AAPP နှင့် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီတွေ့ဆုံဆွေးနွေး

AAPP and NDF 1

၁၂-၆-၁၄ ရက်နေ့ နေ့လည် ၁နာရီအချိန်တွင် NDF ပါတီဌာနချုပ်ရုံးခန်းတွင် ဦးခင်မောင်ဆွေ၊ (ဥက္ကဌ) နှင့်တာဝန်ရှိသူများ၊ အေအေပီပီမှ ကိုဘိုကြည်၊ ကိုအောင်မျိုးကျော်တို့ နိုင်ကျဉ်းစာရင်းကောက်ယူရေးကိစ္စအတွက်ဆွေးနွေးခဲ့ပါသည်။ NDF ပါတီဘက်မှ စာရင်းကောက်ယူရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည့်အကြောင်း၊ ပါတီရုံးစိုက်ရာမြို့များတွင် စာရင်းကောက်ယူရေးကိစ္စအပြင် အေအေပီပီမှဆောင်ရွက်နေသော နိုင်ငံရေးအကျဉ်းသား ကိစ္စများအား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးကိစ္စများ၊ နိုင်ကျဉ်းကိစ္စများ၊ နိုင်ငံရေးအကျဉ်းသားအဓိပါယ်ဖွင့်ဆိုချက် ကိစ္စများ ကိုဆွေးနွေး ခဲ့ကြပြီး နေ့လည်၂နာရီတွင်အစည်းအဝေးပြီးဆုံးခဲ့သည်။