်နှင့် ချင်းပြည်နယ်များရှိ ပြည်တွင်းစစ်များ ဖြစ်ပွားနေသော မြို့နယ် (၉) မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ထားသည်မှာ ၉ လကျော် ကြာမြင့်နေပြီဖြစ်ကာ၊ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုအဖြစ် ရုပ်ဆိုးအကျည်းတန်စွာမှတ်တမ်းတွင်လျက်ရှိသည်။ တချိန်တည်းမှာပင် အဆိုပါဒေသရှိပြည်သူများ၏ သတင်းအချက်အလက်ရယူပိုင်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်တို့ကို ပိုမိုထိခိုက်စေပါသည်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့အရပ်ဖက်အဖွဲ့အစည်းများမှ အင်တာနက် အမြန်ဆုံး ပြန်ဖွင့်ပေးပါရန် တောင်းဆိုချက်များကို အစဉ်တစိုက် ပြုလုပ်လာခဲ့သည်။ သို့သော် မြန်မာအစိုးရသည် ကျွန်ုပ်တို့အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အသံကို လျစ်လျူရှုလျက် အင်တာနက် ဖြတ်တောက်ခြင်းအပြင် ထပ်မံ၍ အဆိုပါဒေသတွင် ရုံးစိုက်သည့် နီရဉ္စရာသတင်းဌာနနှင့် Development Media Group (DMG) တို့၏ အင်တာနက်စာမျက်နှာများကို ပိတ်ပင်လိုက်ခြင်းသည် ဒီမိုကရေစီဖော်ဆောင်ရေးတွင် အင်မတန် ရေးကြီးလှသော သတင်းမီဒီယာ လွတ်လပ်ခွင့် နှင့် ပြည်သူ့အကျိုးစီးပွားဖြစ်သော သတင်းအချက်အလက် သိရှိပိုင်ခွင့်ကို အာဏာရှင်ဆန်ဆန် ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်။
၅။ ထို့ကြောင့် ကျွန်ုပ်တို့မှ အောက်ပါအချက်များကို တောင်းဆိုလိုက်ပါသည်။
၁) ပိတ်ဆို့မှုသည် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် ကိုက်ညီမှုရှိသည်ကို အများပြည်သူအား ထုတ်ပြန်နိုင်သည့် အင်တာနက်စာမျက်နှာများမှ လွဲ၍ ပိတ်ပင်လိုက်သည့် အင်တာနက်စာမျက်နှာများကို ချက်ချင်းပြန်လည်ဖွင့်ပေးရန် နှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် မည်သို့ ကိုက်ညီမှု ရှိသည်ကို အများပြည်သူအား တပါတည်း အသိပေး ထုတ်ပြန်ရန်။
၂) ဆက်သွယ်ရေးကုမ္ပဏီများအား ပေးသည့် ညွှန်ကြားချက်သည် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများနှင့် မည်သို့ ကိုက်ညီမှု ရှိသည်ကို အများပြည်သူ သိရှိအောင် ထုတ်ပြန် ကြေညာရန်။
၃) အင်တာနက်ဖြတ်တောက်ခံထားရသော ရခိုင်နှင့် ချင်းပြည်နယ်များရှိ အဆိုပါ မြို့နယ် (၉)မြို့နယ်တွင် အင်တာနက်အား ခြွင်းချက်မရှိ ချက်ချင်းပြန်လည်ဖွင့်ပေးရန်။
၄) ဆက်သွယ်ရေးဥပဒေပါ အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်ခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၇၇၊ ၇၈ နှင့် ကျန်ပုဒ်မများကို လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ပြန်လည် သုံးသပ်၊ ပြင်ဆင်ရန်။
