ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၏ ကိုယ်ရေးအကျဉ်း

နိုင်ငံရေးအကျဉ်းသားကိုယ်ရေးမှတ်တမ်း
အေအေပီပီမှုတွဲအမှတ်
နိုင်ငံရေးအကျဉ်းသားအမည်။ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား
လိင်။ ကျား လူမျိုး ဗမာ
မွေးသက္ကရာဇ်။ ၂၅.၈.၁၉၉၈ အသက် ၂၁
မှတ်ပုံတင်အမှတ်။ ၁၂/မဂတ(နိုင်) ၁၀၆၅၅၈
ကိုးကွယ်သည့်ဘာသာ။ ဗုဒ္ဓ
မိဘအမည်။ ဦးမြကြိုင် + ဒေါ်စိုးမိုးအောင်
ပညာအရည်အချင်း။ ပထမနှစ်၊ အဝေးသင် သမိုင်း ဒဂုံတက္ကသိုလ်
အလုပ်အကိုင်။ ဓါတ်ပုံသတင်းထောက်
နေရပ်လိပ်စာ။ အမှတ် (၃)၊ (၆)လမ်း၊ ပုသိမ်ညွန့်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်
ဖမ်းဆီးရက်စွဲ။ ၂၂.၄.၂၀၁၉
ဥပဒေပုဒ်မ။ ၅၀၅(က) ၅ မှု၊ ၆၆(ဃ) ၃ မှု
အမိန့်ချမှတ်တမ်း။ အောက်တိုဘာ ၃ဝ တွင် မရမ်းကုန်းတရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်
နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဗိုလ်တထောင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်
ဖေဖော်ဝါရီ ၁ရ ၂၀၂ဝ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်တရားရုံးမှ တရားရှင်လွှတ်
ကြားနာသည့်တရားရုံး မရမ်းကုန်းမြို့နယ်တရားရုံး၊ ဗိုလ်တထောင်မြို့နယ်တရားရုံး
ကျနှစ်။ ၂ နှစ် 
ရှေ့နေအမည်။ ဒေါ်စန်းစန်းမြင့် (တရားလွှတ်တော်ရှေ့နေ)
ဦးအောင်စည်ထွန်း (အထက်တန်းရှေ့နေ)
တရားသူကြီးအမည်။ ဦးမောင်မောင်သက်လွင်
တရားလိုအမည်။ ဒုတိယဗိုလ်မှူးကြီးသန်းထွန်းမြင့် (မရမ်းကုန်းမြို့နယ်တရားရုံး)၊ ဒုဗိုလ်မှူးကြီးမျိုးမင်းဦး (ဗိုလ်တထောင်မြို့နယ်တရားရုံး)
ထောင်အမည်။ အင်းစိန် (ဗဟို) အကျဉ်းထောင်
လွတ်ရက်။
ကျန်းမာရေးအခြေအနေ။
ကောင်း
လက်ရှိအခြေအနေအကျဉ်းချုပ်။
ကိုဇော်လင်းထွဋ် (ခ) ဖိုးသားသည် အင်းစိန်အကျဉ်းထောင်တွင်းမှ မရမ်းကုန်းမြို့နယ်တရားရုံး၊ ဗိုလ်တထောင်မြို့နယ်တရားရုံးတို့တွင် ပုဒ်မ ၅၀၅(က)၊ ၅၀၅(က)၊၆၆(ဃ)၊၆၆(ဃ) တို့ဖြင့် အမှုရင်ဆိုင်နေရသည်။ အောက်တိုဘာ ၃ဝ ၂၀၁၉ ရက်နေ့တွင် မရမ်းကုန်း တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်၊
နိုဝင်ဘာ ၁၈ ၂၀၁၉ ရက်နေ့တွင် ဗိုလ်တထောင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်တို့ကို အမိန့်ချမှတ်ခံခဲ့ရပြီး ဖေဖော်ဝါရီ ၁ရ ၂၀၂ဝ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်တရားရုံးမှ တရားရှင်လွှတ်ခဲ့သည် ။ ကျန်သည့်အမှုများအား ဆက်လက်အမှုရင်ဆိုင်ရဦးမည်ဖြစ်ပါသည်။
ဘဝဖြတ်သန်းမှု။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင် အမှုဆောင် အဖွဲ့ဝင်
အဖြစ် ၂၀၁၅ ခုနှစ်တွင် ထမ်းဆောင်ခဲ့၊ ၂၀၁၅ ခုနှစ် ဒီမိုကရေစီပညာရေးသပိတ်တွင်ပါဝင်ခဲ့၊ Failed Law လှုပ်ရှားမှုများကြောင့် ပုဒ်မ
၁၈ ဖြင့် တရားစွဲခံရပြီး အင်းစိန်ထောင်တွင် ၂ လ ထိန်းသိမ်းခံရပြီး ၂၀၁၆ ဧပြီလ ၈ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ စံတော်ချိန်သတင်းဌာနတွင် သတင်းထောက်အဖြစ် လုပ်ကိုင်လျက်ရှိ၊
ဒေါင်းတို့မျိုးဆက်သံချပ်အသင်းတွင် စတင်ဖွဲ့စည်းကတည်းကပါဝင်ခဲ့ပါသည်၊
စစ်ကြောရေးအသေးစိတ်။
အဖမ်းအဆီးအသေးစိပ်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏ သင်္ကြန်ကာလအတွင်း ဖျော်ဖြေမှုများတွင် တပ်မတော်သားဝတ်စုံ ဝတ်ဆင်ကာ သရုပ်ပြခဲ့သည့် ပြကွက်တချို့မှာ တပ်မတော်ကို အများပြည်သူမှ အထင်အမြင် လွဲမှားစေနိုင်သည်ဟုဆိုကာ ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်များဖြစ်သော ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသားနှင့် မကေခိုင်ထွန်းတို့ ၅ ယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးတွင်တရားစွဲထားခဲ့သည်။

