နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှ COVID-19 နှင့် ပတ်သတ်၍ ပြင်ဆင်ဆောင်ရွက်မှုများ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှ COVID-19 နှင့် ပတ်သတ်၍ ပြင်ဆင်ဆောင်ရွက်မှုများ

ရက်စွဲ။     ။၂ဝ မတ်လ ၂၀၂၀

COVID 19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအား ကမာ္ဘလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO)မှ  ၂၀၂ဝ ခုနှစ် မတ်လ ၁၁ ရက်နေ့ တွင် ကြေညာခဲ့ပြီး အဆိုပါ ကပ်ရောဂါအား ကာကွယ်ထိန်းချုပ်ရန်အတွက် ကမာ္ဘတဝှမ်းရှိ အစိုးရများအနေဖြင့် အရေးယူဆောင်ရွက်မှုများအား အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ကြပါရန် တိုက်တွန်းထားပါသည်။

မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံးမှလည်း လူစု လူဝေးဖြင့် ကျင်းပမည့် အစည်းအဝေးများ၊ အခမ်းအနားများမှင့် ပွဲလမ်းသဘင်များအား မတ်လ ၁၃ ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ ရပ်ဆိုင်းထားပြီး မပြုလုပ်ကြရန်လည်း ကြေညာထားပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းအနေဖြင့် မဲဆောက်နှင့် ရန်ကုန်မြို့ရှိ ပြခန်းများအား ဧပြီ (၃၀)ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ပါသည်။ အေအေပီပီမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များနှင့် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များအား https://aappb.org/ ဝက်ဆိုဒ်နှင့် https://facebook.com/burmapoliticalprisoners/ ဖေ့ဘုတ်စာမျက်မှာများတွင် ထုတ်ပြန်ဆောင်ရွက်နေမည် ဖြစ်ပါသည်။ လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲများ၊ လူ့အခွင့်အရေး လူ့အခ်ငင့်အရေးမှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရာမျှတမှုသင်တန်းများနှင့် စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်း လုပ်ငန်းများအားလည်း အချိန်အတိုင်းအတာတစ်ခုအထိ ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနှင့် ဆက်သွယ်ဆောင်ရွက်လိုပါက info@aappb.org နှင့် ကိုတိတ်နိုင် (အတွင်းရေးမှူး) kotate@gmail.com 09428023828၊ ကိုဘိုကြည် (တွဲဘက်အတွင်းရေးမှူး) leahleahaung@gmail.com 09425308840၊ ကိုအောင်မျိုးကျော် (မြန်မာပြည်တာဝန်ခံ) tawwin09@gmail.com 09428117348၊ ကိုဆန်းမင်း saihtun37@gmail.com +66 821757987 (မဲဆောက်ရုံး) သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)



 



 


 


released AAPP activity