ပိုင်ဖြိုးမင်း(ခ)ဒီရေ ကိုယ်ရေးအကျဉ်း

အေအေပီပီမှုတွဲအမှတ်
နိုင်ငံရေးအကျဉ်းသားအမည်။ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ
လိင်။ ကျား လူမျိုး ဗမာ
မွေးသက္ကရာဇ်။ ၂၄.၇.၁၉၉ရ အသက် ၂၂
မှတ်ပုံတင်အမှတ်။ ၁၂/ဥကမ(နိုင်) ၂၂၀၇၉၄
ကိုးကွယ်သည့်ဘာသာ။ ဗုဒ္ဓ
မိဘအမည်။ ဦးကျော်လင်း + ဒေါ်နွယ်နွယ်မိုး
ပညာအရည်အချင်း။ တတိယနှစ် (ဘူမိဗေဒ)
အလုပ်အကိုင်။ ကျောင်းသား
နေရပ်လိပ်စာ။ အမှတ် (၁၅၈)၊ ဇီဇဝါ (၂)လမ်း၊ (၂)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်
ဖမ်းဆီးရက်စွဲ။ ၂၂.၄.၂၀၁၉
ဥပဒေပုဒ်မ။ ၅၀၅(က) ၅ မှု၊ ၆၆(ဃ) ၃ မှု
အမိန့်ချမှတ်တမ်း။ အောက်တိုဘာ ၃ဝ တွင် မရမ်းကုန်းတရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်
နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဗိုလ်တထောင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်၊ ဒီဇင်ဘာလ ၁၁ ရက် ၂၀၁၉ နေ့တွင် ဗိုလ်တထောင်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၆လ၊ 
ကြားနာသည့်တရားရုံး။          ။မရမ်းကုန်းမြို့နယ်တရားရုံး၊ ဗိုလ်တထောင်မြို့နယ်တရားရုံး
ကျနှစ်။ ၂ နှစ်
ရှေ့နေအမည်။ ဒေါ်စန်းစန်းမြင့် (တရားလွှတ်တော်ရှေ့နေ)
ဦးအောင်စည်ထွန်း (အထက်တန်းရှေ့နေ)
တရားသူကြီးအမည်။ ဦးမောင်မောင်သက်လွင်
တရားလိုအမည်။ ဒုတိယဗိုလ်မှူးကြီးသန်းထွန်းမြင့် (မရမ်းကုန်းမြို့နယ်တရားရုံး)၊ ဒုဗိုလ်မှူးကြီးမျိုးမင်းဦး (ဗိုလ်တထောင်မြို့နယ်တရားရုံး)
ထောင်အမည်။ အင်းစိန် (ဗဟို) အကျဉ်းထောင်
လွတ်ရက်။
ကျန်းမာရေးအခြေအနေ။
ကောင်း
လက်ရှိအခြေအနေအကျဉ်းချုပ်။
ကိုပိုင်ဖြိုးမင်း (ခ) ဒီရေသည် အင်းစိန်အကျဉ်းထောင်တွင်းမှ မရမ်းကုန်းမြို့နယ်တရားရုံး၊ ဗိုလ်တထောင်မြို့နယ်တရားရုံးတို့တွင် ပုဒ်မ ၅၀၅(က)၊ ၅၀၅(က)၊၆၆(ဃ)၊၆၆(ဃ) တို့ဖြင့် အမှုရင်ဆိုင်နေရသည်။ အောက်တိုဘာ ၃ဝ ၂၀၁၉ ရက်နေ့တွင် မရမ်းကုန်း တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်၊
နိုဝင်ဘာ ၁၈ ၂၀၁၉ ရက်နေ့တွင် ဗိုလ်တထောင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်တို့ကို အမိန့်ချမှတ်ခံခဲ့ရပြီး ။ ကျန်သည့်အမှုများအား ဆက်လက်အမှုရင်ဆိုင်ရဦးမည်ဖြစ်ပါသည်။
ဘဝဖြတ်သန်းမှု။
၂၀၁၃ ခုနှစ်တွင် ဒဂုံတက္ကသိုလ်တွင် စတင်တက်ရောက်၊ ၂၀၁၅ ခုနှစ်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
တွင် ပါဝင်လှုပ်ရှား၊ အမျိုးသားပညာရေးဥပဒေသပိတ်တိုက်ပွဲတွင် ဧရာဝတီစစ်ကြောင်းမှ ပါဝင်လှုပ်ရှားခဲ့၊
၂၀၁၈ ခုနှစ်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဒု-ဥက္ကဌအဖြစ်ရွေးကောက်တင်မြှောက်ခံရ၊ ၂၀၁၉ ခုနှစ်တွင် ဥက္ကဌ
အဖြစ်ရွေးကောက်ခံရပြီး တာဝန်ထမ်းဆောင်လျက်ရှိ၊
စစ်ကြောရေးအသေးစိတ်။
အဖမ်းအဆီးအသေးစိပ်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏ သင်္ကြန်ကာလအတွင်း ဖျော်ဖြေမှုများတွင် တပ်မတော်သားဝတ်စုံ ဝတ်ဆင်ကာ သရုပ်ပြခဲ့သည့် ပြကွက်တချို့မှာ တပ်မတော်ကို အများပြည်သူမှ အထင်အမြင် လွဲမှားစေနိုင်သည်ဟုဆိုကာ ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်များဖြစ်သော ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသားနှင့် မကေခိုင်ထွန်းတို့ ၅ ယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးတွင်တရားစွဲထားခဲ့သည်။

ထို့အပြင် သင်္ကြန်ကာလအတွင်း ဗိုလ်တထောင်မြို့နယ် ၄၆ လမ်းရှိ ဗမာသစ် ဆုပေးမဏ္ဍပ်တွင် ဒေါင်းတို့မျိုးဆက်အဖွဲ့မှ သံချပ်ထိုးဖျော်ဖြေခဲ့ခြင်းကြောင့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသား၊ ကိုငြိမ်းချမ်းစိုး၊ မကေခိုင်ထွန်းနှင့် မဆုရတနာမြင့် စုစုပေါင်း ရ ယောက်အား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက ဗိုလ်တစ်ထောင်ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)တို့ဖြင့် အမှုဖွင့်စွဲဆိုထားခဲ့သည်။
အလားတူ ဧရာဝတီတိုင်း ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်မြို့နယ်တို့တွင် ဒေါင်းတို့မျိုးဆက် သံချပ်တစ်ဖွဲ့လုံးအား ပုဒ်မ ၅၀၅(က) ဖြင့်လည်းကောင်း၊ ပုသိမ်တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်က ထပ်မံ၍တရားစွဲဆိုထားသည်။
ထို့ကြောင့် အထက်ပါပုဒ်မများဖြင့် တရားစွဲဆိုခြင်းခံထားရသော ကိုဇေယျာလွင်အား ဧပြီလ ၂၂ရက်၊ ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပါသည်။

ထောင်မှတ်တမ်းအသေးစိပ်။









 

Paing Phyo Min (aka) D Yay’s Burmese Profile –