အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလုပ်ရုံဆွေးနွေးပွဲ

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလုပ်ရုံဆွေးနွေးပွဲး (Consultative Workshop on Prison Reform) အား နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ဒီဇင်ဘာလ ရရက်နေ့ ၂၀၁၉ ခုနှစ်တွင် မန်းမြန်မာဟိုတယ်၊ နေပြည်တော်ရှိ မန္တလေးခန်းမတွင်ပြုလုပ်ခဲ့ရာ အေအေပီပီ အတွင်းရေးမှူးဉီးတိတ်နိုင်မှ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များ၊ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီဉက္ကဌ ဒေါက်တာအောင်ထွန်းခိုင်မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် Alliance Myanmar မှ ဒါရိုက်တာဉီးစိုးနိုင်မှ အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးနှင့် KP များ၏ အခန်းကဏ္ဍအားရှင်းလင်းတင်ပြခြင်း စသည်တို့ကို ပြောကြားပေးခဲ့ပါသည်။ ထိုဆွေးနွေးပွဲအား ပြည်သူ့လွှတ်တော် ကော်မတီအသီးသီးမှ ကော်မတီဝင် ၂၅ ဦး ၊ အမျိုးသားလွှတ်တော် ကော်မတီအသီးသီးမှ ၈ ဦး၊ KP အဖွဲ့ စည်းများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးအကျဉ်းသားများမှဦးဆောင်နေသောအဖွဲ့စည်းများပုဂ္ဂိုလ်များ၊ အားလုံးပေါင်း ၅၂ ဦးတက်ရောက်ပြီး အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလုပ်ရုံဆွေးနွေးပွဲတွင် အချက် ၈ ချက်အား ဆွေးနွေးခဲ့ပါသည်။