၅) အနာဂတ်တွင်လည်း အဆိုပါ ဒေသများသော်လည်းကောင်း၊ မြန်မာတနိုင်ငံလုံးရှိ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့် အခြားဒေသများအပါအဝင် ကျန်ဒေသများတွင် သော်လည်းကောင်းနှင့် မည်သည့်အခြေအနေတွင်မဆို ယခုကဲ့သို့ အင်တာနက်နှင့် အခြားဆက်သွယ်ရေး စနစ်များအား ထပ်မံဖြတ်တောက်ခြင်းများ၊ အင်တာနက်အမြန်နှုန်းလျော့ချမှုများ၊ အင်တာနက်စာမျက်နှာများကို ပိတ်ခြင်း (လုံးဝ) မပြုလုပ်ရန်။
၆။ အစိုးရအနေဖြင့်ယခုဖြစ်ပေါ်နေသော COVID-19 ကပ်ရောဂါအတွင်းပြန့်ပွားနေသော သတင်းအမှားများနှင့် ရေရှည်တွင် ဖြစ်လာနိုင်သော အခြေအနေများ၌ သတင်းအမှားများကို တုံ့ပြန်ရာတွင် အင်တာနက်စာမျက်နှာများကို ပိတ်ပင်ခြင်းသည် ဒီမိုကရေစီစံနှုန်းနှင့်ကိုက်ညီသော လုပ်ဆောင်ချက်မဟုတ်ဘဲ အောက်ဖော်ပြပါနည်းလမ်းများဖြင့် တုံ့ပြန်နိုင်ရန် တိုက်တွန်းပါသည်။
၁) အရေးပေါ်အခြေအနေများတွင် အများပြည်သူအပါအဝင် သတင်းမီဒီယာများ၊ သတင်းစီစစ်မှုပြုလုပ်သောအဖွဲ့အစည်းများမှ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီရရှိစေရန် သတင်း အရင်းအမြစ်များထားရှိပေးခြင်း (ဥပမာ – ဝက်ဆိုက်၊ ဖုန်းဟော့လိုင်း၊ သတင်းအချက်အလက် အော်တိုမေးရှင်း Bot)
၂) သတင်းအမှားတိုက်ဖျက်ရေးကို နိုင်ငံတကာစံနှုန်းများနှင့် အညီဆောင်ရွက်ရန်။ ယင်းနိုင်ငံတကာစံနှုန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် မီဒီယာလွတ်လပ်ခွင့်ကို ဖော်ဆောင်ရန်။
၃) သတင်းအချက်အလက်ပွင့်လင်းမြင်သာမှုနှင့် မြန်ဆန်စွာစီးဆင်းမှုကသာ သတင်းအမှားများပြန့်ပွားနေခြင်းကို တွန်းလှန်နိုင်သောကြောင့် ယင်းသတင်းအချက်အလက်လွတ်လပ်ခွင့်ကို အပြည့်အဝပေးရန်။
ဆက်သွယ်ရန်
- ဒေါ်ထိုက်ထိုက်အောင် – ဖွံ့ဖြိုးမှုအတွက် “မြန်” အိုင်စီတီအဖွဲ့ (MIDO) – ၀၉ ၄၃၀ ၂၅၅ ၂၉
- ဒေါ်ဝေဖြိုးမြင့် – ဖန်တီးရာ – ၀၉ ၇၉၅ ၃၃၃ ၈၃၁
- ဒေါ်ယဥ်ရတနာသိန်း – လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ (FEM) +၄၄၇၉၀၂၉၂၂၈၅၉
တောင်းဆိုသည့် ပြည်တွင်းနှင့် ပြည်ပအရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ
8888 New Generation (Mohnyin)
Access Now
Action Committee for Democracy Development (ACDD)
Ahlin Tagar Rural Development Organization
AhLin Thitsa Development Committee
Ahnaga Alinn Development Committee
Ahr Thit Yaung Chi ( Hline Bwe ) အားသစ်ရောင်ခြည် (လှိုင်းဘွဲ့မြို့နယ်)
Airavati
All Kachin Youth Union
Arakan Humanitarian Coordination Team (ACHT)
Arr Marn Thit Social Development Organization
Asho Chin National Independence force.