ထို့အပြင် သင်္ကြန်ကာလအတွင်း ဗိုလ်တထောင်မြို့နယ် ၄၆ လမ်းရှိ ဗမာသစ် ဆုပေးမဏ္ဍပ်တွင် ဒေါင်းတို့မျိုးဆက်အဖွဲ့မှ သံချပ်ထိုးဖျော်ဖြေခဲ့ခြင်းကြောင့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသား၊ ကိုငြိမ်းချမ်းစိုး၊ မကေခိုင်ထွန်းနှင့် မဆုရတနာမြင့် စုစုပေါင်း ရ ယောက်အား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက ဗိုလ်တစ်ထောင်ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)တို့ဖြင့် အမှုဖွင့်စွဲဆိုထားခဲ့သည်။
အလားတူ ဧရာဝတီတိုင်း ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်မြို့နယ်တို့တွင် ဒေါင်းတို့မျိုးဆက် သံချပ်တစ်ဖွဲ့လုံးအား ပုဒ်မ ၅၀၅(က) ဖြင့်လည်းကောင်း၊ ပုသိမ်တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်က ထပ်မံ၍တရားစွဲဆိုထားသည်။
ထို့ကြောင့် အထက်ပါပုဒ်မများဖြင့် တရားစွဲဆိုခြင်းခံထားရသော ဇော်လင်းထွဋ် (ခ)ဖိုးသားအား ဧပြီလ ၂၂ရက်၊ ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပါသည်။

ထောင်မှတ်တမ်းအသေးစိပ်။
ကိုဇင်လင်းထွဋ်သည် အောက်တိုဘာလ ၃ဝရက်နေ့ ၂၀၁၉ခုနှစ်တွင် မရမ်းကုန်းမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၁)နှစ်၊ နိုဝင်ဘာ ၁၈ ၂၀၁၉ ရက်နေ့တွင် ဗိုလ်တထောင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရပြီး လက်ရှိတွင်အင်းစိန်အကျဉ်းထောင် ၁ တိုက်၊ အခန်း ၁ဝ တွင် အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်ကျခံနေရပါသည်။
ယခုကိုယ်ရေးမှတ်တမ်းကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) မှ ၂၀၂ဝ ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် မှတ်တမ်းတင် ပြုစုခဲ့သည်။

မှေးသက်ကရာဇျ။ ၂၅.၈.၁၉၉၈ အသကျ ၂၁
ကိုးကှယျသညျ့ဘာသာ။ ဗုဒ်ဓ




Zaw Linn Htut (aka) Phoe Thar’s Burmese Profile