ကိုဇေယျာလွင်၏ ကိုယ်ရေးအကျဉ်း

အေအေပီပီမှုတွဲအမှတ်
နိုင်ငံရေးအကျဉ်းသားအမည်။ ကိုဇေယျာလွင်
လိင်။ ကျား လူမျိုး ဗမာ
မွေးသက္ကရာဇ်။ ၂၄.၁၂.၁၉၉ဝ အသက် ၂၈
မှတ်ပုံတင်အမှတ်။ ၁၂/ဥကမ(နိုင်) ၁၉၄၄၀၇
ကိုးကွယ်သည့်ဘာသာ။ ဗုဒ္ဓ
မိဘအမည်။ ဦးသိန်းရွှေ + ဒေါ်လေးလေးနွယ်
ပညာအရည်အချင်း။ တတိယနှစ် (စီးပွားရေး)
အလုပ်အကိုင်။ ခရီးသွားလုပ်ငန်း

နေရပ်လိပ်စာ။ အမှတ် (၉)၊ မြရတနာ(၁၀)လမ်း၊ (ခ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်
ဖမ်းဆီးရက်စွဲ။ -ပကြိမ်
၇.၇.၂၀၁၅
-ဒုကြိမ်
၂၂.၄.၂၀၁၉
ဥပဒေပုဒ်မ။ -ပကြိမ်
၅၀၅(ခ)၊ ၁၈
-ဒုကြိမ်
၅၀၅(က) ၅ မှု၊ ၆၆(ဃ) ၃ မှု
အမိန့်ချမှတ်တမ်း။ -ဒုကြိမ် ၂၀၁၉
အောက်တိုဘာ ၃ဝ တွင် မရမ်းကုန်းတရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်
နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဗိုလ်တထောင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်
ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ၆လ
ကြားနာသည့်တရားရုံး -ပကြိမ်
ကျောက်တံတားမြို့နယ်တရားရုံး၊ ပန်းပဲတန်းမြို့နယ်တရားရုံး
-ဒုကြိမ်
မရမ်းကုန်းမြို့နယ်တရားရုံး၊ ဗိုလ်တထောင်မြို့နယ်တရားရုံး
ကျနှစ်။ -ပကြိမ်