Assistance Association for Political Prisoners (AAPP)
Association for Progressive Communications (APC)
Athan – Freedom of Expression Activist Organization
Ayeyarwaddy West Development Organization (AWDO)
AYY Famar Union
Ayyar Pyo May Women Development Organization
Bee House
Burma News International
Candle Light Youth Group
Cang Bong youth
Child Care Foundation (မြဝတီမြို့နယ်)
Child Prevention Network
Chin MATA Working Group
Chin youth
Chinland Natural Resource Watch Group
Civil Call (စစ်ကိုင်းတိုင်း)
CLEAN
Clean Taunggyi
Community Empowerment and Resilience Association (CERA)
CommunityAssociation Development
COMREG Community Response Group
Constitution Network (Hpa An) အခြေခံဥပဒေကွန်ယက် (ဖားအံမြို့နယ်)
Dama Ahlin Social Development Organization
Dawei Development Association
Dawei Research Association
Dawei Watch Foundation
Dawei Watch Foundation
Development Organization
Digital Rights Foundation
Doe Myae Civil Social Development Organization
Ei Myat Noe Khin (Digital Rights Activist)
EngageMedia
Equality Myanmar
Famar Agricultural Network
Farmer and Labour Union (Myeik)
Farmers and Land Rights Action Group
FHS (ဖားအံမြို့နယ်)
Foundation for Education and Development (FED)
Foundation for Media Alternatives
Free & Fair (Chaung Oo)
Free and Justice Women Network ( Hpa An ) F&J (ဖားအံမြို့နယ်)
Free Education Service Organization
Free Expression Myanmar (FEM)
FREELAND Organization (Lashio)
Future Light Social Development Organization
Future Star Youth Organization
Future Young Pioneer Organization (FYPO)
Gayunarshin Social
Generation Wave
Golden Future Social Development Organization
Golden Heart Organization
Green Network Mergui Archipelago
Green Rights Organization
Green Rights Organization
Heartland Foundation (Lashio)
Hkumzup Development Committee
Hline Bwe Youth Network လှိုင်းဘွဲ့လူငယ်ကွန်ယက်
Hope For Children Development Organization
Hsar Du Wor CBO (Than Taunggyi) (ဆာဒူဝေါ်CBO) (သံတောင်ကြီးမြို့နယ်)
Hsar Ka Baw CBO (Than Taunggyi) (ဆာကပေါ် CBO) (သံတောင်ကြီးမြို့နယ်)
Hsar Mu Htaw (Than Taunggyi) (လူမှုအထောက်အကူပြုအဖွဲ့) (သံတောင်ကြီးမြို့နယ်)
Htaw Mae Pa CSO (Hline Bwe) ထော်မဲပါ CSO (လှိုင်းဘွဲ့မြို့နယ်)
Htoi Gender and Development Foundation
Htum Thit Sa Rural Development Organization
Human Right Defenders and Promoters (Palaw)
Human Rights Foundation
Job Coach Coalition (Myanmar)
Justice Movement for Community (Innlay)
Justice Society Organization (Lashio)
Kachin National Youth Network (KNYN)
Kachin State Women Network
Kachin Women Union
Kan Chay Arr Man Fishery Development Organization
Kanbawza Youth Library
Kantbalu Farmers Union
Karen Affairs Group KAG (ဖားအံမြို့နယ်)
Karen State Women Network KSWN (Hpa An)
Karen Youth Organization (Hpa Pun) ကရင်လူငယ်အဖွဲ့(ဖာပွန်မြို့နယ်)
Karen Youth Organization KYO (Kyar Inn Sate Kyee) (ကြာအင်းဆိတ်ကြီးမြို့နယ်)
Karenni Human Right Groups (KnHRG)
Karuna Foundation (Kawkareik) ဂရုဏာဖောင်ဒေးရှင်း (ကော့ကရိတ်မြို့နယ်)
Katan Land Development Committee
Kaung Myat Hnalonethar Health Care Organization
KengTung Land Group
KESAN (ဖားအံမြို့နယ်)
kESAN Karen Environmental and Social Action Network
Khine Mye Thitsa Development Committee
KOG (ဖားအံမြို့နယ်)
LAIN Technical Support Group
Land and Farmer Network (NSS)
Lashio Tomboy and Lesbian Group
LatButta Famar Union
Light Social Development Organization
Lin lake Kyal Social Development Organization
Living Water Organization
Lu Mu Htar CBO (Than Taunggyi) (လူမူထာ CBO) (သံတောင်ကြီးမြို့နယ်)
M,RJ-Myu Sha Rawt Jat
Magway Region.
