အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲ

ဒီဇင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ဦးဆောင်၍ အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲကို  နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲအား ပြည်သူ့လွှတ်တော် ကော်မတီအသီးသီးမှ ကော်မတီဝင် ၂၅ ဦး၊ အမျိုးသားလွှတ်တော် ကော်မတီအသီးသီးမှ ကော်မတီဝင် ရှစ်ဦး၊ အကျဉ်းထောင်အတွင်းရှိ ထိခိုက်လွယ်သော အကျဉ်းသူ/အကျဉ်းသားများ (Key Population) အတွက် ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးအကျဉ်းသားများ ဦးဆောင်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၂ ဦး တက်ရောက်ခဲ့သည်။