-ဒုကြိမ်
၂ နှစ် ၆လ
ရှေ့နေအမည်။ -ပကြိမ်
ဦးကျော်ဟို
-ဒုကြိမ်
ဒေါ်စန်းစန်းမြင့် (တရားလွှတ်တော်ရှေ့နေ)
ဦးအောင်စည်ထွန်း (အထက်တန်းရှေ့နေ)
တရားသူကြီးအမည်။ -ပကြိမ်
——
-ဒုကြိမ်
ဦးမောင်မောင်သက်လွင်
တရားလိုအမည်။ -ပကြိမ်
——
-ဒုကြိမ်
ဒုတိယဗိုလ်မှူးကြီးသန်းထွန်းမြင့် (မရမ်းကုန်းမြို့နယ်တရားရုံး)၊ ဒုဗိုလ်မှူးကြီးမျိုးမင်းဦး (ဗိုလ်တထောင်မြို့နယ်တရားရုံး)
ထောင်အမည်။ -ပကြိမ်
အင်းစိန် (ဗဟို) အကျဉ်းထောင်
-ဒုကြိမ်
အင်းစိန် (ဗဟို) အကျဉ်းထောင်
လွတ်ရက်။ ပထမအကြိမ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြစ်မှုလွတ်ငြိမ်းသက်သာခွင့်ဖြင့် ၂၀၁၆ ဧပြီလ ၈ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပါသည်၊
ကျန်းမာရေးအခြေအနေ။
ကောင်း
လက်ရှိအခြေအနေအကျဉ်းချုပ်။
-ပကြိမ်
ကိုဇေယျာလွင်သည် အင်းစိန်အကျဉ်းထောင်တွင်းမှ ကျောက်တံတားမြို့နယ်တရားရုံး၊ ပန်းပဲတန်းမြို့နယ်တရားရုံးတို့တွင် ပုဒ်မ ၅၀၅(က)၊ ၁၈ တို့ဖြင့် အမှုရင်ဆိုင်ခဲ့ရပါသည်။
-ဒုကြိမ်
ကိုဇေယျာလွင်သည် အင်းစိန်အကျဉ်းထောင်တွင်းမှ မရမ်းကုန်းမြို့နယ်တရားရုံး၊ ဗိုလ်တထောင်မြို့နယ်တရားရုံးတို့တွင် ပုဒ်မ ၅၀၅(က)၊ ၅၀၅(က)၊၆၆(ဃ)၊၆၆(ဃ) တို့ဖြင့် အမှုရင်ဆိုင်နေရသည်။ ကိုဇေယျာလွင်အပါ ၅ဦးအား အောက်တိုဘာ ၃ဝ တွင် မရမ်းကုန်းတရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်နှင့်
နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဗိုလ်တထောင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် အမိန့်ချမှတ်ခဲ့ပါသည်။ ကျန်သည့်အမှုများအား ဆက်လက်အမှုရင်ဆိုင်ရဦးမည်ဖြစ်ပါသည်။
ဘဝဖြတ်သန်းမှု။
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတွင် ၂၀၁၂ ခုနှစ်မှစတင်၍ ပါဝင်လှုပ်ရှားခဲ့။
၂၀၁၅ ခုနှစ်တွင် အမျိုးသားပညာရေးဥပဒေသပိတ်တိုက်ပွဲကို သပိတ်ဦးဆောင်ကော်မတီအဖြစ် ဦးဆောင်လှုပ်ရှား၊
၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးလှုပ်ရှားမှုများကြောင့် ပန်းဘဲတန်းနှင့်ကျောက်တံတားမြို့နယ်များတွင် ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံရပြီး ၂၀၁၅ ခုနှစ်၊
ဇူလိုင် ရ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံရ၊
၂၀၁၆ ခုနစ်၊ ဧပြီလ ၈ ရက်တွင် လွတ်ငြိမ်းချမ်းသာမှုဖြင့် ပြန်လည်လွတ်မြောက်လာခဲ့
စစ်ကြောရေးအသေးစိတ်။
အဖမ်းအဆီးအသေးစိပ်။
-ပကြိမ်
ဇွန်လ ၃ဝရက်နေ့ ၂၀၁၅ခုနှစ်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို လွှတ်တော်အသီးသီးက နုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြခဲ့မှုကြောင့် ဖမ်းဝရမ်းထုတ်ခံထားရပြီး ဇူလိုင်လ ရရက် ၂၀၁၅ခုနှစ်တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်အတွင်းမှ အမှုရင်ဆိုင်ခဲ့ရပြီး ၂၀၁၆ ခုနစ်၊ ဧပြီလ ၈ ရက်တွင် လွတ်ငြိမ်းချမ်းသာမှုဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
-ဒုကြိမ်
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏ သင်္ကြန်ကာလအတွင်း ဖျော်ဖြေမှုများတွင် တပ်မတော်သားဝတ်စုံ ဝတ်ဆင်ကာ သရုပ်ပြခဲ့သည့် ပြကွက်တချို့မှာ တပ်မတော်ကို အများပြည်သူမှ အထင်အမြင် လွဲမှားစေနိုင်သည်ဟုဆိုကာ ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်များဖြစ်သော ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသားနှင့် မကေခိုင်ထွန်းတို့ ၅ ယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးတွင်တရားစွဲထားခဲ့သည်။

ထို့အပြင် သင်္ကြန်ကာလအတွင်း ဗိုလ်တထောင်မြို့နယ် ၄၆ လမ်းရှိ ဗမာသစ် ဆုပေးမဏ္ဍပ်တွင် ဒေါင်းတို့မျိုးဆက်အဖွဲ့မှ သံချပ်ထိုးဖျော်ဖြေခဲ့ခြင်းကြောင့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသား၊ ကိုငြိမ်းချမ်းစိုး၊ မကေခိုင်ထွန်းနှင့် မဆုရတနာမြင့် စုစုပေါင်း ရ ယောက်အား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက ဗိုလ်တစ်ထောင်ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)တို့ဖြင့် အမှုဖွင့်စွဲဆိုထားခဲ့သည်။
အလားတူ ဧရာဝတီတိုင်း ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်မြို့နယ်တို့တွင် ဒေါင်းတို့မျိုးဆက် သံချပ်တစ်ဖွဲ့လုံးအား ပုဒ်မ ၅၀၅(က) ဖြင့်လည်းကောင်း၊ ပုသိမ်တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်က ထပ်မံ၍တရားစွဲဆိုထားသည်။
ထို့ကြောင့် အထက်ပါပုဒ်မများဖြင့် တရားစွဲဆိုခြင်းခံထားရသော ကိုဇေယျာလွင်အား ဧပြီလ ၂၂ရက်၊ ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပါသည်။

ထောင်မှတ်တမ်းအသေးစိပ်။
-ပကြိမ်
——

Zayar Lwin’s Burmese Profile –