Mandalay YMCA
MATA စစ်ကိုင်းတိုင်း
Matu Baptist Churches
Matu forum Committee
Matu social welfare
Matu Women Association
May Doe Arrman Women Development Organization
Men fellowship Matupi
Mi Kayin Youth (Hpa An) မိကရင်လူငယ် (ဖားအံမြို့နယ်)
Min Hla Development Organization.
Minhla Youth Centre
Mon Literature and Culture Association (Kawkareik) မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ကော့ကရိတ်မြို့နယ်)
Muditar Organization
Mwetaung Area Development Group
Myae Latt Journalist Network
Myan ICT for Development Organization (MIDO)
Myanmar Center for Responsible Business (MCRB)
Myanmar Cultural Research Society (MCRS)
Myanmar Deaf Society
Myanmar Journalist Network (Ayeyarwaddy Region)
Myanmar Journalist Network (MJN)
Myanmar Muslim Youth Asaociation
Myanmar Women Journalists Society
Myay Latt Journalist Network
Myit Ma Ayeyarwaddy Development Organization
NeT Organization
Northern Shan State Youth Network (NSSYN)
Nyan Lynn Thit analytica
Organization, Matupi
Our Natural Land
Oway Education and Youths Institute
Pan Pyo Let (Banmaw)
Pan Tain Shin Women Rural Development Orgalization
Pan Thi Kyo LGBT Organization
Paungsee Myittar Organization
Peace and Development Initiative-Kintha (PDI-Kintha)
Peace and Justice
Peace Development Initiative-Kintha (PDI-Kintha)
Peace Working Committee (Arakan)
Peasant Legal Aid Network (PLAN)
PEN America
PEN Myanmar
People For People
People for People (PFP)
Phandeeyar
Phyu Sin Myittar Social Development Organization
Pone Yate Sit Regional Development Orgalization
Progressive Voice
Protection Committee for Myanmar Journalists (PCMJ)
Pwint Phu Development Organization (PDO)
Rakhine Ethnic Congress (REC)
Rakhine Ethnics Congress (REC)
Rakhine Women Network (RWN)
Rakhine Youth New Generation Network (RYNG-N)
Rule of Law Watch Group
Rural Social Development Organization
S& K mining Watch
Salween Network သံလွင်ကွန်ယက် (ဖားအံမြို့နယ်)
Sane Lann Myo Set ( Hpa An ) စိမ်းလန်းမျိုးဆက် (ဖားအံမြို့နယ်)
Sarnar Kyi Phyu Social Development Organization
SarPhyu Famar Network
Save the Farm
Saytana Shaesaung Youth Organization
Saytanar Shin Social Development Organization
Shwe Minn Tha Foundation (Myanmar)
Shwe Nathar Famar Development Organization
Shwe Thinkha Social Development Organization
Social Program Aid for Civic Education (SPACE)
Southeast Asia Freedom of Expression Network/SAFEnet
Southern Journalist Network
Southern Myanmar Journalists Network
Southern Youth Development Organization
Swam Su Ti Rural Development Organization
Synergy – Social Harmony Organization
Tai Youth Organization (TYO)
Tanintharyi MATA
Tarkapaw Youth Group
Taunggyi Journalist Association
TEN, Taunggyi Education Network
Thazin Legal Aid
The Seagull: Human Rights, Peace & Development
Thit Sar Gone Network သစ္စာဂုဏ်ကွန်ယက်
THWEE CSO ( Kawkareik ) သွီး CSO (ကော့ကရိတ်မြို့နယ်)
Uakthon Local Social Development Organization
Upper Myanmar Journalist Network
Upper Myanmar Journalists Organization
Waing Maw CSO Network
Wan Lark Development Foundation
Wan Lark Development Foundation (WLDF)
Windayel Village Social Organization ( Hpa An ) ဝင်းဒရယ်ကျေးရွာလူမှုရေးအဖွဲ့ (ဖားအံမြို့နယ်)
WITNESS
Womem fellowship, Matupi
Women Capacity Building ( Kawkareik ) အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေး (ကော့ကရိတ်မြို့နယ်)
Worker Development Organization
Yai Ywal Yar Youth Development Organization
Yangon Watch
Yatanar Youngyi Social Development Organization
Young Ni Oo Social Development Organization
Young Ni Oo Women Group
Zinlum Committee (Tanphaye)
ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ (MGZ)
ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ (SGZ)
ကျိုင်းတုံလူငယ် အဖွဲ့
ကလျာဏမိတ္တလူမှု့စောင့်ရှောက်ရေးအဖွဲ့ ခင်ဦး
ကူညီသောလက်များဒေသဖွံ့ဖြိုးရေးအဖွဲ့
ငွေရောင်အနာဂတ်အမျိုးသမီးအဖွဲ့ – Ngwe Yaung A Nar Gat women Organization (Hsipaw)
စံဖိတ်အမျိုးသမီးအဖွဲ့ – San Phate Women Organization (Hsipaw)
တအောင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)
တအောင်းအမျိုးသမီးအဖွဲ့ – Ta’ang Women Organization (Hsipaw)
ထွယ်နိန်ခေါင်ဖောင်ဒေးရှင်း
ထီးချိုင့်ကွန်ယက်
နမ့်ခုံးကျောင်းသားဟောင်းများကွန်ယက် – Nam Khone Alumni Network
နွေအရိပ်စာကြည့်တိုက်
ပဒေသာမိုး လူမှုဖွံဖြိုးရေး အဖွဲ့
ပေါင်းကူး
ပေါင်းစီးမေတ္တာ အဖွဲ့
ဗေဒါ လူမှုဖွံဖြိုးရေး အဖွဲ့
မြန်မာရပ်လူငယ်အဖွဲ့ – Myanmar Yat Youth Organization (Hsipaw)
မိတ္ထီလာခရိုင် အလင်းတန်းအဖွဲ့
မိတ္ထီလာခရိုင် အလင်းတန်းအဖွဲ့
မိတ်ဆွေမြန်မာဖောင်ဒေးရှင်း
မိုင်းပန်လူငယ်အဖွဲ့ – Mong Pan Youth Association
မေတ္တာ ဖွံဖြိုးရေး ဖောင်ဒေးရှင်း
ရွှေတောင်တိုက်နယ်တောင်သူ့အားမာန် (ဝမ်းတွင်းမြို့နယ်)
ရွှေပုသိမ်မသန်စွမ်းသူများအဖွဲ့ (ပုသိမ်ကြီး)
ရွှေဖီမြေသတင်းအေဂျင်စီ
ရွှေမင်းသား ဖောင်ဒေးရှင်း
ရွှေမောင်နှမမသန်စွမ်းသူများအဖွဲ့ (ဓနုဖြူ)
ရွှေအင်အားမသန်စွမ်းသူများအဖွဲ့ (တောင်ဒဂုံ)
ရှမ်းပြည်နယ်ကချင်အမျိုးသားလုံးဆိုင်ရာကွန်ရက်
လွတ်လပ်သောလူ့ဘောင် (ဖားအံမြို့နယ်)
လားရှိုးမူဆလင်အမျိုးသမီးအသင်း
လီဆူအမျိုးသမီးအဖွဲ့ – Lisu Women Organization (Hsipaw)
လောသာရဖောင်ဒေးရှင်း
သူရိယစန္ဒာ
ဟုမ္မလင်း လူငယ်ကွန်ယက် (Home Ma Lin Youth Network)
အမရကွန်ယက် (အမရပူရ)
အလင်းမီးအိမ်အဖွဲ့(လားရှိုး)
အာရှအလင်းရောင်ဖောင်ဒေးရှင်း (ပြင်ဦးလွင်)
[1] https://myanmar-now.org/mm/news/3391
[2] https://frontiermyanmar.net/en/operators-split-as-telenor-rejects-govt-order-to-block-fake-news-sites
[3] https://www.telenor.com.mm/en/article/blocking-221-websites-myanmar-based-directive-authorities
[4] https://www.bnionline.net/en/news/govt-blocks-ethnic-media-groups-mobile-networks
အစီရင်ခံစာအပြည့်အစုံကိုဒေါင်းလော့ရယူရန် Burmese-Joint-Statement-Calling-the-Government-to-end-Censorship-1